မနက်ဖြန်မှာ မလေးရှားကို ဂိုးပြတ်နဲ့အနိုင်ယူပြရမယ့်  မြန်မာ အမျိုးသမီး အသင်း

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

မနက်ဖြန်ဆိုရင် မြန်မာအမျိုးသမီးအသင်း အတွက် အမှတ်ရဖို့လိုအပ်တဲ့ နေ့၊ ဂိုးတွေနဲ့ ပရိသတ်တွေကို ပြန်ပြီး ဖြေဖျော်မှုတွေလုပ်ရမယ့်နေ့၊ ပြီးတော့ အုပ်စုဗိုလ်လုရမယ့်နေ့ဖြစ်နေ တယ်။ အိမ်ရှင်ဖိလစ်ပိုင်ကတော့ ပွဲကုန်သွားပြီ၊ မလေးရှားကို ဂိုးပြတ် နဲ့နိုင်ပြီး လောလောဆယ်မှာ အုပ်စုဗိုလ်ဖြစ်နေတယ်။ ဒီတော့ မနက်ဖြန်မှာ  မြန်မာအမျိုးသမီးလည်း ပြိုင်ဘက်အသင်းကို လုံးဝ ဂိုးပြတ်နဲ့အနိုင်ရဖို့ အထူးကို လိုအပ်တဲ့ နေ့ဖြစ်နေတယ်ဆိုတာပါ ပဲ။

ဟုတ်ပါတယ်။ ဆီးဂိမ်း မှာ မြန်မာအမျိုးသမီး ဘောလုံးအသင်းကတော့ အဖွင့်မလှဘူး။ မလှဘူးလို့ပြောရအောင် ရှုံးလို့လားလို့မေးစရာ ရှိတယ်။ မရှုံးခဲ့ပေမယ့်လည်း ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့ စာရင်းထဲပါနေတဲ့ မြန်မာဟာ   အိမ်ရှင်ဖြစ်တဲ့ ဖိလစ်ပိုင်ကို သရေသာ ကစားနိုင် တယ်။ ဒါဟာ ချန်ပီယံဖြစ်မယ်လို့ ရေပန်းစားနေတဲ့အသင်း တစ်သင်းအတွက်တော့ အဖွင့် မလှပခဲ့ဘူး လို့ပဲပြောရမယ်နဲ့တူတယ်။

သာမန်ကြည့်ရင် အိမ်ရှင်အသင်းကို သရေကစားတာဟာ မဆိုးဘူးလို့ဆိုနိုင်ပေမယ့် အမှတ် အပြည့်မယူနိုင်တာက မြန်မာအတွက် အုပ်စုဗိုလ်ဖြစ်ဖို့ အတွက် ဖိအားတွေသက်ရောက်စေ ရတယ်ဆိုတာ ပြောဖြစ်တယ်။ သူတို့တွေ ကြိုးစားကြတယ်။ ရုန်းကန်ကြတယ်။

ဒါပေမယ့်ဖိလစ်ပိုင်ကလည်း အတင်းကြီးကို မြန်မာအသင်း ကစားကွက်တည်မရအောင် လုံးလားထွေးလားနဲ့ ဖျက်တောက်မှုတွေကို စနစ်တကျလုပ်သွားလို့ မြန်မာကစားသမားတွေ ဘာမှမလုပ်နိုင်ခဲ့ကြဘူး။

အခွင့်အရေးကောင်းတွေ အပိုင်နိုင်ဆုံးအသုံးမချနိုင်တာကလည်း မြန်မာအသင်းအတွက် ဂိုးရမယ့်အခွင့်အရေးတွေဆုံးရှုံးရစေတဲ့အဓိက ထည့်ပြောရမယ့် အချက် တွေထဲက တစ်ချက်ဖြစ်တယ်။ ကိုယ်တွေ ကစားတာညံ့ကျသွားတာလည်းပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ဖိလစ်ပိုင်အမျိုးသမီးအသင်းကို သရေကျတာဟာ အတော် လေးကို အထိနာခဲ့တယ်။ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ခဲ့ပေမယ့် ထင်သလိုမဖြစ်လာတာ ကိုက ပြောစရာတစ်ရပ် အနေနဲ့ ပရိသတ်တွေက ဝေဖန်ခဲ့ကြတယ်။

ကိုယ်တွေရဲ့ ပြင်ဆင်ပုံက လည်း ပြိုင်ပွဲမစတင်ခင်မှာ အကောင်းစား ဆန်ခဲ့တာမှမဟုတ်တာပါ၊ အမြဲတမ်းလည်းပြောဖြစ် တယ်။ ပြင်ဆင်ထားသလောက်ပဲရမယ်။ နိုင်ငံတကာပွဲတွေကို သွားဖို့အတွက် ပလန်တွေစီမံ ခဲ့ကြပေမယ့်လည်း တစ်ကယ်တမ်းမှာ ထင်သလိုမျိုး အကောင်းစားဆန်ဆန်နဲ့ ကိုယ်တွေက ခြေစမ်းခဲ့ရတာမျိုး၊  ပြည်ပ သွားတော့လည်း တစ်ဖက် က လှမ်းဖျက်လိုက်လို့ ကလပ်ခြေစမ်းပွဲတွေနဲ့ကျေနပ်လိုက်ရတာ မျိုးလောက် သာရှိခဲ့တာပါ။

ဘရာဇီးလိုမျိုး အမျိုးသမီးအသင်းတွေနဲ့ကစားဖို့အထိ ရှိခဲ့ပြီးမှာ အကြောင်း ကြောင်းကြောင့် မြန်မာအမျိုးသမီးအသင်း ပွဲကစားခွင့်မရပဲ အခြားအသင်းအစားထိုးခံလိုက်ရတာဟာ မြန်မာအသင်း ဆီးဂိမ်းမှာကြိုတင်ပြင်ဆင်မှုအပိုင်းအရ အတော်လေးကို နစ်နာခဲ့ရပါ တယ်။

ပြီးတော့ အဖွင့်မှာ အိမ်ရှင်အသင်းကို မထင်မှတ်ထားတဲ့ ခြေစွမ်းနဲ့ သရေကျလိုက်တာဟာ အတော်လေးကို ထပ်ဆိုးသွားတယ်။ တစ်ချက်ရှိတာက ကိုယ်တွေ ပါဝင်နေတဲ့ အုပ်စုမှာ ၃ သင်း တည်းဆိုတော့ ဒီနေ့ကစားမယ့်ပွဲက အသက်ဖြစ်လာတယ်။ ဖိအားအောက်မှာ ရောက်နေတယ် ဆိုတာ မှန်တယ်။

မလေးရှားကိုတော့ မြန်မာအသင်းဟာ ဖိလစ်ပိုင်လိုမျိုးမဖြစ်ရစေဖို့ အတွက်  အကောင်း စားပြင်ဆင် ထားမှ ဖြစ်မှာပါ။ သရေတောင်ကျလို့မရဘူး၊ သရေထပ်ကျရင် အားလုံး ပွဲသိမ်း သွား လိမ့်မယ်။ အထူးသဖြင့် အုပ်စုဗိုလ် နေရာပါ။ ဒီနေရာအတွက်ဆိုရင် အိမ်ရှင်ဖိလစ်ပိုင် အသာစီးယူပြီး သွင်းဂိုးတွေနဲ့အနိုင်ယူပြထားတာထက် ပိုနေဖို့လိုတယ်ဆိုတာပါပဲ။

အိမ်ရှင်ဖြစ်တဲ့ ဖိလစ်ပိုင်က ပွဲကုန်ပြီ၊ အခုအချိန်မှာ သွင်းဂိုးအသာနဲ့အုပ်စုဗိုလ်ဖြစ်ထားတယ်။ ဒီတော့ မြန်မာအနေနဲ့  ဖိလစ်ပိုင်ဆီက  အုပ်စုဗိုလ်နေရာလုဖို့အတွက် မနက်ဖြန် ကစားမယ့် မလေးနဲ့ပွဲကို သွင်းဂိုးတွေနဲ့ ဖိလစ်ပိုင်ထက်သာအောင်လုပ်ပြဖို့လိုတယ်။

သေချာတာကတော့ ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံးဖြစ်အောင်လုပ်ပေးဖို့ပဲ လိုတယ်။ မြန်မာဟာ မြန်မာ ပီသနေဖို့၊ ချန်ပီယံ အသင်း ခြေစွမ်းနဲ့ စိတ်ခွန်အားတွေအပြည့် တင်ထား နိုင်ဖို့လိုတယ်ဆိုတာပါပဲ။ ဖိလစ်ပိုင်ကတော့ သူတို့လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ပြပေး ပြီးသွားပြီ။ ကျန်တာက ကိုယ်တွေပဲ ဆိုတော့ လုပ်စရာရှိသာတာ ဂိုးတွေနဲ့အနိုင်ယူဖို့ပါ။

မလေးရှားကိုကြည့်တော့ သူတို့တွေဟာ မြန်မာနဲ့ ခြေရည်တူ ရင်ဆိုင်နိုင်စွမ်းရှိတဲ့အသင်းမှ မဟုတ်ခဲ့တာပါ။ ဒါပေမယ့်လည်း မြန်မာအမျိုးသမီးအသင်း အနေနဲ့ ပြိုင်ဘက်အသင်းကိုလုံးဝ လျော့တော့မတွက်စေချင်မိတာအမှန်ပဲ၊ မြန်မာပရိသတ်ဆိုတာ နိုင်တယ် ဆိုတာ ကိုပဲ မက်မောတာပါ။ အမက်မောဆုံးကိုမှ မြန်မာ အမျိုးသမီးအသင်းက အထိမိဆုံး ယူပြနိုင်စွမ်းမရှိ တော့လည်း ၀ိုင်းပြီးဝေဖန်ခံရတာ မဆန်းဘူး။ အားကစားအသင်းတစ်သင်းမှာ ရလဒ်ဆိုးရင် ဝေဖန်ခံရမယ်။ ရလဒ်ကောင်းရင် ချီးမြှောက်ခံရမယ်။ ဒါဟာ ဖြစ်လေ့ရှိတဲ့ အကြောင်းအရာတွေ ပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဖိလစ်ပိုင်နဲ့ ကစားခဲ့တဲ့ ရှေ့တစ်ပွဲ ၊ အမှားမပါပေမယ့်လည်း မြန်မာအမျိုးသမီးအသင်း အဖို့ အမှတ်မထင် သရေကျလိုက်တာဟာ မြန်မာဘောလုံး  ပရိသတ်တွေအတွက် ဝေဖန်စရာလိုဖြစ်သွားတယ်။ ပြီးတော့ ခြေစွမ်းတွေ မထင်မှတ်လောက် အောင် အသာစီး မရသလို ကစားပုံလည်းညံ့ကျသွားတယ်။ ဂိုးအဖြစ်ပြောင်း လဲနိုင်မယ့် အခွင့် အရေး တွေကိုလည်း အထိမဆုံးမယူနိုင်ခဲ့လို့ ပရိသတ်တွေက ဝေဖန်တာများ မြင်မကောင်း ဘူး။

ဒါကို အသင်းအနေနဲ့ စိတ်ပျက်နေစေစရာမလိုဘူး။ ဝေဖန် ခံရတယ်ဆိုတာ ချစ်လို့၊ အသိအမှတ်ပြုသေး လို့ဝေဖန်တာဖြစ်တယ်။ ဒါကို လျစ်လျူမရှုကြပဲ နဲ့  မနက်ဖြန်ကစားမယ့် ပွဲမှာ ပရိသတ်အကြိုက်ဖြစ်လာစေဖို့ ကို သေချာအနိုင်ဂိုးတွေနဲ့ ပြိုင်ဘက်ကို အလဲထိုးဖို့ပဲ စီမံထား စေချင်တယ်။ ဝေဖန်ခံရမှုဟာ ရှေ့ကို ထပ်မံတိုးတက်ဖို့အတွက် ခွန်အား တွေအဖြစ်ရှိ နေစေ ဖို့ပဲလိုအပ်တယ်။

ပထမဆုံးပွဲက ကွင်းနဲ့အသားတကျမဖြစ်တဲ့အပေါ် တစ်ဖက်အိမ်ရှင် အသင်းက မထင်မှတ်တဲ့ ပုံစံနဲ့ တုံ့ ပြန်လာပုံတွေအပေါ်မှာ မြန်မာဟာ အကောင်းစား မတုံ့ပြန်နိုင်ဘူး။ အခုအချိန်အခါ ကိုကြည့်ရင် ကိုယ်တွေက ကျလူတွေများနေတယ်။

ပြိုင်ဘက်ဖြစ်တဲ့ အသင်းကလည်း တိုးတက်ဖို့ ပြင်ဆင်နေတဲ့အသင်း၊ မြန်မာ အနေနဲ့ ငယ်နိုင်မဟုတ် တော့သလို ဖိလစ်ပိုင်ဟာ ကိုယ်တွေကို ခြေရည်တူလိုက်ကစားဖို့လိုက်လာပြီ၊ ကိုယ်တွေ မြန်မာအသင်း အဖို့တော့ ရှေ့ က မြန်မြန် ပြန်ပြေးနိုင်ဖို့ မျိုးဆက်ဟောင်းတွေနဲ့ မျိုးဆက်သစ်တွေ ချိန်သားကိုက် မျှချေလေး ညီနေဖို့ ဟာ သိပ်ကို အရေးကြီးတယ်ဆိုတာ ပြောထားချင်သေးတယ်။

အသင်းတိုင်းမှာတော့ အားနည်းချက်တွေရှိတယ်။ မှန်တာပေါ့။ ပြင်ဆင်ထားသလောက်ပဲရမှာ လေ၊ ဒီတော့ ပြင်ဆင်ထားတဲ့အပေါ်မှာ လိုအပ်ချက်တွေရှိနေတယ်ဆိုတာကို ကျွန်တော်တို့ တွေ မြန်မာအမျိုးသမီးအသင်းအပေါ်မှာ နားလည်မှုတော့ ပေးရမယ်။

တစ်ဖက်က ကစားသမားတွေကလည်း ပရိသတ်တွေလိုချင်တဲ့ အနိုင်ကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ယူဖို့လိုတယ်။ ဒါကို မနက်ဖြန်တွေ့မယ့် မလေးရှားနဲ့ ကစားမယ့်ပွဲနေ့မှာ အထိမိဆုံး အရယူပြနိုင်ဖို့လုပ်ပေးနိုင်မလား၊ လုပ်ပေးနိုင်မယ်ဆိုရင် မြန်မာ ဟာ မြန်မာပီသမှာဖြစ်သလို တစ်ဖက် အုပ်စုမှာ ရှိနေတဲ့ ထိုင်း၊ ဒါမှမဟုတ် ဗီယက်နမ်နဲ့ဆုံဖို့ဖြစ်လာခွင့်ဟာ ရှိနေလိမ့်မယ် ဆိုတာပါပဲ။

အုပ်စု(ခ)မှာ ဗီယက်နမ်က ပွဲကုန်ပြီ၊ ၄ မှတ်နဲ့ အုပ်စုဗိုလ်၊ ထိုင်းကတော့ မြန်မာနဲ့ အတူ တစ်ချိန် တည်း အတူ ကစားကြလိမ့်မယ်။ ထိုင်းက အင်ဒိုနီးရှားနဲ့ဆုံမှာဆိုတော့ သူတို့တွေ လည်း အုပ်စုဗိုလ်နေရာကို လုကြဦးမှာဖြစ်နေတယ်။

ဒီတော့ မြန်မာဟာ မနက်ဖြန်မှာ လုပ်သင့် လုပ်ထိုက်တာကို သွင်းဂိုးတွေနဲ့အတူ ပရိသတ် တွေအကြိုက်ဖြစ်အောင် အထိမိဆုံး လုပ်ပြနိုင် မလားဆိုတာ ကြည့်ရဦးမှာဖြစ် နေတယ် ဆိုတာပါပဲ။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။