ဆီးဂိမ်းတာအထွက်မှာ မလေးရှားကို အနိုင်ယူပြပေးနိုင်မလား မြန်မာ

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

 

ဒီနေ့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ စတင်ပြီဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် မြန်မာအမျိုးသားဘောလုံး အသင်းအတွက်တော့   အရေးကြီးတဲ့နေ့ဖြစ်တယ်။ အမှားခံလို့မရဘူး။ မလေးရှားနဲ့ကစား မယ့်နေ့ဖြစ်တယ်။ ဒီတော့ အဖွင့်ပွဲမှာ မြန်မာဘောလုံးပရိသတ်တွေအတွက် လိုချင်တဲ့ အဖြေ ကောင်းတစ်ခုရဖို့တော့လိုတယ်။ ဟုတ်ပါတယ်။ တာအထွက်လှဖို့တော့ လိုတယ် မြန်မာ..။

ဒီနေ့ နေ့လယ် မြန်မာစံတော်ချိန် ၂ နာရီခွဲမှာ မြန်မာနဲ့ဆုံမယ့် မလေးရှား အသင်းအနေအထားကိုတော့ အားလုံးသိထားပြီးဖြစ်မယ်။ ၂၀၁၇ မှာတုန်းက မြန်မာအသင်းနဲ့ ဆုံဖူးတယ်။ ဒီလိုမျိုး အုပ်စုတွင်းမှာကစားခဲ့ကြဖူးတယ်။ ကစားရတာကတော့ အုပ်စု နောက်ဆုံးပွဲမရောက်ခင် တစ်ပွဲအလိုမှာဖြစ်တယ်။ ဒီနေ့ပွဲနဲ့ဆန့်ကျင်ဖက်ဖြစ်တယ်။ ဒီနေ့ မှာတော့ အုပ်စုအဖွင့်ပွဲဖြစ်တယ်။ ဒီနေ့အတွက် အားလုံးအသင့်ဖြစ်နေလိမ့်မယ်။

မြန်မာကတော့ ဖိလစ်ပိုင်ကိုရောက်ရောက်ခြင်းနေ့မှာပဲ အနားမယူပဲနဲ့လေ့ကျင့်ရေးကို တန်း လုပ်ခဲ့တယ်။ ညပိုင်းဖြစ်နေတာတောင်မှ ရအောင်လေ့ကျင့်ရေးယူသွားသေးတယ်။ လေဆိပ် မှာ ကြိုမယ့်ကားမလာလို့ စောင့်ရတဲ့ ဒုက္ခကို ကြုံရသလို ကားရောက်လာပြန်တော့လည်း စီးနင်းရတာတွေက အဆင်မပြေဖြစ်ရပြီး စိတ်အနှောက်အယှက်ဖြစ်ရစေတယ်။

ဒါတင်မကဘူး၊ မြန်မာပါတဲ့ အုပ်စုတွင်းကစားမယ့်ဘောလုံးအသင်းတွေလည်း ဒါမျိုးကြုံရ တယ်။ ကမ္ဘောဒီးယား၊တီမောအပါအ၀င် စိတ်ကသိကအောင့်ဖြစ်စရာ အခက်အခဲ တွေနဲ့ကြုံရစေတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအနေအထားကပြိုင်ပွဲ ၀င်ဖို့လာတဲ့အသင်းတွေအတွက်တော့  စိတ်ထဲမှာ ရောက်တာနဲ့ ညစ်စရာ တွေဖြစ်ရစေတာ  အမှန် ပါပဲ။

ဒါပေမယ့် ဒါကိုမေ့ထားပြီး လုပ်စရာရှိတာသာလုပ်ဖို့လိုတယ်။ မြန်မာက မလေးရှားနဲ့ပွဲပြီးရင် ဆက်တိုက်ဆိုသလို အိမ်ရှင်ဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ကစားရမှာဖြစ်တယ်။ ဒီတော့ မြန်မာအတွက် ပွဲကျပ်တဲ့ ၂ ပွဲကို ဘယ်လိုမျိုးဖြတ်ကျော်မလဲ။ စိတ်ဝင်စားမိတယ်။ အစောပိုင်းတုန်းကလည်း ဒီ ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောဖြစ်တာတွေရှိနေသေးတယ်။ ဒီတစ်ခါတော့ ပြိုင်ပွဲမှာ ဆုံကြပြီ ဖြစ်တယ်။ မြန်မာအတွက် တော့ နောက်တစ်ဆင့်ရောက်ဖို့အတွက် အဖွင့်ပွဲ ဟာ လိုအပ်တာ ထက်ပိုအရေးကြီးသွားပြီ။ အမှတ်လက်မဲ့ဖြစ်နေလို့မရဘူး မြန်မာ..။

ပြန်ကြည့်ရင် မလေးရှားကို ကျွန်တော်တို့တွေ ဒီလိုပြိုင်ပွဲတွေရဲ့ လူငယ်အဆင့်၊ လူကြီးအဆင့်မှာ အသာမရထားတာကြာပြီ၊ ဒီတော့ လူငယ်အဆင့်ဆင့် တွေ့ဆုံမှုကနေပြီး အသာရမှုနည်းလာခဲ့တဲ့အချိန်တစ်ခုကို ဒီနေ့ မှာ ပြန်အဆုံးသပ်ဖို့ မြန်မာယူ-၂၂ လုပ်ဆောင်နိုင်မလား ဆိုတာ ဒီနေ့မှာ ကြည့်ရလိမ့်မယ်။

မြန်မာအတွက်တော့ လေ့ကျင့်သားပြည့်ဝနေတဲ့ ကစား သမားတွေအားနဲ့ မလေးရှားကို ရင် ဆိုင်ရမှာဖြစ်တယ်။ မလေးရှားမှာတော့ အသက်ကျော် ကစားသမား ၂ ယောက်ထည့် ထားတယ်။ နှစ်ယောက်စလုံးကလည်း အသက်ကျော်ကစား တွေသာဆိုတယ် အသက် အားဖြင့် ၂၃ နှစ်သား Adam Nor Azlin နဲ့ ၂၄ နှစ်သားဖြစ်တဲ့ Irfan Zakaria တို့ပဲဖြစ်တယ်။

ဒီလူနှစ်ယောက်ကလည်း မလေးရှားလက်ရွေးစင်အသင်းကြီးမှာ ပွဲထွက် ၁၀ ပွဲကျော် ကစားခဲ့ထားကြတဲ့သူတွေဖြစ်တယ်။ ပြီးတော့ ၂၀၁၇ ဆီးဂိမ်းတုန်းက ငွေ တံဆိပ်ရထားတဲ့ မလေးရှားအသင်းမှာ ပါဝင်ခဲ့တဲ့ နှစ်ယောက်လည်းဖြစ်တယ်။ အတွဲအဖက် လည်း ညီတယ် ဆိုတော့ မလေးရှား လူငယ်အသင်းအတွက် အားထားရမယ့် ခံစစ်သမား နှစ် ယောက်ဖြစ်နေ တာ မဆန်းဘူး။

ဒီတော့ မြန်မာတိုက်စစ်အနေနဲ့ ဒီမလေးရှားဝါရင့် ကစားသမားနှစ်ယောက်ကို ကျော်လွန်အောင်လို့ ရုန်းရမယ့် အနေအထားရှိတယ်။ အောင်ကောင်းမာန်တို့၊ ၀င်းနိုင်ထွန်း တို့အစွမ်းကို ဒီနေ့ပွဲမှာ ကြည့်ရမယ်။ အဲ့ဒီလိုမျိုးပဲ၊ မြန်မာအသင်းအခံစစ်အနေနဲ့လည်း မလေးရှားရဲ့ ၀ါရင့် လူငယ်တိုက်စစ်သမားဖြစ်တဲ့ အသက် ၂၀ အရွယ် ရှိ Akhyar Rashid ကို ထိန်းချုပ်ဖို့ လုပ်နိုင်ဖို့လိုအပ်တယ်။

သူဟာ ဆိုရင် မလေးရှား လက်ရွေးစင်အသင်းမှာ ပွဲထွက် ကစားထားတာ ၂၃ ပွဲအထိရှိတယ်။ သွင်းဂိုး အားဖြင့်လည်း ၄  ဂိုးအထိရှိထားတယ်။ ဒီနှစ်ထဲမှာ ပိုတိုးတက်တယ်။ လက်ရွေးစင်အဆင့်မှာ ၁၀ ပွဲအထိ ပွဲထွက်ကစားထားပြီး ၃ ဂိုးအထိရထား တယ်။ သူက မြန်မာအသင်း ကို ဂိုးမသွင်းဖူးသေးဘူး။ ဒီနှစ်က သူ့ရဲ့ တိုးတက်မှုအရှိဆုံးဖြစ် နေတယ်။ ဒါကြောင့် မြန်မာ ခံစစ်တန်းအတွက်တော့ ပါလာရင် အထူးကို သတိထားရမှာဖြစ် နေ တယ်ဆိုတာပါပဲ။

မြန်မာအသင်း အတွက် မလေးရှားရဲ့ အထလေးမှုကို အခွင့်အရေးယူပြီး အရင်လိုမျိုး ကစား လိမ့်မယ်လို့ယုံကြည်၊ နည်းပြချုပ် မစ္စတာပိုပေါ့ဗ် လက်ထဲမှာ အကောင်းစား စုစည်းမှုတွေရှိနေ တယ်။ တိုက်စစ်သမားတွေလည်း ဂိုးသွင်းသေချာတဲ့ အခွင့်အရေးကောင်းတွေကိုပါအရယူ ပေးနိုင်လိမ့်မယ်လို့ယုံကြည်ထားသလို ခံစစ်တန်းအနေနဲ့လည်း တစ်ဖက် တိုက်စစ်ကို ထိန်းချုပ်ဖို့ မြန်မာအသင်းရဲ့ အသက်ကျော် ကစားသမား လှိုင်းဘိုဘိုရဲ့အားနဲ့ထိန်းချုပ်နိုင်ဖို့ ရှိနေလိမ့်မယ်။

တိုက်စစ်မှာတော့ စည်သူအောင်ရဲ့ မောင်းနှင်အားကို လူငယ်လေးတွေ စုဖွဲ့မှုအောက်မှာ ဖိအား ပေးနိုင်လိမ့်မယ်လို့မြင်မိတယ်။ လောလောဆယ်မှာ သတင်းတွေအရ လွင်မိုးအောင် တစ်ယောက် ဒဏ်ရာရှိထားတယ်ဆိုတော့ မြတ်ကောင်းခန့်တို့အရှိန်နဲ့ဇင်မင်းထွန်း၊ ထက်ဖြိုးဝေတို့လို ရုန်းအားကောင်းတဲ့ လူငယ်တွေရဲ့ ယူပြီးကစားရဖို့ရှိနေမှာပါ။ ပြီးတော့ မြန်မာအသင်း ကွင်းလယ်ဟာ အားရှိပြီး အရှိန်ကောင်းတယ်။ ကောင်းထက်စိုး၊ အောင်နိုင်ဝင်း၊ စိုးလွင်လွင်တို့လည်းရှိနေသေးတယ်။

သေချာတာကတော့ မြန်မာနဲ့မလေးရှားတို့ဟာ ကွင်းလယ်ပိုင်း ကစားအားကိုယှဉ်ပြိုင်ကြရ လိမ့်မယ်။ အတွေ့အကြုံဆိုတာထက် သူတို့တွေရဲ့ နိုင်ငံတကာအဆင့်ကိုတက်လှမ်းဖို့အသင့် ဖြစ်နေတဲ့ ရဲစိတ်၊ရဲမာန်တွေကို ထုတ်ဖော်ပြသခွင့်ရမယ့် အချိန်မျိုးဖြစ်နေတယ်ဆိုတာပါပဲ။

ခွန် အားပိုင်းအရမှာ ကျွန်တော်တို့တွေ ပြင်ဆင်ထားပုံနဲ့ ရေမြေအခြေခံအနေအထားအရ တော့  သူတင် ကိုယ်တင်ယှဉ်နိုင်တာမှန်တယ်။ တစ်ခုရှိတာက သက်လုံပိုင်းပဲ၊ ကျွန်တော်တို့ ရေရှည် မှာ ဒါကိုယှဉ်နိုင်မလား၊ ပြီးတော့ တစ်ဖက်အသင်းရဲ့ စိတ်ဆွကစားတဲ့ဒဏ်ကို ခံနိုင်ရည်ရှိအောင်လို့ ပြင်ဆင်ထားပြီးပြီလားဆိုတာပါပဲ။

မြန်မာခံစစ်တန်းမှာတော့ ၀င်းမိုးကျော်၊ စိုးမိုးကျော်တို့ဦးဆောင်မှုဟာ အခရာကျနေဖို့လိုအပ်ပါ တယ်။ စိုးမိုးကျော်ရဲ့ နိုင်ငံတကာပွဲအတွေ့အကြုံဟာ အခြားကစားသမားတွေထက်များတယ်။ သူ့ရဲ့ ပါးနပ်မှုက ကျန်တဲ့ကစားသမားတွေကို ဆွဲခေါ်ယူနိုင်ဖို့လိုသလို၊ သူ့ပေးဆပ်မှုက သူကိုယ်တိုင် ဖရိုဖရဲ မဖြစ်ဖို့လိုအပ်တယ်။ စိတ်တွေမယိုင်လဲစတမ်း နဲ့ ဒီနေ့ပွဲကိုအကောင်း ဆုံး တိုက်ယူရမယ်။

ဒီနေ့ပွဲရှုံးနိမ့်လို့မရဘူး။ နောက်ထပ်ဖိအားတွေ သယ်မယူသွားဖို့လိုအပ်တယ်။ ဖြစ်နိုင်ရင် အကောင်းဆုံးအဖြစ် ဒီနေ့ပွဲကို တာထွက်လှဖို့ မြန်မာအတွက်လိုအပ်တယ်ဆိုတာပါပဲ။ အား လုံးကလည်း ဒီနေ့ပွဲမှာ မြန်မာရဲ့ အကောင်းဆုံးဖြစ်မယ့် စွမ်းဆောင်နိုင်မှုကို မျှော်ဖြစ်တယ်။

ယုံ ကြည်မှုအပြည့်နဲ့ အကောင်းဆုံးတည်ဆောင်၊ တည်ထောင်ပေးထားတဲ့ မြန်မာယူ-၂၂ ဟာ  မလေးရှားကို ဘယ်လိုမျိုးကျော်လွန်ဖြတ်သန်းမလဲဆိုတာ ဒီနေ့မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲမှာ စတင်ကြည့်ဖို့ မြန်မာ ပရိသတ်တွေနဲ့စောင့်မျှော်ဖြစ်နေတယ်ဆိုတာပါပဲ။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။