မလေးရှားကို အနိုင်ယူပြီး ဆီမီးတက်ခဲ့တဲ့ ကမ္ဘောဒီးယား

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

ဒီနေ့ယှဉ်ကြိုင်ခဲ့ကြတဲ့ ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်တွေအပြီးမှာ ကမ္ဘောဒီးယားအသင်းဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ နာမည်ကြီးမလေးရှားကို နဲ့ အနိုင်ယူခဲ့ပြီး ရမှတ် မှတ်ရရှိခဲ့ကာ အုပ်စုဒုတိယအဖြစ်နဲ့ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Guardiola forgets he’s Man City boss for a moment

အုပ်စု (က) ပွဲ နှစ်ပွဲကစားခဲ့ပြီး ဖိလစ်ပိုင်က တီမောကို နဲ့ အနိုင်ရခဲ့ပေမယ့် ဂိုးကွာခြားချက် တစ်ဂိုးအသာနဲ့ကမ္ဘောဒီးယားက နောက်တဆင့်ကို တက်နိုင်ခဲ့ပါတယ်။ အိမ်ရှင်ဖိလစ်ပိုင်တို့အတွက် နိုင်ပွဲရရှိခဲ့ပေမယ့် အခါနှောင်းခဲ့ပြီး အုပ်စုမှာသာ ကျန်နေရစ်ခဲ့ပါပြီ။

ဘောလုံးအားကစားပိုင်းမှာ သိသိသာသာတိုးတက်လာခဲ့တဲ့ ကမ္ဘောဒီးယားကတော့ ဆီးဂိမ်းမှာ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိအောင်ကို စွမ်းဆောင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ လူငယ်ကြယ်ပွင့်ကစားသမားတွေလည်း ပေါ်ထွန်းလာနေပြီး ဒေသတွင်းမှာ စောင့်ကြည့်ရမယ့် အသင်းတစ်သင်းအဖြစ် ရှိလာခဲ့ပါတယ်။

နာမည်ကြိးမလေးရှားကတော့ အုပ်စုတွင်းမှာ နိုင်ပွဲတစ်ပွဲတည်းသာ ရှိခဲ့ပြီး ပွဲအထိအရေးနိမ့်ခဲ့ပါတယ်။ အုပ်စု ကမှာတော့ မြန်မာက ပထမ၊ ကမ္ဘောဒီးယားက ဒုတိယနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပြီဖြစ်ပြီး တစ်ဖက်အုပ်စုရဲ့မနက်ဖြန်ပွဲတွေ အပြီးမှာ ဘယ်အသင်းတွေနဲ့ ရင်ဆိုင်ရမလဲ သိရှိရတော့မှာ ဖြစ်ပါတယ်။

Unicode





မွတ္ခ်က္မ်ား။