မြန်မာ နဲ့ ဆီးဂိမ်းအုပ်စုတွင်းပြိုင်ဘက်များအနေအထား (အပိုင်း-၂)

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

မနက်ဖြန်ဆိုရင်ပဲ ဆီးဂိမ်းပြိုင်ပွဲတွေက စတင်ပြီဖြစ်သလို အသင်းတွေလည်းရောက် နေကြပြီဖြစ်တယ်။ အချို့အသင်းတွေကလည်း နောက်ကျပြီးမှာလာကြတယ်။ လာရောက် ယှဉ်ပြိုင် တဲ့အသင်းတွေ ထဲမှာ တော်တော်များများ အဆင်မပြေ မှုတွေနဲ့ကြုံရ တယ်လို့သိရတယ်။ မြန်မာအသင်းအပါအ၀င် တီမောတို့လည်း လာကြိုတဲ့ မော်တော်ယာဉ် နောက်ကျတာတွေ၊ ရောက်လာပြန်တော့လည်း သက်သောင့်သက်သာမရှိ တာမျိုးတွေနဲ့ စိတ်အိုက်စရာအဖြစ်မျိုးတိုးတယ်လို့သတင်းတွေမှာတွေ့ရတယ်။

ဘာပဲဖြစ်ဖြစ်ပါအခက်အခဲဆိုတာ နေရာတိုင်းမှာရှိပါတယ်။ ဒါကိုတော့ ကျော်လွှားပြီး လိုရာ ရောက်ဖို့ ကိုယ်တွေ သွားနိုင်ဖို့လိုအပ်တယ်ဆိုတာပါပဲ။ အားတင်းထားမြန်မာ၊ အောင်မြင်မှု တွေရယူဖို့ အတွက် အသေးအဖွဲ့လေးတွေ ကို စိတ်ထဲမထည့်စေချင်မိဘူး။ ကိုယ်ချင်းမစာလို့ ပြောတာမဟုတ်ဘူး။ လက်တွေ့ရင်ဆိုင်ရသူတွေ အတွက် အားပေးစကားဆိုချင်မိတာပါ။ ထားပါ၊ ဒါကတော့ မြန်မာအသင်းနဲ့ပတ်သက်တာလေးတွေ အချို့ပါ။

ဒီနေ့မှာ ဆက်ပြီးပြောဖြစ်ချင်တာက  မြန်မာရဲ့ပြိုင်ဘက်တွေဖြစ်ကြတဲ့ တီမောနဲ့ ကမ္ဘောဒီး ယားပါပဲ။

ဒီနှစ်သင်းဟာ ၂၀၁၇ ဆီးဂိမ်းမှာတုန်းက ဖိလစ်ပိုင်၊ တီမောနဲ့ကမ္ဘောဒီးယားအသင်းတွေ အားလုံး အတူတူတစ်ဖွဲ့တည်းကျခဲ့ကြတာဖြစ်တယ်။ အခုမြန်မာနဲ့လာပြန်ဆုံတယ်။ ဘာတွေ ဖြစ်လာကြမလဲဆိုတာ ကြည့်ချင်တယ်။ ပြင်ဆင်မှုအပိုင်းမှာ တီမောရော ကမ္ဘောဒီးယားပါ အကောင်းဆုံး အဆင့်တွေမြှင့်တင်ထားကြတယ်။  ပြင်ဆင်မှုတွေအရလည်း အထားအသိုတွေ က တီမောဆိုရင် ပိုပြီး တိတ်ဆိတ်တယ်။ ဘာလုပ်တယ်ဆိုတာမျိုး လူတွေ ထင်သလိုမသိရဘူး။ ငြိမ်လွန်းတယ်။

အခုနောက်ဆုံးအနေအထားအရဆိုရင် တီမောယူ-၂၃ အသင်းဟာ ၂၀၁၇ ဆီးဂိမ်းထက်ပိုတဲ့ အနေအထားမျိုးနဲ့ရှေ့တိုးလာမယ့် သဘောရှိတယ်။ ၂၀၁၇ မှာတုန်းကတော့ သူတို့တွေ အနေနဲ့ အုပ်စုတွင်းမှာ ပြုတ်ကျန်ရစ်တယ်။ အခုလည်း အဲ့ဒီလိုမျိုးမဖြစ်ရအောင်လို့ လုပ်လာဖို့ ရှိနေနိုင်တယ်။ ၂၀၁၇ ဆီးဂိမ်းမှာတော့ သူတို့တွေဟာ ကမ္ဘောဒီးယားကို ၁-၀ နဲ့နိုင်ခဲ့ဖူးတာ တော့ ပြောစရာရှိတယ်။ အခုလည်း ဒီနှစ်သင်းပြန်ပြီး တစ်အုပ်စုတည်းအတူကစားရမယ်။

ပြည်တွင်းဘောလုံးအဆင့်အတန်း အရကြည့်ရင် ထွန်းကားမှုအပိုင်းမှာ ထင်သလိုမျိုးရှေ့ ရောက်တယ်ဆိုတာ မရှိပေမယ့် လူငယ်တွေရဲ့ ဒီတစ်သုတ်အားကဘယ်အထိတွန်းထိုးထွက် လာမလဲ ဆိုတာကြည့်ချင်မိတယ်။ North Bangkok University မှာကစားနေတဲ့ ၁၉ နှစ်သား João Pedro တို့၊ တိုက်စစ်သမားလေး ၂၁ နှစ်သား Gama တို့အပြင် ခံစစ်မှာ အခုအချိန်အထိ အားထားနေရဆဲဖြစ်တဲ့ Viegas နဲ့ Victor တို့ အတွဲဟာ ထပ်ပြီး အသက်မကြီးပဲမြင်ရမ လားပဲ။

တီမောဟာ အရွယ်ရင့်ပြီး အသက်လေးတွေနုနယ်ကြတဲ့သူတွေကို သိပ်ကြိုက်ကြတယ်။ မကြခဏ လူပြောများတယ်၊ ဒီတစ်ခါလည်း ဘယ်လိုမျိုး လာမလဲ။ သက်ကျော်ကစား သမားတွေထဲကရော ဘယ်လိုမျိုး ကစားသမားတွေနဲ့ ဆီးဂိမ်းမှာ ကစားဖို့ရှိနေမလဲဆိုတာ ကြည့်ရမယ်။ မြန်မာနဲ့ကတော့ တတိယနေ့ပွဲမှတွေ့မှာဖြစ်လို့ သူတို့တွေလည်း မြန်မာကိုရင် ဆိုင်ဖို့ သေချာပြင်ဆင်လာမယ့်သဘောရှိတယ်။ ဒီနှစ် ၃ လပိုင်းမှာ AFC U-23 ဖလားပွဲမှာ မြန်မာက ဒီ အသင်းကို ၇-၀ နဲ့တော့ နိုင်စားထားတာရှိတယ်။ အဆိုပါအသင်းက ကစားသမားတွေပဲ အများစု ပြန်ပါလာမလား၊ အခြားလူသစ်တွေပဲထပ် ပြီးပါလာသလား ဆိုတာကြည့်ရလိမ့်မယ်။

ပြီးတော့ ကမ္ဘောဒီးယားပါ။ ဒီအသင်းကလည်း လူငယ်၊ လူကြီးတွေ ချိတ်ဆက်ပြီးတော့ အနာဂတ် အတွက်သေချာပြင်ဆင်သွားလာနေတဲ့အသင်းမျိုးဖြစ်တယ်။ နည်းပြချုပ်ဖြစ်တဲ့ ဟွန် ဒါဦးဆောင်မှုနဲ့အတူ ခရီးအတူဆက်နေတယ်။ လူငယ်အသင်းကိုတော့ ဟွန်ဒါရဲ့တွဲဖက်လက် ထောက်ဖြစ်တဲ့ Félix Dalmás ကတာဝန်ယူပြီးတော့ဆောင်ရွက်နေတယ်။

သူတို့တွေလည်း ပြင်ဆင်မှုတွေ အားကောင်းတယ်။ မထင်မှတ်တာတွေလုပ်ပြနေတယ်။ အသင်းကြီးအထိ တက်ပြီး ခြေစွာနေတဲ့လူတွေလည်းရှိနေတယ်။ အရင်ကထက် ဘောလုံးကို ပိုပြီးတော့ စနစ်တကျနဲ့ ကစားတတ်လာတယ်၊ လူငယ်တွေ အများအပြားပေါ်ထွန်းလာတယ်။  အားပေးတဲ့ ပရိသတ်တွေလည်း များလာတာတွေ့ရတယ်။

ဂျပန် ဘောလုံး နည်းပြတွေကို ခေါ်ယူပြီးတော့ ဂျပန် ဘောလုံးနည်းစနစ်တွေ သွပ်သွင်းနေတဲ့အသင်းမျိုးလည်းဖြစ်တယ်။ ဒီ တော့ ဘယ်လိုမျိုးမဆို အခြေခံကျတဲ့အသင်းတွေကနေပြီး အဆင့်ဆင့်တက်လာကြတဲ့ အနေအထားမျိုးမှာ ကမ္ဘောဒီးယားကလည်း သူတို့တွေမှာရှိတဲ့ အားနဲ့အတူ ရှေ့ကိုဆက်နိုင် ဖို့အတွက် သေချာတော့လုပ်လာကြဦးမှာဖြစ်နေတယ်။

ကမ္ဘောဒီးယားမှာတော့ လက်ရွေးစင်အထိအရွေးချယ်ခံထားရတဲ့လူငယ်တွေကို ဦးစားပေး လာလိမ့်မယ်။ Sieng Chanthea လိုမျိုး ၁၇ နှစ်သား တိုက်စစ်သမားလေးပြန်ပါလာမလား၊ ပြီးတော့ Sin Kakada လိုမျိုး ၁၉ နှစ်သား ကွင်းလယ်လူ ရော ထည့်သုံးဦးမလား၊ Orn Chanpolin လိုမျိုး ၂၁ နှစ်သားတာဆိုတယ် ကစားတာ အတော် လေးကို သပ်ရပ်တဲ့ လူမျိုးရော ထားရစ်ပါမလားဆိုတာ စဉ်းစားမိတယ်။

ကမ္ဘောဒီးယား ခံစစ်တန်းမှာတော့ လက်ရွေးစင်အထိ တက်ရောက်ကစားနေတဲ့ လူငယ်လေး တွေအများကြီးရှိနေတယ်။ ၂၄ နှစ်ကနေပြီး ၁၉ နှစ်အထိ လက်ရွေးစင်အဆင့်ရောက်နေတဲ့ သူတွေအများကြီးပဲ၊ အဲ့ဒီအထဲကမှ ဆီးဂိမ်းကို ခေါ်လာဖို့ရှိနေတဲ့သူတွေကိုကြည့်တော့ လက် ရွေးစင်အသင်းကြီးမှာ ၁၈ ပွဲလောက်အထိ နွဲထားတဲ့ Cheng Meng လိုမျိုး ကစားသမားတွေပါ လာမယ်။

Yue Safy၊      Ly Vahed နဲ့ Ken Chansopheak တို့လိုမျိုး အရွယ်ငယ်ပြီး ကစားအား ကောင်းတဲ့လူတွေလည်းပါလာဖို့ရှိတယ်။ ပြီးတော့ အသက်လွန်ကစားသမားအဖြစ် နိုင်ငံတကာ လက်ရွေးစင်အဆင့်မှာ ၂၄ နှစ်သားနဲ့ပွဲပေါင်း ၅၆ ပွဲနွဲထားတဲ့ ခံစစ်သမား အသင်း ခေါင်းဆောင်ဖြစ်တဲ့ Soeuy Visal ကိုလည်း ခေါ်လာဖို့ရှိနေနိုင်သေးတယ်မဟုတ်ပါလား။

မြန်မာနဲ့ထိပ်တိုက်တွေ့မှာက နောက်ဆုံးပိတ် အုပ်စုတွင်းပွဲစဉ်မှဖြစ်တယ်။ ဒီတော့ ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရမယ်။ အရင်တုန်းကတွေ့ဆုံမှုကိုကြည့်ရင် ၂၀၁၅ ဆီးဂိမ်း တုန်းက မြန်မာနဲ့ ကမ္ဘောဒီးယားဟာ ၃-၃ သရေပွဲကျထားဖူးတယ်ဆိုတာရှိထားခဲ့တယ်။ ဒီတော့ ကမ္ဘောဒီးယားကိုလည်းလျော့မတွက်မိဖို့တော့ မြန်မာအတွက်လိုနေသေးတယ်လေ။

ဘာပဲဖြစ်ဖြစ် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲရဲ့ ဘောလုံးပြိုင်ပွဲတွေဟာ စတင်ဖို့ရက်မဝေး တော့ ဘူး။ ဒီတော့ ဘယ်လိုမျိုးမဆို အကောင်းဆုံးဖြစ်စေမယ့် အရာများနဲ့ မြန်မာအသင်းအပါ အ၀င် မြန်မာရဲ့ပြိုင်ဘက်တွေဟာလည်း အားလုံးအစွမ်းကုန်ပြင်ဆင်ထားကြတာဖြစ်လို့ တစ်ကယ်ကစားတဲ့အခါမှာ ဘာတွေများဖြစ်လာမလဲဆိုတာ စိတ်ဝင်စားလို့ စောင့်ကြည့်ရပါ လိမ့်ဦးမယ်။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။