အုပ္စုတြင္းရံႈးပြဲမရွိစံခ်ိန္နဲ႔ ဆီမီးဖိုင္နယ္တက္ေရာက္ခဲ့တဲ့ ျမန္မာ

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

ဒီေန႔ညေနပိုင္းမွေတာ့ ဆီးဂိမ္းေဘာလံုးျပိဳင္ပြဲ အမ်ိဳးသားပြဲစဥ္ အုပ္စု (က) ရဲ႕ ပြဲတစ္ပြဲျဖစ္တဲ့ ျမန္မာ နဲ႔ ကေမၻာဒီးယားတို႔ရဲ႕ ပြဲစဥ္ကို ကစားခဲ့ၾကပါတယ္။ ျမန္မာအသင္းကေတာ့ ၃ ပြဲကစားအျပီးမွာ ရမွတ္ ၇မွတ္ရရွိထားျပီး ဒီပြဲကို အနိမ့္ဆံုးသေရကစားရံုနဲ႔ ေနာက္တဆင့္ကို
တက္ေရာက္ႏုိင္မွာျဖစ္ျပီး ကေမၻာဒီးယားကေတာ့ ေနာက္ပြဲမွာ မေလးရွားနဲ႔ ကစားရမွာမို႔ ဒီပြဲကို အႏိုင္ကစားထားဖို႔ လိုအပ္ေနခဲ့ပါတယ္။

Premier League Matchweek 14 Chang Team of the Week | The John Dykes Show

ျမန္မာအသင္းကေတာ့ တိုက္စစ္မွဴးေတြကို ထည့္သြင္းအသံုးမျပဳခဲ့ဘဲ တိုက္စစ္အားသန္ကြင္းလယ္ကစားသမားေတြကိုသာ အသံုးျပဳခဲ့ပါတယ္။ ပိုေပါ့ဗ္ရဲ႕ နည္းဗ်ဴဟာပိုင္း ေျပာင္းလဲမႈတစ္ခုျဖစ္ျပီး ျမန္မာအသင္းတိုက္စစ္ပိုင္းက အနည္းငယ္ေတာ့ ရုန္းကန္ခဲ့ရပါတယ္။
ကေမၻာဒီးယားကို ျမန္မာကို သူတင္ကိုယ္တင္ကစားသြားခဲ့ျပီး အဖြင့္ဂိုးကိုလည္း ၂၂ မိနစ္မွာ ဆန္းဆက္ႏိုင္ရဲ႕ အမွားကေန သြင္းယူခဲ့ပါတယ္။

ဒါေပမယ့္ ျမန္မာအသင္းက ေခ်ပဂိုးရဖို႔ ခ်က္ခ်င္းအားထည့္ခဲ့ရာမွာ ၂၆ မိနစ္အေရာက္ လြင္မိုးေအာင္က ျမတ္ေကာင္းခန္႔ရဲ႕ ဖန္တီးေပးမႈကေန ညာေျခနဲ႔အပိုင္ပိတ္သြင္းကာ ေခ်ပဂိုးသြင္းေပးခဲ့ျပီး ပထမပိုင္းအျပီမးွာ တစ္ဖက္တစ္ဂိုးစီသေရပြဲျဖစ္ေနခဲ့ပါတယ္။ ဒုတိယပိုင္းကလည္းႏွစ္သင္းစလံုးဂိုးရဖို႔အတြက္ ေတာ္ေတာ္ေလးရုန္းကန္ခဲ့ရပါတယ္။ တစ္သင္းနဲ႔တစ္သင္း ထိန္းခ်ဳပ္ႏိုင္ခဲ့ၾကလို႔လည္း ဂိုးရဖို႔ ခက္ခဲခဲ့တာပါ။

ျမန္မာအသင္းက ဒုတိယပိုင္းမွာ ေအာင္ေကာင္းမာန္ကို ၀င္ေရာက္ေစခဲ့ျပီးေနာက္ ဂိုးရႏိုင္မယ့္ အခြင့္အေရးေတြ ပိုရလာခဲ့ပါတယ္။ ကေမၻာဒီးယားဂိုးသမားနဲ႔ ေနာက္တန္းကလည္း အေကာင္းဆံုးဟန္႔တားႏိုင္ခဲ့ပါတယ္။ ျမန္မာအသင္းခံစစ္ပိုင္းကလည္း ကေမၻာဒီးယားတိုက္စစ္ကိုေတာ္ေတာ္ေလးသတိထားေနခဲ့ရျပီး ဒုတိယပို္ငးကေတာ့ ဂိုးရဖိုေ၀းကြာေနခဲ့ၾကပါတယ္။

ပြဲျပီးခါနီးအထိ အၾကိတ္အနယ္ကစားခဲ့ၾကျပီး ၈၇ မိနစ္မွာေတာ့ ျမန္မာအသင္းအတြက္ ေအာင္ေကာင္းမာန္က အဖိုးတန္အႏိုင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ ဒီအတြက္ ျမန္မာအသင္းဟာ အုပ္စုပထမအျဖစ္နဲ႔ ဆီမီးဖိုင္နယ္ကို တက္ေရာက္သြားခဲ့ျပီျဖစ္ျပီး အုပ္စု (ခ)က အင္ဒိုနီးရွား (ို႔) ထိုင္းတို႔နဲ႔ ရင္ဆိုင္ရဖြယ္ရွိေနခဲ့ပါျပီ။

Unicode

ဒီနေ့ညနေပိုင်းမှတော့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အမျိုးသားပွဲစဉ် အုပ်စု (က) ရဲ့ ပွဲတစ်ပွဲဖြစ်တဲ့ မြန်မာ နဲ့ ကမ္ဘောဒီးယားတို့ရဲ့ ပွဲစဉ်ကို ကစားခဲ့ကြပါတယ်။ မြန်မာအသင်းကတော့ ၃ ပွဲကစားအပြီးမှာ ရမှတ် ရမှတ်ရရှိထားပြီး ဒီပွဲကို အနိမ့်ဆုံးသရေကစားရုံနဲ့ နောက်တဆင့်ကို
တက်ရောက်နိုင်မှာဖြစ်ပြီး ကမ္ဘောဒီးယားကတော့ နောက်ပွဲမှာ မလေးရှားနဲ့ ကစားရမှာမို့ ဒီပွဲကို အနိုင်ကစားထားဖို့ လိုအပ်နေခဲ့ပါတယ်။

မြန်မာအသင်းကတော့ တိုက်စစ်မှူးတွေကို ထည့်သွင်းအသုံးမပြုခဲ့ဘဲ တိုက်စစ်အားသန်ကွင်းလယ်ကစားသမားတွေကိုသာ အသုံးပြုခဲ့ပါတယ်။ ပိုပေါ့ဗ်ရဲ့ နည်းဗျူဟာပိုင်း ပြောင်းလဲမှုတစ်ခုဖြစ်ပြီး မြန်မာအသင်းတိုက်စစ်ပိုင်းက အနည်းငယ်တော့ ရုန်းကန်ခဲ့ရပါတယ်။
ကမ္ဘောဒီးယားကို မြန်မာကို သူတင်ကိုယ်တင်ကစားသွားခဲ့ပြီး အဖွင့်ဂိုးကိုလည်း ၂၂ မိနစ်မှာ ဆန်းဆက်နိုင်ရဲ့ အမှားကနေ သွင်းယူခဲ့ပါတယ်။

ဒါပေမယ့် မြန်မာအသင်းက ချေပဂိုးရဖို့ ချက်ချင်းအားထည့်ခဲ့ရာမှာ ၂၆ မိနစ်အရောက် လွင်မိုးအောင်က မြတ်ကောင်းခန့်ရဲ့ ဖန်တီးပေးမှုကနေ ညာခြေနဲ့အပိုင်ပိတ်သွင်းကာ ချေပဂိုးသွင်းပေးခဲ့ပြီး ပထမပိုင်းအပြီမှးာ တစ်ဖက်တစ်ဂိုးစီသရေပွဲဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်းကလည်းနှစ်သင်းစလုံးဂိုးရဖို့အတွက် တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။ တစ်သင်းနဲ့တစ်သင်း ထိန်းချုပ်နိုင်ခဲ့ကြလို့လည်း ဂိုးရဖို့ ခက်ခဲခဲ့တာပါ။

မြန်မာအသင်းက ဒုတိယပိုင်းမှာ အောင်ကောင်းမာန်ကို ဝင်ရောက်စေခဲ့ပြီးနောက် ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ပိုရလာခဲ့ပါတယ်။ ကမ္ဘောဒီးယားဂိုးသမားနဲ့ နောက်တန်းကလည်း အကောင်းဆုံးဟန့်တားနိုင်ခဲ့ပါတယ်။ မြန်မာအသင်းခံစစ်ပိုင်းကလည်း ကမ္ဘောဒီးယားတိုက်စစ်ကိုတော်တော်လေးသတိထားနေခဲ့ရပြီး ဒုတိယပို်ငးကတော့ ဂိုးရဖိုဝေးကွာနေခဲ့ကြပါတယ်။

ပွဲပြီးခါနီးအထိ အကြိတ်အနယ်ကစားခဲ့ကြပြီး ၈၇ မိနစ်မှာတော့ မြန်မာအသင်းအတွက် အောင်ကောင်းမာန်က အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီအတွက် မြန်မာအသင်းဟာ အုပ်စုပထမအဖြစ်နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပြီး အုပ်စု (ခ)က အင်ဒိုနီးရှား (ို့) ထိုင်းတို့နဲ့ ရင်ဆိုင်ရဖွယ်ရှိနေခဲ့ပါပြီ။

မွတ္ခ်က္မ်ား။