တီမောကို သွင်းဂိုးတွေနဲ့ ဖြိုချရမယ့် မြန်မာ ..

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

အရင်ဆုံးပြောချင်တာက တီမောကို မြန်မာကစားသမားတွေ လုံးဝလျော့မတွက်ပါနဲ့၊ လုပ် သင့် လုပ်ထိုက်တာကို ပွဲချိန်ပြည့် အာရုံစိုက်ပြီး အချိတ်အဆက်မိမိနဲ့ ကစားဖို့လိုတယ်။ ပြီးတော့ အဖွင့်ဂိုး လုံးဝ စမပေးမိဖို့နဲ့ သွင်းနိုင်သမျှ ဂိုးတွေကို ကိုယ်က ဦးအောင် သွင်းယူ ထားနိုင်ဖို့ သိပ်ကိုလိုအပ်တယ်။ အဲ့ဒီအပိုင်း ဒီနေ့မှာ မြန်မာ ယူ-၂၂  အတွက် သိပ်ကို အရေးကြီးတယ်။ ကမ္ဘောဒီးယားနဲ့ပွဲအထိ ဖိအား သက်ရောက်မှုမပြင်းထန်ချင်ရင် ဒီနေ့ပွဲ လုံးဝ အနိုင်တိုက်မှ ဖြစ်လိမ့်မယ်။

အမှတ်ပေးဇယားမှာ မြန်မာက ၄ မှတ် အုပ်စု ဒုတိယ။ တီမောက အုပ်စုတွင်းမှာ အမှတ်မရသေးဘူး။ ပြီးတော့ ဒီနေ့ပွဲမှာ ဘေးကထိုင်ကြည့် မှာက လတ်တလော အုပ်စုဗိုလ် ဖြစ်နေတဲ့ ကမ္ဘောဒီးယားဖြစ်တယ်။

ဒီနေ့ပွဲမှာ မြန်မာက မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲမှာ ကစားမယ်။ မြန်မာပွဲပြီးရင် ညနေ ၆ နာရီခွဲမှာ ဖိလစ်ပိုင်-မလေးရှားပွဲရှိတယ်။ တစ်ကယ့်ပွဲကောင်းတွေဖြစ်နေတယ်။ အမှားကို လုံးဝ မခံဘူး။ အထူး သဖြင့် ဒီနေ့ အစောပိုင်းကစားမယ့် မြန်မာ-တီမောပွဲကို ကြည့်ပြီး ကျန်နှစ် သင်းက သူတို့တွေ လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်ကြလိမ့်မယ်။ အထူးသဖြင့် အိမ်ရှင်ဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် သူတို့တွေက အနိုင်ပွဲကလွဲရင်ကျန်တာ ဘာမှကို မလိုချင်တော့ဘူး၊ ဒီလိုပဲ မလေးရှားကလည်း နိုင်မှဖြစ်မယ့်အနေအထားမျိုးမှာ ကမ္ဘောဒီးယားနဲ့ မြန်မာနောက်ကို အမှီလိုက်ဖို့ သွင်းဂိုးတွေ နဲ့ ရမှတ်တွေကလိုနေတယ်။

မြန်မာကတော့ အုပ်စုတွင်းမှာ ကမ္ဘောဒီးယားက ၅-၀ နဲ့အနိုင်ယူပြထားတဲ့ တီမောလိုအသင်း ကို အမှတ်ပြည့်အရယူပြီး အနိုင်ဂိုးတွေနဲ့ ဖိအားပေး အသာရဖို့လုပ်ရမယ့်နေ့ဖြစ်တယ်။  မနိုင် ရင်မဖြစ်ဘူး။ သရေကျလို့လည်းမရဘူး။ အားလုံးတွက်ဆထားတဲ့အတိုင်း တီမော လူငယ်တွေ ကို မြန်မာလူငယ်တွေအနေနဲ့အနိုင်တိုက်ဖို့လိုအပ်တယ်။ သွင်းဂိုးတွေကပါ စကားပြောမှာဖြစ် နေတာကြောင့် လိုချင်တာကို ထိထိမိမိနဲ့ အနိုင်ယူပြဖို့ လိုတယ်။

ကဲ..ဘယ်လိုလဲမြန်မာ.. ပရိသတ်စိတ်ကြိုက် ဖြစ်အောင်လုပ်ဖို့ စွမ်းဆောင်နိုင်မလား။

တီမောကိုကြည့်တော့ သူတို့တွေ ဂိုးပြတ်သာရှုံးသွားတာပါ၊ ကစားတာကြတော့ ကမ္ဘောဒီးယား လိုအသင်းကို ပထမပိုင်းမှာ သူတင်ကိုယ်တင် ဆော့ပြီး ရင်ဆိုင်သွားတာ များ မဆိုးဘူး လို့တော့ပြောရမယ်။ တောင်ပံကနေ ထိုးစစ်ဆင်တာတွေကောင်းတယ်။   ခံစစ်ထက် တီမော ကွင်းလယ်အဖျက်ပိုင်းကစားတဲ့သူတွေ  အမှားများတယ်။ အဲ့ဒါအတွက်ကြောင့်ပဲ ဒုတိယပိုင်းမှာ ရှုံးပြတ်အရေးနိမ့်သွားတဲ့အဓိက အချက်ဖြစ်တယ်။

တီမောက ကျောနံပါတ် ၂၂ ဗီးဂတ်စ်၊ ကျောနံပါတ် ၂၃ ဘတ်တစ္စတာဘယ်လ်လို၊ ကျောနံပါတ် ၁၀ မာတင် အသင်းရဲ့ဒေါက်တိုင်တွေပါ၊ ဂိုးသမားဖြစ်တဲ့ ရာအူးလ်ဖာနန်ဒက်ဇ်လည်း လက်စွမ်း မဆိုးဘူး၊ ဒါပေမယ့် သူတို့တွေဂိုးပြတ်အရေးနိမ့်သွားတာက ခံစစ်တန်းရှေ့က ကွင်းလယ်အဖျက် ကစားသမားကောင်းတွေမရှိတာရယ်၊ တရစပ်နီးပါး ကမ္ဘောဒီးယားက ကျောနံပါတ် ၁၄ တစ်ယောက်တည်းရဲ့ တိုးဝင်ပြီးထိုးစစ်ဆင်မှုတွေကို လိုက်ထိန်းရင်း တီမောခံစစ်သမားတွေ ပြိုကျဆင်းကုန်တာကြောင့် ကွင်းလယ် တောင် မစီးနိုင်တော့ပဲ ပွဲချိန် ၇၅ မိနစ်နောက်ပိုင်း ဂိုးတွေ ဆက်တိုက်ဆိုသလို   ပေးခဲ့ရတာဖြစ်တယ်။

တီမောဟာ ကောင်တာတွေက နေသွားတဲ့ ဘောလုံးတွေ ကို ဂိုးအဖြစ်ပြောင်းနိုင်စွမ်း ရှိ တယ်။ ဂိုးသွင်းမသပ်ရပ်ပဲ ဘေးကန်နေတာများလို့ ချေပဂိုးတောင်မရတာ တီမောပါ၊ အဲ့ဒီတီမော မြန်မာကို ဒီနေ့ ရင်ဆိုင်မှာနော်။ မြန်မာတွေလျော့တွက်လို့မရဘူး။

တီမောက ကျားနာလို အမှတ်ရဖို့ မြင်မြင်ရာကို ခဲပြီး မိတဲ့နေရာကို ကိုင်ထားမှာပါ၊ ဒီတော့ မြန်မာအနေနဲ့ တီမောရဲ့ တိုက်စစ်ဖွင့်ကစားလာမှုကို သေချာထိန်းချုပ်ထားနိုင်ဖို့လိုတယ်။ တီမောက မြန်မြန်တိုက်စစ် ဆင်နိုင်တဲ့အသင်းဖြစ်တယ်။ ကွင်းလယ်ပိုင်းနဲ့ ခံစစ်ထိန်းချုပ်မှု ကတော့ ထင်သလိုမဟုတ်လို့   မြန်မာကစားသမားတွေ ပါးနပ်ရင် ပါးနပ်သလောက် ဂိုးရမယ့် အခွင့်အရေးကောင်းတွေရလာ ဦး မှာပါ။

ကိုယ်တွေ ကိုယ်တိုင် အမှားတွေ စပြီး မှားမလုပ်မိဖို့လိုတယ်။ တီမောဟာ မြန်မာနဲ့နောက်ဆုံး တွေ့ဆုံထားတုန်းက AFC U-23 ခြေစစ်ပွဲမှာ ၇-၀ နဲ့အနိုင်ရထားတာဖြစ်တယ်။ အဲ့ဒီတုန်းက မြန်မာက အိမ်ကွင်းဖြစ်တဲ့ သုဝဏ္ဏကွင်းမှာ ကစားခဲ့တာဆိုတော့ အခုအနေအထားအရရယ်၊ ဖြစ်တည်နေတဲ့ ဟန်ပန်အတိုင်းရယ် ဆိုရင် မြန်မာအတွက် ဖိအားတွေနဲ့တော့ တီမောကို ရင် ဆိုင်ရမှာပါ။

ပြီးတော့ အဲ့ဒါအပြင် အထက်မှာပြောခဲ့သလိုမျိုး မြန်မာဟာ လူစုံနိုင်ပါ့မလား၊ လူစုံဖို့မျှော်တယ်၊ အရန်ကစားသမားတွေလည်းကောင်းကြပါတယ်။ ထိထိမိမိနဲ့ ထိုးစစ်တွေဆင်နိုင်ဖို့ ကိုပဲ မျှော် ကိုးနေတယ်။ ဂိုးအရင် စသွင်းထားနိုင်ဖို့ ရှိမယ်လို့လည်းမျှော်လင့်တယ်။ အဲ့ဒါသိပ်အရေးကြီး တယ်။ မြန်မာဟာ အဖွင့်ဂိုး စသွင်းနိုင်မယ်ဆိုရင် အစစအရာအရာ အဆင်ပြေလိမ့်မယ်။ တီမော ကို အဖွင့်ဂိုးစပေးရမယ်ဆိုရင် ဖိအားတွေနဲ့နောက်ကလိုက်ကစားရမှာပါ။

သူများဂိုးပြတ်နဲ့နိုင်တိုင်း ကိုယ်တွေ ဂိုးပြတ်နဲ့နိုင်ဖို့ခက်နေလိမ့်မယ်။ အဲ့ဒီတစ်ချက်တော့ သတိ ကြီးကြီးထားရမယ်။ ဒါပေမယ့် လိုအပ်တဲ့ သွင်းဂိုးတွေ ရပါမှ ရပ်တည်မှုဇယားမှာ အဆင့် အပြောင်းအလဲဖြစ်ဖို့ရှိနေတယ်။ ပြီးတော့တစ်ဖက်မှာလည်း အိမ်ရှင်ဖိလစ်ပိုင်နဲ့ မလေးရှား က လည်း ကစားမှာဆိုတော့ မြန်မာဟာ မြန်မာပီပီ လွဲချော်နေတာတွေ ၊ ပရိသတ် အတွက် အားမ လိုအားမရဖြစ်နေတာတွေကို ကျော်လွှားနိုင်ဖို့တော့လိုနေသေးတယ်။

ဘာပဲဖြစ်ဖြစ်ပါ၊ မြန်မာဟာ ပွဲစစချင်း မိနစ် ၃၀ အထိ အားနဲ့အင်နဲ့ဂိုးရအောင် အတင်းတိုးဝင် တိုက်ခိုက်တတ်တဲ့ အတွက်ကြောင့် ဂိုးရမှာတော့ စိတ်မပူမိပေမယ့် တစ်ဖက်က ခပ်မြန်မြန် ကောင်တာဝင်လာချိန်မှာ ကွင်းလယ်အဖျက်ပိုင်းနဲ့ ခံစစ်ပိုင်း အားနည်းချက်တွေကို ဖာထေး ပြီး အစုအစည်းမိနိုင်ဖို့သာ လိုတယ်။

ဘာပဲဖြစ်ဖြစ် ဒီနေ့ပွဲကတော့ ပရိသတ်တွေကို သွင်းဂိုးတွေနဲ့မြန်မာဟာ ထုံးစံအတိုင်း ရိုလာကိုစတာ စီးသလိုမျိုး သဲထိန့်ရင်ဖိုလုပ်ပြီးမှ အနိုင် ၃ မှတန်ကို သွင်းဂိုးတွေနဲ့ဖြေဖျော်ပြ သွားလိမ့်မယ်လို့ ခန့်မှန်းမိတယ်။ မနိုင်လို့မရဘူး။ ကမ္ဘောဒီးယားနဲ့ပွဲနေ့အထိ ဖိအားတွေ မသယ်ဆောင်မိဖို့ ဆိုရင် ဒီနေ့ပွဲအနိုင်တိုက်မှရမယ်။ ဒါကို လည်း သိထားကြမှာပါ။

ဒီအသင်းမှ သူတင်ကိုယ်တင် ကစားပြီး ခြေစွမ်းအသာမရ ပဲနဲ့ ဖိလစ်ပိုင်နဲ့ပွဲကလိုမျိုး ထပ်ဖြစ်လာမယ်ဆိုရင် အားလုံးအတွက်ပြော စမတ်ထပ်တွင်မယ့် ပွဲ ဖြစ်လာရုံကလွဲလို့ အဖက်ဖက်က ကျွန်တော်တို့ မြန်မာဟာ ဘောလုံးမှာရှုံးပြီးလို့သာ ထပ်ပြောရုံပဲကျန်နေလိမ့် မယ်။ ဒီတော့ ရာဇ၀င် ရိုင်းမယ့် သမိုင်းကို ပရိသတ် မကြိုက်တဲ့ ဇာတ်လမ်းမျိုး မခင်းမိဖို့တော့  သတိထား ရင်း တီမောနဲ့ပွဲမှာ လိုအပ်တဲ့ အောင်ပွဲရယူနိုင်ပါစေလို့ပဲ ဆုတောင်းမိနေတယ် မြန်မာ…။

 

Group A လက်ကျန်ပွဲစဉ်များ

29 November 2019         Timor-Leste       2:30      Myanmar         Rizal Memorial Stadium, Manila

29 November 2019         Philippines        6:30      Malaysia           Rizal Memorial Stadium, Manila

2 December 2019           Malaysia            6:30      Timor-Leste      Rizal Memorial Stadium, Manila

2 December 2019           Myanmar          6:30      Cambodia         Biñan Football Stadium, Biñan

4 December 2019           Cambodia          2:30      Malaysia           Rizal Memorial Stadium, Manila

4 December 2019           Timor-Leste       2:30      Philippines       Biñan Football Stadium, Biñan

Group A

Pos       Team                Pld       W         D          L          GF        GA        GD       Pts

1          Cambodia         2          1          1          0          6          1          +5        4

2          Myanmar         2          1          1          0          3          2          +1        4

3          Malaysia           1          0          1          0          1          1          0          1

4          Philippines       2          0          1          1          2          3          −1        1

5          Timor-Leste      1          0          0          1          0          5          −5        0

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။