ကြင္းလယ္ပိုင္းကို ပိုမိုျပီးေတာ့ အားကိုးကစားဖြယ္ရွိေနတဲ့ ပိုေပါ့ဗ္ရဲ႕ ျမန္မာယူ-၂၂

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

ျမန္မာယူ-၂၂ အသင္းနည္းျပပိုေပါ့ဗ္ကေတာ့ ဆီးဂိမ္းျပိဳင္ပြဲ၀င္မယ့္ သူ႔ရဲ႕အသင္းလူစာရင္းကို မေန႔ကထုတ္ျပန္လိုက္ပါတယ္။ ဒီေရြးခ်ယ္မႈမွာ သက္ေက်ာ္ကစားသမားႏွစ္ဦးလည္း ပါ၀င္လာခဲ့တာျဖစ္ပါတယ္။ မူလက ေအာင္သူ နဲ႔ လိႈင္းဘိုဘုိတို႔ကို ေခၚယူမယ္လိ႔ု သတင္းေတြ
ထြက္ခဲ့ေပမယ့္ ေအာင္သူက ဒူးဒဏ္ရာရရွိေနခဲ့တဲ့ေနာက္မွာ စည္သူေအာင္နဲ႔ လိႈ္င္းဘိုဘိုတို႔ကိုသာ ေခၚယူခဲ့တာကိုလည္း ေတြ႔ျမင္ခဲ့ရပါတယ္။ အျပီးသတ္ကစားသမား ၂၀ ဦးနဲ႔ အရန္သင့္အစားထိုးႏိုင္ဖို႔အတြက္ ကစားသမား ၂ဦးကို ေရြးခ်ယ္ခဲ့တာလည္းျဖစ္ပါတယ္။

Highlights – Borussia Dortmund vs SC Paderborn 07

ႏို၀င္ဘာလ ၂၅ ရက္ေန႔မွာ မေလးရွားနဲ႔ ပြဲဦးထြက္ပြဲအျဖစ္ ျမန္မာအသင္းက ကစားရမွာျဖစ္ပါတယ္။ ျမန္မာအသင္းအေနနဲ႔ ႏို၀င္ဘာ ၂၃ရက္ေန႔ (ယေန႔) မွာ ဖိလစ္ပိုင္ကို ထြက္ခြာမွာျဖစ္ျပီးေတာ့ မေလးရွားနဲ႔႔ပြဲအတြက္ ၾကိဳတင္ျပင္ဆင္မႈေတြကို ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ပိုေပါ့ဗ္ရဲ႕ လူစာရင္းကို ၾကည့္မယ္ဆိုရင္ ဂိုးသမား ၂ဦး၊ ေနာက္တန္း ၆ဦး၊ ကြင္းလယ္ ၁၀ဦး၊ ေရွ႕တန္း ၂ဦးဆိုျပီးေတြ႔ရမွာပါ။ ကြင္းလယ္ကစားသမား အမ်ားအျပားကို အားျပဳေခၚယူခဲ့တာကို ေတြ႔ျမင္ရျပီး ျမန္မာအသင္းရဲ႕ အဓိကအသက္ေသြးေၾကာကလည္း ကြင္းလယ္ပိုင္းျဖစ္လာဖြယ္ရွိပါတယ္။

ဘာျဖစ္လို႔လဲဆိုရင္ ပိုေပါ့ဗ္က ေနာက္တန္းခံစစ္ေၾကာင္းကို ဦးေဆာင္ဖို႔အတြက္ ၀ါရင့္ေနာက္ခံလူေဇာ္မင္းထြန္းကိုေတာင္ မေရြးခ်ယ္ခဲ့လို႔ပါပဲ။ ျမန္မာယူ၂၂ အသင္းက ခံစစ္ပိုင္းအားနည္းေနတယ္လို႔ ပရိသတ္ေတြက ျမင္ေနၾကပါတယ္။ ဒီအေပၚမွာ ပိုေပါ့ဗ္က သိပ္ေတာ့စိုးရိမ္ေနပံုမရွိပါဘူး။ ေဇာ္မင္းထြန္းကို ခံစစ္ေၾကာင္းအတြက္ ေခၚယူမယ္လို႔ ထင္ခဲ့ေပမယ့္ တကယ္တမ္းမွာ ကြင္းလယ္နဲ႔ တိုက္စစ္ပိုင္းအတြက္ အားကိုးရမယ့္ ကစားသမားေတြကိုပဲ ေခၚယူလာခဲ့ပါတယ္။ ဆီးဂိမ္းမတုိင္ခင္ ေျခစမ္းပြဲေတြမွာလည္း ပိုေပါ့ဗ္က တိုက္စစ္ပိုင္းအတြက္ ကြင္းလယ္က တိုက္စစ္အားသန္ကစားသမားေတြကိုပဲ ေတာ္ေတာ္ေလးအားကိုးခဲ့တာကိုေတြ႔ရပါတယ္။

ျမတ္ေကာင္းခန္႔၊ လြင္မိုးေအာင္တို႔လို ကစားသမားေတြက တိုက္စစ္ပိုင္းကို ပိုမိုအားသန္သူေတြပါ။ လိႈင္းဘိုဘိုကလည္း ကြင္းလယ္ပိုင္းမွာ ခံစစ္စိတ္အနည္းငယ္အားေပ်ာ့ျပီး တုိက္စစ္ကို ပိုမိုျပီးေတာ့ လိုက္ပါခ်င္တဲ့ ကစားသမားမ်ိဳးျဖစ္ပါတယ္။ စည္သူေအာင္ကေတာ့ ေတာင္ပံတုိက္စစ္အတြက္ အားကိုးရမယ့္ ကစားသမားလို႔ ပိုေပါ့ဗ္က ထင္ျမင္ခဲ့ပံုရပါတယ္။ အသင္းလူစာရင္းကို ၾကည့္မယ္ဆိုရင္ ပိုေပါ့ဗ္က သူ႔အသင္းကို ကြင္းလယ္ပိုင္းအေကာင္းဆံုးျဖစ္ဖို႔ ရည္ရြယ္ထားျပီး ဒီအားသာခ်က္နဲ႔အတူ ျပိဳင္ဘက္ေတြကို အႏိုင္ကစားဖို႔ ေမွ်ာ္လင့္ေနပံုပါပဲ။ ဒါကေတာ့ ပရိသတ္တစ္ဦးရဲ႕ အျမင္သက္သက္ပဲျဖစ္ပါတယ္။ တကယ္ကစားခ်ိန္မွာေတာ့ သူ ဘယ္လိုမ်ိဳး အသံုးျပဳလာမလဲဆိုတာ ေတြ႔ရမွာပါ။

ေအာင္ေကာင္းမာန္နဲ႔ ၀င္းႏိုင္ထြန္းတို႔ ႏွစ္ဦးကိုပဲ တိုက္စစ္မွဴးစစ္စစ္ေတြအျဖစ္ ပိုေပါ့ဗ္က ေရြးခ်ယ္သြားခဲ့ပါတယ္။ ေအာင္ေကာင္းမာန္က ေျခစမ္းပြဲေတြမွာ ေျခစြမ္းျပခဲ့သူျဖစ္ျပီး ကစားခြင့္ရဖို႔ ေသခ်ာသေလာက္ရွိပါတယ္။ ၀င္းႏိုင္ထြန္းကေတာ့ အဖ်ားေ၀ဒနာ ခံစားေနခဲ့ရတယ္လို႔ သိရျပီး လက္ရွိမွာေတာ့ ျပန္လည္သက္သာေနပါျပီ။ ဘယ္လိုပဲျဖစ္ျဖစ္ ဆီးဂိမ္းအတြက္ တိုက္ပြဲ၀င္ဖို႔ ျမန္မာအသင္းကေတာ့ ေရြးခ်ယ္ခံကစားသမားေတြနဲ႔ ဖိလစ္ပိုင္ကို အေရာက္ခ်ီတက္သြားခဲ့ပါျပီ။ ပရိသတ္ေတြေမွ်ာ္လင့္ေတာင့္တေနတဲ့ ေအာင္ျမင္မႈမ်ိဳးကို ရရွိမွာလား၊ မရရွိဘူး ဆိုတာကိုလည္း သိရေတာ့မွာပါ။ ႏို၀င္ဘာလ ၂၅ ရက္ေန႔မွာ ပိုေပါ့ဗ္ရဲ႕ ျမန္မာအသင္းအေျခအေနကိုလည္း အားလံုးက ေစာင့္ၾကည့္ေနၾကမွာျဖစ္ေၾကာင္းပါ။

Unicode

မြန်မာယူ-၂၂ အသင်းနည်းပြပိုပေါ့ဗ်ကတော့ ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းလူစာရင်းကို မနေ့ကထုတ်ပြန်လိုက်ပါတယ်။ ဒီရွေးချယ်မှုမှာ သက်ကျော်ကစားသမားနှစ်ဦးလည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။ မူလက အောင်သူ နဲ့ လှိုင်းဘိုဘိုတို့ကို ခေါ်ယူမယ်လို့ သတင်းတွေ
ထွက်ခဲ့ပေမယ့် အောင်သူက ဒူးဒဏ်ရာရရှိနေခဲ့တဲ့နောက်မှာ စည်သူအောင်နဲ့ လှို်င်းဘိုဘိုတို့ကိုသာ ခေါ်ယူခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အပြီးသတ်ကစားသမား ၂၀ ဦးနဲ့ အရန်သင့်အစားထိုးနိုင်ဖို့အတွက် ကစားသမား ၂ဦးကို ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့မှာ မလေးရှားနဲ့ ပွဲဦးထွက်ပွဲအဖြစ် မြန်မာအသင်းက ကစားရမှာဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ နိုဝင်ဘာ ၂၃ရက်နေ့ (ယနေ့) မှာ ဖိလစ်ပိုင်ကို ထွက်ခွာမှာဖြစ်ပြီးတော့ မလေးရှားနဲ့့ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပိုပေါ့ဗ်ရဲ့ လူစာရင်းကို ကြည့်မယ်ဆိုရင် ဂိုးသမား ၂ဦး၊ နောက်တန်း ၆ဦး၊ ကွင်းလယ် ၁ဝဦး၊ ရှေ့တန်း ၂ဦးဆိုပြီးတွေ့ရမှာပါ။ ကွင်းလယ်ကစားသမား အများအပြားကို အားပြုခေါ်ယူခဲ့တာကို တွေ့မြင်ရပြီး မြန်မာအသင်းရဲ့ အဓိကအသက်သွေးကြောကလည်း ကွင်းလယ်ပိုင်းဖြစ်လာဖွယ်ရှိပါတယ်။

ဘာဖြစ်လို့လဲဆိုရင် ပိုပေါ့ဗ်က နောက်တန်းခံစစ်ကြောင်းကို ဦးဆောင်ဖို့အတွက် ၀ါရင့်နောက်ခံလူဇော်မင်းထွန်းကိုတောင် မရွေးချယ်ခဲ့လို့ပါပဲ။ မြန်မာယူ၂၂ အသင်းက ခံစစ်ပိုင်းအားနည်းနေတယ်လို့ ပရိသတ်တွေက မြင်နေကြပါတယ်။ ဒီအပေါ်မှာ ပိုပေါ့ဗ်က သိပ်တော့စိုးရိမ်နေပုံမရှိပါဘူး။ ဇော်မင်းထွန်းကို ခံစစ်ကြောင်းအတွက် ခေါ်ယူမယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းမှာ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းအတွက် အားကိုးရမယ့် ကစားသမားတွေကိုပဲ ခေါ်ယူလာခဲ့ပါတယ်။ ဆီးဂိမ်းမတိုင်ခင် ခြေစမ်းပွဲတွေမှာလည်း ပိုပေါ့ဗ်က တိုက်စစ်ပိုင်းအတွက် ကွင်းလယ်က တိုက်စစ်အားသန်ကစားသမားတွေကိုပဲ တော်တော်လေးအားကိုးခဲ့တာကိုတွေ့ရပါတယ်။

မြတ်ကောင်းခန့်၊ လွင်မိုးအောင်တို့လို ကစားသမားတွေက တိုက်စစ်ပိုင်းကို ပိုမိုအားသန်သူတွေပါ။ လှိုင်းဘိုဘိုကလည်း ကွင်းလယ်ပိုင်းမှာ ခံစစ်စိတ်အနည်းငယ်အားပျော့ပြီး တိုက်စစ်ကို ပိုမိုပြီးတော့ လိုက်ပါချင်တဲ့ ကစားသမားမျိုးဖြစ်ပါတယ်။ စည်သူအောင်ကတော့ တောင်ပံတိုက်စစ်အတွက် အားကိုးရမယ့် ကစားသမားလို့ ပိုပေါ့ဗ်က ထင်မြင်ခဲ့ပုံရပါတယ်။ အသင်းလူစာရင်းကို ကြည့်မယ်ဆိုရင် ပိုပေါ့ဗ်က သူ့အသင်းကို ကွင်းလယ်ပိုင်းအကောင်းဆုံးဖြစ်ဖို့ ရည်ရွယ်ထားပြီး ဒီအားသာချက်နဲ့အတူ ပြိုင်ဘက်တွေကို အနိုင်ကစားဖို့ မျှော်လင့်နေပုံပါပဲ။ ဒါကတော့ ပရိသတ်တစ်ဦးရဲ့ အမြင်သက်သက်ပဲဖြစ်ပါတယ်။ တကယ်ကစားချိန်မှာတော့ သူ ဘယ်လိုမျိုး အသုံးပြုလာမလဲဆိုတာ တွေ့ရမှာပါ။

အောင်ကောင်းမာန်နဲ့ ဝင်းနိုင်ထွန်းတို့ နှစ်ဦးကိုပဲ တိုက်စစ်မှူးစစ်စစ်တွေအဖြစ် ပိုပေါ့ဗ်က ရွေးချယ်သွားခဲ့ပါတယ်။ အောင်ကောင်းမာန်က ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး ကစားခွင့်ရဖို့ သေချာသလောက်ရှိပါတယ်။ ဝင်းနိုင်ထွန်းကတော့ အဖျားဝေဒနာ ခံစားနေခဲ့ရတယ်လို့ သိရပြီး လက်ရှိမှာတော့ ပြန်လည်သက်သာနေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဆီးဂိမ်းအတွက် တိုက်ပွဲဝင်ဖို့ မြန်မာအသင်းကတော့ ရွေးချယ်ခံကစားသမားတွေနဲ့ ဖိလစ်ပိုင်ကို အရောက်ချီတက်သွားခဲ့ပါပြီ။ ပရိသတ်တွေမျှော်လင့်တောင့်တနေတဲ့ အောင်မြင်မှုမျိုးကို ရရှိမှာလား၊ မရရှိဘူး ဆိုတာကိုလည်း သိရတော့မှာပါ။ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ပိုပေါ့ဗ်ရဲ့ မြန်မာအသင်းအခြေအနေကိုလည်း အားလုံးက စောင့်ကြည့်နေကြမှာဖြစ်ကြောင်းပါ။

မွတ္ခ်က္မ်ား။