၂၀၂၀ အိုလံပစ္ေျခစစ္ပြဲေနာက္ဆံုးအဆင့္မွာမွ ပြဲက်ပ္ေနခဲ့တဲ့ ျမန္မာအမ်ိဳးသမီးအသင္း

Brisbane Roar come from two goals down to beat Melbourne City

2020 AFC Women’s Olympic ေျခစစ္ပြဲရဲ႕ ေနာက္ဆုံးအဆင့္ အုပ္စုခြဲေ၀မႈေတြကို မေန႔ကက်င္းပျပဳလုပ္ခဲ့ရာမွာ ျမန္မာ့လက္ေရြးစင္အမ်ိဳးသမီးအသင္းဟာ အုပ္စုက်ပ္ထဲ က်ေရာက္ေနခဲ့ပါတယ္။ စုစုေပါင္း အသင္းရွစ္သင္းသာ က်န္ရွိေတာ့တဲ့ အေနအထားမွာ တိုက်ိဳကို
အေရာက္သြားဖို႔အတြက္ အျပင္းအထန္ၾကိဳးစားရမွာလည္း ျဖစ္ပါတယ္။

Sarri confirms Mandzukic is not training with Juventus

ျမန္မာအသင္းဟာ ေျခစစ္ပြဲအဆင့္မွာ အိႏၵိယ၊ နီေပါနဲ႔ အင္ဒိုနီးရွားတို႔ကို ေက်ာ္ျဖတ္ခဲ့ျပီးေနာက္ တတိယအဆင့္ကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ေနာက္ဆံုးအဆင့္ေျခစစ္ပြဲမွာေတာ့ အာရွရဲ႕ ထိပ္သီးအသင္းေတြျဖစ္တဲ့ ၾသစေၾတးလ်၊ ေျမာက္ကိုရီးယား၊ ေတာင္ကိုရီးယားနဲ႔ တရုတ္တိုင္ေပ၊ ထိုင္း၊ ဗီယက္နမ္တို႔လည္း က်န္ရွိေနခဲ့တာျဖစ္ပါတယ္။

ျမန္မာအမ်ိဳးသမီးအသင္းကေတာ့ အုပ္စု (က) မွာ ေျမာက္ကိုၾကီးရား၊ ေတာင္ကိုရီးယား၊ ဗီယက္နမ္တို႔နဲ႔ က်ေရာက္ေနျပီး အုပ္စုအဆင့္ပြဲစဥ္ေတြကိုေတာ့ ေတာင္ကိုရီးယားႏို္င္ငံမွာ သြားေရာက္ကစားရမွာျဖစ္ပါတယ္။ အုပ္စု (ခ) ပြဲစဥ္ေတြကိုေတာ့ တရုတ္ႏိုင္ငံမွာ က်င္းပသြားမွာျဖစ္ျပီး ၂၀၂၀ ေဖေဖာ္၀ါရီလမွာ က်င္းပသြားၾကမွာျဖစ္ပါတယ္။

အုပ္စုထိပ္ဆံုးမွာ ရပ္တည္ႏိုင္တဲ့အသင္းႏွစ္သင္းစီက ပေလးေအာ့အဆင့္ကို တက္ေရာက္ခြင့္ရရွမွာျဖစ္ျပီး အႏိုင္ရရွိတဲ့ အသင္းႏွစ္သင္းက တိုက်ိဳမွာက်င္းပမယ့္ အိုလံပစ္ျပိဳင္ပြဲကို ၀င္ေရာက္ကစားရမွာျဖစ္ပါတယ္။ ပေလးေအာ့အဆင့္ပြဲစဥ္ေတြကိုေတာ့ အိမ္ကြင္း၊အေ၀းကြင္းပံုစံနဲ႔ က်င္းပသြားမွာျဖစ္ျပီး မတ္လအတြင္းမွာ က်င္းပသြားဖို႔ စီစဥ္ထားပါတယ္။

Unicode

2020 AFC Women’s Olympic ခြေစစ်ပွဲရဲ့ နောက်ဆုံးအဆင့် အုပ်စုခွဲဝေမှုတွေကို မနေ့ကကျင်းပပြုလုပ်ခဲ့ရာမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ အုပ်စုကျပ်ထဲ ကျရောက်နေခဲ့ပါတယ်။ စုစုပေါင်း အသင်းရှစ်သင်းသာ ကျန်ရှိတော့တဲ့ အနေအထားမှာ တိုကျိုကို
အရောက်သွားဖို့အတွက် အပြင်းအထန်ကြိုးစားရမှာလည်း ဖြစ်ပါတယ်။

မြန်မာအသင်းဟာ ခြေစစ်ပွဲအဆင့်မှာ အိန္ဒိယ၊ နီပေါနဲ့ အင်ဒိုနီးရှားတို့ကို ကျော်ဖြတ်ခဲ့ပြီးနောက် တတိယအဆင့်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ခြေစစ်ပွဲမှာတော့ အာရှရဲ့ ထိပ်သီးအသင်းတွေဖြစ်တဲ့ သြစတြေးလျ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ တရုတ်တိုင်ပေ၊ ထိုင်း၊ ဗီယက်နမ်တို့လည်း ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းကတော့ အုပ်စု (က) မှာ မြောက်ကိုကြီးရား၊ တောင်ကိုရီးယား၊ ဗီယက်နမ်တို့နဲ့ ကျရောက်နေပြီး အုပ်စုအဆင့်ပွဲစဉ်တွေကိုတော့ တောင်ကိုရီးယားနို်င်ငံမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။ အုပ်စု (ခ) ပွဲစဉ်တွေကိုတော့ တရုတ်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး ၂၀၂၀ ဖေဖော်ဝါရီလမှာ ကျင်းပသွားကြမှာဖြစ်ပါတယ်။

အုပ်စုထိပ်ဆုံးမှာ ရပ်တည်နိုင်တဲ့အသင်းနှစ်သင်းစီက ပလေးအော့အဆင့်ကို တက်ရောက်ခွင့်ရရှမှာဖြစ်ပြီး အနိုင်ရရှိတဲ့ အသင်းနှစ်သင်းက တိုကျိုမှာကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ကစားရမှာဖြစ်ပါတယ်။ ပလေးအော့အဆင့်ပွဲစဉ်တွေကိုတော့ အိမ်ကွင်း၊အဝေးကွင်းပုံစံနဲ့ ကျင်းပသွားမှာဖြစ်ပြီး မတ်လအတွင်းမှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

မွတ္ခ်က္မ်ား။