အိမ္ရွင္ဖိလစ္ပိုင္ကို ေသခ်ာေပါက္အႏိုင္ကစားရမယ့္ ျမန္မာယူ၂၂

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

ျမန္မာယူ၂၂ အသင္းကေတာ့ အဖြင့္ပြဲမွာ မေလးရွားနဲ႔ တစ္ဂိုးစီသေရက်သြားခဲ့ပါျပီ။ ေနာက္လာမယ့္ပြဲက အိမ္ရွင္ဖိလစ္ပိုင္နဲ႔ပါ။ ဖိလစ္ပိုင္ကလည္း မေန႔ညပို္င္းက ကေမၻာဒီးယားနဲ႔ ကစားသြားခဲ့ျပီး တစ္ဂိုးစီသေရပြဲပဲျဖစ္ခဲ့ပါတယ္။ ၅ သင္းပါ အုပ္စုမွာ အသင္းေလးသင္းက တစ္ပြဲစီကစားထားျပီးေတာ့ သေရတစ္မွတ္စီရထားၾကပါတယ္။ တီေမာအသင္းပဲ ကစားဖို႔က်န္ေနေသးတာပါ။ မေန႔က ကစားသြားခဲ့တဲ့ အေနအထားေတြအရ အုပ္စု (က)မွာ ဘယ္အသင္းေတြ ေနာက္တဆင့္ကို တက္ႏိုင္မလဲဆိုတာက ခန္႔မွန္းရေတာ့ ခက္ေနပါျပီ။ အုပ္စုခြဲေ၀တုန္းကေတာ့ မေလးရွား၊ ျမန္မာ နဲ႔ ဖိလစ္ပိုင္တို႔က ေနာက္တဆင့္တက္ဖို႔ ပိုမိုေရပန္းစားခဲ့ပါတယ္။

‘No place for racism in football’ – Shakhtar boss after Taison’s one-match ban

လက္ရွိအေနအထားမွာဆိုရင္ ျမန္မာယူ၂၂က အိမ္ရွင္ဖိလစ္ပိုင္နဲ႔ပြဲကို မျဖစ္မေန အႏိုင္ကစားဖို႔လိုေနပါျပီ။ အိမ္ရွင္အသင္းလည္းျဖစ္ျပီး ေနာက္တဆင့္ကို တက္ႏိုင္ဖို႔လည္း ေမွ်ာ္လင့္ထားတဲ့အသင္းျဖစ္ေနပါတယ္။ ကေမၻာဒီးယားနဲ႔ပြဲမွာ ဖိလစ္ပိုင္ေျခစြမ္းက သိပ္အေကာင္းၾကိးေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ေခ်ပဂိုးရဖို႔ ေနာက္ဆံုးအခ်ိန္ထိ အားမေလွ်ာ့ပဲ ကစားသြားခဲ့တဲ့ စိတ္ဓာတ္ပိုင္းကိုေတာ့ သတိထားဖို႔လိုပါတယ္။ အိမ္ရွင္အသင္းပီပီ အိမ္ကြင္းပရိသတ္ေရွ႕မွာ မ်က္ႏွာမပ်က္ေစရဖို႔အတြက္ ဖိလစ္ပိုင္ကစားသမားေတြက ေနာက္ဆံုးအခ်ိန္ထိ အားထုတ္သြားခဲ့ၾကတာတာပါ။ ဒီအခ်က္က အသင္းတစ္သင္းမွာ မရွိမျဖစ္လိုအပ္တဲ့ စိတ္ပိုင္းဆိုင္ရာအားသာခ်က္လည္းျဖစ္ပါတယ္။

ျမန္မာအသင္းက မေလးရွားနဲ႔ပြဲမွာ ပထမပိုင္းကစားပံုေကာင္းမြန္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ကစားအားက်သြားပါတယ္။ ထင္မွတ္မထားတဲ ့အမွားအယြင္းေတြကို က်ဴးလြန္တာမ်ိဳးလည္းရွိခဲ့ျပီး ဒီအပိုင္းကို နည္းျပပိုေပါ့ဗ္က ျပင္ဆင္ႏိုင္ဖို႔လိုအပ္ပါတယ္။ မေလးရွားနဲ႔ပြဲမွာ ျမန္မာအသင္းက တည္ကန္ေဘာေတြက ဂိုးရယူႏိုင္မႈအပိုင္းက ေတာ္ေတာ္ေလးေကာင္းမြန္ခဲ့ပါတယ္။ ေအာင္ႏိုင္၀င္းရဲ႕ အလြတ္တည္ကန္ေဘာကန္သြင္းပံုေတြ၊ ေထာင့္ကန္ေဘာကေန လိႈင္းဘိုဘိုရဲ႕တင္ပို႔ေပးတာေတြက ဂိုးရႏိုင္တဲ့ အခြင့္အလမ္းမ်ိဳးကို ဖန္တီးေပးႏိုင္ခဲ့တယ္။ ဒီပံုစံကို ဆက္ျပိးတိုးတက္ေအာင္လုပ္မယ္ဆိုရင္ ျမန္မာအသင္းအတြက္ ဂိုးရဖို႔အခြင့္အလမ္းက ပိုျပီးေတာ့မ်ားျပားလာမွာေသခ်ာပါတယ္။

ဖိလစ္ပိုင္ကေတာ့ ၀ါရင့္ကြင္းလယ္လူစတီဖင္ရွေရာ့ခ္ကို အသင္းေခါင္းေဆာင္အျဖစ္ ေခၚလာခဲ့ပါတယ္။ လက္ေရြးစင္အသင္းၾကီးရဲ႕ အဓိကကြင္းလယ္လူက ဖိလစ္ပိုင္အသင္းကြင္းလယ္ကိုထိန္းေက်ာင္းေပးေနတာပါ။ လူငယ္ကစားသမားေတြနဲ႔ အသားက်ဖို႔ေတာ့ လိုအပ္ေနေပမယ့္ သူ႔ရဲ႕ အေတြ႕အၾကံဳနဲ႔ အျမင္ထက္ျမက္မႈေတြက ဖိလစ္ပိုင္အတြက္ ဂိုးရနိုင္တဲ့ အေနအထားမ်ိဳးေတြကို ဖန္တီးေပးႏိုင္လို႔ ျမန္မာအသင္းသတိထားသင့္ပါတယ္။ ဂ်ာမနီလူငယ္အသင္းေတြမွာ ကစားခဲ့ျပီး ဂ်ာမနီကလပ္ေတြမွာပါ က်င္လည္ခဲ့ဖူးတဲ့ ရွေရာ့ခ္က ျမန္မာအသင္း၊ ျမန္မာကလပ္ေတြနဲ႔ မၾကာခဏကစားဖူးလို႔ ျမန္မာကစားသမားေတြအေၾကာင္းလည္း ေကာင္းေကာင္းသိသူပါ။

မေလးရွားကို သေရကစားခဲ့ျပီးေနာက္ ျမန္မာပရိသတ္ေတြရဲ႕ ဆီးဂိမ္းအေပၚ စိတ္၀င္စားမႈက ပိုျပီးေတာ့ ျမင့္မားလာပါျပီ။ မေလးရွားကို အႏိုင္ရသင့္ခဲ့ေပမယ့္လည္း အမွားက်ဴးလြန္မိတာေၾကာင့္လိ႔ု ယူဆသူေတြလည္း အမ်ားၾကီးရွိေနျပီး ျမန္မာအသင္းအေပၚ ယံုၾကည္မႈေတြလည္း တုိးပြားလာပါတယ္။ အသင္းတစ္သင္းေအာင္ျမင္ဖို႔အတြက္ ပရိသတ္ေတြရဲ႕ ယံုၾကည္ခ်က္ကလည္း အေရးပါတဲ့ေနရာမွာ ရွိေနပါတယ္။ ျမန္မာယူ၂၂ အသင္းအေနနဲ႔ ပရိသတ္ေတြရဲ႕ အားေပးမႈကိုလည္း ရယူထားႏိုင္ျပီျဖစ္သလို ေျခစြမ္းပိုင္းအရလည္း အုပ္စုတြင္းျပိဳင္ဘက္ေတြကို အႏိုင္ကစားႏိုင္တဲ့ အေနအထားမ်ိဳးမွာလည္း ရွိေနပါတယ္။ ဒီအတြက္ လာမယ့္ အုပ္စုဒုတိယပြဲျဖစ္တဲ့ ဖိလစ္ပိုင္နဲ႔ပြဲကို အႏိုင္ကစားႏိုင္မယ္လို႔လည္း ယံုၾကည္မိေၾကာင္းပါ။

Unicode

မြန်မာယူ၂၂ အသင်းကတော့ အဖွင့်ပွဲမှာ မလေးရှားနဲ့ တစ်ဂိုးစီသရေကျသွားခဲ့ပါပြီ။ နောက်လာမယ့်ပွဲက အိမ်ရှင်ဖိလစ်ပိုင်နဲ့ပါ။ ဖိလစ်ပိုင်ကလည်း မနေ့ညပို်င်းက ကမ္ဘောဒီးယားနဲ့ ကစားသွားခဲ့ပြီး တစ်ဂိုးစီသရေပွဲပဲဖြစ်ခဲ့ပါတယ်။ ၅ သင်းပါ အုပ်စုမှာ အသင်းလေးသင်းက တစ်ပွဲစီကစားထားပြီးတော့ သရေတစ်မှတ်စီရထားကြပါတယ်။ တီမောအသင်းပဲ ကစားဖို့ကျန်နေသေးတာပါ။ မနေ့က ကစားသွားခဲ့တဲ့ အနေအထားတွေအရ အုပ်စု (က)မှာ ဘယ်အသင်းတွေ နောက်တဆင့်ကို တက်နိုင်မလဲဆိုတာက ခန့်မှန်းရတော့ ခက်နေပါပြီ။ အုပ်စုခွဲဝေတုန်းကတော့ မလေးရှား၊ မြန်မာ နဲ့ ဖိလစ်ပိုင်တို့က နောက်တဆင့်တက်ဖို့ ပိုမိုရေပန်းစားခဲ့ပါတယ်။

လက်ရှိအနေအထားမှာဆိုရင် မြန်မာယူ၂၂က အိမ်ရှင်ဖိလစ်ပိုင်နဲ့ပွဲကို မဖြစ်မနေ အနိုင်ကစားဖို့လိုနေပါပြီ။ အိမ်ရှင်အသင်းလည်းဖြစ်ပြီး နောက်တဆင့်ကို တက်နိုင်ဖို့လည်း မျှော်လင့်ထားတဲ့အသင်းဖြစ်နေပါတယ်။ ကမ္ဘောဒီးယားနဲ့ပွဲမှာ ဖိလစ်ပိုင်ခြေစွမ်းက သိပ်အကောင်းကြိးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ချေပဂိုးရဖို့ နောက်ဆုံးအချိန်ထိ အားမလျှော့ပဲ ကစားသွားခဲ့တဲ့ စိတ်ဓာတ်ပိုင်းကိုတော့ သတိထားဖို့လိုပါတယ်။ အိမ်ရှင်အသင်းပီပီ အိမ်ကွင်းပရိသတ်ရှေ့မှာ မျက်နှာမပျက်စေရဖို့အတွက် ဖိလစ်ပိုင်ကစားသမားတွေက နောက်ဆုံးအချိန်ထိ အားထုတ်သွားခဲ့ကြတာတာပါ။ ဒီအချက်က အသင်းတစ်သင်းမှာ မရှိမဖြစ်လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာအားသာချက်လည်းဖြစ်ပါတယ်။

မြန်မာအသင်းက မလေးရှားနဲ့ပွဲမှာ ပထမပိုင်းကစားပုံကောင်းမွန်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကစားအားကျသွားပါတယ်။ ထင်မှတ်မထားတဲ ့အမှားအယွင်းတွေကို ကျူးလွန်တာမျိုးလည်းရှိခဲ့ပြီး ဒီအပိုင်းကို နည်းပြပိုပေါ့ဗ်က ပြင်ဆင်နိုင်ဖို့လိုအပ်ပါတယ်။ မလေးရှားနဲ့ပွဲမှာ မြန်မာအသင်းက တည်ကန်ဘောတွေက ဂိုးရယူနိုင်မှုအပိုင်းက တော်တော်လေးကောင်းမွန်ခဲ့ပါတယ်။ အောင်နိုင်ဝင်းရဲ့ အလွတ်တည်ကန်ဘောကန်သွင်းပုံတွေ၊ ထောင့်ကန်ဘောကနေ လှိုင်းဘိုဘိုရဲ့တင်ပို့ပေးတာတွေက ဂိုးရနိုင်တဲ့ အခွင့်အလမ်းမျိုးကို ဖန်တီးပေးနိုင်ခဲ့တယ်။ ဒီပုံစံကို ဆက်ပြိးတိုးတက်အောင်လုပ်မယ်ဆိုရင် မြန်မာအသင်းအတွက် ဂိုးရဖို့အခွင့်အလမ်းက ပိုပြီးတော့များပြားလာမှာသေချာပါတယ်။

ဖိလစ်ပိုင်ကတော့ ၀ါရင့်ကွင်းလယ်လူစတီဖင်ရှရော့ခ်ကို အသင်းခေါင်းဆောင်အဖြစ် ခေါ်လာခဲ့ပါတယ်။ လက်ရွေးစင်အသင်းကြီးရဲ့ အဓိကကွင်းလယ်လူက ဖိလစ်ပိုင်အသင်းကွင်းလယ်ကိုထိန်းကျောင်းပေးနေတာပါ။ လူငယ်ကစားသမားတွေနဲ့ အသားကျဖို့တော့ လိုအပ်နေပေမယ့် သူ့ရဲ့ အတွေ့အကြုံနဲ့ အမြင်ထက်မြက်မှုတွေက ဖိလစ်ပိုင်အတွက် ဂိုးရနိုင်တဲ့ အနေအထားမျိုးတွေကို ဖန်တီးပေးနိုင်လို့ မြန်မာအသင်းသတိထားသင့်ပါတယ်။ ဂျာမနီလူငယ်အသင်းတွေမှာ ကစားခဲ့ပြီး ဂျာမနီကလပ်တွေမှာပါ ကျင်လည်ခဲ့ဖူးတဲ့ ရှရော့ခ်က မြန်မာအသင်း၊ မြန်မာကလပ်တွေနဲ့ မကြာခဏကစားဖူးလို့ မြန်မာကစားသမားတွေအကြောင်းလည်း ကောင်းကောင်းသိသူပါ။

မလေးရှားကို သရေကစားခဲ့ပြီးနောက် မြန်မာပရိသတ်တွေရဲ့ ဆီးဂိမ်းအပေါ် စိတ်ဝင်စားမှုက ပိုပြီးတော့ မြင့်မားလာပါပြီ။ မလေးရှားကို အနိုင်ရသင့်ခဲ့ပေမယ့်လည်း အမှားကျူးလွန်မိတာကြောင့်လို့ ယူဆသူတွေလည်း အများကြီးရှိနေပြီး မြန်မာအသင်းအပေါ် ယုံကြည်မှုတွေလည်း တိုးပွားလာပါတယ်။ အသင်းတစ်သင်းအောင်မြင်ဖို့အတွက် ပရိသတ်တွေရဲ့ ယုံကြည်ချက်ကလည်း အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ မြန်မာယူ၂၂ အသင်းအနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရယူထားနိုင်ပြီဖြစ်သလို ခြေစွမ်းပိုင်းအရလည်း အုပ်စုတွင်းပြိုင်ဘက်တွေကို အနိုင်ကစားနိုင်တဲ့ အနေအထားမျိုးမှာလည်း ရှိနေပါတယ်။ ဒီအတွက် လာမယ့် အုပ်စုဒုတိယပွဲဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ပွဲကို အနိုင်ကစားနိုင်မယ်လို့လည်း ယုံကြည်မိကြောင်းပါ။

မွတ္ခ်က္မ်ား။