ဆီးဂိမ္းေရႊဆုအတြက္ ျမန္မာယူ-၂၂ရဲ႕ ပထမဆံုးေျခလွမ္း ဒီေန႔စျပီ…

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

ဒီေန႔ဆိုရင္ေတာ့ ဆီးဂိမ္းေဘာလံုးျပိဳင္ပြဲရဲ႕ အမ်ိဳးသားပြဲစဥ္အဖြင့္ပြဲအျဖစ္ မေလးရွား နဲ႔ ျမန္မာတို႔ ကစားသြားၾကေတာ့မွာပါ။ မေလးရွားက ျပီးခဲ့တဲ့တစ္ၾကိမ္မွာ ဗိုလ္လုပြဲအဆင့္ထိ ေရာက္ရွိခဲ့တဲ့အသင္းျဖစ္ပါတယ္။ အုပ္စု (က) မွာ ျမန္မာ၊ မေလးရွား၊ ဖိလစ္ပိုင္၊ ကေမၻာဒီးယားနဲ႔
တီေမာတို႔ ပါ၀င္ေနျပီး ျမန္မာနဲ႔ မေလးရွားတို႔က အဖြင့္ပြဲမွာလာေတြ႔ေနပါတယ္။ အုပ္စုအဆင့္ကေန တက္ေရာက္ႏိုင္ဖို႔ အေရးပါတဲ့ ပြဲစဥ္တစ္ပြဲလည္းျဖစ္ျပီး ႏွစ္သင္းစလံုးအတြက္ေတာ့ အေရးၾကီးေနပါတယ္။ ျမန္မာအသင္းပရိသတ္ေတြကလည္း မေလးရွားကို အႏိုင္ယူျပီး
ပြဲဦးထြက္ရလဒ္ေကာင္းဖို႔ကို ေမွ်ာ္လင့္ေနၾကပါျပီ။

‘Angry, disappointed’ – Solskjaer during Man United’s draw with Sheffield Utd

ျမန္မာယူ၂၂အသင္းကေတာ့ ႏို၀င္ဘာလ ၂၃ရက္ေန႔ ညေနပိုင္းမွာ ဖိလစ္ပိုင္ကို ေရာက္ရွိခဲ့ျပီးေတာ့ ခ်က္ခ်င္းဆိုသလိုပဲ ေလ့က်င့္ခန္းေတြ ျပဳလုပ္ေနခဲ့ပါတယ္။ ႏို၀င္ဘာလ ၂၄ ရက္ေန႔မွာလည္း ေလ့က်င့္ခန္းထပ္မံျပဳလုပ္ခဲ့ျပီး အဖြင့္ပြဲအတြက္ အေကာင္းဆံုးျပင္ဆင္မႈေတြနဲ႔
ရလဒ္ေကာင္းရဖို႔ ရည္ရြယ္ေနပါတယ္။ အသင္းမွာ သက္ေက်ာ္ကစားသမားႏွစ္ဦးကို ေခၚယူလာခဲ့မႈအျဖစ္ လိႈင္းဘုိဘုိ နဲ႔ စည္သူေအာင္တို႔ ပါ၀င္လာခဲ့ျပီး ပိုေပါ့ဗ္ကေတာ့ ျပိဳင္ဘက္မေလးရွားအသင္းက အသင္းေကာင္းတစ္သင္းလို႔ ခ်ီးက်ဴးေျပာဆိုထားျပီး ဒီပြဲအတြက္ အေလးထားေနတယ္ဆိုတာကို အားလံုးသိေစခဲ့ပါတယ္။

ဆီးဂိမ္းမွာ ေရႊတံဆိပ္ဆုမရရွိတာၾကာျမင့္ေနျပီျဖစ္တဲ ့ျမန္မာအသင္းအတြက္ ဒီတစ္ၾကိမ္ျပိဳင္ပြဲကလည္း ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ ေဘာလံုးျပိဳင္ပြဲကေန ေရႊတံဆိပ္ရရွိတာက အျခားေသာ အားကစားနည္းေတြမွာ ဘယ္လိုဆုတံဆိပ္မွ မရရေတာင္ေနပါေစဆိုတဲ့အထိကို ပရိသတ္ဘက္က ရူးသြပ္ငတ္မြတ္ေနခဲ့တာပါ။ ဒီဆႏၵေတြကို ျဖည့္ဆည္းေပးႏိုင္ဖို႔အတြက္ ယူ၂၂ အသင္းက ဖိလစ္ပိုင္ေျမေပၚကို ေရာက္ေနခဲ့ပါျပီ။ ဒီေန႔ ေန႔လည္ ၂း၃၀ နာရီမွာဆိုရင္ မေလးရွားနဲ႔ ကစားရေတာ့မွာျဖစ္ျပီး ဒီပြဲရလဒ္က ျမန္မာအသင္းအေနနဲ႔ ဆီမီးဖိုင္နယ္ကို တက္ေရာက္ႏုိင္မွာလား၊ မတက္ေရာက္ႏိုင္ဘူးလားဆိုတာကို အနည္းနဲ႔အမ်ားသိခြင့္ရမယ့္ ပြဲလည္းျဖစ္ပါတယ္။

မေလးရွားနည္းျပအြမ္ကင္ဆြိကလည္း အုပ္စုတြင္းမွာ ျပိဳင္ဘက္တိုင္းကို သတိထားကစားရမယ္လို႔ ဆိုထားပါတယ္။ ေျပာရမယ္ဆိုရင္ အုပ္စု (က)မွာ မေလးရွားက ေနာက္တဆင့္ကို တက္ေရာက္ႏိုင္ဖို႔ ေရပန္းအစားအဆံုးအသင္းျဖစ္ေနတာပါ။ က်န္တစ္ေနရာကိုေတာ့ ျမန္မာ၊ အိမ္ရွင္ဖိလစ္ပိုင္ နဲ႔ ကေမၻာဒီးယားတို႔က လုယူရမယ္လုိ႔ ကၽြမ္းက်င္သူေတြက သံုးသပ္ထားပါတယ္။ ဒီေန႔မွာကစားရမယ့္ အဖြင့္ပြဲက ႏွစ္သင္းစလံုးအတြက္ ခက္ခဲေနမွာေတာ့ အမွန္ပါပဲ။ ျမန္မာအသင္းကလည္း ေရႊတံဆိပ္ေမွ်ာ္လင့္ခ်က္အတြက္ လာေရာက္ခဲ့တာျဖစ္လို႔ မေလးရွားအတြက္လည္း ျပိဳင္ဘက္ေကာင္းတစ္သင္းကို ရင္ဆိုင္ရမွာျဖစ္ပါတယ္။

နည္းျပခ်ဳပ္ပိုေပါ့ဗ္ကေတာ့ ဆီးဂိမ္းမတိုင္ခင္မွာ ေျခစမ္းပြဲေတြဆက္တိုက္ကစားခဲ့ျပီး ဗီယက္နမ္နဲ႔ပြဲက ေျခစြမ္းကို ေတာ္ေတာ္ေလးေက်နပ္ေနတယ္လုိ႔ သိရပါတယ္။ အဲဒီေျခစြမ္းကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔လည္း အာရံုစိုက္ထားျပီး အသင္းကို အေကာင္းဆံုးေလ့က်င့္မႈေတြ ျပဳလုပ္ေပးေနမယ္ဆိုတာကလည္း သံသယ၀င္စရာမရွိပါဘူး။ ဘာပဲျဖစ္ျဖစ္ ျမန္မာအသင္းရဲ႕ ဆီးဂိမ္းေရႊတံဆိပ္ဆုအတြက္ ပထမဆံုးေျခတစ္လွမ္းက စတင္ပါေတာ့မယ္။ ဒီေျခလွမ္းကပဲ ခရီးအဆံုးထိဆက္ေလွ်ာက္သြားႏိုင္မလား၊ အားလံုးေမွ်ာ္လင့္ထားသလို ျဖစ္လာႏိုင္မလားဆိုတာကို အဆံုးအျဖတ္ေပးသြားမွာလည္း ျဖစ္ပါတယ္။

Unicode

ဒီနေ့ဆိုရင်တော့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲရဲ့ အမျိုးသားပွဲစဉ်အဖွင့်ပွဲအဖြစ် မလေးရှား နဲ့ မြန်မာတို့ ကစားသွားကြတော့မှာပါ။ မလေးရှားက ပြီးခဲ့တဲ့တစ်ကြိမ်မှာ ဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိခဲ့တဲ့အသင်းဖြစ်ပါတယ်။ အုပ်စု (က) မှာ မြန်မာ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့
တီမောတို့ ပါဝင်နေပြီး မြန်မာနဲ့ မလေးရှားတို့က အဖွင့်ပွဲမှာလာတွေ့နေပါတယ်။ အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ဖို့ အရေးပါတဲ့ ပွဲစဉ်တစ်ပွဲလည်းဖြစ်ပြီး နှစ်သင်းစလုံးအတွက်တော့ အရေးကြီးနေပါတယ်။ မြန်မာအသင်းပရိသတ်တွေကလည်း မလေးရှားကို အနိုင်ယူပြီး
ပွဲဦးထွက်ရလဒ်ကောင်းဖို့ကို မျှော်လင့်နေကြပါပြီ။

မြန်မာယူ၂၂အသင်းကတော့ နိုဝင်ဘာလ ၂၃ရက်နေ့ ညနေပိုင်းမှာ ဖိလစ်ပိုင်ကို ရောက်ရှိခဲ့ပြီးတော့ ချက်ချင်းဆိုသလိုပဲ လေ့ကျင့်ခန်းတွေ ပြုလုပ်နေခဲ့ပါတယ်။ နိုဝင်ဘာလ ၂၄ ရက်နေ့မှာလည်း လေ့ကျင့်ခန်းထပ်မံပြုလုပ်ခဲ့ပြီး အဖွင့်ပွဲအတွက် အကောင်းဆုံးပြင်ဆင်မှုတွေနဲ့
ရလဒ်ကောင်းရဖို့ ရည်ရွယ်နေပါတယ်။ အသင်းမှာ သက်ကျော်ကစားသမားနှစ်ဦးကို ခေါ်ယူလာခဲ့မှုအဖြစ် လှိုင်းဘိုဘို နဲ့ စည်သူအောင်တို့ ပါဝင်လာခဲ့ပြီး ပိုပေါ့ဗ်ကတော့ ပြိုင်ဘက်မလေးရှားအသင်းက အသင်းကောင်းတစ်သင်းလို့ ချီးကျူးပြောဆိုထားပြီး ဒီပွဲအတွက် အလေးထားနေတယ်ဆိုတာကို အားလုံးသိစေခဲ့ပါတယ်။

ဆီးဂိမ်းမှာ ရွှေတံဆိပ်ဆုမရရှိတာကြာမြင့်နေပြီဖြစ်တဲ ့မြန်မာအသင်းအတွက် ဒီတစ်ကြိမ်ပြိုင်ပွဲကလည်း ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဘောလုံးပြိုင်ပွဲကနေ ရွှေတံဆိပ်ရရှိတာက အခြားသော အားကစားနည်းတွေမှာ ဘယ်လိုဆုတံဆိပ်မှ မရရတောင်နေပါစေဆိုတဲ့အထိကို ပရိသတ်ဘက်က ရူးသွပ်ငတ်မွတ်နေခဲ့တာပါ။ ဒီဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ယူ၂၂ အသင်းက ဖိလစ်ပိုင်မြေပေါ်ကို ရောက်နေခဲ့ပါပြီ။ ဒီနေ့ နေ့လည် ၂း၃၀ နာရီမှာဆိုရင် မလေးရှားနဲ့ ကစားရတော့မှာဖြစ်ပြီး ဒီပွဲရလဒ်က မြန်မာအသင်းအနေနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာလား၊ မတက်ရောက်နိုင်ဘူးလားဆိုတာကို အနည်းနဲ့အများသိခွင့်ရမယ့် ပွဲလည်းဖြစ်ပါတယ်။

မလေးရှားနည်းပြအွမ်ကင်ဆွိကလည်း အုပ်စုတွင်းမှာ ပြိုင်ဘက်တိုင်းကို သတိထားကစားရမယ်လို့ ဆိုထားပါတယ်။ ပြောရမယ်ဆိုရင် အုပ်စု (က)မှာ မလေးရှားက နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ ရေပန်းအစားအဆုံးအသင်းဖြစ်နေတာပါ။ ကျန်တစ်နေရာကိုတော့ မြန်မာ၊ အိမ်ရှင်ဖိလစ်ပိုင် နဲ့ ကမ္ဘောဒီးယားတို့က လုယူရမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ မနက်ဖြန်မှာကစားရမယ့် အဖွင့်ပွဲက နှစ်သင်းစလုံးအတွက် ခက်ခဲနေမှာတော့ အမှန်ပါပဲ။ မြန်မာအသင်းကလည်း ရွှေတံဆိပ်မျှော်လင့်ချက်အတွက် လာရောက်ခဲ့တာဖြစ်လို့ မလေးရှားအတွက်လည်း ပြိုင်ဘက်ကောင်းတစ်သင်းကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

နည်းပြချုပ်ပိုပေါ့ဗ်ကတော့ ဆီးဂိမ်းမတိုင်ခင်မှာ ခြေစမ်းပွဲတွေဆက်တိုက်ကစားခဲ့ပြီး ဗီယက်နမ်နဲ့ပွဲက ခြေစွမ်းကို တော်တော်လေးကျေနပ်နေတယ်လို့ သိရပါတယ်။ အဲဒီခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့လည်း အာရုံစိုက်ထားပြီး အသင်းကို အကောင်းဆုံးလေ့ကျင့်မှုတွေ ပြုလုပ်ပေးနေမယ်ဆိုတာကလည်း သံသယဝင်စရာမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် မြန်မာအသင်းရဲ့ ဆီးဂိမ်းရွှေတံဆိပ်ဆုအတွက် ပထမဆုံးခြေတစ်လှမ်းက စတင်ပါတော့မယ်။ ဒီခြေလှမ်းကပဲ ခရီးအဆုံးထိဆက်လျှောက်သွားနိုင်မလား၊ အားလုံးမျှော်လင့်ထားသလို ဖြစ်လာနိုင်မလားဆိုတာကို အဆုံးအဖြတ်ပေးသွားမှာလည်း ဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။