သရေ မကြိုက်ဘူး … ကမ္ဘောဒီးယားကို အနိုင်တိုက်ယူပေးပါ မြန်မာ…  

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

ကမ္ဘောဒီးယားကိုလျော့ မတွက်ပါနဲ့ မြန်မာ…

သရေဆိုတာ ကိုယ်တွေအတွက် နောက်ဆုံး ကမ္ဘာမကျေတဲ့ အဖြေပါ..

ကိုယ်တွေ အတွက် အရေးကြီးတာက အရှုပ်ထဲမှာ ရှင်းအောင်နေဖို့ပဲ။

မမေ့ပါနဲ့မြန်မာ။ မမေ့ပါနဲ့…

ငါတို့တွေ ဒီနှစ်ထဲမှာ   ကမ္ဘောဒီးယားကို ၂-၀ နဲ့ရှုံးထားခဲ့ဖူး တယ်ဆိုတာ မမေ့ပါနဲ့။

ဟုတ်ပါတယ်။ ကိုယ်တွေအဖို့ ဒါဟာ လုံးဝကို မေ့မထားသင့်တဲ့ အနေအထားပါ။

မြန်မာအတွက် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်ကိုယှဉ်ပြိုင်ကစားရမယ့်နေ့။ ဒီနေ့ပွဲဟာ အရေးကြီးတဲ့နေ့ဆိုရင်လည်း မမှားပါဘူး။ အရေးကြီးဆုံးက ကိုယ်လိုချင်တာကို ၊ ကိုယ်ရည် ရွယ်ချက်အပြည့်ထားတဲ့နေရာကို အထိမိဆုံးနဲ့ အရောက်လှမ်းနိုင်ဖို့လိုတယ်ဆိုတာပါပဲ။

ဘာပဲဖြစ်ဖြစ်မြန်မာဟာ မြန်မာပီသစွာ နောက်တစ်ဆင့်ကို တက်ရောက်ဖို့အတွက်  သဲထိန့်ရင်ဖို့ ဇာတ်လမ်းတွေရေးလိုက်ရမှ ကျေနပ် ပီတိဖြစ်ရတဲ့ မြန်မာပါပဲ။ ဒီနေ့ကမ္ဘောဒီး ယားနဲ့ကစားမယ်။ ဖြစ်ချင်တော့ ဒီနေ့ဟာ မြန်မာအတွက်   အုပ်စုပွဲစဉ် နောက်ဆုံးပွဲ ဆင်နွဲ ရမယ့်နေ့ဖြစ်တယ်။

နားရက်တွေအရလည်း မြန်မာက ကမ္ဘောဒီးယားထက် နည်းတယ် ဆိုပေမယ့် ကြားမှာ     တစ်ရက် ပိုအနားရလိုက် တဲ့အတွက်ကြောင့် မြန်မာဟာ ကမ္ဘောဒီးယားလိုမျိုး အင်အားပြည့် လန်းဆန်းနေလိမ့်မယ်လို့ လည်း မျှော်လင့်မိတယ်။

ကမ္ဘောဒီးယားမှာက မြန်မာနဲ့ ကစားပြီးရင် နောက်ထပ် ပွဲကျန်တစ်ပွဲအဖြစ် မလေးရှား ပွဲကို နောက်ဆုံးပွဲအဖြစ် ကစားဖို့ကျန်တယ်။ ဖြစ်ချင်တော့ မလေးရှားက ဖိလစ်ပိုင်ကို မထင်မှတ်ပဲ ရှုံးနိမ့်သွားတာကြောင့် လက်ကျန်နှစ်ပွဲကို မရမကနဲ့ ညှစ်အားသုံးပြီး အနိုင်ရအောင်တိုက် ယူတော့မှာလေ၊ ဒီတော့ မလေးရှားနောက်ဆုံးပွဲက ကမ္ဘောဒီးယားနဲ့ဖြစ် နေတယ်။

ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ မြန်မာ-ကမ္ဘောဒီးယား၊ တီမော-မလေးရှားဆိုပြီး တစ်ချိန်တည်း ပြိုင်ပွဲ ၂ ပွဲ ကို ကစားကြ မှာဖြစ်တယ်။ မြန်မာ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ မလေးရှား ၄ သင်းပတ်လည်ဟာ ဘာပဲဖြစ်ဖြစ် အခုအနေအထားအရတော့ မျှော်လင့်ချက်အိပ်မက်တွေ ကိုယ်စီနဲ့ခရီးဆက်ရ မယ့်အချိန်မျိုးဖြစ် နေတယ်။

ဒါကြောင့် ဘာတွေဖြစ်လာနိုင်သလဲဆိုတာ စိတ်ဝင်စားစရာကောင်းတယ်။ အခုနှစ်ပြိုင်ပွဲမှာ ရမှတ်၊ ဂိုးကွာခြားချက်နဲ့ သွင်းဂိုးအနည်းအများအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်တွေက ရမှတ်တူနေရင် စဉ်းစားမယ့်အရာများ လို့ သိထားရပါတယ်။ ဒီတော့ ဂိုးများများသွင်းထားနိုင် စွမ်းရှိတဲ့ အသင်းက ရမှတ်တူလာတဲ့အခါမှာ အသာရစေဖို့ တစ်ပန်းသာပြန်တယ်။

လက်ရှိ အနေအထားအရ မြန်မာဟာ ဒီနေ့ပွဲမှာ ကမ္ဘောဒီးယားကို သရေကစားရုံနဲ့ နောက်တစ်ဆင့် အတွက် အဆင်ပြေနိုင်တယ်။ ( မြန်မာအနေနဲ့လည်း သရေကို မက်တွယ်နေလို့မရဘူး။ ဖြစ်နိုင်ရင် ဒီပွဲကိုအနိုင်ရအောင်တိုက်ထားနိုင်ပါမှ လိုချင်တာ ထိထိမိမိနဲ့ ရာနှုန်းပြည့်စိတ်ချရမယ်။ ) ဒါပေမယ့် ကမ္ဘောဒီးယားက မြန်မာကို သရေဆိုတာထက် အနိုင် ယူပြနိုင်မှ သူတို့သွားချင်တဲ့နေရာကို အဆင်ပြေပြေနဲ့သွားဖို့ လမ်းကြောင်းတည့်မယ်။ နောက် ဆုံးပွဲက မလေးရှားနဲ့ဆိုတော့ ပွဲကပိုပြီးတော့ကျပ်တယ်။

ကမ္ဘောဒီးယားဟာ ပွဲကျပ်နှစ်ပွဲကို ဘယ်လိုမျိုး ဖြတ်သန်းမလဲ။ မြန်မာကလည်း အမှားပါလို့ မရ ဘူး။ သေချာတာပဲလုပ်ရမှာဖြစ်နေတာကြောင့် လိုအပ်တဲ့နေရာကို အခက်အခဲမရှိသွားနိုင် မလား ဆိုတာ ကြည့်ရမယ်။ တိုက်စစ်အပြိုင်ဖွင့်ကြမယ့်နေ့မှာတော့ နောက်ခံလူတွေနဲ့ ဂိုးသမား တွေက အရေးအပါဆုံးဖြစ်လာပါပြီ။

Group A

Pos       Team                Pld       W         D          L          GF        GA        GD       Pts

1          Myanmar         3          2          1          0          6          3          +3        7          Semi-finals

2          Cambodia         2          1          1          0          6          1          +5        4

3          Philippines (H) 3          1          1          1          3          3          0          4

4          Malaysia           2          0          1          1          1          2          −1        1

5          Timor-Leste      2          0          0          2          1          8          −7        0

သေချာတာကတော့ ဒီနေ့ပွဲမှာ မြန်မာဟာ ကိုယ့်အလုပ်ကိုယ် အပိုင်နိုင်ဆုံးလုပ် သွားနိုင်ဖို့လိုအပ်တယ်။ လုပ်နိုင်ဖို့လည်း လိုတယ်။ ဒီနေ့မှာ ဖိလစ်ပိုင်က ပွဲကစားဖို့မရှိဘူး။ အနားရထားတယ်။ သူတို့တွေက ဒီနေ့ပွဲကို ကြည့်ပြီး အသာအယာနဲ့ နောက်တစ်ဆင့်ဆို တဲ့ နေရာကို လက်ဦးမှု ယူဖို့ဘေးက ထိုင်ကြည့်နေဦးမှာဖြစ်တယ်။ သူတို့တွေရဲ့ နောက်ဆုံးပွဲ က တီမောနဲ့ဖြစ်နေတယ်။ ဒီနေ့ပွဲမှာ တစ်ခုခု အကျမတော်ဖြစ်တာနဲ့ သူတို့ဟာ နေရာယူဖို့ အခွင့်အရေးကိုစောင့်နေမှာသေချာတယ်။

မြန်မာဟာ နောက်တစ်ဆင့်ကိုလွတ်လွတ်ကျွတ်ကျွတ်သွားဖို့ တောင် အတွေးများစွာအောက် မှာ ရုန်းကန်နေရတယ်။ သရေဆိုရင် အဖြေက တည့်နေတယ်ဆိုတာတောင် အဲ့ဒီတောင်ကို ကျော်ဖို့ ကမ္ဘောဒီးယားကို  ဒီနေ့မှာအနိုင်ယူကစားပြမှာက မြန်မာရယ်လို့ တည့်တည့်ကြီးကို ပြောဖို့ခက်နေကြသူ တွေ အများကြီးပဲ။

ကမ္ဘောဒီးယားကလည်း တိုးတက်မှုနှုန်း သိသာမြင့်တက်လာတဲ့အသင်းမျိုးဖြစ်တယ်။ ကစားအားရော၊ ကစားသမားအားရော တော်တော်လေးကိုကောင်းတယ်။ ဒီနေ့ပွဲမှာ ကျောနံပါတ် ၁၄ ဖြစ် တဲ့  Keo Sokpheng ဆိုရင် အလိမ်အလှည့်ရော၊ ဘောလုံးကို သယ်ထုတ်ပြီး ကစားဖော်တွေ ဂိုးရအောင် ဖန်တီးပေးတာတွေရော တော်တော်လေး ကိုကောင်းတယ်။ ကောင်းမှာပေါ့။ သူလည်း အသက်ကျော် ကစားသမားဖြစ်တယ်။ သူလည်းပဲ တိုက်စစ်သမား ဖြစ်သူ Bunheing ၂၇ နှစ်ရှိပြီ။

သူတို့နှစ်ယောက်ရုန်းအားနဲ့ ပြိုင်ဘက်တိုင်းကို ဖိအားပေး ကစားနေတာဖြစ်တယ်။  ပွဲတိုးဖူးတယ်။ အတွေ့အကြုံရှိတယ်။ ပြိုင်ပွဲတစ်ပွဲမှာ ရုန်းအားနဲ့တိုးတာတွေ၊ အားထည့်ကစား တာတွေ၊  အခွင့်အရေးစောင့်တာတွေ ကစားဖော်တွေအတွက် ဖန်တီးပေး မှုအလန်းဆုံးဖြစ် အောင် လုပ်ပေးနိုင်ကြတယ်။   ပြီးတော့ ၁၇ နှစ်သား ဖြစ်တဲ့ Chanthea  ဆိုရင် လူငယ်ခြေတက်ပီပီ အသင်းအတွက်အကောင်းဆုံး ရုန်းအားပေး ကစားနိုင်တယ်။

မြန်မာအတွက်တော့ ဒီကစားသမားတွေကို လျော့တွက်လို့မရသလို အဖွင့်ဂိုး စတင်ပြီး မပေး မိဖို့လိုတယ်ဆိုတာပါပဲ။ မြန်မာခံစစ်သမားတွေ အတွက်တော့ ဒီလိုမျိုး ကစားသမားတွေကို ထိန်းချုပ်ဖို့အတွက် လိုအပ်တာထက်ပိုပြီး သတိထားရမယ်။ သတိထားပါမှ အဆင်ပြေလိမ့် မယ်။

မြန်မာအတွက် ခံစစ်နဲ့ ဂိုးသမားအနေအထား၊ နားလည်မှုအပိုင်းနဲ့ အချိတ်အဆက် နိုင်စွမ်း တွေမှာ အားနည်းတယ်။ ဒါကို အခွင့်အရေးကောင်းကောင်းယူသွားနိုင်တာက ကမ္ဘောဒီးယား ပါ။ လုံးဝကို အဖွင့်ဂိုး စတင်မပေးမိဖို့လိုတယ်မြန်မာ။ အဲ့ဒီအချက်ကိုတော့ ကောင်းကောင်း သတိထားရမှာဖြစ်နေတယ်။

ကိုယ်တွေအတွက် အခုအချိန်ဟာ အတော်လေးကို အရေးကြီးပါတယ်။ တစ်ချက်ကလေးကို မှ မှားလို့မရဘူး။ ၂၀၁၉ နှစ်စ ဖေဖော်ဝါရီတုန်းက AFF U-22 အုပ်စုတွင်းပွဲစဉ်မှာ မြန်မာဟာ ကမ္ဘောဒီးယားကို ၂-၀ နဲ့ရှုံးထားခဲ့တာ နောက်ဆုံးဖြစ်တယ်။ ဒီတော့ လက်စားချေနိုင်ဖို့ကို ဦး စားပေးပါ၊ ဖြစ်နိုင်ချေတွေ ဆိုတာ ဘေးခဏ ချပြီး တိုက်ယူလို့ရမယ့် အောင်မြင်မှုကို မက်တွယ် စေချင်တယ်။

ကိုယ်တွေက စပြီးတော့ အမှားမပါစေနဲ့ပေါ့။ အရေးကြီးတာ အဲ့ဒါပါပဲ။ ကိုယ့်အခွင့်အရေးကို သူများလုယူသွားတာမျိုး မခံရပါစေနဲ့ ၊ ဖြစ်နိုင်ရင် ဒီနေ့ပွဲဟာ မြန်မာဟေ့ လို့ လက်သီး၊ လက်မောင်းတန်းပြီး အော်ဟစ်ကြုံးဝါးချင်မိတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာအတွက်တော့ ဒီနေ့ဟာ စိတ်ဓါတ်တွေအမြင့်ဆုံးရောက်နေပြီး နိုင်ငံတော်နဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးပေး ဆပ်ပြီး ကမ္ဘောဒီးယားကို အနိုင်တိုက်ဖို့ အသင့်ရှိနေပြီလို့ယုံကြည်မျှော်လင့်ပါတယ်။

အောင်မြင်မှုတွေနဲ့ အတူ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းနိုင်ပါစေ မြန်မာ…

 

Group A လက်ကျန်ပွဲစဉ်များ

2 December 2019           Malaysia            6:30      Timor-Leste      Rizal Memorial Stadium, Manila

2 December 2019           Myanmar          6:30      Cambodia         Biñan Football Stadium, Biñan

4 December 2019           Cambodia          2:30      Malaysia           Rizal Memorial Stadium, Manila

4 December 2019           Timor-Leste       2:30      Philippines       Biñan Football Stadium, Biñan

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။