မြန်မာက နိုင်ပွဲရဖို့နဲ့ အုပ်စုဗိုလ်ဖြစ်ဖို့ ထိုက်တန်တယ်ဆိုတဲ့ ပိုပေါ့ဗ်
Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games
ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Unicode
မြန်မာယူ-၂၂ အသင်းရဲ့ နည်းပြချုပ်ပိုပေါ့ဗ်က သူ့အသင်းဟာ ဆီးဂိမ်းပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိဖို့အတွက် ထိုက်တန်ခဲ့တယ်လို့ ကမ္ဘောဒီးယားနဲ့ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ မြန်မာအသင်းဟာ ကမ္ဘောဒီးယားကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စုဗိုလ်အဖြစ်နဲ့
ဆီမီးဖိုင်နယ်ကို တက်ရောက်နို်င်ခဲ့တာလည်း ဖြစ်ပါတယ်။
The History of Old Rivals – Borussia Monchengladbach vs Bayern Munich
မြန်မာအသင်းအနေနဲ့ ကမ္ဘောဒီးယားကို ခက်ခက်ခဲခဲကစားခဲ့ရပြီး လူစားဝင်လာခဲ့တဲ့ တိုက်စစ်မှူးအောင်ကောင်းမာန်ရဲ့ သွင်းဂိုးကြောင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းက အုပ်စုတွင်းမှာ လေးပွဲကစားခဲ့ပြီး ၃ပွဲအနိုင်ရရှိခဲ့ကာ တစ်ပွဲသရေကျခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမယ့်အသင်းကိုတေ့ာ ဒီီဇင်ဘာလ ၅ ရက်နေ့မှ အတိအကျသိရှိရမှာလည်းဖြစ်ပါတယ်။
“ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်၊ အရမ်းခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့တာပါ၊ ဘာလို့လဲဆိုတော့ ကမ္ဘောဒီးယားက အသင်းကောင်းတစ်သင်းပါ၊ ကျွန်တော့်အသင်းက နိုင်ပွဲရဖို့အတွက် ထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ပြီးတော့ အုပ်စုထိပ်ဆုံးနေရာရဖို့အတွက်လည်း
ထိုက်တန်ပါတယ်” လို့ နည်းပြပိုပေါ့ဗ်က ပြောဆိုသွားခဲ့ပါတယ်။
မြန်မာယူ-၂၂ အသင်းနဲ့ ဆီးဂိမ်းမှာ ၃ နှစ်ဆက်တိုက် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နို်င်ခဲ့တာဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲမှာတော့ ရွှေတံဆိပ်ဆုရယူနိုင်ဖို့အထိပါ မျှော်လင့်နေနိုင်ပြီဖြစ်ပါတယ်။ နည်းပြပိုပေါ့ဗ်ရဲ့ ဦးဆောင်မှုနဲ့အတူ မြန်မာအသင်းက ရှုံးပွဲမရှိသေးပဲ အနိုင်ရလဒ်တွေကို ရယူနိုင်ဖို့ အားကုန်ထုတ်ကြိုးပမ်းနေခဲ့နိုင်တာလည်း ဖြစ်ပါတယ်။
မွတ္ခ်က္မ်ား။