ယူ၂၂ အတြက္ ေအာင္သူ၊ေဇာ္မင္းထြန္းနဲ႔ လိႈင္းဘိုဘိုတို႔ထဲက ၂ဦးကို ပိုေပါ့ဗ္ေရြးခ်ယ္ဖြယ္ရွိေန

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

အေရွ႕ေတာင္အာရွအားကစားျပိဳင္ပြဲရဲ႕ အမ်ိဳးသားေဘာလံုးျပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ျပိဳင္မယ့္ ျမန္မာ ယူ၂၂ အသင္းမွာ သက္ေက်ာ္ကစားသမားႏွစ္ဦးကို ေရြးခ်ယ္မႈအျဖစ္ ေအာင္သူ၊ ေဇာ္မင္းထြန္းနဲ႔ လိႈင္းဘိုဘိုတို႔ထဲကေန ေရြးခ်ယ္သြားမယ္လို႔ သတင္းမ်ားထြက္ေပၚလာခဲ့ပါတယ္။ Eleven Sports ရဲ႕ ေဖာ္ျပခ်က္မွာ နည္းျပပိုေပ့ါဗ္က ေနာက္ဆံုးဆံုးျဖတ္ခ်က္ခ်မွတ္ဖို႔အတြက္ ေစာင့္ဆိုင္းေနတယ္လို႔လည္း သိရပါတယ္။

Pierre-Emerick Aubameyang vs Paco Alcacer | Dortmund’s Strikers Past vs Present

အဆိုပါကစားသမား ၃ဦးစလံုးဟာ လက္ေရြးစင္အသင္းၾကီးအတြက္ ကစားေပးေနသူေတြျဖစ္ျပီး နည္းျပပိုေပါ့ဗ္က တုိက္စစ္ပိုင္းနဲ႔ ခံစစ္ပိုင္းအတြက္ကို ဦးစားေပးေခၚယူဖြယ္ရွိတယ္လို႔လည္း ခန္႔မွန္းရပါတယ္။ ဒီအတြက္ေၾကာင့္ ေနာက္ခံလူေဇာ္မင္းထြန္း နဲ႔ တိုက္စစ္မွဴးေအာင္သူတို႔ကို ပိုေပါ့ဗ္က ဦးစားေပးေခၚယူသြားဖြယ္ရွိေနပါတယ္။

ကနဦးထြက္ေပၚခဲ့တဲ့ သတင္းေတြမွာေတာ့ လက္ေရြးစင္ကစားသမားတစ္ဦးျဖစ္တဲ့ စည္သူေအာင္ကို ေခၚယူဖြယ္ရွိတယ္လုိ႔လည္း သတင္းမ်ားထြက္လာခဲ့ပါတယ္။ ဒါေပမယ့္ လက္ရွိမွာ စည္သူေအာင္က လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ျခင္းမခံရသလို ယူ ၂၂ အသင္းနဲ႔လည္း ပူးေပါင္းေလ့က်င့္ေနမႈေတြ မရွိတာေၾကာင့္ ပါ၀င္ႏိုင္ဖို႔ အခြင့္အလမ္းနည္းပါးေနပါတယ္။

ျမန္မာ့လက္ေရြးစင္အသင္းကေတာ့ ဒီေန႔ညေနမွာ ကမၻာ့ဖလားအာရွေျခစစ္ပြဲအျဖစ္ မြန္ဂိုလီးယားအသင္းနဲ႔ မႏၱေလးျမိဳ႕မွာ ကစားသြားရမွာျဖစ္ပါတယ္။ အဆိုပါပြဲစဥ္အျပီးမွသာ ပိုေပါ့ဗ္က ဘယ္ကစားသမားေတြကို ေခၚယူမလဲဆိုတာကို အတိအက်သိရွိရမွာလည္း ျဖစ္ပါတယ္။ ျမန္မာ ယူ၂၂ အသင္းကေတာ့ ဆီးဂိမ္းအၾကိဳေနာက္ဆံုးေျခစစ္ပြဲေတြအျဖစ္ ထိုင္း၊ ဗီယက္နမ္တို႔နဲ႔ ကစားခဲ့ျပီး ထိုင္းကို ၃-၂ နဲ႔ အေရးနိမ့္ကာ ဗီယက္နမ္နဲ႔ ႏွစ္ဂုိးစီသေရက်ထားခဲ့ပါတယ္။

Unicode

အရှေ့တောင်အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ ယူ၂၂ အသင်းမှာ သက်ကျော်ကစားသမားနှစ်ဦးကို ရွေးချယ်မှုအဖြစ် အောင်သူ၊ ဇော်မင်းထွန်းနဲ့ လှိုင်းဘိုဘိုတို့ထဲကနေ ရွေးချယ်သွားမယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ Eleven Sports ရဲ့ ဖော်ပြချက်မှာ နည်းပြပိုပေ့ါဗ်က နောက်ဆုံးဆုံးဖြတ်ချက်ချမှတ်ဖို့အတွက် စောင့်ဆိုင်းနေတယ်လို့လည်း သိရပါတယ်။

အဆိုပါကစားသမား ၃ဦးစလုံးဟာ လက်ရွေးစင်အသင်းကြီးအတွက် ကစားပေးနေသူတွေဖြစ်ပြီး နည်းပြပိုပေါ့ဗ်က တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းအတွက်ကို ဦးစားပေးခေါ်ယူဖွယ်ရှိတယ်လို့လည်း ခန့်မှန်းရပါတယ်။ ဒီအတွက်ကြောင့် နောက်ခံလူဇော်မင်းထွန်း နဲ့ တိုက်စစ်မှူးအောင်သူတို့ကို ပိုပေါ့ဗ်က ဦးစားပေးခေါ်ယူသွားဖွယ်ရှိနေပါတယ်။

ကနဦးထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော့ လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်တဲ့ စည်သူအောင်ကို ခေါ်ယူဖွယ်ရှိတယ်လို့လည်း သတင်းများထွက်လာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ စည်သူအောင်က လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းမခံရသလို ယူ ၂၂ အသင်းနဲ့လည်း ပူးပေါင်းလေ့ကျင့်နေမှုတွေ မရှိတာကြောင့် ပါဝင်နိုင်ဖို့ အခွင့်အလမ်းနည်းပါးနေပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းကတော့ ဒီနေ့ညနေမှာ ကမ္ဘာ့ဖလားအာရှခြေစစ်ပွဲအဖြစ် မွန်ဂိုလီးယားအသင်းနဲ့ မန္တလေးမြို့မှာ ကစားသွားရမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အပြီးမှသာ ပိုပေါ့ဗ်က ဘယ်ကစားသမားတွေကို ခေါ်ယူမလဲဆိုတာကို အတိအကျသိရှိရမှာလည်း ဖြစ်ပါတယ်။ မြန်မာ ယူ၂၂ အသင်းကတော့ ဆီးဂိမ်းအကြိုနောက်ဆုံးခြေစစ်ပွဲတွေအဖြစ် ထိုင်း၊ ဗီယက်နမ်တို့နဲ့ ကစားခဲ့ပြီး ထိုင်းကို ၃-၂ နဲ့ အရေးနိမ့်ကာ ဗီယက်နမ်နဲ့ နှစ်ဂိုးစီသရေကျထားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။