ဗိုလ္လုပြဲကို ျပိဳင္တူတက္လွမ္းျပီး ပရိသတ္ဆႏၵကို ျဖည့္ဆည္းေပးရဦးမယ့္ ျမန္မာအသင္းေတြ

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

ဆီးဂိမ္းေဘာလံုးျပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ျပိဳင္ေနတဲ့ ျမန္မာယူ၂၂ အသင္းနဲ႔ ျမန္မာအမ်ိဳးသမီးအသင္းတို႔ကေတာ့ ဆီမီးဖိုင္နယ္ကို အသီးသီးတက္ေရာက္သြားႏိုင္ခဲ့ပါျပီ။ မေန႔ကကစားခဲ့တဲ့ ပြဲေတြမွာ ျပိဳင္ဘက္ေတြကို ကိုယ္စီအႏိုင္ရရွိခဲ့ျပီး အုပ္စုပထမေနရာေတြနဲ႔ ဆီမီးဖိုင္နယ္ကို တက္ေရာက္သြားခဲ့တာပါ။ အမ်ိဳးသမီးအသင္းကေတာ့ ထိုင္းအသင္းနဲ႔ ရင္ဆိုင္ရမယ္လုိ႔ သိရပါတယ္။ ယူ-၂၂ အသင္းကေတာ့ အုပ္စုပြဲေတြမျပီးေသးတာေၾကာင့္ ဘယ္အသင္းနဲ႔ ကစားရမလဲဆိုတာကို ေသခ်ာမသိရေသးပါဘူး။ ဗီယက္နမ္၊ ထုိင္း၊ အင္ဒိုနီးရွားအသင္း ၃သင္းထဲက တစ္သင္းန႔ဲေတာ့ ကစားရမွာပါ။

Guardiola insists he wants no new players in January

ဘာပဲျဖစ္ျဖစ္ ျမန္မာအသင္းႏွစ္သင္းစလံုးက ရည္မွန္းခ်က္တစ္ခုစီကိုေတာ့ ေရာက္ရွိသြားခဲ့ပါျပီ။ အုပ္စုအဆင့္ကေန တက္ေရာက္ႏိုင္ဖို႔က ပထမဆံုးဦးစားေပးရည္ရြယ္ခ်က္ျပီး ဆီမီးဖိုင္နယ္ကေန ဗိုလ္လုပြဲ၊ အဲဒီကမွတဆင့္ ခ်န္ပီယံဆုဖလားဆိုျပီး တစ္ဆင့္ခ်င္းစီသြားရမွာလည္း ျဖစ္ပါတယ္။ အုပ္စုအဆင့္ကို လြန္ေျမာက္ႏိုင္ခဲ့တာက အတိုင္းအတာတစ္ခုထိ ခရီးေပါက္လာခဲ့တာပါပဲ။ ဆီမီးဖိုင္နယ္မွာ ဘယ္အသင္းန႔ဲပဲေတြ႔ေတြ႔ ေက်ာ္ျဖတ္ျပႏိုင္ဖို႔ကို အားထုတ္ရမွာပါ။ ဒီလိုေက်ာ္ျဖတ္ႏိုင္ဖို႔လည္း ကစားသမားေတြဘက္က ေတာ္ေတာ္ေလးစိတ္အားထက္သန္ေနမွာ ေသခ်ာပါတယ္။ ယူ-၂၂ အသင္းဆိုရင္ ဒီႏွစ္ျပိဳင္ပြဲမွာ ဆီမီးအဆင့္ကို ပထမဆံုးေရာက္ခဲ့တဲ့ အသင္းျဖစ္ခဲ့ပါတယ္။

ျမန္မာယူ-၂၂ အသင္းက ဆီးဂိမ္းမွာ ၃ၾကိမ္ဆက္တိုက္ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာပါ။ ဒါေပမယ့္ ျမန္မာအသင္းက အရင္ႏွစ္ၾကိမ္မွာေတာ့ ေရႊတံဆိပ္နဲ႔လြဲေခ်ာ္ခဲ့ရပါတယ္။ ဒီတစ္ၾကိမ္မွာလည္း ေရႊတံဆိပ္ဆုကို ဆြတ္ခူးႏိုင္ဖို႔ လက္တစ္ကမ္းအကြာကို ေရာက္လာပါျပီ။ ေရႊနဲ႔ ေ၀းကြာေနတာ ႏွစ္ေပါင္းမ်ားစြာၾကာျမင့္ေနျပီျဖစ္လို႔ ဒီအခ်ိန္မွာလည္း ေရႊအရယူႏိုင္မလားလို႔ ပရိသတ္ကလည္း အေမွ်ာ္လင့္ၾကီးေမွ်ာ္လင့္ေနပါျပီ။ အမ်ိဳးသမီးအသင္းကလည္း ဒီလိုပါပဲ။ ထိုင္းနဲ႔ ဗီယက္နမ္တို႔ကို ေက်ာ္ျဖတ္ႏိုင္ဖို႔ အားထုတ္ေနခဲ့တာက ၾကာပါျပီ။ ဒါေပမယ့္ ဗိုလ္လုပြဲအဆင့္နဲ႔သာ ေက်နပ္ခဲ့ရမႈေတြရွိေနျပီး သူတို႔အေပၚလည္း ပရိသတ္က ေမွ်ာ္လင့္ေနၾကပါတယ္။

ယူ-၂၂ အသင္းကေတာ့ အုပ္စုတြင္းမွာ ရံႈးပြဲမရွိဘဲ ရမွတ္ ၁၀ မွတ္နဲ႔ ဆီမီးအဆင့္ကို ထိုက္ထိုက္တန္တန္တက္ေရာက္ခဲ့တာပါ။ ေအာင္ေကာင္းမာန္က ဂိုးသြင္းေျခေတြ႔ေနျပီး ၃ဂိုးအထိ သြင္းယူေပးထားပါတယ္။ ျမတ္ေကာင္းခန္႔ကေတာ့ အသင္းရဲ႕ဂိုးအမ်ားစုကို ဖန္တီးေပးထားျပီး ယူ-၂၂ရဲ႕ အဓိကကစားသမားေတြထဲက တစ္ဦးအျဖစ္ရွိေနပါတယ္။ ပရိသတ္အၾကိဳက္ေတြ႔တဲ့ကစားသမားေတြဆိုရင္လည္း မမွားပါဘူး။ နည္းျပပိုေပါ့ဗ္ရဲ႕ ျပိဳင္ဘက္အသင္းအေပၚမူတည္ျပီး ကစားကြက္ကို လိုအပ္သလို ေျပာင္းလဲစီမံမႈကလည္း အလုပ္ျဖစ္ေနတာကို ေတြ႔ရပါတယ္။ ဆီမီးဖိုင္နယ္မွာလည္း ဘယ္အသင္းနဲ႔ေတြ႔ေတြ႔ အာရံုအျပည့္နဲ႔ကစားဖို႔ သူက အသင့္ရွိေနမွာပါ။

ျမန္မာအမ်ိဳးသမီးအသင္းကလည္း ထိုင္းကို အႏိုင္ကစားခ်င္ေနတယ္လို႔ သိရပါတယ္။ ပရိသတ္ေတြရဲ႕ ဆႏၵကိုျဖည့္ဆည္းေပးဖို႔အတြက္လည္း အေကာင္းဆံုးၾကိဳးစားသြားမယ္လုိ႔ ေျပာဆိုထားေၾကာင္း သိရပါတယ္။ ပရိသတ္ေတြကေတာ့ ဘယ္အသင္းနဲ႔ပဲေတြ႔ေတြ႔ အႏိုင္ကစားျပိး ေနာက္တဆင့္ကို တက္ေရာက္ေစခ်င္ခဲ့တာပါပဲ။ အခုဆိုရင္ ဆီမီးဖိုင္နယ္အထိ ေရာက္သြားပါျပီ။ ကစားသမားေတြကိုယ္တိုင္ရဲ႕ စိတ္ပိုင္းဆိုင္ရာျမင့္မားေနမႈေတြ၊ ပရိသတ္ေတြရဲ႕ အထင္ၾကီးေလးစားမႈေတြကို ခံယူေနရခ်ိန္ျဖစ္ေနလို႔လည္း ဘယ္အသင္းနဲ႔ပဲ ရင္ဆိုင္ရရင္ဆိုင္ရ အေကာင္းဆံုးကစားျပဖို႔ အသင့္ျဖစ္ေနၾကေတာ့မွာပါ။ ဘယ္အသင္းနဲ႔ပဲျဖစ္ျဖစ္ အႏိုင္ယူေက်ာ္ျဖတ္ၾကျပီး ဗိုလ္လုပြဲဆီအေရာက္ခ်ီေပးၾကဖို႔လည္း ေတာင္းဆိုပါရေစလား။

Unicode

ဆီးဂိမ်းဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာယူ၂၂ အသင်းနဲ့ မြန်မာအမျိုးသမီးအသင်းတို့ကတော့ ဆီမီးဖိုင်နယ်ကို အသီးသီးတက်ရောက်သွားနိုင်ခဲ့ပါပြီ။ မနေ့ကကစားခဲ့တဲ့ ပွဲတွေမှာ ပြိုင်ဘက်တွေကို ကိုယ်စီအနိုင်ရရှိခဲ့ပြီး အုပ်စုပထမနေရာတွေနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့တာပါ။ အမျိုးသမီးအသင်းကတော့ ထိုင်းအသင်းနဲ့ ရင်ဆိုင်ရမယ်လို့ သိရပါတယ်။ ယူ-၂၂ အသင်းကတော့ အုပ်စုပွဲတွေမပြီးသေးတာကြောင့် ဘယ်အသင်းနဲ့ ကစားရမလဲဆိုတာကို သေချာမသိရသေးပါဘူး။ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားအသင်း ၃သင်းထဲက တစ်သင်းနဲ့တော့ ကစားရမှာပါ။

ဘာပဲဖြစ်ဖြစ် မြန်မာအသင်းနှစ်သင်းစလုံးက ရည်မှန်းချက်တစ်ခုစီကိုတော့ ရောက်ရှိသွားခဲ့ပါပြီ။ အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ဖို့က ပထမဆုံးဦးစားပေးရည်ရွယ်ချက်ပြီး ဆီမီးဖိုင်နယ်ကနေ ဗိုလ်လုပွဲ၊ အဲဒီကမှတဆင့် ချန်ပီယံဆုဖလားဆိုပြီး တစ်ဆင့်ချင်းစီသွားရမှာလည်း ဖြစ်ပါတယ်။ အုပ်စုအဆင့်ကို လွန်မြောက်နိုင်ခဲ့တာက အတိုင်းအတာတစ်ခုထိ ခရီးပေါက်လာခဲ့တာပါပဲ။ ဆီမီးဖိုင်နယ်မှာ ဘယ်အသင်းနဲ့ပဲတွေ့တွေ့ ကျော်ဖြတ်ပြနိုင်ဖို့ကို အားထုတ်ရမှာပါ။ ဒီလိုကျော်ဖြတ်နိုင်ဖို့လည်း ကစားသမားတွေဘက်က တော်တော်လေးစိတ်အားထက်သန်နေမှာ သေချာပါတယ်။ ယူ-၂၂ အသင်းဆိုရင် ဒီနှစ်ပြိုင်ပွဲမှာ ဆီမီးအဆင့်ကို ပထမဆုံးရောက်ခဲ့တဲ့ အသင်းဖြစ်ခဲ့ပါတယ်။

မြန်မာယူ-၂၂ အသင်းက ဆီးဂိမ်းမှာ ၃ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ ဒါပေမယ့် မြန်မာအသင်းက အရင်နှစ်ကြိမ်မှာတော့ ရွှေတံဆိပ်နဲ့လွဲချော်ခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာလည်း ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ဖို့ လက်တစ်ကမ်းအကွာကို ရောက်လာပါပြီ။ ရွှေနဲ့ ဝေးကွာနေတာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်လို့ ဒီအချိန်မှာလည်း ရွှေအရယူနိုင်မလားလို့ ပရိသတ်ကလည်း အမျှော်လင့်ကြီးမျှော်လင့်နေပါပြီ။ အမျိုးသမီးအသင်းကလည်း ဒီလိုပါပဲ။ ထိုင်းနဲ့ ဗီယက်နမ်တို့ကို ကျော်ဖြတ်နိုင်ဖို့ အားထုတ်နေခဲ့တာက ကြာပါပြီ။ ဒါပေမယ့် ဗိုလ်လုပွဲအဆင့်နဲ့သာ ကျေနပ်ခဲ့ရမှုတွေရှိနေပြီး သူတို့အပေါ်လည်း ပရိသတ်က မျှော်လင့်နေကြပါတယ်။

ယူ-၂၂ အသင်းကတော့ အုပ်စုတွင်းမှာ ရှုံးပွဲမရှိဘဲ ရမှတ် ၁၀ မှတ်နဲ့ ဆီမီးအဆင့်ကို ထိုက်ထိုက်တန်တန်တက်ရောက်ခဲ့တာပါ။ အောင်ကောင်းမာန်က ဂိုးသွင်းခြေတွေ့နေပြီး ၃ဂိုးအထိ သွင်းယူပေးထားပါတယ်။ မြတ်ကောင်းခန့်ကတော့ အသင်းရဲ့ဂိုးအများစုကို ဖန်တီးပေးထားပြီး ယူ-၂၂ရဲ့ အဓိကကစားသမားတွေထဲက တစ်ဦးအဖြစ်ရှိနေပါတယ်။ ပရိသတ်အကြိုက်တွေ့တဲ့ကစားသမားတွေဆိုရင်လည်း မမှားပါဘူး။ နည်းပြပိုပေါ့ဗ်ရဲ့ ပြိုင်ဘက်အသင်းအပေါ်မူတည်ပြီး ကစားကွက်ကို လိုအပ်သလို ပြောင်းလဲစီမံမှုကလည်း အလုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ ဆီမီးဖိုင်နယ်မှာလည်း ဘယ်အသင်းနဲ့တွေ့တွေ့ အာရုံအပြည့်နဲ့ကစားဖို့ သူက အသင့်ရှိနေမှာပါ။

မြန်မာအမျိုးသမီးအသင်းကလည်း ထိုင်းကို အနိုင်ကစားချင်နေတယ်လို့ သိရပါတယ်။ ပရိသတ်တွေရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက်လည်း အကောင်းဆုံးကြိုးစားသွားမယ်လို့ ပြောဆိုထားကြောင်း သိရပါတယ်။ ပရိသတ်တွေကတော့ ဘယ်အသင်းနဲ့ပဲတွေ့တွေ့ အနိုင်ကစားပြိး နောက်တဆင့်ကို တက်ရောက်စေချင်ခဲ့တာပါပဲ။ အခုဆိုရင် ဆီမီးဖိုင်နယ်အထိ ရောက်သွားပါပြီ။ ကစားသမားတွေကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာမြင့်မားနေမှုတွေ၊ ပရိသတ်တွေရဲ့ အထင်ကြီးလေးစားမှုတွေကို ခံယူနေရချိန်ဖြစ်နေလို့လည်း ဘယ်အသင်းနဲ့ပဲ ရင်ဆိုင်ရရင်ဆိုင်ရ အကောင်းဆုံးကစားပြဖို့ အသင့်ဖြစ်နေကြတော့မှာပါ။ ဘယ်အသင်းနဲ့ပဲဖြစ်ဖြစ် အနိုင်ယူကျော်ဖြတ်ကြပြီး ဗိုလ်လုပွဲဆီအရောက်ချီပေးကြဖို့လည်း တောင်းဆိုပါရစေလား။

မွတ္ခ်က္မ်ား။