နာမည်ကျော်ကစားသမားငုယင်ကောင်ဟောင်ပါဝင်လာတဲ့ ဗီယက်နမ်ယူ၂၂

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

အရှေ့တောင်အာရှအားကစားပြိုင်ပွဲရဲ့ ဘောလုံးပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အထိ ရည်မှန်းထားတဲ့ ဗီယက်နမ် ယူ၂၂အသင်းဟာ နာမည်ကျော်ကွင်းလယ်လူ ငုယင်ကောင်ဟောင်ကို ရွေးချယ်ခဲ့ပြီဖြစ်ပါတယ်။ အပြီးသတ်ကစားသမား ၂၀ဦးစာရင်းကို ဗီယက်နမ်အသင်းက ထုတ်ပြန်ကြေညာခဲ့ရာမှာ ငုယင်ကောင်ဟောင်ပါဝင်လာခဲ့တာကို တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။

Rouwen Hennings vs Robert Lewandowski – Two top strikers go head-to-head in Dusseldorf vs Bayern Munich

ဗီယက်နမ်အသင်းဟာ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဘရူနိုင်းနဲ့ ပွဲဦးထွက်ကစားသွားရမှာလည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာ လာအို၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်းတို့နဲ့ ဆက်တိုက်ကစားသွားရမှာဖြစ်ပါတယ်။ ဗီယက်နမ်အသင်းကို ဒေသတွင်းနာမည်ကျော်နည်းပြပတ်ဟန်ဆိုးကိုင်တွယ်သွားမှာဖြစ်ပြီး ရွှေတံဆိပ်ဆွတ်ခူးဖို့ ရည်ရွယ်ထားပါတယ်။

ဒီဘက်နှစ်တွေမှာ အာဆီယံဒေသရဲ့ ဘောလုံးအင်အားကြီးနိုင်ငံအဖြစ်ကို ကူးပြောင်းလာခဲ့တဲ့ ဗီယက်နမ်အသင်းဟာ လူငယ်ကြယ်ပွင့်ကစားသမားအများအပြားပေါ်ထွက်လာခဲ့ပြီးနောက် ပြိုင်ပွဲတိုင်းလိုလိုမှာ ဗိုလ်စွဲဖို့အတွက် ရေပန်းစားလာခဲ့ပါတယ်။ အုပ်စုတွင်းမှာ ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပေမယ့် ပတ်ဟန်ဆိုးကတော့ ဗိုလ်စွဲနိုင်မယ်လို့လည်း ယုံကြည်နေပါတယ်။

ဗီယက်နမ်အသင်းလူစာရင်းမှာ ၀ါရင့်ကွင်းလယ်လူ ငုယင်ထရောင်ဟောင်ကိုလည်း ပတ်ဟန်ဆိုးကရွေးချယ်ခဲ့ပါတယ်။ ဒီကစားသမားကတော့ လက်ရွေးစင်ကစားသမားဖြစ်ပြီး ပတ်ဟန်ဆိုးအားကိုးရတဲ့ အဓိကကစားသမားလည်း ဖြစ်ပါတယ်။ ဗီယက်နမ်အသင်းလူစာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

GOALKEEPERS (2): Bui Tien Dung (Ha Noi FC), Nguyen Van Toan (Hai Phong)

DEFENDERS (8): Ho Tan Tai (Becamex Binh Duong), Bui Tien Dung, Do Thanh Thinh (SHB Da Nang), Nguyen Duc Chien (Viettel), Le Ngoc Bao (Pho Hien), Huynh Tan Sinh (Quang Nam), Doan Van Hau, Nguyen Thanh Chung (Ha Noi FC)

MIDFIELDERS (8): Truong Van Thai Quy, Do Hung Dung, Nguyen Quang Hai (Ha Noi FC), Trieu Viet Hung, Tran Thanh Son (Hoang Anh Gia Lai), Nguyen Trong Hoang, Nguyen Hoang Duc (Viettel), Nguyen Trong Hung (Thanh Hoa)

FORWARDS (2): Nguyen Tien Linh (Becamex Binh Duong), Ha Duc Chinh (SHB Da Nang)

မှတ်ချက်များ။