ဆီးဂိမ္းအၾကိဳေျခစမ္းပြဲမွာ ထိုင္းယူ-၂၂ ကို အေရးနိမ့္ခဲ့တဲ့ ျမန္မာယူ-၂၂

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

ဆီးဂိမ္းအၾကိဳေျခစမ္းပြဲအျဖစ္ ဒီေန႔ညက ထုိင္းယူ-၂၂ အသင္းနဲ႔ ျမန္မာယူ-၂၂ အသင္းတို႔ ကစားခဲ့ၾကပါတယ္။ ႏွစ္သင္းစလံုးမွာ အရန္ကစားသမားေတြကို ပြဲထြက္ခဲ့ၾကျပီးေတာ့ ဆီးဂိမ္းမတုိင္ခင္မွာ ကစားကြက္ပိုင္း၊ လူစာရင္းပိုင္းကို အဓိကထားစမ္းသပ္သံုးစြဲခဲ့ၾကျပီး ပံုမွန္
ေနရာရဖို႔အတြက္ ကစားသမားေတြက ၾကိဳးစားခဲ့ၾကလို႔ အၾကိတ္အနယ္ေတာ့ ရွိခဲ့ပါတယ္။

David Villa announces retirement at Vissel Kobe

ျမန္မာအသင္းဟာ ပိုေပါ့ဗ္လက္ထက္မွာ ကစားကြက္အသစ္တစ္ခုကို က်င့္သံုးေနျပီးေတာ့ ေဘာလံုးပိုင္ဆိုင္မႈကို အသားေပးကစားဖို႔အတြက္ ၾကိဳးစားေနတာကိုလည္း ေတြ႔ျမင္ခဲ့ရပါတယ္။ ထုိင္းအသင္းကေတာ့ သူတို႔ရဲ႕ထံုးစံအတိုင္း လ်င္ျမန္မႈကို အေျခခံျပီး ျပိဳင္ဘက္အလစ္အငုိက္က္ို ထိုးေဖာက္ဂိုးသြင္းဖို႔အတြက္ အားထုတ္ခဲ့ပါတယ္။

ထိုင္းအသင္းက ဦးေဆာင္ဂိုးကို ၁၆ မိနစ္မွာ ျမန္မာေနာက္တန္းအားနည္းခ်က္ကေန သြင္းယူႏိုင္ခဲ့ျပီး ၂ မိနစ္အၾကာမွာပဲ ျမန္မာအသင္းအတြက္ ေအာင္ေကာင္းမာန္က ျပန္လည္ေခ်ပႏိုင္ခဲ့ပါတယ္။ ထိုင္းအသင္းက လ်င္ျမန္မႈအပိုင္းမွာ သာလြန္ေကာင္းမြန္ခဲ့ျပီး ျမန္မာအသင္းကေတာ့ ပိုေပါ့ဗ္ရဲ႕ ကစားကြက္မွာ အသားက်ဖို႔အတြက္ လိုအပ္ေနေသးတာကိုလည္း ေတြ႔ျမင္ခဲ့ရပါတယ္။

ပထမပိုင္းမွာ တစ္ဖက္တစ္ဂိုးစီနဲ႔ သေရက်ခဲ့ျပီး ၅၅ မိနစ္မွာ ထို္ငးအသင္းက ပင္နယ္တီကေန ဒုတိယဂိုး၊ မိနစ္ ၆၀ မွာ ျမန္မာေနာက္တန္းျဖတ္ထုတ္ပံုအားနည္းမႈကေန တတိယဂိုးေတြကို သြင္းယူခဲ့ပါတယ္။ ၇၈ မိနစ္မွာ ျမန္မာကစားသမားရဲ႕ ကန္သြင္းခ်က္က ထိုင္းေနာက္ခံလူနဲ႔ ထိကာလမ္းေၾကာင္းလႊဲဂိုး၀င္ခဲ့လို႔ ျမန္မာအသင္း ဒုတိယေခ်ပဂိုးရရွိခဲ့ျပီး ထုိင္းအသင္းက ၃-၂ နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

ဒီပြဲမွာ ႏွစ္သင္းစလံုးက ကစားကြက္ပိုင္းကို အဓိကထားကစားခဲ့ၾကလို႔ ပံုမွန္ေျခစြမ္းကို မွန္းဆလို႔မရခဲ့ေပမယ့္လည္း ထိုင္းအသင္းက ျမန္မာအသင္းထက္ အနည္းငယ္အသာစီးရရွိခဲ့ပါတယ္။ ျမန္မာကစားသမားေတြအေနနဲ႔ လ်င္ျမန္မႈနဲ႔ ေဘာလံုးပညာကၽြမ္းက်င္မႈအပိုင္းမွာ ျပိဳင္ဘက္ထက္ နိမ့္က်ေနေသးျပီး ျပိဳင္ပြဲမတိုင္မီမွာ အဆိုပါအားနည္းခ်က္ေတြကို အားသာခ်က္ေတြနဲ႔ ျဖည့္ဆည္းေပးႏိုင္ဖို႔ ၾကိဳးစားရဦးမွာျဖစ္ပါတယ္။

Unicode

ဆီးဂိမ်းအကြိုခြေစမ်းပွဲအဖြစ် ဒီနေ့ညက ထိုင်းယူ-၂၂ အသင်းနဲ့ မြန်မာယူ-၂၂ အသင်းတို့ ကစားခဲ့ကြပါတယ်။ နှစ်သင်းစလုံးမှာ အရန်ကစားသမားတွေကို ပွဲထွက်ခဲ့ကြပြီးတော့ ဆီးဂိမ်းမတိုင်ခင်မှာ ကစားကွက်ပိုင်း၊ လူစာရင်းပိုင်းကို အဓိကထားစမ်းသပ်သုံးစွဲခဲ့ကြပြီး ပုံမှန်
နေရာရဖို့အတွက် ကစားသမားတွေက ကြိုးစားခဲ့ကြလို့ အကြိတ်အနယ်တော့ ရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ ပိုပေါ့ဗ်လက်ထက်မှာ ကစားကွက်အသစ်တစ်ခုကို ကျင့်သုံးနေပြီးတော့ ဘောလုံးပိုင်ဆိုင်မှုကို အသားပေးကစားဖို့အတွက် ကြိုးစားနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ထိုင်းအသင်းကတော့ သူတို့ရဲ့ထုံးစံအတိုင်း လျင်မြန်မှုကို အခြေခံပြီး ပြိုင်ဘက်အလစ်အငိုက်က်ို ထိုးဖောက်ဂိုးသွင်းဖို့အတွက် အားထုတ်ခဲ့ပါတယ်။

ထိုင်းအသင်းက ဦးဆောင်ဂိုးကို ၁၆ မိနစ်မှာ မြန်မာနောက်တန်းအားနည်းချက်ကနေ သွင်းယူနိုင်ခဲ့ပြီး ၂ မိနစ်အကြာမှာပဲ မြန်မာအသင်းအတွက် အောင်ကောင်းမာန်က ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ထိုင်းအသင်းက လျင်မြန်မှုအပိုင်းမှာ သာလွန်ကောင်းမွန်ခဲ့ပြီး မြန်မာအသင်းကတော့ ပိုပေါ့ဗ်ရဲ့ ကစားကွက်မှာ အသားကျဖို့အတွက် လိုအပ်နေသေးတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့ပြီး ၅၅ မိနစ်မှာ ထို်ငးအသင်းက ပင်နယ်တီကနေ ဒုတိယဂိုး၊ မိနစ် ၆၀ မှာ မြန်မာနောက်တန်းဖြတ်ထုတ်ပုံအားနည်းမှုကနေ တတိယဂိုးတွေကို သွင်းယူခဲ့ပါတယ်။ ၇၈ မိနစ်မှာ မြန်မာကစားသမားရဲ့ ကန်သွင်းချက်က ထိုင်းနောက်ခံလူနဲ့ ထိကာလမ်းကြောင်းလွှဲဂိုးဝင်ခဲ့လို့ မြန်မာအသင်း ဒုတိယချေပဂိုးရရှိခဲ့ပြီး ထိုင်းအသင်းက ၃-၂ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲမှာ နှစ်သင်းစလုံးက ကစားကွက်ပိုင်းကို အဓိကထားကစားခဲ့ကြလို့ ပုံမှန်ခြေစွမ်းကို မှန်းဆလို့မရခဲ့ပေမယ့်လည်း ထိုင်းအသင်းက မြန်မာအသင်းထက် အနည်းငယ်အသာစီးရရှိခဲ့ပါတယ်။ မြန်မာကစားသမားတွေအနေနဲ့ လျင်မြန်မှုနဲ့ ဘောလုံးပညာကျွမ်းကျင်မှုအပိုင်းမှာ ပြိုင်ဘက်ထက် နိမ့်ကျနေသေးပြီး ပြိုင်ပွဲမတိုင်မီမှာ အဆိုပါအားနည်းချက်တွေကို အားသာချက်တွေနဲ့ ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားရဦးမှာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။