မနက်ဖြန် ထိုင်းနဲ့ ရင်ဆိုင်ဖို့ မြန်မာအမျိုးသမီးအသင်း အသင့်ဖြစ်ပြီလား …

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

မြန်မာအမျိုးသမီးအသင်းအတွက် တိုက်ပွဲက အခုမှ စပြီဖြစ်ပါတယ်….၊ ဟုတ်ပါတယ်။

မနက်ဖြန် မှာ မြန်မာနဲ့ထိုင်း ဆီးမီးဖိုင်နယ်ကစားကြမယ်။ ဘာပဲဖြစ်ဖြစ် အနေအထားအရ တော့ မြန်မာအတွက် ပွဲကျပ်တယ်။ ဒီပွဲကျပ်ကို ကျော်လွန်ဖို့အတွက်  မြန်မာအသင်း အသင့် ဖြစ်နေပြီလား။

အထူးသဖြင့် ကိုယ်တွေ အားနည်းချက်ဖြစ်တဲ့ အဆုံးသပ်အပိုင်း မသေသပ်မှုကို သေချာပြင် ဆင်ရင်း အထိရောက်ဆုံးအသုံးချဖို့ အသင့်ဖြစ်နေစေချင်မိတယ်။

မနက်ဖြန် ညနေ မြန်မာစံတော်ချိန် ၆ နာရီခွဲမှာ မြန်မာဟာ ထိုင်းကို အလဲထိုးပြီး ဖိုင်နယ် ကို တက်ရောက်ဖို့အတွက် အခွင့်အရေးရှိနေမှာလား။

ကိုယ်တွေ နောက်ဆုံး ထိုင်းနဲ့ ဆုံတွေ့ထားတာက 25 August 2019 တုန်းက AFF Women’s Championship Semi-finals မှာဖြစ်တယ်။ အဲ့ဒီတုန်းက မြန်မာဟာ ထိုင်းကို ၃-၁ နဲ့ ရှုံးထား တယ်။ ဆီးဂိမ်းမှာဆိုရ

င်တော့ ၂၀၁၇ အုပ်စုတွင်းမှာ ထိုင်းကို ၂-၁ နဲ့ ရှုံးထားခဲ့တာဖြစ်တယ်။ ဒီတော့ အဲ့ဒီအရှုံးကို လက်စားချေနိုင်မလား။

တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို ထိုင်းကိုလည်း အနိုင်ယူ၊ နောက်တစ်ဆင့် ဖိုင်နယ်ကိုလည်း တက်လှမ်းပြီး ဆုဖလားနဲ့ လက်တစ်ကမ်းအကွာအထိ ရှေ့ဆက်တိုးနိုင်မလားဆိုတာကြည့်ရပါ တော့မယ်။ ပြင်ဆင်ပေးထားသလောက်ထက်ပိုတဲ့အနေအထားကိုကျော်လွန်နိုင်မလားဆိုတာ မနက်ဖြန်မှာ အကဲခတ်ရပါလိမ့်မယ်။ အများပြောသလို ကလန်ဒါကျ ဒုံရင်းကို ကျော်လွန်ဖို့ရှိနေမလား။

ကလန်ဒါကျ ဒုံရင်းဆိုတာ မြန်မာအမျိုးသမီးအသင်းဟာ ချန်ပီယံဆုမဟုတ်တဲ့ ဆုတစ်ခုချိတ်မယ်။ ပြီးရင် ပြန်လာမယ်။ ဒါနဲ့ဆီးဂိမ်းပြိုင်ပွဲတော်တော်များ များမှာကျေနပ်နေခဲ့ရ တယ်ဆိုတာမျိုးကိုဆိုလို တာပါ။ ဒီတော့ အပြောတွေအောက်က လွတ်ဖို့ မြန်မာ အမျိုးသမီးအသင်း ရုန်းရပါတော့မယ်။

အမှန်ပြောရမယ်ဆိုရင် မြန်မာအမျိုးသမီးခြေစွမ်းဟာ ထင်သလိုမဟုတ်တော့ဘူး။ ကျွန်တော် တို့ အသင်းမှာ ကစားသမားတွေ အားလုံး ရုန်းကန်ကြိုးစားကြပေမယ့် ပြိုင်ဘက်တွေ ကြားထဲ မှာ ရုန်းကန်နေရတုန်းပါပဲ။ အုပ်စုတွင်းအနေအထားက ခြေစွမ်းမျိုးထက် သာလွန် ကောင်းမွန် အောင်လို့ ထိုင်းနဲ့ပွဲမှာ လုပ်နိုင်ဖို့လိုတယ်။

အထူးသဖြင့် ထပ်ပြောဖြစ်တာက မြန်မာအသင်းရဲ့ကစားသမားတွေ အနေနဲ့ ဂိုးသွင်း သေချာအောင်လုပ်ယူရမယ့် အပိုင်းပါပဲ၊ အဲ့ဒီအချက် ကို ထိုင်းနဲ့ပွဲမှာ အထိမိဆုံး အသုံးချစေ ချင်တယ်။ ကိုယ်တွေမှာ လိုအပ် ချက်တွေရှိတယ်။ အဲ့ဒီအထဲမှာ ဂိုးသွင်းမသေ သပ်တာ လည်းပါတယ်။

ထိုင်းဟာ မြန်မာနဲ့မကြာခဏဆုံလေ့ရှိတဲ့ ဗီယက်နမ်လိုမျိုး အသင်းဖြစ်တယ်။ အရှေ့တောင် အာရှပြိုင်ပွဲတွေမှာ ဒီ အသင်း ၃ သင်း သာ ပတ်လည် ရိုက်ပြီး ဆုဖလားကို သိမ်းပိုက် နေခဲ့တာဖြစ်တယ်။ အခုတော့ မြန်မာအသင်း အနေနဲ့ ၂၀၁၇ တုန်းကလိုမျိုး တတိယ ဆုချိတ်တဲ့အဆင့် ကိုကျော်လွန်အောင်လုပ်နိုင်မလား။

Third place ကိုကျော်လွန်ပြီး မြန်မာဟာ ဖိုင်နယ်တက်ခွင့်ရအောင် လုပ်ယူနိုင်မလားဆိုတာ ကြည့်ရမှာဖြစ်နေတယ်။ မြန်မာ ရဲ့အနေအထားက အခုအချိန်မှာ ပြိုင်ဘက်ကောင်းနဲ့ တည့်တည့်လာတွေ့ရမယ့်အချိန်၊ ခြေစွမ်းနဲ့ပြင်ဆင်မှုကို အကဲ ဖြတ်ရမယ့်  အချိန်ဖြစ် တယ်ဆိုတာပါပဲ။

မြန်မာအမျိုးသမီးအသင်း အနေနဲ့ ထိုင်းနဲ့ဆုံတွေ့မှုဟာ အရှေ့တောင် အာရှပြိုင်ပွဲတော်တော် များများမှာ ဆုံနေကြဖြစ်တယ်။ ကစားသမားတွေလည်း တစ်ယောက်အထာတစ်ယောက်သိ နေကြသလို၊ အသင်းလိုက်စွမ်းဆောင်မှုတွေကလည်း သိနားလည်နေကြတာကြောင့် မနက် ဖြန်တွေ့မယ် ပွဲစဉ်ဟာ ခါတိုင်းထက်ပိုထူးခြားမလားဆိုတာကြည့်ရမယ်။

အထူးသဖြင့်မြန်မာအသင်းပါပဲ။ ဒီလူတွေ၊ ဒီအခင်းအကျင်းတွေအပြင် ကစားသမားအသစ် တွေနဲ့ ပြင်ဆင်ဖွဲ့စည်းထားတာမျိုးရှိပေမယ့် ကစားအား အကောင်းစား၊ ကစားသမားတွေ အချင်းချင်း စုဖွဲ့မှုအပိုင်းမှာ ထိုင်းကို သာလွန်အောင် ဖိအားပေးနိုင်အောင်လုပ်ဖို့လိုတယ်။ လွယ်တော့မလွယ်ဘူး။ ထိုင်းကို မြန်မာ ဂိုးစသွင်းနိုင်အောင် လုပ်ယူနိုင်မလား၊ အဲ့ဒါအရေးကြီး တယ်၊ ထိုင်းကတော့ အစစ၊အရာရာမြန်မာကို အချိန်ကြာတာနဲ့အမျှ ဖိအားပေးဖို့ရှိနေမယ်ဆို တာ သေချာတယ်။

မြန်မာဟာ ထိုင်းရဲ့ ပြိုင်ဘက်ကောင်းဆိုတာ မှန်တယ်၊ ခြေရည်တူကစားဖို့ မြန်မာအနေနဲ့ သေချာပြင်ဆင်ထားရမယ်။ နှစ်သင်းကြားမှာ ကွာဟချက်တွေရှိနေတာမှန်တယ်။ အဲ့ဒါကို ဆွဲ စေ့ဖို့ မြန်မာအမျိုးသမီးကစားသမားတွေ ရေကုန်ရေခမ်း ကစားရမှာပါ။

ပြန်ကြည့်ရင် ဆီးဂိမ်း မှာ မြန်မာနဲ့ထိုင်းတွေ့ဆုံမှုမှာ ကိုယ်တွေဟာ  ထိုင်းကို အသာမရတာများ ပေမယ့် တွေ့တိုင်း  အကြိတ်အနယ်နဲ့ အပြိုင်အဆိုင်နီးပါး အသဲပေါက်မတတ်ကို ကစားခဲ့ကြရတယ်ဆိုတာတွေ့ရ မှာ ဖြစ်တယ်။ နိုင်တာနည်းပေမယ့်လည်း မြန်မာဟာ ထိုင်းကို သရေ အရယူခဲ့ကြတာများတယ်။

ဒီတစ်ခါ ဘာတွေဖြစ်လာမလဲ၊ ဒါကိုလည်းကြည့်ရမယ်။ ထိုင်းဆိုတာကလည်း အမျိုးသား ရော၊ အမျိုးသမီးရော ဘောလုံးနဲ့ပတ်သက်လာရင် တော်တော်လေးကို ကောင်းတယ်။ ဒီတစ်ခါ အတူတူ လူဟောင်းတွေ ပြန်တွေ့ကြမယ်။

နောက်ဆုံး မြန်မာနဲ့ ဆီးဂိမ်းမှာ ၅ ကြိမ်တွေ့တော့ ထိုင်းကို မြန်မာက ၂၀၀၅ တုန်းက အုပ်စုတွင်းမှာ ၂-၁ နဲ့နိုင်ခဲ့တာ နောက်ဆုံးဖြစ်တယ်။ အဲ့ဒီ နောက်ပိုင်းမှာ ထိုင်းဟာ မြန်မာကို သရေ ၃ ပွဲနဲ့ ၁ ပွဲအနိုင်ရအောင်ယူထားနိုင်တယ်။ သဘောကျတာက မြန်မာဟာ ထိုင်းကို ဆီး ဂိမ်းမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ယှဉ်ပြိုင်ကစားခဲ့ကြတာ အကြိုက်တွေ့မိတယ်။ ဒီနှစ် မှာရော အဲ့ဒီလိုမျိုး ဖြစ်အောင်လုပ်ပေးနိုင်မလား။

လောလောဆယ် မြန်မာအမျိုးသမီးရဲ့ အခြေအနေကလည်း ခန့်မှန်းရတာခက်တယ်။ အုပ်စုတွင်း မှာ ပေးဂိုးမရှိ Clean Sheet ပွဲ ၂ ပွဲကို အရယူထားနိုင်ပေမယ့် ခြေစွမ်းပိုင်းမှာတော့ ( အထူးသဖြင့်) တိုက်စစ်ပိုင်းမှာ ထူးထူးခြားခြားအဖြစ်တက်လာတာမျိုး မရှိဘူးဖြစ်နေတယ်။

အုပ်စုတွင်းမှာ အိမ်ရှင်ဖိလစ်ပိုင်ကို ၀-၀၊ မလေးရှားကို ၅-၀ နဲ့နိုင်ထားတယ်။ ဒီတော့ သွင်းဂိုးက ဒါပဲရထားတယ်။ ရီရီဦးက ဟတ်ထရစ်၊ ခင်မာလာထွန်းက ၁ ဂိုး၊ ဂျူလိုင်ကျော်က ၁ ဂိုးအသီးသီးသွင်းယူပေးထားခဲ့ကြတယ်။ ဒီနှစ် ဆီးဂိမ်းမှာ မြန်မာအမျိုးသမီးအသင်းရထားတာ ဒီ ၅ ဂိုးပဲရှိထားတယ်။

ထိုင်းကတော့ ၂ ပွဲကစားပြီး ၆ ဂိုးသွင်းထားကာ၊ ၂ ဂိုးပြန်ပေးထားတယ်။ အရှုံးမရှိထားဘူး။  ထိုင်းက ဗီယက်နမ်ကို ၁-၁၊ မလေးရှားကို ၅-၁ နဲ့နိုင်ထားတယ်။ ဘာပဲဖြစ်ဖြစ် အနေအထား အရတော့ ဖိုင်နယ် အထိတက်နိုင်အောင်လို့ ထိုင်းရော၊ မြန်မာပါ အစွမ်းကုန်ကြိုးစားကြမှာဖြစ် နေတယ်။

အများအမြင်မှာတော့ထိုင်းဟာ မြန်မာထက် သာတယ်။ ကစားတာကောင်းတယ်။ ရုန်းအား ရှိ တယ်။ ဒါပေမယ့် မြန်မာကိုလည်းလျော့မတွက်စေချင်မိဘူး။ သူတို့တွေရဲ့ လုပ်နိုင်စွမ်းမဟာ ၂၀၁၇ ၊ ၂၀၁၃ တုန်းကထက်တော့ လျော့ကျမသွားလောက်ဘူးလို့ထင်မိတယ်။ ဘယ်လိုပဲဖြစ် ဖြစ် ၂၀၁၃ တုန်းက အတိုင်း ဆီးမီးဖိုင်နယ်မှာ အကြိတ်အနယ်ကစားပြီး ထိုင်းကို ရင်ဆိုင်မယ့် မြန်မာအသင်းရဲ့ ခြေစွမ်းနဲ့ ဓါတ်ကိုတော့ သွင်းဂိုးတွေနဲ့အတူ စောင့်ကြည့်ချင်မိတာ အမှန် ပါပဲ။

 

ဆီးဂိမ်းမှာ နောက်ဆုံး ၇ ကြိမ် မြန်မာအမျိုးသမီးနဲ့ထိုင်းအမျိုးသမီးတွေ့ဆုံမှုမှတ်တမ်း

15 August 2017                       Thailand          3–2      Myanmar (အုပ်စုအဆင့်)

18 December 2013                  Thailand          2–2 (a.e.t.)      Myanmar ( ဆီမီးဖိုင်နယ်)

Penalties  9–8

6 December 2009                    Thailand          2–2      Myanmar        (အုပ်စုအဆင့်)

7 December 2007                    Myanmar         2 – 2    Thailand         (အုပ်စုအဆင့်)

28 November 2005                   Myanmar          2 – 1    Thailand         (အုပ်စုအဆင့်)

2 December 2003                     Thailand          2 – 4    Myanmar         (အုပ်စုအဆင့်)

10 September 2001                  Thailand          1 – 1    Myanmar         (အုပ်စုအဆင့်)

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။