ဆီမီးဖိုင်နယ်ရောက် မြန်မာ ၂ သင်းနဲ့ တစ်ဖက် အုပ်စု အခြေအနေ …

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

ဘာပဲဖြစ်ဖြစ် အခုအချိန်အထိတော့ မင်္ဂလာရှိနေတုန်းပဲ၊ ဒါတောင် သဲထိန့်ရင်ဖို့ နော်၊ ပျော်လည်းပျော်ရပါတယ်။ ဟုတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ ဘောလုံးအသင်း ၂ သင်း စလုံး နောက်တစ်ဆင့်တက်သွားတဲ့အတွက် ကျေနပ်စရာတွေ၊ ပျော်ရွှင်စရာအပြည့်နဲ့  မကျေ နပ်တစ်ဝက်၊ ကျေနပ်တစ်ဝက်နဲ့ မြန်မာဟေ့လို့တော့  အော်လိုက်ဟစ်လိုက်ကြပြန်တယ်။

ရှေ့မှာတော့ တိုက်ပွဲတွေ ကိုယ်စီနဲ့ ဆက်တိုက်ရမယ့် ပွဲတွေကျန်နေသေးတယ်။ အခုက တစ်ဖြတ်လောက် အုပ်စုတွင်းပွဲစဉ်တွေအပြီးဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် အရှုပ်ထဲမှာ ရှင်းအောင်နေလိုက်ရတဲ့ အရသာဟာ ဘာနဲ့မှမလဲနိုင်ဘူး။ အမှားမကင်းတဲ့ သတ်ပုံမှားတဲ့ ည တွေ မြန်မာနှစ်သင်းစလုံးမှာရှိခဲ့တယ်။

ဒါပေမယ့် နှစ်သင်းစလုံးအမှားတွေကိုယ်စီ ပြင်ဆင်ပြီး မြန်မာ အလံလွှင့်၊ မာန်ကိုရအောင်ဝင့်နိုင်ခဲ့တဲ့ အတွက် ဘာပဲပြောပြော နောက်တစ်ဆင့်ကို တော့ အသီးသီးတက်ရောက်သွားကြပါပြီ၊ အုပ်စုဗိုလ်အဖြစ်နဲ့ အမျိုးသားရော၊ အမျိုးသမီးပါ၊ နောက်တစ်ဆင့်တက်သွားနိုင်ခဲ့ကြတာကြောင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF ကနေပြီး ပြောထားတဲ့အတိုင်း ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ယူခဲ့ကြတယ်။

ဟုတ်ပါတယ်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF ဟာ အခုအချိန်မှာ ဆီမီးဖိုင်နယ် အဆင့်ကို အုပ်စုဗိုလ်အဖြစ်တက်ရောက်သွားကြတဲ့ ဘောလုံးအသင်း ၂ သင်းစလုံးကို ထိုက်တန်တဲ့ ဂုဏ် ပြုဆုကြေးချီးမြှင့်ပေးသွားခဲ့တယ်။ မြန်မာအမျိုးသားယူ-၂၂ အသင်းကို မြန်မာကျပ်ငွေ သိန်း ၅၀၀ ၊ အမျိုးသမီးအသင်းကို မြန်မာကျပ်ငွေ သိန်း ၂၀၀ တိတိ ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဆုကြေး  ချီးမြှင့်မှုတွေကိုတော့  MFF နာယက ဦးအောင်ကိုဝင်းက ကျပ်သိန်း ၃၅၀ ၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျပ်သိန်း ၃၅၀ ချီးမြှင့်ခဲ့ခြင်း ဖြစ်တယ်လို့သိရပါတယ်။ မင်္ဂလာရှိပါတယ်။ ပြိုင်ပွဲ မစတင်ခင်မှာ ကစားသမားတွေရဲ့ စိတ်ဓါတ် တက်ကြွစေဖို့ အတွက် ပြောထားခဲ့တဲ့ အတိုင်း အခုအခါ အုပ်စု ပထမကိုယ်စီနဲ့နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်လိုက်တာကြောင့် အခုလိုမျိုး ဂုဏ်ပြုခဲ့တာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ပန်းတိုင်ကိုတော့မရောက်သေးပေမယ့် လမ်းခုလတ် ကို ရောက်နေတဲ့ မြန်မာ နှစ်သင်းစလုံးအတွက် အမှားတွေ ပိုလို့မရဘူး။ ပိုပြီးတော့လမ်းတွေကြမ်းတမ်းလာကြပါပြီ၊ ဖလား အနား လက်တစ်ကမ်းအကွာကို ရောက်လာကြတဲ့အသင်းတွေအတွက်တော့ အနားရတဲ့ အချိန်မှာ အကောင်းစား နား၊ အကောင်းစားလေ့ကျင့်ပြီးတော့ နောက်လာမယ့်ပွဲ တွေကို တိုက်ဖို့ သေချာပြင်ဆင်ရမယ်။

အားနည်းနေတာတွေကို ဖာထေးပြုပြင်ရမယ်။ ကောင်းတာတွေ ပိုကောင်းအောင်လို့ ထပ်မံအားစိုက်ထုတ်ရမယ်။ မြန်မာအမျိုးသားယူ-၂၂ အသင်းက ဆီမီးဖိုင်နယ်ကို ကစားဖို့ရက် က ဒီဇင်ဘာ ၇ ရက်နေ့မှာဖြစ်တယ်။ ဒီတော့ နားရက် ၅ ရက် နီးပါးရထားတယ်။

အမျိုးသမီးအသင်းကတော့ ဆီမီးဖိုင်နယ်ကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထိုင်းအမျိုးသမီးအသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်တယ်။ ကိုယ်တွေအသင်းက နားရက် ၃ ရက်ခွဲ ကျော်လောက်ကို ရထားတယ်။ ဘာပဲဖြစ်ဖြစ် အသင်းတစ်သင်းအတွက်တော့ လုံလောက်တဲ့ နားရက် အပြည့်အ၀မဟုတ်ပေမယ့်လည်း အဆင်ပြေတယ်။

ပြိုင်ပွဲတွေက ရက်တွေလိုသေးတယ်။ စိတ်အေးလက်အေးနဲ့ ဖိအားကင်းအောင် တော့လတ်တလော နားနိုင် တယ်ဆိုပေမယ့် ဆီးမီးဖိုင်နယ် ကစားရမယ့်ရက်တွေပြန် စလို့ ဖိုင်နယ်အထိ ရောက်အောင် ခရီးဆက်ရမယ့်လမ်းတွေက မြန်မာအတွက် အသားကုန် ကြမ်းတယ်။

ဘယ်အသင်းတွေနဲ့ဆုံမယ်ဆိုတာ အမျိုး သမီးအသင်းက တော့သိနေနှင့်ပြီ၊ အမျိုးသားအသင်းမှာတော့ မသိသေးဘူး။ ဘာကြောင့်လဲ ဆိုတော့ အုပ်စု(ခ)မှာ ပွဲစဉ်တွေက ယှဉ်ပြိုင်နေရတုန်းမို့လို့ပါပဲ၊ ဒီနေ့မှာ အုပ်စု(ခ) ပွဲစဉ်တွေ ၃ ပွဲ ကစားကြလိမ့်မယ်။  ဒါဆိုရင်တော့ အဖြေကပေါ်သင့်သလောက် အဖြေထွက်ပြီ၊ ဒီနေ့ အဆိုပါ ပွဲစဉ်တွေကို ကြည့်ရမယ်။

အုပ်စု(ခ)မှာ လာအို-ထိုင်း၊ အင်ဒိုနီးရှား-ဘရူနိုင်း၊ စင်ကာပူ-ဗီယက်နမ် စတဲ့ပွဲတွေကျန်နေသေး တယ်။ ဒီတော့ အဆိုပါပွဲတွေပြီးရင် အဖြေတစ်ခု ထွက်မယ်။ အတိအကျမဟုတ်ပေမယ့်လည်း  အတန်အသင့်တော့ အစောပိုင်းတုန်းက မြင်ထားတဲ့အတိုင်း ပြောဖြစ်ကြမယ်ထင်တယ်။

အားလုံးကတော့ ဗီယက်နမ်နဲ့ ထိုင်း တစ်သင်းသင်းနဲ့တွေ့မယ်လို့ပြောတယ်၊ အခုလောလော ဆယ်မှာ တစ်ဖက်အုပ်စုဗိုလ်က ဗီယက်နမ်ပါ၊ ၃ ပွဲကစားပြီးအရှုံးမရှိထားဘူး။ ၉ မှတ်ရထား တယ်။ အုပ်စု ဒုတိယဖြစ်နေတဲ့ ထိုင်းက ၃ ပွဲကစားပြီး ၆ မှတ် ၊ ၁ ပွဲရှုံးထားတယ်။ အင်ဒိုနီးရှားနဲ့ အတူတူပါပဲ။ ထိုင်းက အင်ဒိုနီးရှားကို ၂-၀ နဲ့ရှုံးထားတယ်။ အင်ဒိုနီးရှားက ဗီယက်နမ်ကို ၂-၁ နဲ့ရှုံးထားတယ်။  ဒီတော့ ဒီနေ့ကစားမယ့်အနေအထားက မြန်မာနဲ့ ဘယ်အသင်းတွေ့မလဲ ဆိုတာ အဖြေပေါ်မယ့် အနေအထားတစ်ခု မြင်နိုင်မလားပဲ။

ပြီးတော့ ကိုယ်တွေ အုပ်စုမှာပါနေတဲ့ အသင်းတွေကိုကြည့်တော့ လက်ကျန်တစ်နေရာစာ အတွက် မြန်မာနောက်ကလိုက်မယ့်အသင်းတွေက ကမ္ဘောဒီးယားလား၊ မလေးရှားလား၊  နောက်ဆုံးပွဲမှာ ဒီနှစ်သင်းလာဆုံနေတယ်။ ဒီဇင်ဘာ ၄ ရက်နေ့ကစားမှာလေ၊ တစ်ကယ်လို့ များ မလေးရှားနဲ့ကမ္ဘောဒီးယား သရေကျ၊ တစ်ဖက်မှာ တီမောကို ဖိလစ်ပိုင်က အနိုင်ရခဲ့မယ် ဆိုရင် ဖိလစ်ပိုင် အတွက် နောက်တစ်ဆင့်သွားဖို့အတွက် တစ်နေရာစာ အဆင်ပြေသွားမယ်။ အခုအနေအထားကလည်း ဘာမဆိုဖြစ်သွားနိုင်တဲ့ အချိန်ဖြစ်နေတာကြောင့် စိတ်ဝင်စားဖို့ ကောင်းနေပြန်ပါတယ်။

မြန်မာအတွက်တော့ ဘာပဲဖြစ်ဖြစ် ဘယ်အသင်းပဲလာလာ၊ တွေ့ရတော့မှာဖြစ်နေတာကြောင့် နားရမယ့်အချိန်မှာနား၊ ကစားရမယ့်အချိန်မှာကစားရဖို့အတွက် အားမွေးနေရမယ့် ကာလ ဖြစ်နေတယ်။ ဒီတော့ မြန်မာနဲ့တွေ့မှာက ဘယ်အသင်းဖြစ်ဖြစ် အသေချာဆုံးကတော့ ကိုယ် လုပ်စရာရှိတာကို အပိုင်နိုင်ဆုံးလုပ်ထားဖို့ပါပဲ၊ မနေ့တုန်းက ကမ္ဘောဒီးယားကိုနိုင်လို့ မြန်မာ ဟာ စင်ပေါ်ရောက်သွားပြီး သူများတွေ ဘယ်လိုမျိုး အုပ်စုတွင်းကိုကျော်ဖြတ်နေရသလဲ ဆိုတာ ထိုင်ကြည့်နေရုံလေးဖြစ်သွားတယ်။

မတော်တဆများ သရေသာကျလိုက်လို့ကတော့ လိပ်ခဲတည်းလဲဖြစ်နေမယ့် သူများမျက်နှာ ကြည့်နေရမယ့် နောက်ဆုံးပွဲစဉ်အဖြေကို နားစွင့်နေရတာမျိုးဖြစ်နေဦးမှာပါ၊ ဒါကြောင့် ကမ္ဘော ဒီးယားကို မြန်မာနိုင်လိုက်တာ လုံးဝ ရှယ်လန်းဖြစ်သွားတော့ပါပဲ။ လိုချင်တာလည်း အဲ့ဒီလို အနေအထားပါ။

နောက်တစ်ဆင့်မှာတော့အမျိုးသမီးက ထိုင်းနဲ့တွေ့မယ်။ ဖိလစ်ပိုင်နဲ့ ရမှတ်တူ၊ ဂိုးကွာခြား ချက်တွေက အစတူနေလို့ Fair Play နဲ့ အဆုံးအဖြတ်ခံယူတော့ မြန်မာက အသာရလိုက်ပြန် တာကြောင့် အုပ်စုဗိုလ်ဖြစ်ခွင့်ရသွားတယ်။ ဒီတော့ ထိုင်းနဲ့ဆုံတဲ့အခါ အကောင်းဆုံး ဖြစ်အောင် ရလဒ် ကောင်းတွေ ထုတ်ယူဖို့လိုတယ်။ လုပ်နိုင်မယ်လို့လည်းမျှော်တယ်။ ထိုင်းနဲ့ ကစားမယ့်ပွဲမှာ အိမ်ရှင် ဖိလစ်ပိုင်ကို ရင်ဆိုင်သလို ခြေစွမ်းမျိုး မဖြစ်ဖို့တော့လိုလိမ့်မယ်။ ထိုင်း ကလည်း အသင်းကောင်းဆိုတော့ မြန်မာအတွက် အကြိတ်အနယ်ဆိုတာထက် ပိုခက်ခဲစွာက စားရဖို့ရှိနေလိမ့်မယ်။

အမျိုးသားတွေကတော့ အထက်မှာပြောခဲ့သလို ဒီနေ့ကစားမယ့်ပွဲအပေါ် တစ်ချက်ကြည့်ရ မယ်။ ဒီနေ့ပွဲမှာ ထင်ထားသလိုမျိုး ထိုင်း၊ အင်ဒို၊ ဗီယက်နမ် ၃ သင်းစလုံးနိုင်နေဦးမယ်ဆိုရင် တော့ သေချာပါတယ်။ အဲ့ဒီ အုပ်စုမှာ ဗီယက်နမ်နောက်လိုက်မယ့် အသင်းအဖြစ် ထိုင်းနဲ့ အင် ဒိုနီးရှား အကြိတ်အနယ် အဖြစ်နောက်ဆုံးပွဲအထိ တစ်နေရာစာကို လုယူကြရပြီ လည်းဖြစ်တယ်။

နောက်ဆုံးပွဲက ထိုင်းနဲ့ဗီယက်နမ်တွေ့မယ်။ အင်ဒိုနီးရှားက လာအိုနဲ့ ကစားရမယ်။ ထိုင်း အနေနဲ့ ဗီယက်နမ်ကို သရေကျလို့မရဘူး။ အနိုင်ကန်နိုင်မှသာ နောက်တစ်ဆင့်ကို အဆင်ပြေ ပြေနဲ့လိုချင်တာကို  အရယူနိုင်မှာပါ။ ဂိုးကွာခြားချက်မှာ အင်ဒိုနီးရှားထက် ထိုင်းက သာနေပါ တယ်။ ရမှတ်တွေနောက်ဆုံးအချိန်အထိဆက်တူနေရင် ဂိုးကွာခြားချက်က အသက်လိုဖြစ်လာ နိုင်သေးလို့ပါပဲ။

ဒီတော့ သူများတွေ တစ်နေရာစာ အတွက် နေရာလုနေရချိန်မှာ နားရက် ၊ အားလပ်ရက် ပိုရ ထားတဲ့ မြန်မာအဖို့တော့ ပွဲပန်းပြီး တက်လာမယ့် အသင်းတွေထဲက ပြိုင်ဘက်ကို စောင့်ကြည့် ပြီး လိုချင်တဲ့နေရာကို တက်လှမ်းဖို့ အသင့်ပြင်ဆင်ပြီးဖြစ်နေမှာဖြစ်လို့ ဆီမီးဖိုင်နယ်ကစား မယ့် ရက်ကို မျှော်ရင်း ခဏ နားကြဦးစို့….။

 

Group A လက်ကျန်ပွဲစဉ်များ

4 December 2019           Cambodia          2:30      Malaysia           Rizal Memorial Stadium, Manila

4 December 2019           Timor-Leste       2:30      Philippines       Biñan Football Stadium, Biñan

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။