ဆီးဂိမ္းျပိဳင္ပြဲရဲ႕အေကာင္းဆံုးတိုက္စစ္မွဴး (၃)ဦး

Brisbane enter top six as late own goal sinks Mariners

ဆီးဂိမ္းျပိဳင္ပြဲမွာေတာ့ ေနရာအလိုက္အေကာင္းဆံုးေျခစြမ္းျပႏိုင္သူေတြ ေပၚထြက္ခဲ့ပါတယ္။ ႏိုင္ငံရဲ႕ ဂုဏ္ကိုေဆာင္ႏိုင္ဖို႔ ကစားသမားတိုင္းက အၾကိတ္အနယ္အားထုတ္ခဲ့ၾကျပီး အာဆီယံပရိသတ္ေတြအၾကိဳက္ ကစားျပႏိုင္ခဲ့ၾကကာ ကစားသမားေတြကလည္း ကိုယ္စီကိုယ္ငွနာမည္ေက်ာ္ၾကားခဲ့ၾကပါတယ္။ အခုေဖာ္ျပေပးခ်င္တာကေတာ့ ျပိဳင္ပြဲရဲ႕အေကာင္းဆံုးတိုက္စစ္မွဴးေတြက ဘယ္သူေတြျဖစ္ခဲ့လဲဆိုတာပါ။ ဒီေဖာ္ျပမႈကေတာ့ ကၽြန္ေတာ့္ရဲ႕ ကိုယ္ပိုင္အျမင္သက္သက္မွ်သာျဖစ္ပါတယ္။

Bundesliga Difference Makers: Werder Bremen’s Milot Rashica

ေအာ့စ္ဗယ္ဒိုေဟး (အင္ဒိုနီးရွား)

ပရီးမီးယားလိဂ္မွာ နာမည္ေက်ာ္ခဲ့တဲ့ ေဆာက္သမ္တန္တိုက္စစ္မွဴးေဟာင္းေအာ့စ္ဗယ္ဒိုကို အမွတ္ရေစမယ့္ နာမည္ျဖစ္ပါတယ္။ အင္ဒိုနီးရွားတိုက္စစ္မွဴးဟာ ယူ၂၃အသင္းအတြက္ ၂၅ ပြဲေက်ာ္ကစားေပးထားျပီးျဖစ္ပါတယ္။ ဆီးဂိမ္းမွာ ေအာ့စ္ဗယ္ဒိုက ၈ ဂိုးအထိသြင္းယူျပီး ဂိုးသြင္းအမ်ားဆံုးကစားသမားအျဖစ္ ရပ္တည္ခဲ့တာပါ။ အသက္ ၂၂ ႏွစ္သာ ရွိေသးျပီး ျပိဳင္ဘက္အသင္းတိုင္းက သူ႔ကို သတိထားထိန္းခ်ဳပ္ခဲ့ရသူလည္း ျဖစ္ပါတယ္။ မၾကာခင္ကာလမွာ အာဆီယံရဲ႕အေကာင္းဆံုးတိုက္စစ္မွဴးျဖစ္လာမယ့္ အရိပ္အေယာင္နဲ႔ အရည္အေသြးေတြကို သူ႔ဆီမွာျမင္ေတြ႔ခဲ့ရပါတယ္။

ဟာဒူခ်င္ (ဗီယက္နမ္)

ပြဲဦးထြက္မွာပဲ ဗိယက္နမ္အတြက္ ဟက္ထရစ္သြင္းယူေပးခဲ့သူျဖစ္ပါတယ္။ စုစုေပါင္း ဟက္ထရစ္ႏွစ္ၾကိမ္ရရွိခဲ့ျပီး ဘရူႏိုင္း၊ ကေမၻာဒီးယားတို႔ကို သြငး္ယူခဲ့တာျဖစ္ပါတယ္။ ပတ္ဟန္ဆိုးရဲ႕ ဗီယက္နမ္ ယူ၂၃အသင္းမွာ အဓိကေနရာကေန ပါ၀င္ခဲ့ျပီးေတာ့ AFC U23 ျပိဳင္ပြဲမွာလည္း သူက အသင္းအတြက္ အားကိုးရမယ့္သူျဖစ္လာမွာေသခ်ာပါတယ္။ ဒ့ါအျပင္ ၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲ၀င္ ဗီယက္နမ္လက္ေရြးစင္အသင္းၾကီးမွာလည္း သူ႔ကို ေသခ်ာေပါက္ျမင္ေတြ႔ရဖို႔ ရွိေနပါတယ္။

ေအာင္ေကာင္းမာန္ (ျမန္မာ)

ျမန္မာအတြက္ ၅ ဂိုးအထိ သြင္းယူခဲ့သူျဖစ္ပါတယ္။ ဗီယက္နမ္တိုက္စစ္မွဴးငုယင္တီယန္လင္းကလည္း ငါးဂိုးအထိသြင္းယူခဲ့ေပမယ့္လည္း ေအာင္ေကာင္းမာန္က အသင္းအတြက္ ပိုမိုျပိးေတာ့ အက်ိဳးျပဳႏိုင္ခဲ့လို႔ ေရြးခ်ယ္ခဲ့ရတာျဖစ္ပါတယ္။ မေလးရွားနဲ႔ ကစားခဲ့တဲ့ အဖြင့္ပြဲက လြဲျပီး က်န္ပြဲေတြအားလံုးမွာ ေအာင္ေကာင္းမာန္က အသင္းအတြက္ တစ္ပြဲကိုတစ္ဂိုးႏႈန္းသြင္းယူခဲ့ပါတယ္။ ပြဲထြက္ကစားခြင့္ရခ်ိန္မွာလည္း သြင္းယူႏိုင္ခဲ့သလို လူစား၀င္တုိက္စစ္မွဴးအျဖစ္နဲ႔ပါ ဂိုးေတြသြင္းႏိုင္ခဲ့ပါတယ္။ ေနရာယူပံု ပါးနပ္ေသသပ္ျပီး ေခါင္းတိုက္ဂိုးေတြကိုပါ သြင္းယူႏိုင္ခဲ့သူပါ။ အင္ဒိုနီးရွားနဲ႔ပြဲမွာ ျမန္မာအတြက္ အေရးပါတဲ့ ေခ်ပဂိုးကို သြင္းယူေပးခဲ့သူျဖစ္ျပီး ကေမၻာဒီးယားနဲ႔ တတိယေနရာလုပြဲမွာ လွပတဲ့ေခါင္းတုိက္အဆံုးသတ္မႈကို သူ႔ဆီကေန ျမင္ေတြ႔ခဲ့ရပါတယ္။

Unicode

ဆီးဂိမ်းပြိုင်ပွဲမှာတော့ နေရာအလိုက်အကောင်းဆုံးခြေစွမ်းပြနိုင်သူတွေ ပေါ်ထွက်ခဲ့ပါတယ်။ နိုင်ငံရဲ့ ဂုဏ်ကိုဆောင်နိုင်ဖို့ ကစားသမားတိုင်းက အကြိတ်အနယ်အားထုတ်ခဲ့ကြပြီး အာဆီယံပရိသတ်တွေအကြိုက် ကစားပြနိုင်ခဲ့ကြကာ ကစားသမားတွေကလည်း ကိုယ်စီကိုယ်ငှနာမည်ကျော်ကြားခဲ့ကြပါတယ်။ အခုဖော်ပြပေးချင်တာကတော့ ပြိုင်ပွဲရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေက ဘယ်သူတွေဖြစ်ခဲ့လဲဆိုတာပါ။ ဒီဖော်ပြမှုကတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်သက်သက်မျှသာဖြစ်ပါတယ်။

အော့စ်ဗယ်ဒိုဟေး (အင်ဒိုနီးရှား)

ပရီးမီးယားလိဂ်မှာ နာမည်ကျော်ခဲ့တဲ့ ဆောက်သမ်တန်တိုက်စစ်မှူးဟောင်းအော့စ်ဗယ်ဒိုကို အမှတ်ရစေမယ့် နာမည်ဖြစ်ပါတယ်။ အင်ဒိုနီးရှားတိုက်စစ်မှူးဟာ ယူ၂၃အသင်းအတွက် ၂၅ ပွဲကျော်ကစားပေးထားပြီးဖြစ်ပါတယ်။ ဆီးဂိမ်းမှာ အော့စ်ဗယ်ဒိုက ၈ ဂိုးအထိသွင်းယူပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့တာပါ။ အသက် ၂၂ နှစ်သာ ရှိသေးပြီး ပြိုင်ဘက်အသင်းတိုင်းက သူ့ကို သတိထားထိန်းချုပ်ခဲ့ရသူလည်း ဖြစ်ပါတယ်။ မကြာခင်ကာလမှာ အာဆီယံရဲ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်လာမယ့် အရိပ်အယောင်နဲ့ အရည်အသွေးတွေကို သူ့ဆီမှာမြင်တွေ့ခဲ့ရပါတယ်။

ဟာဒူချင် (ဗီယက်နမ်)

ပွဲဦးထွက်မှာပဲ ဗိယက်နမ်အတွက် ဟက်ထရစ်သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ စုစုပေါင်း ဟက်ထရစ်နှစ်ကြိမ်ရရှိခဲ့ပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယားတို့ကို သွငး်ယူခဲ့တာဖြစ်ပါတယ်။ ပတ်ဟန်ဆိုးရဲ့ ဗီယက်နမ် ယူ၂၃အသင်းမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပြီးတော့ AFC U23 ပြိုင်ပွဲမှာလည်း သူက အသင်းအတွက် အားကိုးရမယ့်သူဖြစ်လာမှာသေချာပါတယ်။ ဒ့ါအပြင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင် ဗီယက်နမ်လက်ရွေးစင်အသင်းကြီးမှာလည်း သူ့ကို သေချာပေါက်မြင်တွေ့ရဖို့ ရှိနေပါတယ်။

အောင်ကောင်းမာန် (မြန်မာ)

မြန်မာအတွက် ၅ ဂိုးအထိ သွင်းယူခဲ့သူဖြစ်ပါတယ်။ ဗီယက်နမ်တိုက်စစ်မှူးငုယင်တီယန်လင်းကလည်း ငါးဂိုးအထိသွင်းယူခဲ့ပေမယ့်လည်း အောင်ကောင်းမာန်က အသင်းအတွက် ပိုမိုပြိးတော့ အကျိုးပြုနိုင်ခဲ့လို့ ရွေးချယ်ခဲ့ရတာဖြစ်ပါတယ်။ မလေးရှားနဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲက လွဲပြီး ကျန်ပွဲတွေအားလုံးမှာ အောင်ကောင်းမာန်က အသင်းအတွက် တစ်ပွဲကိုတစ်ဂိုးနှုန်းသွင်းယူခဲ့ပါတယ်။ ပွဲထွက်ကစားခွင့်ရချိန်မှာလည်း သွင်းယူနိုင်ခဲ့သလို လူစားဝင်တိုက်စစ်မှူးအဖြစ်နဲ့ပါ ဂိုးတွေသွင်းနိုင်ခဲ့ပါတယ်။ နေရာယူပုံ ပါးနပ်သေသပ်ပြီး ခေါင်းတိုက်ဂိုးတွေကိုပါ သွင်းယူနိုင်ခဲ့သူပါ။ အင်ဒိုနီးရှားနဲ့ပွဲမှာ မြန်မာအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပြီး ကမ္ဘောဒီးယားနဲ့ တတိယနေရာလုပွဲမှာ လှပတဲ့ခေါင်းတိုက်အဆုံးသတ်မှုကို သူ့ဆီကနေ မြင်တွေ့ခဲ့ရပါတယ်။

မွတ္ခ်က္မ်ား။