ဖိလစ္ပိုင္ဆီးဂိမ္းမွာ ေစာင့္ၾကည့္ရမယ့္ ျမန္မာယူ၂၂ ကစားသမား ၃ ဦး

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

လာမယ့္ ဖိလစ္ပိုင္ SEA Games မွာ ျမန္မာယူ၂၂ အသင္းလည္း ပါ၀င္ယွဥ္ျပိဳင္သြားမွာျဖစ္ပါတယ္။ နည္းျပပိုေပါ့ဗ္ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ယူ ၂၂ အသင္းက အေကာင္းဆံုးယွဥ္ျပိဳင္ႏိုင္ဖို႔ အားထုတ္ၾကိဳးပမ္းေနျပီး ျပိဳင္ပြဲကာလအနီးကပ္ဆံုးအခ်ိန္ထိ ေျခစမ္းပြဲေတြဆက္တုိက္ကစားေနခဲ့ပါတယ္။ ပိုေပါ့ဗ္လက္ထက္မွာ ယူ၂၂ အသင္းက ကစားကြက္သိသိသာသာေျပာင္းလဲသြားခဲ့ပါတယ္။ အားသာခ်က္ေတြရွိလာသလို အားနည္းခ်က္ေတြလည္း ရွိေနဆဲပါ။ ဖိလစ္ပိုင္ဆီးဂိမ္းျပိဳင္ပြဲမွာ ျမန္မာယူ၂၂ အသင္းအတြက္ ေျခစြမ္းျပႏိုင္မယ့္ကစားသမား၊ ေစာင့္ၾကည့္သင့္တဲ့ကစားသမားေတြက ဘယ္သူေတြျဖစ္မလဲဆိုတာ သံုးသပ္ၾကည့္ပါမယ္။

Pierre-Emerick Aubameyang vs Paco Alcacer | Dortmund’s Strikers Past vs Present

၁။ ေအာင္ေကာင္းမာန္

ေအာင္ေကာင္းမာန္ကေတာ့ ျမန္မာအသင္းအတြက္ ေျခစမ္းပြဲေတြမွာ ဂိုးေတြဆက္တိုက္သြင္းယူေပးေနသူျဖစ္ပါတယ္။ ဧရာ၀တီယူႏိုက္တက္တိုက္စစ္မွဴးက ပိုေပါ့ဗ္လက္ထက္မွာ ေတာ္ေတာ္ေလးကို ေျခစြမ္းတက္လာခဲ့ျပီး တိုက္စစ္မွဴးတစ္ဦးအျဖစ္ ပီပီျပင္ျပင္ကစားလာႏိုင္ခဲ့ပါတယ္။ ကာတာခရီးစဥ္မွာလည္း အသင္းအတြက္ ဂိုးေတြဆက္တိုက္သြင္းယူေပးႏိုင္ခဲ့ျပီး ထိုင္း၊ ဗီယက္နမ္တို႔နဲ႔ ပြဲမွာလည္း ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕လက္ရွိေျခစြမ္းက ပြဲထြက္ကစားခြင့္ရဖို႔ ထိုက္တန္တဲ့အေနအထားမွာ ရွိေနပါတယ္။ ျမန္မာအသင္းတုိက္စစ္ပိုင္းမွာ ဟိန္းထက္ေအာင္၊ ထက္ျဖိဳးေ၀၊ ၀င္းႏိုင္ထြန္း၊ စေအာင္ျပည့္ကိုတို႔ ရွိေနျပီး ေအာင္ေကာင္းမာန္က ဆီးဂိမ္းမွာ ေစာင့္ၾကည့္သင့္တဲ့ တုိက္စစ္မွဴးအျဖစ္ရွိေနပါတယ္။ လူလံုးလူဖန္ေကာင္းမြန္ျပီး ထင္မွတ္မထားတဲ့ ေနရာေတြကလည္း ဂိုးသြင္းယူႏိုင္စြမ္းရွိသူပါ။

၂။ စိုးလြင္လြင္

စိုးလြင္လြင္ကေတာ့ မေကြးမွာ ေျခစြမ္းျပကစားေနျပီးေနာက္ ပရိသတ္သိလာတဲ့ ကစားသမားပါ။ သူ႔ေျခစြမ္းအေပၚ ၾကိဳက္ႏွစ္သက္သူေတြ ေတာ္ေတာ္ေလးရွိေနျပီး သူ႔ရဲ႕ေဘာလံုးကစားဟန္က အသိအမွတ္ျပဳရမယ့္ အဆင့္တစ္ခုမွာ ရွိေနပါတယ္။ ျမန္မာအသင္းကြင္းလယ္မွာ လြင္မိုးေအာင္၊ ျမတ္ေကာင္းခန္႔တို႔နဲ႔ တြဲဖက္ျပီး အေကာင္းဆံုးကစားျပႏိုင္မယ္လို႔ ေမွ်ာ္လင့္ခံထားရသူပါ။ ကစားသမားအတြက္လည္း ဒီျပိဳင္ပြဲက အခြင့္အေရးတစ္ခုအျဖစ္ ရွိေနပါတယ္။ သူသာ ေျခစြမ္းျပႏိုင္ခဲ့မယ္ဆိုရင္ ျမန္မာအသင္းအတြက္ ေရရွည္အားကိုးရမယ့္ ကစားသမားတစ္ဦးအျဖစ္ ကာလရွည္ရပ္တည္ႏိုင္မွာပါ။ မ်က္ႏွာသစ္ကစားသမားတစ္ဦးျဖစ္ျပီး ဆီးဂိမ္းျပိဳင္ပြဲက သူ႔အတြက္ေတာ့ ပထမဆံုးအၾကိမ္ဆင္ႏႊဲရမွာလည္းျဖစ္လို႔ ယံုၾကည္မႈနည္းပါးတာ၊ ဖိအားအနည္းငယ္ရွိတာမ်ိဳးေတြကို သူ အေကာင္းဆံုးတံု႔ျပန္ႏိုင္ဖို႔ေတာ့ လိုပါလိမ့္မယ္။

၁။ လြင္မိုးေအာင္

လြင္မိုးေအာင္ကေတာ့ ျမန္မာယူ၂၂ အသင္းရဲ႕ အဓိကကစားသမားပါ။ ပိုေပါ့ဗ္အႏွစ္သက္ဆံုးကစားသမားေတြထဲက တစ္ဦးဆိုရင္လည္းမမွားပါဘူး။ ဆူဇူကီးျပိဳင္ပြဲကို ၀င္ေရာက္ကစားခဲ့ဖူးျပီး အေတြ႕အၾကံဳလည္း ထုိက္သင့္သေလာက္ရွိေနတဲ့သူပါ။ သူက ျမန္မာအသင္းကြင္းလယ္ရဲ႕ ေမာင္းႏွင္အားတစ္ခုျဖစ္ျပီး သူ႔ရဲ႕ အသင္း Tempo အတင္အခ်က အေရးပါေနပါတယ္။ အလြတ္တည္ကန္ေဘာေတြကန္သြင္းရာမွာ ထူးခၽြန္ျပီး ျဖတ္တင္ေဘာေတြလည္း ေကာင္းေကာင္းေပးပို႔ႏိုင္လို႔ သူ႔ဆီကေန ဂိုးဖန္တီးမႈေတြကို ျမင္ေတြ႔ရဖြယ္ရွိေနပါတယ္။ တိုက္စစ္လိုက္ပါမႈအားေကာင္းျပီး ျမတ္ေကာင္းခန္နဲ႔ အတြဲအဖက္ညီညီကစားေနျပီး သူတို႔နွစ္ဦးက ကြင္းလယ္ပိုင္းမွာေတာ့ ပံုမွန္ေနရာရယူသြားဖြယ္ရွိေနပါတယ္။

Unicode

လာမယ့် ဖိလစ်ပိုင် SEA Games မှာ မြန်မာယူ၂၂ အသင်းလည်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ နည်းပြပိုပေါ့ဗ်ရဲ့ ဦးဆောင်မှုနဲ့အတူ ယူ ၂၂ အသင်းက အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ အားထုတ်ကြိုးပမ်းနေပြီး ပြိုင်ပွဲကာလအနီးကပ်ဆုံးအချိန်ထိ ခြေစမ်းပွဲတွေဆက်တိုက်ကစားနေခဲ့ပါတယ်။ ပိုပေါ့ဗ်လက်ထက်မှာ ယူ၂၂ အသင်းက ကစားကွက်သိသိသာသာပြောင်းလဲသွားခဲ့ပါတယ်။ အားသာချက်တွေရှိလာသလို အားနည်းချက်တွေလည်း ရှိနေဆဲပါ။ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာယူ၂၂ အသင်းအတွက် ခြေစွမ်းပြနိုင်မယ့်ကစားသမား၊ စောင့်ကြည့်သင့်တဲ့ကစားသမားတွေက ဘယ်သူတွေဖြစ်မလဲဆိုတာ သုံးသပ်ကြည့်ပါမယ်။

၁။ အောင်ကောင်းမာန်

အောင်ကောင်းမာန်ကတော့ မြန်မာအသင်းအတွက် ခြေစမ်းပွဲတွေမှာ ဂိုးတွေဆက်တိုက်သွင်းယူပေးနေသူဖြစ်ပါတယ်။ ဧရာဝတီယူနိုက်တက်တိုက်စစ်မှူးက ပိုပေါ့ဗ်လက်ထက်မှာ တော်တော်လေးကို ခြေစွမ်းတက်လာခဲ့ပြီး တိုက်စစ်မှူးတစ်ဦးအဖြစ် ပီပီပြင်ပြင်ကစားလာနိုင်ခဲ့ပါတယ်။ ကာတာခရီးစဉ်မှာလည်း အသင်းအတွက် ဂိုးတွေဆက်တိုက်သွင်းယူပေးနိုင်ခဲ့ပြီး ထိုင်း၊ ဗီယက်နမ်တို့နဲ့ ပွဲမှာလည်း ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ သူ့ရဲ့လက်ရှိခြေစွမ်းက ပွဲထွက်ကစားခွင့်ရဖို့ ထိုက်တန်တဲ့အနေအထားမှာ ရှိနေပါတယ်။ မြန်မာအသင်းတိုက်စစ်ပိုင်းမှာ ဟိန်းထက်အောင်၊ ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်း၊ စအောင်ပြည့်ကိုတို့ ရှိနေပြီး အောင်ကောင်းမာန်က ဆီးဂိမ်းမှာ စောင့်ကြည့်သင့်တဲ့ တိုက်စစ်မှူးအဖြစ်ရှိနေပါတယ်။ လူလုံးလူဖန်ကောင်းမွန်ပြီး ထင်မှတ်မထားတဲ့ နေရာတွေကလည်း ဂိုးသွင်းယူနိုင်စွမ်းရှိသူပါ။

၂။ စိုးလွင်လွင်

စိုးလွင်လွင်ကတော့ မကွေးမှာ ခြေစွမ်းပြကစားနေပြီးနောက် ပရိသတ်သိလာတဲ့ ကစားသမားပါ။ သူ့ခြေစွမ်းအပေါ် ကြိုက်နှစ်သက်သူတွေ တော်တော်လေးရှိနေပြီး သူ့ရဲ့ဘောလုံးကစားဟန်က အသိအမှတ်ပြုရမယ့် အဆင့်တစ်ခုမှာ ရှိနေပါတယ်။ မြန်မာအသင်းကွင်းလယ်မှာ လွင်မိုးအောင်၊ မြတ်ကောင်းခန့်တို့နဲ့ တွဲဖက်ပြီး အကောင်းဆုံးကစားပြနိုင်မယ်လို့ မျှော်လင့်ခံထားရသူပါ။ ကစားသမားအတွက်လည်း ဒီပြိုင်ပွဲက အခွင့်အရေးတစ်ခုအဖြစ် ရှိနေပါတယ်။ သူသာ ခြေစွမ်းပြနိုင်ခဲ့မယ်ဆိုရင် မြန်မာအသင်းအတွက် ရေရှည်အားကိုးရမယ့် ကစားသမားတစ်ဦးအဖြစ် ကာလရှည်ရပ်တည်နိုင်မှာပါ။ မျက်နှာသစ်ကစားသမားတစ်ဦးဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲက သူ့အတွက်တော့ ပထမဆုံးအကြိမ်ဆင်နွှဲရမှာလည်းဖြစ်လို့ ယုံကြည်မှုနည်းပါးတာ၊ ဖိအားအနည်းငယ်ရှိတာမျိုးတွေကို သူ အကောင်းဆုံးတုံ့ပြန်နိုင်ဖို့တော့ လိုပါလိမ့်မယ်။

၁။ လွင်မိုးအောင်

လွင်မိုးအောင်ကတော့ မြန်မာယူ၂၂ အသင်းရဲ့ အဓိကကစားသမားပါ။ ပိုပေါ့ဗ်အနှစ်သက်ဆုံးကစားသမားတွေထဲက တစ်ဦးဆိုရင်လည်းမမှားပါဘူး။ ဆူဇူကီးပြိုင်ပွဲကို ဝင်ရောက်ကစားခဲ့ဖူးပြီး အတွေ့အကြုံလည်း ထိုက်သင့်သလောက်ရှိနေတဲ့သူပါ။ သူက မြန်မာအသင်းကွင်းလယ်ရဲ့ မောင်းနှင်အားတစ်ခုဖြစ်ပြီး သူ့ရဲ့ အသင်း Tempo အတင်အချက အရေးပါနေပါတယ်။ အလွတ်တည်ကန်ဘောတွေကန်သွင်းရာမှာ ထူးချွန်ပြီး ဖြတ်တင်ဘောတွေလည်း ကောင်းကောင်းပေးပို့နိုင်လို့ သူ့ဆီကနေ ဂိုးဖန်တီးမှုတွေကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။ တိုက်စစ်လိုက်ပါမှုအားကောင်းပြီး မြတ်ကောင်းခန်နဲ့ အတွဲအဖက်ညီညီကစားနေပြီး သူတို့နှစ်ဦးက ကွင်းလယ်ပိုင်းမှာတော့ ပုံမှန်နေရာရယူသွားဖွယ်ရှိနေပါတယ်။

မွတ္ခ်က္မ်ား။