ဒါဟာ မြန်မာတဲ့လား… မြန်မာ…

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

 

ဒီနေ့ ည နေ တုန်းက မြန်မာအမျိုးသားယူ-၂၂ အသင်း နိုင်သွားတယ်။ ၂-၁ နဲ့ ကပ်အသာရတယ်။  ရင်တမမ နဲ့ပျော်ရတဲ့ အဖြစ် က စိတ်တွေကို ထိုင်းမှိုင်းစေတယ် ဆိုတာ အားပေးသူတိုင်းသိ ကြတယ်။ ပျော်လား ဆိုတော့ ပျော်တယ်၊ ဒါပေမယ့် သောကနဲ့ ပျော်ရတဲ့အတွက် စိတ်လွတ် ကိုယ်လွတ်မရှိခဲ့တာတော့ အမှန်ပဲ၊ ဒိုင်လူကြီး ခရာမတွတ်မခြင်း မြန်မာနိုင်ပြီလို့ အရင်လို အပိုင် မပြောနိုင်တာ စိတ်ပျက်မိတယ်။

ကိုယ်တွေရဲ့ ဘောလုံးအဆင့်အတန်းဟာ ထိုးကျသွားပြီ၊ ကစားသမားခြင်းယှဉ်မလား၊ ဒါမှ မဟုတ် ပြည်တွင်းဘောလုံး လောကခြင်း ယှဉ်မလား၊ ခါတိုင်း ငယ်နိုင်တွေကိုတောင် ကိုယ်တွေ က အားကုန်သုံးပြီး ညှစ်အားထုတ်ကန်နေရတဲ့ အဆင့် မျိုးပြန်ဖြစ်သွားပြီ၊ မထူးဘူး။ ၂၀၁၅ တုန်းက အတိုင်းပဲ၊ အခုဟာ က လူငယ်တွေရဲ့ နောက်ထပ် တစ်ခေတ် မှာ လိုအပ်ချက်တွေ အောက်နဲ့ မပြည့်ဝတဲ့ အလိုမကျမှုတွေ ပရိသတ်တွေကြားမှာ ရှိလာတယ်။

ကစားသမားတွေ ရဲ့ လုပ်နိုင်စွမ်းက ဒါအကုန်ပဲလား၊ မေးတဲ့သူတွေကလည်းမေးလာကြပြီ၊ ရှေ့ ၂ ပွဲမှာ ၃ မှတ်ရတယ်။ မလေးရှားနဲ့ သရေကျတယ်။ မရှုံးလို့တော်သေးတယ် ပြောနိုင်တယ် ဆိုပေမယ့် ခြေစွမ်းတွေက တစ်ပြေးတည်းမရှိခဲ့ဘူး။ လူပေးတာက အစ အမှားမှား အယွင်းယွင်း နဲ့ ကိုယ့်အဆင့်ကို ကိုယ်ပြန်ချနေသလိုမျိုးခံစားရစေတယ်၊ ဖိအားတွေနဲ့ အတူကစားရတာ မှန်တယ်။ ဒါပေမယ့် ကိုယ့် ချစ်တဲ့ဘောလုံးကို တစ်သက်လုံးလေ့ကျင့်လာတဲ့အပိုင်းမှာ အရာ လေးတော့ ထင်အောင် အခြေခံအချက်တွေ အပေးအပို့၊ ဘောလုံးလက်ခံတာက အစ၊ ချိတ်ဆက် နားလည်မှုတွေက အစ အဆင့်တစ်ခုရှိစေချင်တယ်။

ပြီးတော့ဖိလစ်ပိုင်နဲ့ပွဲဆိုရင် ၃၃ နှစ်သားကြီးကို ကိုယ်တွေရဲ့ ကစားသမားငယ်တွေက ၃ ယောက်လောက် လိုက်ဖျက်လည်း မဖြစ်မြောက်၊ ကြားကလုလည်း မတွင်ကျယ်။ လူငယ်တွေ သာဆိုတယ် လုပ်အားက ဒီလောက်နဲ့တန့်သွားပြီလားလို့တောင်မေးရမလိုပါပဲ။ ဖိလစ်ပိုင်  ကစားသမားတွေ ဂိုးသွင်းတာ မပါးနပ်တာရယ်၊ စိတ်တွေလောနေတာရယ်ကြောင့် ကိုယ်တွေ အပိုင်အလုံးတွေ ၄ လုံးလောက် မပေးလိုက်ရတာပါ၊ ဂိုးသမား ဆန်းဆက်နိုင် အမှားတွေရှိတယ် ဆိုပေမယ့် သူ့အမှားကို သူပြန်ကာကွယ်ဖို့ မြန်မာအသင်း ဘက်ထိုးဖောက်လာတဲ့ တိုက်စစ် တွေကို အပိုင် ကာကွယ်ခဲ့တာနဲ့ နှိုင်းယှဉ်ရင် ကျေပြီလို့ပဲ သတ်မှတ်တယ်။ ဒါပေမယ့် နောက် ပြန် ပေးတဲ့ဘောလုံးတွေ ဖမ်းတာ၊ ဆုံးဖြတ်ချက်ချပြီး ပြန်ကန်တာ၊ ပြန်ပေးတာတွေကို တော့ သဘောမကျတာအမှန်ပါပဲ။

မြန်မာခံစစ်တန်း ကိုကြည့်တော့ အခုအချိန်အထိ အစေးမကပ်ကြသေးဘူး၊ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ လင့်ခ်တွေပြုတ်နေသလို နောက်ပြန်ပေးတဲ့ မသပ်ရပ်တဲ့ဘောလုံးတွေ ဟာ ကိုယ်ကစားသမား ကိုယ်ပြန်သတ်နေတဲ့ အတိုင်းပဲ။ ဖိလစ်ပိုင်တိုက်စစ်သမားတွေ မနပ်လို့  ကိုယ်တွေ အဖို့ နောက်ပြန်ပေးတဲ့ဘောလုံးတွေက နေပြီး ဂိုးပြန်မပေးရတာပါ၊ တစ် ကယ့်ကို ကြောက်စရာလန့်စရာအဖြစ်တွေချည်းပါပဲ။

ကြည့်ဖူးသမျှပွဲတွေထဲမှာ မြန်မာယူ-၂၂ ဟာ ဖိလစ်ပိုင်နဲ့ကစားတဲ့ပွဲတွေမှာ လုံးဝကို စိတ်ပျက် ဖို့ကောင်းတဲ့ ပွဲလို့တောင် ပြောချင်တယ်။ ဖိလစ်ပိုင် တိုးတက်လာတယ်။ ဒါပေမယ့် သူတို့မှာ လည်း ဖိအားရှိနေတယ်။ မြန်မာကို ရသလိုပြန်ခံတိုက်ပေမယ့် ငယ်ကြောက်ဆိုတဲ့ စိတ်တွေက ရှိနေတုန်းပဲ၊ ဒါတောင် ကိုယ်တွေအမှားကနေပြီး ဖြတ်တင်ဘောကို သွင်းသွားတာ သိပ်သပ်ရပ် တာပဲ၊ ကိုယ်တွေခံစစ်သမားတွေရဲ့ လူကပ်ပုံ ညံ့တာကို အခွင့်အရေးယူသွားတာပါပဲ။

ဖိလစ်ပိုင် ၃၃ နှစ်သားကြီး ကျောနံပါတ် ၁၇ က အသင်းခေါင်းဆောင်ပီသတယ်။ သူ့ရဲ့ဦး ဆောင်မှုက မြန်မာကို အခက်တွေ့အောင်လုပ်နိုင်တယ်။ ဒါပေမယ့် သူထိုးကျသွားနဲ့ ဖိလစ်ပိုင် လည်း သွားတော့တာပါပဲ၊ မြန်မာအသင်းမှာ ၀င်းနိုင်ထွန်းဝင်လာမှ တိုက်စစ်ပိုင်းမှာ အစောပိုင်းကထက် အားလုံးအဆင်ပြေသလို ရှိတယ်။ အချိတ်အဆက် မိတယ်။ မြတ်ကောင်းခန့်နဲ့အတွဲမိသွားတယ်လို့ပဲပြောချင်တယ်။

မြတ်ကောင်းခန့် ကောင်းတယ်၊ ပေးတာတွေ ၊ ပို့တာတွေ မဆိုးဘူး၊ ဒါပေမယ့် လွဲချော်နေတယ်။ ၀င်းနိုင်ထွန်း ၀င်လာမှ အဆင်ပြေသွားတယ်။ လွင်မိုးအောင် ဒဏ်ရာနဲ့  အကောင်းစား အား၊ ထင်သလို ရုန်းနိုင်တဲ့ အား မရှိဘူး။ သူပိုင် ကန်ခွင့်ရတဲ့ အလုံးတောင်  မသပ်ရပ်နိုင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် အသင်းသားတွေ အားလုံးကြိုးစားကြတယ်။ ဒါပေမယ့် လုပ် သလိုမဖြစ်၊ ထင်သလို မဟုတ်တဲ့ ကာလတွေက ပထမပိုင်း မိနစ် ၃၀ ကျော်ရင် စပြီ၊ ဒါမျိုး ဖြစ် တာ ၂ ပွဲရှိနေပြီ။

ဝင်းနိုင်ထွန်း ၀င်လာတော့ မှ မြန်မာ တိုက်စစ် အသက်ပြန်ဝင်လာတယ်။ အောင်ကောင်းမာန် တိုးတာတွေက တစ်မျိုး၊ ၀င်းနိုင်ထွန်း ပါလာတာက တစ်ဖုံ၊ ကစားပုံတွေမတူကြတော့ ချိတ် ဆက်မှုတွေက နည်းပြဖြစ်ချင်သလို အချိန်တိုင်းမရဘူး။ ၀င်းနိုင်ထွန်းပါလာတော့ လူကလည်း လူစားဝင်ရတဲ့အချိန်က တစ်ဖက်ကစားသမားတွေက သက်လုံပိုင်း ထိုးအကျ၊ ၀င်းနိုင်ထွန်းက  ပါဝါအပြည့်နဲ့ အရုန်းမှာ မြတ်ကောင်းခန့် တိကျမှုနဲ့ အတွေ့မှာ အချိန်တစ်ခုအတွင်းမှာ အတူ ကစားထားလာကြတဲ့ စိတ်ခြင်းဆက်သွယ်မှုက အလုပ်ဖြစ်သွားတော့တာပါပဲ။

ဒါပါပဲ။ မြန်မာ အသင်းတိုက်စစ်မှာ ပျောက်နေတဲ့လင့်ခ်က သူတို့တွေ ချိတ်ဆက်မိသွားချိန် မှာ အရောင်ထွက်လာတယ်။

ဝင်းနိုင်ထွန်း ၀င်လာပြီးမှ မြတ်ကောင်းခန့်နဲ့ လင့်ခ် မိသွားတာလေး သဘောကျတယ်။ ၀င်းနိုင်ထွန်း ၀င်လာပြီးမှ မြတ်ကောင်းခန့် ပို ထတောက်လာတယ်။ သိနားလည်မှု အသားတကျ ဖြစ်တည်မှု ဒါပါပဲ ချိန်သားကိုက်မှုဆိုတာ ၊ ရင်ထဲက လာတဲ့ အရာတွေ က သင်ပေးလို့မရဘူး ၊ အလိုလိုကို နားလည်နေတာ၊ သူဘာကြိုက်တတ်တယ်၊ ဘယ်အချိန်မှာ ဘာလုပ်ပေးရင် အကောင်းဆုံးဖြစ်နိုင်တယ်ဆိုတာမျိုး ကို သိနေကြတာပါ။ ဘာပဲဖြစ်ဖြစ် လိုအပ် ချက်တွေရှိနေတဲ့ မြန်မာဟာ ဒီအချက်မှာ ကိုယ်တွေအတွက် အနိုင်ဂိုးဖြစ်စေမယ့် အရာ ကို ဖန်တီးပေးသွားနိုင်တာ သိပ်သဘောကျတယ်။

ဒီလောက်နဲ့တော့ရပ်မသွားစေချင်ဘူး။ ရပ်သွားရင်ကျန်ခဲ့မယ် ဆိုတာ သဘောပေါက်ထား သင့်တယ်။ နောက်မှာ နှစ်ပွဲကျန်နေသေးတယ်။ တီမောနဲ့ကမ္ဘောဒီယား၊ ဒီနှစ်သင်းက ဘာမှန်း မသိရသေးဘူး။ သူတို့တွေကလည်း ကစားအား ကောင်းတယ်၊ အခွင့်အရေးမျှော်နေတဲ့ အသင်း တွေဖြစ်တယ်။ လျှော့မတွက်စေချင်တာ အမှန်ပါပဲ၊ ကိုယ်တွေက ရှေ့နှစ်ပွဲမှာ အားကုန် ထုတ်ရုန်းထားရတာဆိုတော့ ပိုပြီး အထိနာတယ်၊ ပင်ပန်းထားတယ်။ ဒဏ်ရာရ ကစားသမားတွေ လည်း ရှိထားတယ်။

နားရက်က ကြားမှာ သိတဲ့အတိုင်း ၂ ရက် မပြည့်တပြည့်လောက်ပဲရှိထားတယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ်  တီမောနဲ့ပွဲကို အကောင်းဆုံးကစားပြီး အနိုင်ရအောင် တိုက်ရမယ်။ မြန်နဲ့တွေ့ မယ့်အသင်းတွေ အားလုံးက ကျားနာတွေလို ဖိအားပေးပြီးဖျက်လို ဖျက်စီးလုပ်ဖို့ အားလုံး အသင့်ရှိတယ်။ ပြီးတော့ ကိုယ်တွေ ကစားမယ့် တီမောနဲ့ပွဲနေ့မှာ ကမ္ဘောဒီးယားက အဲ့ဒီနေ့ မှာ ပွဲကစားဖို့မရှိဘူး။ မြန်မာက တီမော၊ အိမ်ရှင်ဖိလစ်ပိုင်က မလေးရှားနဲ့တွေ့လို့ ဘေးကနေ ပြီး ကမ္ဘောဒီးယား ကိုယ်တွေရလဒ်ကို စောင့်ကြည့်နေမှာဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် ဒီနေ့ပွဲအနေအထားတွေလည်း အားလုံးသိထားကြပြီးဖြစ်လို့ ကိုယ်တွေ အလုပ် ကိုယ်တွေ အပိုင်နိုင်ဆုံးဖြစ်အောင် လုပ်ဖို့ပဲ လိုတယ်။ ဖြစ်တည်မှုတွေ အတွက် ရလဒ်က အရေးကြီးတယ်။ အခြေအနေကောင်းတယ်ဆိုပေမယ့် မဖြစ်နိုင်ဘူးဆိုတာတွေ မဖြစ်လာစေ ဖို့ ကိုယ်တွေ အနေနဲ့ ပွဲတိုင်းကို ဗိုလ်လုပွဲလိုမျိုး သဘောထားပြီး တိုက်မှဖြစ်မယ်။

ဒီလိုမျိုးဖြစ်အောင် ရှိတဲ့လူနဲ့ အကောင်းဆုံး တိုက်ဖို့ မြန်မာရေ.. အားတင်းလိုက်စမ်းပါ …

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။