ဆီးဂိမ်းအတွက် လူစာရင်းကို ထုတ်ပြန်ခဲ့တဲ့ အင်ဒိုနီးရှား ယူ၂၂

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games


Rouwen Hennings vs Robert Lewandowski – Two top strikers go head-to-head in Dusseldorf vs Bayern Munich




Goalkeepers

Defenders

Midfielders

Forwards

 

Unicode

ဆီးဂိမ်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကစားမယ့် အင်ဒိုနီးရှားယူ၂၂ အသင်းဟာ အပြီးသတ်ကစားသမား ၂၀ ဦး စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ အုပ်စု (ခ) အတွင်းမှာ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ စင်ကာပူ၊ ဘရူနိုင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့တဲ့ အင်ဒိုနီးရှားအသင်းဟာ လူစာရင်းကို အစောဆုံးထုတ်ပြန်ခဲ့တဲ့ အသင်းလည်း ဖြစ်လာခဲ့ပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အင်ဒိုနီးရှားက ထိုင်းနဲ့ ပွဲဦးထွက်ကစားရမှာဖြစ်ပြီး ၂၈ ရက်နေ့မှာ စင်ကာပူနဲ့ ထပ်မံကစားရမှာ ဖြစ်ပါတယ်။ မရဏအုပ်စုလို့ သတ်မှတ်ခံထားရတဲ့ အုပ်စု (ခ) ပွဲစဉ်တွေကတော့ အကြိတ်အနယ်ရှိနေမှာဖြစ်ပြီး အင်ဒိုနီးရှားအနေနဲ့ ထိုင်း၊ ဗီယက်နမ်တို့ကို အဓိကထားယှဉ်ပြိုင်သွားရဖွယ် ရှိနေပါတယ်။

အင်ဒိုနီးရှားအသင်းရဲ့ လူစာရင်းမှာတော့ ပြည်တွင်းလိဂ်ကစားသမားအများဆုံးပါဝင်လာခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ နည်းပြအင်ဒရာဂျာဖရီရဲ့ ကိုင်တွယ်မှုနဲ့အတူ အင်ဒိုနီးရှားအသင်းက ဒီပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိဖို့လည်း မျှော်လင့်နေပါတယ်။ လူငယ်အဆင့်ပွဲတွေမှာ ခြေစွမ်းကောင်းပြသနိုင်တဲ့ အနေအထားတွေလည်း ရှိနေလို့ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။

အင်ဒိုနီးရှားအသင်းရဲ့ လူစာရင်းကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

Goalkeepers
GK -Nadeo Arga Winata – Borneo FC, GK – Muhammad Riyandi – Barito Putera

Defenders
CB – Andy Setyo – Tira Persikabo
CB – Bagas Adi Nugroho – Bhayangkara FC
CB – Nurhidayat Haji Haris – Bhayangkara FC
CB – Dodi Alekvan Djin – Persik Kediri
RB – Asnawi Mangkualam – PSM Makassar
LB – Firza Andika – PSM Makassar

Midfielders
DM – Zulfiandi – Madura United
DM – Rachmat Irianto – Persebaya
CM – Sani Rizki Fauzi – Bhayangkara FC
CM – Evan Dimas – Barito Putera
CM – Syahrian Abimanyu – Madura United
LM – Irkham Zahrul Mila – PSS Sleman
LM – Feby Eka Putra – Persija
LM – Saddil Ramdani – Pahang FA
RM – Witan Sulaeman – PSIM Yogyakarta
RM – Maulana Vikri – Lechia Gdanks

Forwards
CF – Osvaldo Ardiles Haay – Persebaya
CF – Muhammad Rafli – Arema FC

မွတ္ခ်က္မ်ား။