ဆီးဂိမ္းမွာ အားကစားနည္း ၂၉ မ်ိဳး ၀င္ေရာက္ယွဥ္ျပိဳင္မယ့္ ျမန္မာ

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

ႏို၀င္ဘာလ ၃၀ ရက္ေန႔ကေန ဒီဇင္ဘာလ ၁၁ ရက္ေန႔အထိ ဖိလစ္ပိုင္မွာ က်င္းပသြားမယ့္ အၾကိမ္ (၃၀) ေျမာက္ အေရွ႕ေတာင္အာရွအားကစားျပိဳင္ပြဲမွာ ျမန္မာႏိုင္ငံက အားကစားနည္းအမ်ိဳးအစား ၂၉ မ်ိဳးမွာ ပါ၀င္ယွဥ္ျပိဳင္မယ္လို႔ သိရပါတယ္။ ဖိလစ္ပိုင္ဆီးဂိမ္းမွာေတာ့
အားကစားနည္း ၅၆ မ်ိဳးထည့္သြင္းက်င္းပသြားမွာလည္း ျဖစ္ပါတယ္။

Saudis, UAE, Bahrain to compete at Gulf Cup

ျမန္မာႏိုင္ငံအေနနဲ႔ အားကစားနည္းအမ်ားစုမွာ ဆုတံဆိပ္ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ထားျပီး သက္ဆိုင္ရာအားကစားနည္းမ်ားအလိုက္ ေရႊတံဆိပ္ေမွ်ာ္မွန္းထားမႈေတြလည္း ရွိတယ္လုိ႔ သိရပါတယ္။ အထူးသျဖင့္ ေရႊတံဆိပ္ရရွိဖို႔အတြက္ ရိုးရာေလွေလွာ္အဖြဲ႔က အားခဲထားတယ္လို႔လည္းသိရျပီး ပိုက္ေက်ာ္ျခင္း၊ ဘိလိယက္နဲ႔စႏူကာ၊ တိုက္ကြမ္ဒိုျပိဳင္ပြဲေတြကလည္း ေရႊဆုရရွိႏိုင္တဲ့ အားကစားနည္းေတြအျဖစ္ သတ္မွတ္ခံထားရပါတယ္။

ျမန္မာႏိုင္ငံက ပါ၀င္ယွဥ္ျပိဳင္မယ့္ အားကစားနည္းေတြကေတာ့ ျမားပစ္၊ ဘိလိယက္နဲ႔စႏူကာ၊ စစ္တုရင္၊ ေဘာလံုး၊ ေဂါက္သီး၊ ေလွေလွာ္၊ ဂ်ဴဒို၊ ကရာေတး၊ ပီတန္း၊ ပိုက္ေက်ာ္ျခင္း၊ တိုက္ကြမ္ဒို၊ ေဘာ္လီေဘာ၊ အေလးမ၊ ၀ူရွဴး၊ ေဟာ္ကီ၊ ေသနတ္ပစ္၊ ေျပးခုန္ပစ္၊ ရြက္ေလွ၊ ၾကက္ေတာင္၊ စားပြဲတင္တင္းနစ္၊ ဘတ္စကတ္ေဘာ၊ လက္ေ၀ွ႕၊ Fencing ၊ တင္းနစ္၊ နပန္း၊ ကစ္ေဘာက္ဆင္၊ ဂ်ဴဂ်စ္ဆု၊ Amis ၊ စကိတ္အားကစားနည္းေတြျဖစ္ပါတယ္။

အေရွ႕ေတာင္အာရွအားကစားျပိဳင္ပြဲကေတာ့ အိမ္ရွင္ႏိုင္ငံေတြက သူတို႔ရဲ႕အားသာတဲ့ အားကစားနည္းေတြကို ပိုမိုထည့္သြင္းက်င္းပေလ့ရွိေနတာပဲ ျဖစ္ပါတယ္။ အဆိုပါအခြင့္အေရးကေန ေရႊတံဆိပ္ဆုအမ်ားအျပားကို ဆြတ္ခူးဖို႔ ေမွ်ာ္မွန္းေလ့ရွိၾကျပီး ႏိုင္ငံအလိုက္အဆင့္
ရပ္တည္မႈမွာ ထိပ္ပိုင္းနားမွာ ပါ၀င္ႏိုင္ဖို႔အတြက္လည္း ရည္ရြယ္ေနၾကတာျဖစ္ပါတယ္။

Photo : ျမန္မာႏိုင္ငံေလွေလွာ္အဖြဲ႔ခ်ဳပ္ Facebook Page, ျမန္မာျမွားပစ္အဖြဲ႔ခ်ဳပ္ Facebook Page

Unicode

နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ဖိလစ်ပိုင်မှာ ကျင်းပသွားမယ့် အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက အားကစားနည်းအမျိုးအစား ၂၉ မျိုးမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်ဆီးဂိမ်းမှာတော့
အားကစားနည်း ၅၆ မျိုးထည့်သွင်းကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အားကစားနည်းအများစုမှာ ဆုတံဆိပ်ရယူနိုင်ဖို့ မျှော်လင့်ထားပြီး သက်ဆိုင်ရာအားကစားနည်းများအလိုက် ရွှေတံဆိပ်မျှော်မှန်းထားမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ အထူးသဖြင့် ရွှေတံဆိပ်ရရှိဖို့အတွက် ရိုးရာလှေလှော်အဖွဲ့က အားခဲထားတယ်လို့လည်းသိရပြီး ပိုက်ကျော်ခြင်း၊ ဘိလိယက်နဲ့စနူကာ၊ တိုက်ကွမ်ဒိုပြိုင်ပွဲတွေကလည်း ရွှေဆုရရှိနိုင်တဲ့ အားကစားနည်းတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။

မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်မယ့် အားကစားနည်းတွေကတော့ မြားပစ်၊ ဘိလိယက်နဲ့စနူကာ၊ စစ်တုရင်၊ ဘောလုံး၊ ဂေါက်သီး၊ လှေလှော်၊ ဂျူဒို၊ ကရာတေး၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ အလေးမ၊ ဝူရှူး၊ ဟော်ကီ၊ သေနတ်ပစ်၊ ပြေးခုန်ပစ်၊ ရွက်လှေ၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ဘတ်စကတ်ဘော၊ လက်ဝှေ့၊ Fencing ၊ တင်းနစ်၊ နပန်း၊ ကစ်ဘောက်ဆင်၊ ဂျူဂျစ်ဆု၊ Amis ၊ စကိတ်အားကစားနည်းတွေဖြစ်ပါတယ်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲကတော့ အိမ်ရှင်နိုင်ငံတွေက သူတို့ရဲ့အားသာတဲ့ အားကစားနည်းတွေကို ပိုမိုထည့်သွင်းကျင်းပလေ့ရှိနေတာပဲ ဖြစ်ပါတယ်။ အဆိုပါအခွင့်အရေးကနေ ရွှေတံဆိပ်ဆုအများအပြားကို ဆွတ်ခူးဖို့ မျှော်မှန်းလေ့ရှိကြပြီး နိုင်ငံအလိုက်အဆင့်
ရပ်တည်မှုမှာ ထိပ်ပိုင်းနားမှာ ပါဝင်နိုင်ဖို့အတွက်လည်း ရည်ရွယ်နေကြတာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။