ဆီးဂိမ္းအေကာင္းဆံုးအသင္းမွာ ဆန္းဆက္ႏိုင္နဲ႔ ျမတ္ေကာင္းခန္႔ ေရြးခ်ယ္ခံရ

Brisbane enter top six as late own goal sinks Mariners

က်င္းပျပီးစီးခဲ့ျပီျဖစ္တဲ့ ၃၀ ၾကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားျပိဳင္ပြဲရဲ႕ အမ်ိဳးသားေဘာလံုးျပိဳင္ပြဲမွာေတာ့ ဗီယက္နမ္က ဗိုလ္စြဲသြားခဲ့ပါတယ္။ အင္ဒိုနီးရွားက ဒုတိယနဲ႔ ျမန္မာက တတိယေနရာရရွိခဲ့ျပီး လက္ရွိခ်န္ပီယံထိုင္းအသင္းကေတာ့ အုပ္စုအဆင့္ကေနပဲ ထြက္ခြာခဲ့ရကာ ကေမၻာဒီးယားအသင္းက ဆီမီးဖိုင္နယ္ကို တက္ေရာက္ခဲ့ျပီး အားလံုးကို အံ့အားသင့္ေစခဲ့ပါတယ္။

Indo Sub: “ Gabriel Jesus penyerang yang hebat.” – Guardiola setelah Jesus cetak hat-trick

အာဆီယံေဒသရဲ႕ စိတ္၀င္စားဖို႔ေကာင္းတဲ့ ဆီးဂိမ္းေဘာလံုးျပိဳင္ပြဲအျပီးမွာ Fox Sports Asai ကေန ျပိဳင္ပြဲရဲ႕ အေကာင္းဆံုးကစားသမား ၁၁ ဦးကို သူတို႔ရဲ႕ ကုိယ္ပိုင္အျမင္၊ ဆံုးျဖတ္ခ်က္ေတြနဲ႔ ေရြးခ်ယ္ခဲ့ျပီး ေနရာအလိုက္အေကာင္းဆံုးကစားသမားေတြကို ေဖာ္ျပခဲ့ရာမွာေတာ့ ျမန္မာကစားသမားႏွစ္ဦးျဖစ္တဲ့ ဂိုးသမားဆန္းဆက္ႏိုင္နဲ႔ ကြင္းလယ္လူျမတ္ေကာင္းခန္႔တို႔ ပါ၀င္ခဲ့ၾကပါတယ္။

ဆန္းဆက္ႏိုင္ကို ေရြးခ်ယ္ဖို႔အတြက္ ဗီယက္နမ္ဂိုးသမားငုယင္ဗန္ေသာင္နဲ႔ အျပိဳင္ျဖစ္ေနခဲ့ရတယ္လို႔ ဆိုပါတယ္။ ဆန္းဆက္ႏိုင္အေနနဲ႔ ဆီးဂိမ္းမွာ ပြဲတိုင္းလိုလိုဂိုးေတြေပးေနခဲ့ရျပီး ေပးဂိုးမရိွပြဲတစ္ပြဲမွ မပါ၀င္ခဲ့ေပမယ့္လည္း အသင္းကို ရံႈးထြက္အဆင့္ေရာက္ရွိေအာင္နဲ႔ ေၾကးတံဆိပ္ရရွိေအာင္ အေကာင္းဆံုးၾကိဳးစားေပးခဲ့လို႔ ေရြးခ်ယ္ခဲ့တာလို႔ သိရပါတယ္။

ျမတ္ေကာင္းခန္႔ကေတာ့ ျမန္မာအသင္းအတြက္ အလြတ္တည္ကန္ေဘာကေန သြင္းဂိုးတစ္ဂိုးလွလွပပသြင္းယူခဲ့ျပီး ဂိုးဖန္တီးမႈအမ်ားအျပားျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။ ဘယ္ေျခတစ္ေခ်ာင္းနဲ႔ ကၽြမ္းကၽြမ္းက်င္က်င္ကစားတတ္ျပီး အသင္းေဖာ္ေတြအတြက္ တိက်သပ္ရပ္တဲ့ ေပးပို႔မႈေတြကို ျပဳလုပ္ေပးႏိုင္ခဲ့ကာ ျပိဳင္ပြဲရဲ႕အေကာင္းဆံုးကြင္းလယ္လူတစ္ဦးအျဖစ္ ရွိေနခဲ့လို႔ ေရြးခ်ယ္ခဲ့ေၾကာင္းလည္း သိရပါတယ္။

Unicode

ကျင်းပပြီးစီးခဲ့ပြီဖြစ်တဲ့ ၃၀ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲမှာတော့ ဗီယက်နမ်က ဗိုလ်စွဲသွားခဲ့ပါတယ်။ အင်ဒိုနီးရှားက ဒုတိယနဲ့ မြန်မာက တတိယနေရာရရှိခဲ့ပြီး လက်ရှိချန်ပီယံထိုင်းအသင်းကတော့ အုပ်စုအဆင့်ကနေပဲ ထွက်ခွာခဲ့ရကာ ကမ္ဘောဒီးယားအသင်းက ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပြီး အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

အာဆီယံဒေသရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲအပြီးမှာ Fox Sports Asai ကနေ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမား ၁၁ ဦးကို သူတို့ရဲ့ ကိုယ်ပိုင်အမြင်၊ ဆုံးဖြတ်ချက်တွေနဲ့ ရွေးချယ်ခဲ့ပြီး နေရာအလိုက်အကောင်းဆုံးကစားသမားတွေကို ဖော်ပြခဲ့ရာမှာတော့ မြန်မာကစားသမားနှစ်ဦးဖြစ်တဲ့ ဂိုးသမားဆန်းဆက်နိုင်နဲ့ ကွင်းလယ်လူမြတ်ကောင်းခန့်တို့ ပါဝင်ခဲ့ကြပါတယ်။

ဆန်းဆက်နိုင်ကို ရွေးချယ်ဖို့အတွက် ဗီယက်နမ်ဂိုးသမားငုယင်ဗန်သောင်နဲ့ အပြိုင်ဖြစ်နေခဲ့ရတယ်လို့ ဆိုပါတယ်။ ဆန်းဆက်နိုင်အနေနဲ့ ဆီးဂိမ်းမှာ ပွဲတိုင်းလိုလိုဂိုးတွေပေးနေခဲ့ရပြီး ပေးဂိုးမရှိပွဲတစ်ပွဲမှ မပါဝင်ခဲ့ပေမယ့်လည်း အသင်းကို ရှုံးထွက်အဆင့်ရောက်ရှိအောင်နဲ့ ကြေးတံဆိပ်ရရှိအောင် အကောင်းဆုံးကြိုးစားပေးခဲ့လို့ ရွေးချယ်ခဲ့တာလို့ သိရပါတယ်။

မြတ်ကောင်းခန့်ကတော့ မြန်မာအသင်းအတွက် အလွတ်တည်ကန်ဘောကနေ သွင်းဂိုးတစ်ဂိုးလှလှပပသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှုအများအပြားပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဘယ်ခြေတစ်ချောင်းနဲ့ ကျွမ်းကျွမ်းကျင်ကျင်ကစားတတ်ပြီး အသင်းဖော်တွေအတွက် တိကျသပ်ရပ်တဲ့ ပေးပို့မှုတွေကို ပြုလုပ်ပေးနိုင်ခဲ့ကာ ပြိုင်ပွဲရဲ့အကောင်းဆုံးကွင်းလယ်လူတစ်ဦးအဖြစ် ရှိနေခဲ့လို့ ရွေးချယ်ခဲ့ကြောင်းလည်း သိရပါတယ်။

မွတ္ခ်က္မ်ား။