သွင်းဂိုးတွေနဲ့ အိမ်ရှင်ဖိလစ်ပိုင်ကို ဖိအားပေးအနိုင်တိုက်ရမယ့် မြန်မာ

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

ဒီနေ့ အိမ်ရှင် ဖိလစ်ပိုင်နဲ့မြန်မာ တွေ့ကြပြီ၊ မနေ့တုန်းက မြန်မာအမျိုးသမီး အသင်းဟာ အိမ်ရှင်ဖိလစ်ပိုင်ရဲ့ တရစပ်ဖျက်တောက်မှုအောက်မှာ ကစားကွက်တောင် ကောင်းကောင်း တည်မရပဲနဲ့ ဂိုးမရှိသရေကျသွားတယ်။ ဖိလစ်ပိုင်ရဲ့ တိုးတက်လာမှုတွေအပြင် မြန်မာ အမျိုးသမီး အသင်း အရင်လိုမျိုး ကောင်းကောင်း ကစားနိုင်တာမျိုးမရှိတော့တာ အားလုံး အတွက် အားမလိုအားမရဖြစ်ရစေတယ်။ ၀ါရင့်တွေရဲ့ အသက်အရွယ်နဲ့လည်းဆိုင်လာတယ်။

ဒီနေ့မြန်မာအမျိုးသား ဘောလုံးအသင်းအလှည့်၊ ဘာတွေဖြစ်လာမလဲ၊ ပြိုင်ဘက်ကလည်း အိမ်ရှင်အသင်းဖြစ်တဲ့ဖိလစ်ပိုင်ဆိုတော့ ဖိအားတွေအောက် ထပ်မရောက်သွားဖို့လိုသလို အနိုင် ၃ မှတ်ရဖို့လည်း လိုအပ်လာပြီဆိုတာ ပြောဖြစ်တယ်။ အရေးကြီးတဲ့နေအထားမှာ ပရိသတ်အတွက် ဘာလုပ်ပြပေးမလဲ မြန်မာ…။

တစ်နေ့တုန်းက မြန်မာဟာ မလေးရှားကို မထင်မှတ်ထားတဲ့  အနေအထားနဲ့ ဖိအားပေးကစား ပြသွားတဲ့ ပွဲစစချင်း မိနစ် ၂၀ လောက်အထိ သိပ် အားရတာပဲ ဘောလုံးတွေ ခင်းတာသေသပ် သလို မိမိကစားဖော် ပြေးလမ်းထဲ ခင်းပေးတာတွေအပြင် အချိတ်အဆက် မှန်မှန်နဲ့ အပေးအယူကောင်းတွေ လုပ်ပြနိုင်တယ်။ တိုက်စစ် လမ်းကြောင်း ပုံစံဖော်တဲ့ အပိုင်းမှာ မြန်မာ ဟာ အတော်လေးကို သပ်ရပ်တယ်ဆိုတာ အားလုံးအမြင်ပဲဖြစ်တယ်။

ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာတော့ ၂-၀ လောက်အထိ ဖြစ်နိုင်စွမ်းတွေ ကို မြန်မာ ကစားသမား တွေဖန်တီးနိုင်ပေမယ့် မထင်မှတ်တဲ့ အံ့အားသင့်ဖွယ် အမှားက တစ်ဆင့် ချေပဂိုးပေးလိုက်ရ တာဟာ တော်တော်လေးကို အံ့အားသင့်ဖွယ်ရာဖြစ်ခဲ့ရ တယ်မဟုတ်ပါလား၊ အဲ့ဒီအချိန်က စလို့မြန်မာဟာ ရှုံးမှာကြောက်သွားသလို၊ တိုက်စစ်က လည်း ထင်သလိုမသွားတော့ဘူး။ အရေးထဲ မြက်ခင်းတုကွင်းမှာကစားရလို အသားမကျရတာ ကတစ်ကြောင့် ဖိအားဝင်သွား တာက တစ်သွယ်နဲ့ အရာရာ အဆင်မပြေတော့ဘူး။

ဒိုင်ကလည်း မြန်မာအသင်းရမယ့်အခွင့်အရေးကောင်းအချို့ကို လွဲမှားစွာဆုံးဖြတ်မိတဲ့ အတွက် ဂိုးရမယ့် အရေးကနစ်နာခဲ့သလို နောက်ပိုင်းမှာ ပွဲက တည်သလိုမျိုးဖြစ်လာတော့ဘူး၊ မလေး ရှားလည်း ညံ့ကျခဲ့တယ်။ နောက်ဆုံးအပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့ကြလို့ သာ ကိုယ်တွေ မရှုံးခဲ့တာပါ။ ထားပါပွဲလည်းပြီးသွားပြီ၊ မှန်တယ်၊ မှားတယ်ဆိုတာ ထားခဲ့ရတော့မယ်။ ဒီနေ့ ကိုယ်တွေ ကစားမယ့်ပွဲနေ့၊ အိမ်ရှင်ဖိလစ်ပိုင်အသင်းနဲ့ကစားရမယ်။ အမှတ်ပြည့်ရမှဖြစ်မယ်။

တာအထွက်မှာ အားလုံးက သရေနဲ့ တစ်မှတ်စီ ခွဲဝေယူကြတယ်ဆိုတော့ ဒီနေ့အတွက် ပိုပြီး အရေးကြီးလာတယ်။ ဟုတ်တယ်။ မြန်မာ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယားစတဲ့ အသင်း ၄ သင်းစလုံး နောက်တစ်ဆင့်ရောက်ဖို့ ဒီနေ့ပွဲက အရေးကြီးလွန်းနေပြီ၊ အမှတ်ပြည့် ၃ မှတ်ဟာ နောက်တစ်ဆင့်ရောက်ရေး အတွက် အရေးအပါဆုံးနေ့ဖြစ်လာတယ်။ ပြိုင်ပွဲက ဒုတိယနေ့ဆို ပေမယ့် လုပ်တဲ့ ဂိုးနဲ့ ရမှတ်အပြည့်ယူနိုင်မယ့်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ အကောင်းစားရပ်တည်နိုင်မယ်၊ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်ကို သွားဖို့လမ်းတွေပွင့်နေ မယ်။

အခုအချိန်အခါက ဒုတိယပွဲပဲရှိသေးတာဖြစ်လို့ အားလုံးမှာ အခွင့်အရေးကောင်းဆိုတာ ရှိနေ တယ်။ မျှော်လင့်ချက်တွေလည်း ထားလို့ရတယ်။ အထူးသဖြင့် မြန်မာအသင်းပဲဖြစ်တယ်။ မြန်မာဟာ မလေးရှားနဲ့ အဖွင့်ပွဲကစားတော့ ဦးဆောင်ဂိုးရထားပြီးမှာ မထင်မှတ်ထားတဲ့ အမှား တစ်ချက်ကြောင့် ၁-၁ သရေကျပြီး အမှတ်ခွဲပေးလိုက်ရတယ်။ ကောင်းတာတွေရှိသလို၊ ဆိုး တာ တွေလည်းရှိတယ်။ အထက်မှာပြောခဲ့သလိုပေါ့နော်။

ကွင်းတုမှာကစားရတဲ့အတွက် နှစ်သင်းစလုံး ကစားရတာ အဆင်မပြေခဲ့သလို၊ လေ့ကျင့်ထား ကြသလို အကောင်းစားမကစားနိုင်ခဲ့ကြဘူး။ မြန်မာဟာ မြန်မာ ပီပီပွဲစတည်းက တိုက်စစ်နဲ့ ချိတ်ဆက်မှုအပိုင်းမှာ အံ့အားသင့်ဖွယ် ကစားနိုင်တယ်။ ဖန်တီးမှုတွေလည်း အလန်းစားလုပ် ဆောင်ပေးနိုင်ခဲ့တယ်။ ကစားဟန်ကို ပုံစံတကျတည်ဆောက်ပြီး လူအထားအသိုအပိုင်းမှာ လည်း နည်းပြက သူ့စိတ်တိုင်းကျ ဖန်တီးသွားတယ်။

ဒါပေမယ့် အားနည်းချက် တွေလည်း အဆိုပါပွဲမှာ ပေါ်ပေါက်ခဲ့သလို၊ အားသာချက်တွေ လည်း မြန်မာအသင်းမှာရှိနေခဲ့တယ်ဆိုတာတွေ့ရတယ်။ မြန်မာအသင်းအတွက် အဖွင့်ဂိုးသွင်းပေးခဲ့ တဲ့ နောက်ခံလူ စိုးမိုးကျော်ဟာ သူနဲ့မလိုက်ဖက်တဲ့နေရာမှာ တာဝန်ပေးခံခဲ့ရပြီး သူ့ထက်မြန် ဆန် သွက်လက်တဲ့ တောင်ပံကစားသမားနဲ့အတွေ့မှာ အမြဲတမ်း ခြေလှမ်းတစ်လှမ်းမက နောက် ကျကျန်ရစ်နေခဲ့တာတွေ့ရတယ်။ ဒီနေ့မှာ အဲ့ဒီလိုမျိုးဖြစ်လာဦးမလား၊ ဖြစ်လိုခွင့် ပေးလို့ မရတဲ့ အနေအထားမျိုး မြန်မာမှာရှိနေမှ ဖြစ်မယ်။

ဒီလိုမျိုးပြောရတယ်ဆိုတာကလည်း အကြောင်းရှိတယ်။ အိမ်ရှင်ဖြစ်တဲ့ ဖိလစ်ပိုင်အသင်းနဲ့ ကျွန်တော်တို့တွေ ရင်ဆိုင်ရမယ်။ အိမ်ရှင်ကလည်း သူတို့တွေ လိုအပ်တဲ့အရာကို မရမကနဲ့ ဖိအားပေးပြီး အရယူမှာဖြစ်နေတယ်။ သူတို့တွေဟာကမ္ဘောဒီးယားကို အဖွင့်ဂိုးပေးလိုက်ရပြီး  နောက်မှာ ပွဲသိမ်းတဲ့အထိ နောက်က ကျားကုတ်ကျားခဲလိုက်ကစားပြီးမှ ကံကောင်း ထောက်မစွာနဲ့ နောက် ကျဂိုးနဲ့သာ ပြန်ချေပနိုင်ခဲ့လို့ သရေတစ်မှတ်လိုက်ခဲ့တာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ်မြန်မာနဲ့ပွဲကို တော့ သူတို့တွေလည်း မရမကနဲ့ အနိုင်တိုက်ဖို့ အသင့်ဖြစ်နေ လိမ့်မယ် ဆိုတာသေချာတယ်။

ဖိလစ်ပိုင်ဟာ တောင်ပံတိုက်စစ်တွေ တော်တော်လေးကိုမြန်တယ်။ မြန်မာခံစစ်အတွက် မလေး ရှားနဲ့ပွဲတုန်းကလိုမျိုး ပြိုင်ဘက်တွေကို သေချာလိုက်ထိန်းချုပ်ရဖွယ်ရှိနေတယ်။ အထူးသဖြင့် ၁၁၊ အသင်းခေါင်းဆောင် ၁၇ တို့အပြင် မြန်မာနဲ့ဆုံတွေ့နေကြဖြစ်တဲ့ ကစားသမားတွေ ဒီ အထဲမှာ ပြန်ပါလာတယ်။ အသင်းခေါင်းဆောင်ဖြစ်သူကတော့ အသက် ၃၃ နှစ်ရှိနေပြီဖြစ်ပေ မယ့် ကစားအားနဲ့ အသင်းကိုမောင်းနှင် အားကောင်းတယ်။ ခံစစ်ကနေပြီး တိုက်စစ်ကို အချိတ်အဆက်အကူးအပြောင်းလုပ်ပေးတဲ့နေရာမှာ ဆရာကျတယ်။ မြန်မာနဲ့ အပြိုင် လှိုင်း ဘိုဘို နဲ့ယှဉ်ပြိုင်ရမယ့် သူဖြစ်တယ်။

သူတို့တွေက တောင်ပံတိုက်စစ် အားကိုးတယ်။ ခံစစ်သမားတွေက အရပ်အမောင်း ကောင်းတယ်ဆိုပေမယ့် တိုက်စစ်သမားတွေကတော့ အဆုံးသပ်တဲ့အပိုင်း တွေ မှာ ထင်သလိုမဟုတ်ပြန်ဘူး။ ခြေပဂိုး ပြန်ရသွားတာ ခမာ ဂိုးသမားညံ့လို့ ဖြစ်တယ်။ ဒီနေ့မှာ မြန်မာအနေနဲ့ ပြိုင်ဘက်ကို အဖွင့်ဂိုးပေးလို့မရသလို တရစပ်ဖိအားပေး လာမယ့် အိမ်ရှင်ရဲ့ ထိုးစစ်တွေကို ကျော်လွှားနိုင်ဖို့လိုတယ်။

အိမ်ရှင်မှာ လူသစ်တွေပါတယ်ဆိုပေမယ့်နည်းတယ်၊ လူဟောင်းတွေများတယ်။ မြန်မာနဲ့ဆုံခဲ့ဖူး သူတွေများတယ်။ လူငယ်တွေအပြိုင်တိုက်ခိုက်ကြမယ့်ပွဲဖြစ်တယ်။ မြန်မာဟာ အထူးသဖြင့် ဒီနေ့ပွဲကို အကောင်းဆုံးကစားပြီး နိုင်စားထားဖို့လိုတယ်။ အထူးသဖြင့် အဖွင့်ဂိုး  အရယူပြနိုင်ဖို့လိုတယ်။ အဲ့ဒါဆိုရင် ဖိအားက သူများဆီရောက်ပြီးသားဖြစ်မယ်။ အဖွင့်ဂိုးစပေး ရမယ်ဆိုရင်တော့ စဉ်းစားမနေနဲ့ အဲ့ဒီအောက်က လွတ်ဖို့အတွက် ခြေကုန်သုတ်ပြီး သာ အားအင်ကုန်ခမ်းတဲ့အထိ ကစားကြပေရော့။ ဒီတော့ မြန်မာအနေနဲ့ ဘာကိုရွေးမလဲ၊ အဖွင့်ဂိုး အရယူမလား၊ အဖွင့်ဂိုးစပေးမလား။

သေချာတာကတော့ မြန်ဆန်တဲ့ ဖိလစ်ပိုင်တိုက်စစ်ကို အထလေးလေးကြီးတွေနဲ့ မတုံ့ပြန်နိုင် ဖို့လိုအပ်တယ်။ ပြီးတော့ ကွင်းလယ်ပိုင်းအဖျက်ကစားကြတဲ့သူတွေ အနေနဲ့လည်း ခံစစ်သမား တွေရှေ့မှာ အကာအကွယ်၊ အကူအညီပေးဖို့ အတက်အဆင်းညီညီနဲ့ အသင့်ရှိနေပေးဖို့ပဲဖြစ်တယ်။ ခံစစ်အားနည်းချက်ကိုဖာထေးဖို့ ကွက်လပ်တွေဖာထေးစေချင် သေးတယ်။

ထားပါ၊ ပြီးခဲ့တဲ့ ပွဲက အဖြစ်တွေ၊ အတိတ်ကအကြောင်း တွေကို ပြန်မကြည့်ပါနဲ့၊ လက်ရှိအနေအထားနဲ့ ဒီနေ့ပွဲကို အကဲဖြတ်ပါ။ မလေးရှားနဲ့ပွဲမှာ သွန် ကစားထားရလို့ ကိုယ်တွေရဲ့ ကစားသမားတွေထဲမှာ ဘယ်သူတွေ ပွဲပန်းနေမလဲ။ ဘယ် သူတွေကျန်နေရစ်လဲ။ ရှေ့ပွဲက အတိုင်းပဲ အခင်းအကျင်းကောင်းတွေနဲ့ အိမ်ရှင်ကို ရင်ဆိုင်လာမလား။ စိတ်ဝင်စားဖြစ် နေတယ်။

အောင်ကောင်းမာန်အကြိုက်ဖြစ်စေမယ့် ဘောလုံးတွေ ဘယ်သူတွေ အကောင်းစားထပ်ခင်း ပေးမလဲ။ မျက်နှာဘေးက အစ မြန်မာဟာ မြန်မာပီပီ မာန်နဲ့ဟန်နဲ့ ထီမထင်ရုပ်သွင်နဲ့ မာထန်နေရမယ့် အသွင်အပြင် ဆန်နေရမယ်။ ဟန်ကိုယ့်ဖို့တော့ တစ်ဖက်သား ကစားသမားတွေ ရှိန်အောင်တော့ ရှိထားရမယ်။ မျက်နှာပေါ်မှာ တစ်ခုခုကို တွေးပြီးဖိအားဝင် နေသလိုမျိုး ရွံ့နေလို့မရဘူး။ သူများကွင်းမှာ အိမ်ရှင်ကို ကိုယ်က ကိုယ့်မြေပေါ်လာကစားတဲ့ အသင်းလို သဘောထားပြီး ရင်ဆိုင်စိတ်မွေးထားရမယ်။ မြန်မာဟာ ဖိုက်တာဆိုတာ ဇ တွေထုတ် ပြရမယ့်နေ့ဆိုလည်းမမှားဘူး။

မနေ့တုန်းက ဘောလုံးအပေးမှာလို့ ကိုယ့်ကိုယ်ကိုယ် ယူကြုံး မရဖြစ်နေတဲ့ မြန်မာကွင်းလယ်လူ ကျောနံပါတ် ၁၅ အောင်နိုင်ဝင်း၊ ကိုယ့်ကစားသမား အသင့် မဖြစ်သေးခင်မှာ ဘောလုံးကို မလိုအပ်ပဲ ခပ်မြန်မြန်ပေးပြီး ပွဲကို စစေချင်တဲ့ဂိုးသမား ဆန်းဆက်နိုင်၊ အဲ့ဒီကျိုးဆက်က ချေဂိုးပြန်ပေးလိုက်ရတယ်။ ကိုယ့်အခွင့်အရေးက သူများ အခွင့်အရေးဖြစ်စေတယ်မဟုတ်ပါလား။ အပြစ်တင်တာမဟုတ်ဘူး။ ထပ်မှားလို့မရဘူးလို့ ပြောချင်တာ။

ဒီနေ့ပွဲထပ်ဖြစ်လို့မရဘူး။ မှားရင်ခံ၊ရမယ်။ ဒါကြောင့်လည်း မြန်မာဟာ ဂိုးသမားအစ၊ ခံစစ်သမားအဆုံး၊ ကွင်းလယ်နဲ့တိုက်စစ်ချိတ်ဆက်မှုတွေမှာပါ တိကျမှန်ကန်တဲ့ဆုံးဖြတ်ချက် တွေနဲ့ မြန်ဆန်နေဖို့လိုတယ်။ မလိုအပ်ပဲနောက်ပြန်ပေးတာတွေ၊ ပေးသင့်ပေးထိုက်တဲ့နေအ ထားမှာ လူပေးရမယ့် တိုင်ပင်ကိုက်တိကျမှုတွေကို ပြင်ဆင်ထားနိုင်ဖို့လိုတယ်ဆိုတာပါပဲ။

တစ်ကယ်တော့ မြန်မာအသင်းရဲ့ အမှားက သေးသေးလေးပါ၊ အဲ့ဒီသေးသေးလေးက မြန်မာ အသင်းနိုင်ရမယ့် အခွင့်အရေးကို သူများပြန်ပေးလိုက်သလိုဖြစ်သွားတယ်။ ဒီနေ့တော့ ဖိလစ် ပိုင်ကို အနိုင်တိုက်ရမယ်။ မှားခွင့်မရှိဘူး။ အဆုံးအဖြတ်ပွဲနောက်ထပ်တစ်ပွဲဖြစ်တယ်။ မြန်မာ မှာ ပွဲချောင်တယ်ဆိုတာမရှိဘူး။ ပွဲတိုင်းက ဖိုင်နယ် ကစားသလိုပါပဲ။ လုပ်ပြနိုင်တာထက် ပိုပြီး တောု့လပ်ပြနေဖို့လိုတယ်။

ဒါကြောင့် အိမ်ရှင်ကို မြန်မာဟာ အကြောက်အလန့်မရှိတဲ့ စိတ်ဓါတ်၊ စုစည်းမှုအပြည့်နဲ့တုံ့ပြန် နိုင်ပြဖို့လိုတယ်။ နောက်တစ်ချက်က မိမိကစားသမားတွေ အသင့်မဖြစ်သေးတဲ့ အနေအထား မှာ ၊ ဘောလုံးလက်ခံဖို့ အသင့်မဖြစ်သေးတဲ့ အချိန်မှာ ဖြစ်သလို ဘောလုံးပေးတဲ့ ပုံစံတွေ ပြင် ဆင်ထားရမယ်။ ဒီနေ့ပွဲဟာ အမှားတွေပြင်ဆင်ပြီး အိမ်ရှင်ကို အနိုင်တိုက်ရမယ့်အလှည့်ပါ။

မှားခဲ့တာတွေ နောက်ပြန်လှည့်ကြည့်နေလို့မရဘူး။ ထားခဲ့ရစ်ရတော့မှာဖြစ်တယ်။ ခံစားနေ လို့လည်းမရဘူး။ ကစားသမား ဆိုတာ အမှားပါမှာပဲ၊ အမှားသိရင် အမှန်ပြင်ရမယ်။ ပိုကောင်း အောင်ပေးဆပ်ရမယ်။ ဒါပါပဲ။ နောက်တစ်ဆင့်တက်ဖို့အတွက် ဒီနေ့ပွဲကို အမှားနည်းအောင် ကစားပြီး မြန်မာ အနိုင်ရအောင် တိုက်ပွဲဝင်ရဖို့ပဲရှိနေတယ်။

ဖိလစ်ပိုင် ကို အနိုင်ကစားပြဖို့မျှော်လင့်ထားတယ် မြန်မာ..

အားပေးတဲ့ ပရိသတ်ကို စိတ်မပျက် ပါစေနဲ့…

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။