ေနာက္ဆံုးပြဲမွာလည္း သတိ၀ီရိယအျပည့္ရွိေနပါေစ….

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

့ျမန္မာယူ၂၂ အသင္းကေတာ့ တီေမာကို ၃-၁ နဲ႔ အႏိုင္ကစားျပီး ဆီမီးဖိုင္နယ္ကို တက္ေရာက္ဖို႔ အေျခအေနေကာင္းသြားခဲ့ပါျပီ။ ၃ ပြဲကစားအျပီးမွာ ၇ မွတ္ရရွိခဲ့တာျဖစ္ျပီး မေန႔က ေနာက္ထပ္ပြဲစဥ္ျဖစ္တဲ့ ဖိလစ္ပိုင္နဲ႔မေလးရွားပြဲမွာ မေလးရွားအေရးနိမ့္သြားခဲ့တာကလည္း
ျမန္မာအတြက္ သတင္းေကာင္းျဖစ္လာခဲ့ပါတယ္။ သခ်ာၤနည္းအရဆိုရင္ေတာ့ ျမန္မာအသင္းအေနနဲ႔ ကေမၻာဒီးယားကို အေရးနိမ့္ခဲ့ရင္ အုပ္စုကေန ထြက္ရႏိုင္တဲ့ အေနအထားမ်ိဳးေတာ့ ရွိေနပါေသးတယ္။ ဒါေပမယ့္ အဲဒီလိုျဖစ္လာဖို႔ဆိုတာက ေတာ္ေတာ္ေလးေတာ့ ရာခိုင္ႏႈန္းနည္းပါးပါတယ္။

Data Preview – Tottenham vs Bournemouth

အဓိကကေတာ့ ခမာနဲ႔အေတြ႔မွာ သေရကစားႏိုင္ရံုနဲ႔ ရေနပါျပီ။ ခမာက လက္ရွိမွာ ၂ ပြဲကစားအျပီး ၄ မွတ္ရရွိထားတာပါ။ သူတို႔ရဲ႕ လက္က်န္ပြဲေတြက ျမန္မာ၊ မေလးရွားတို႔နဲ႔ ျဖစ္ျပီး သူတို႔လည္း အုပ္စုကတက္ႏိုင္ဖို႔အတြက္ အားကုန္ထုတ္ရမယ့္ အခ်ိန္ကို ေရာက္ေနပါျပီ။ ဒီအတြက္ ျမန္မာအသင္းမေပါ့ဆဖို႔ေတာ့ လိုပါတယ္။ ခမာကေတာ့ ျမန္မာနဲ႔ မေလးရွားတို႔မွာ အနည္းဆံုးတစ္သင္းသင္းကိုေတာ့ အႏိုင္ကစားမွသာ အေျခအေနေကာင္းမွာမို႔လို႔ပါ။ ဖိလစ္ပိုင္အတြက္လည္း မေလးကို အႏိုင္ယူလိုက္တာက ေမွ်ာ္လင့္ခ်က္ေတြ ရွိလာခဲ့ပါတယ္။ သူတို႔က တီေမာကိုသာ အႏိုင္ယူႏိုင္ခဲ့မယ္ဆိုရင္ ကေမၻာဒီးယားနဲ႔ မေလးရွားတို႔ ေျခေခ်ာ္လက္ေခ်ာ္ျဖစ္ခဲ့မယ္ဆို အခြင့္အေရးရသြားမွာပါ။

နည္းျပပိုေပါ့ဗ္ရဲ႕ ျမန္မာအသင္းက အုပ္စုတြင္းမွာ အေျခအေနအေကာင္းဆံုးအသင္းျဖစ္ေနပါတယ္။ ရဂိုး ၆ ဂိုး၊ ေပးဂိုး ၃ဂိုးရွိထားျပီး ဆီမီးဖိုင္နယ္ကို ေျခတစ္ဖက္ခ်ျပီးပါျပီ။ ကေမၻာဒီးယားကို သေရကစားရံုနဲ႔ အုပ္စုဗိုလ္အျဖစ္နဲ႔ ဆီမီးဖိုင္နယ္ကို တက္ေရာက္ႏိုင္မွာပါ။ ျမန္မာ
အသင္းအေနနဲ႔ ရလဒ္ေကာင္းေတြရေနတယ္ဆိုေပမယ့္ ေျခစြမ္းပိုင္းကေတာ့ အေကာင္းဆံုးမွာျဖစ္မေနပါေသးပါဘူး။ အထူးသျဖင့္ ခံစစ္ပိုင္းမွာပါ။ ပိုေပါ့ဗ္ရဲ႕ Back Pass ျပန္လုပ္တဲ့ ကစားဟန္မွာ အသားက်ဖို႔ ကစားသမားေတြက ရုန္းကန္ေနဆဲျဖစ္ပါတယ္။ အထူးသျဖင့္ ဂိုးသမားဆန္းဆက္ႏိုင္က ဖိအားအနညး္ငယ္ရွိေနျပီး ဆံုးျဖတ္ခ်က္ေတြ လြဲမွားေနခဲ့ပါတယ္။

ေနာက္ဆံုးပြဲကစားရမယ့္ ခမာက သိသိသာသာေျခတက္လာတဲ့အသင္းလို႔ ေျပာရပါမယ္။ တြဲလံုးေလးေတြ ေကာင္းမြန္ျပီးေတာ့ ေဘာလံုးကို စနစ္တက်နဲ႔ ကစားတတ္တဲ့ အသင္းျဖစ္္လာပါျပီ။ အရင္ ကေမၻာဒီးယားမဟုတ္ေတာ့ပါဘူး။ တကယ္ဆိုရင္ သူတို႔က အိမ္ရွင္ဖိလစ္ပိုင္ကို အဖြင့္ပြဲမွာေတာင္ အႏုိင္ရခဲ့သင့္တာပါ။ ပြဲျပီးခါနီးေပးလိုက္ရတဲ့ ေခ်ပဂိုးက ေတာ္ေတာ္ေလးနစ္နာခဲ့ရျပီး အခုဆိုရင္ လက္က်န္ႏွစ္ပြဲမွာ သူတို႔ကရုန္းကန္ရေတာ့မွာပါ။ မေန႔က ျမန္မာအသင္းပြဲကို ကေမၻာဒီးယားတို႔ လာေရာက္ၾကည့္ရႈျပီး ျပိဳင္ဘက္ေျခစြမ္းကို အကဲခတ္သြားခဲ့
ပါတယ္။ ျမန္မာအသင္းရဲ႕ အားသာခ်က္၊ အားနည္းခ်က္ေတြကို သူတို႔ေတြ အတတ္ႏိုင္ဆံုးရွာေဖြသြားမယ္ဆိုတာကလည္း ေသခ်ာပါတယ္။

ျမန္မာအတြက္ ဆီမီးဖိုင္နယ္ေနရာတစ္ေနရာက ေသခ်ာသေလာက္နီးပါးရွိေနခဲ့တယ္ဆိုေပမယ့္လည္း ကေမၻာဒီးယားကို အေရးနိမ့္ခဲ့မယ္ဆိုရင္ မလိုအပ္ပဲ အျခားပြဲရလဒ္ေတြကို ေစာင့္ၾကည့္ရမယ့္ကိန္းဆိုက္သြားပါလိမ့္မယ္။ အေရးသာနိမ့္ခဲ့မယ္ဆိုရင္ သခ်ာၤနည္းအရတြက္ၾကည့္ရင္ ဘာမဆိုျဖစ္သြားႏိုင္တာမို႔ ကိုယ့္တာ၀န္ကိုယ္ေက်ပြန္ထားဖို႔ လိုပါတယ္။ သေရတစ္မွတ္ရရံုနဲ႔ ရည္ရြယ္ခ်က္က ေပါက္ေျမာက္မွာမို႔လည္း အားကုန္ကစားဖို႔ လိုအပ္ပါတယ္။ နားခ်ိန္လည္း အျပည့္အ၀ရမွာျဖစ္ျပီး စိတ္ပိုင္းဆိုင္ရာလည္း အေကာင္းဆံုးအေနအထားမွာ ျဖစ္ေနလို႔ ခမာကိုလည္း ျမန္မာအသင္း အေကာင္းဆံုးရင္ဆုိင္ႏိုင္လိမ့္မယ္လုိ႔ ယံုၾကည္ပါတယ္။ ဒါေပမယ့္ ဆုိခဲ့တဲ့အတိုင္းပါပဲ၊ ေပါ့ေတာ့မေပါ့ဆေစခ်င္ပါ။

Unicode

့မြန်မာယူ၂၂ အသင်းကတော့ တီမောကို ၃-၁ နဲ့ အနိုင်ကစားပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ အခြေအနေကောင်းသွားခဲ့ပါပြီ။ ၃ ပွဲကစားအပြီးမှာ ၇ မှတ်ရရှိခဲ့တာဖြစ်ပြီး မနေ့က နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ ဖိလစ်ပိုင်နဲ့မလေးရှားပွဲမှာ မလေးရှားအရေးနိမ့်သွားခဲ့တာကလည်း
မြန်မာအတွက် သတင်းကောင်းဖြစ်လာခဲ့ပါတယ်။ သချာင်္နည်းအရဆိုရင်တော့ မြန်မာအသင်းအနေနဲ့ ကမ္ဘောဒီးယားကို အရေးနိမ့်ခဲ့ရင် အုပ်စုကနေ ထွက်ရနိုင်တဲ့ အနေအထားမျိုးတော့ ရှိနေပါသေးတယ်။ ဒါပေမယ့် အဲဒီလိုဖြစ်လာဖို့ဆိုတာက တော်တော်လေးတော့ ရာခိုင်နှုန်းနည်းပါးပါတယ်။

အဓိကကတော့ ခမာနဲ့အတွေ့မှာ သရေကစားနိုင်ရုံနဲ့ ရနေပါပြီ။ ခမာက လက်ရှိမှာ ၂ ပွဲကစားအပြီး ၄ မှတ်ရရှိထားတာပါ။ သူတို့ရဲ့ လက်ကျန်ပွဲတွေက မြန်မာ၊ မလေးရှားတို့နဲ့ ဖြစ်ပြီး သူတို့လည်း အုပ်စုကတက်နိုင်ဖို့အတွက် အားကုန်ထုတ်ရမယ့် အချိန်ကို ရောက်နေပါပြီ။ ဒီအတွက် မြန်မာအသင်းမပေါ့ဆဖို့တော့ လိုပါတယ်။ ခမာကတော့ မြန်မာနဲ့ မလေးရှားတို့မှာ အနည်းဆုံးတစ်သင်းသင်းကိုတော့ အနိုင်ကစားမှသာ အခြေအနေကောင်းမှာမို့လို့ပါ။ ဖိလစ်ပိုင်အတွက်လည်း မလေးကို အနိုင်ယူလိုက်တာက မျှော်လင့်ချက်တွေ ရှိလာခဲ့ပါတယ်။ သူတို့က တီမောကိုသာ အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် ကမ္ဘောဒီးယားနဲ့ မလေးရှားတို့ ခြေချော်လက်ချော်ဖြစ်ခဲ့မယ်ဆို အခွင့်အရေးရသွားမှာပါ။

နည်းပြပိုပေါ့ဗ်ရဲ့ မြန်မာအသင်းက အုပ်စုတွင်းမှာ အခြေအနေအကောင်းဆုံးအသင်းဖြစ်နေပါတယ်။ ရဂိုး ၆ ဂိုး၊ ပေးဂိုး ၃ဂိုးရှိထားပြီး ဆီမီးဖိုင်နယ်ကို ခြေတစ်ဖက်ချပြီးပါပြီ။ ကမ္ဘောဒီးယားကို သရေကစားရုံနဲ့ အုပ်စုဗိုလ်အဖြစ်နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာပါ။ မြန်မာ
အသင်းအနေနဲ့ ရလဒ်ကောင်းတွေရနေတယ်ဆိုပေမယ့် ခြေစွမ်းပိုင်းကတော့ အကောင်းဆုံးမှာဖြစ်မနေပါသေးပါဘူး။ အထူးသဖြင့် ခံစစ်ပိုင်းမှာပါ။ ပိုပေါ့ဗ်ရဲ့ Back Pass ပြန်လုပ်တဲ့ ကစားဟန်မှာ အသားကျဖို့ ကစားသမားတွေက ရုန်းကန်နေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ဂိုးသမားဆန်းဆက်နိုင်က ဖိအားအနညး်ငယ်ရှိနေပြီး ဆုံးဖြတ်ချက်တွေ လွဲမှားနေခဲ့ပါတယ်။

နောက်ဆုံးပွဲကစားရမယ့် ခမာက သိသိသာသာခြေတက်လာတဲ့အသင်းလို့ ပြောရပါမယ်။ တွဲလုံးလေးတွေ ကောင်းမွန်ပြီးတော့ ဘောလုံးကို စနစ်တကျနဲ့ ကစားတတ်တဲ့ အသင်းဖြစ််လာပါပြီ။ အရင် ကမ္ဘောဒီးယားမဟုတ်တော့ပါဘူး။ တကယ်ဆိုရင် သူတို့က အိမ်ရှင်ဖိလစ်ပိုင်ကို အဖွင့်ပွဲမှာတောင် အနိုင်ရခဲ့သင့်တာပါ။ ပွဲပြီးခါနီးပေးလိုက်ရတဲ့ ချေပဂိုးက တော်တော်လေးနစ်နာခဲ့ရပြီး အခုဆိုရင် လက်ကျန်နှစ်ပွဲမှာ သူတို့ကရုန်းကန်ရတော့မှာပါ။ မနေ့က မြန်မာအသင်းပွဲကို ကမ္ဘောဒီးယားတို့ လာရောက်ကြည့်ရှုပြီး ပြိုင်ဘက်ခြေစွမ်းကို အကဲခတ်သွားခဲ့
ပါတယ်။ မြန်မာအသင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကို သူတို့တွေ အတတ်နိုင်ဆုံးရှာဖွေသွားမယ်ဆိုတာကလည်း သေချာပါတယ်။

မြန်မာအတွက် ဆီမီးဖိုင်နယ်နေရာတစ်နေရာက သေချာသလောက်နီးပါးရှိနေခဲ့တယ်ဆိုပေမယ့်လည်း ကမ္ဘောဒီးယားကို အရေးနိမ့်ခဲ့မယ်ဆိုရင် မလိုအပ်ပဲ အခြားပွဲရလဒ်တွေကို စောင့်ကြည့်ရမယ့်ကိန်းဆိုက်သွားပါလိမ့်မယ်။ အရေးသာနိမ့်ခဲ့မယ်ဆိုရင် သချာင်္နည်းအရတွက်ကြည့်ရင် ဘာမဆိုဖြစ်သွားနိုင်တာမို့ ကိုယ့်တာဝန်ကိုယ်ကျေပွန်ထားဖို့ လိုပါတယ်။ သရေတစ်မှတ်ရရုံနဲ့ ရည်ရွယ်ချက်က ပေါက်မြောက်မှာမို့လည်း အားကုန်ကစားဖို့ လိုအပ်ပါတယ်။ နားချိန်လည်း အပြည့်အဝရမှာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာလည်း အကောင်းဆုံးအနေအထားမှာ ဖြစ်နေလို့ ခမာကိုလည်း မြန်မာအသင်း အကောင်းဆုံးရင်ဆိုင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ဆိုခဲ့တဲ့အတိုင်းပါပဲ၊ ပေါ့တော့မပေါ့ဆစေချင်ပါ။

မွတ္ခ်က္မ်ား။