အိုဒြိဳင္အတြက္ လက္မေလွ်ာ့ေသးပဲ အံ့အားသင့္ဖြယ္ေငြေၾကးနဲ႔ ကမ္းလွမ္းမယ့္ ဘိုင္ယန္

Alcantara on missing Ribery and Robben and Bayerns’ targets for next season

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ခ်ယ္လ္ဆီးအသင္းက လူငယ္ကစားသမား အိုဒြိဳင္ကို ေခၚယူဖို႔အတြက္ အခုခ်ိန္ထိ ၾကိဳးစားေနဆဲျဖစ္ပါတယ္။ ျပီးခဲ့တဲ့ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလကတည္းက အိုဒြိဳင္ကို ေခၚယူဖို႔ ဘိုင္ယန္ျမဴးနစ္က ၾကိဳးစားခဲ့တာျဖစ္ျပီး ခ်ယ္လ္ဆီးက သူတို႔ရဲ႕ ၾကယ္ပြင့္ကစားသမားအတြက္ ကမ္းလွမ္းမႈေတြကို ျငင္းဆန္ပယ္ခ်သြားခဲ့ပါတယ္။

Neymar “ almost 100 percent fit” as he plays in the final of his five-a-side tournament

ရီဘာရီနဲ႔ ေရာ္ဘင္တို႔ ထြက္ခြာသြားခဲ့တဲ့ ေတာင္ပံတုိက္စစ္အတြက္ ဘိုင္ယန္က ဆာေနး၊ အိုဒြိဳင္တို႔လို ကစားသမားေတြကို စိတ္၀င္စားေနခဲ့ျပီး ခ်ဥ္းကပ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူတို႔ရဲ႕ ကမ္းလွမ္းမႈေတြကို မန္စီးတီးကေရာ၊ ခ်ယ္လ္ဆီးကပါ ျငင္းဆန္ခဲ့ၾကျပီး ဘိုင္ယန္ကေတာ့ ေနာက္ဆံုးအၾကိမ္အထိ ၾကိဳးစားသြားမယ္လုိ႔ ေျပာဆိုထားခဲ့ပါတယ္။

အိုဒြိဳင္ကို ေပါင္ (၄၅)သန္းအထိ ေပးေခ်ကာ ေနာက္ထပ္တစ္ၾကိမ္ကမ္းလွမ္းသြားဖို႔ ဘိုင္ယန္က ျပင္ဆင္ေနျပီး ခ်ယ္လ္ဆီးအတြက္ေတာ့ မ်ားျပားလွတဲ့ ေငြေၾကးနဲ႔ကမ္းလွမ္းမႈကို လက္ခံရရွိမွာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးနည္းျပသစ္ လမ္းပတ္ကေတာ့ အိုဒြိဳင္က သူ႔အသင္းရဲ႕
အဓိကကစားသမားတစ္ဦးျဖစ္လာလိမ့္မယ္လုိ႔ ေျပာဆိုထားလို႔ ဒီတစ္ၾကိမ္ကမ္းလွမ္းမႈကိုလည္း ျငင္းဆန္ဖြယ္ရွိေနပါတယ္။

အသက္ (၁၈)ႏွစ္အရြယ္ကစားသမားက လက္ရွိမွာ ဖေနာင့္ေၾကာဒဏ္ရာကေန ျပန္လည္သက္သာလာျပီး အသင္းနဲ႔အတူ ေလ့က်င့္ခန္းေတြျပဳလုပ္ေနျပီလို႔ သိရပါတယ္။ လမ္းပတ္လက္ထက္မွာ လူငယ္ကစားသမားေတြကို ပိုမိုအသံုးျပဳဖြယ္ရွိေနျပီး အိုဒြိဳင္က ဟာဇက္ေနရာအတြက္ အစားထိုး၀င္ေရာက္ကစားေပးရမွာလည္း ျဖစ္ပါတယ္။

Unicode Version

ဘိုင်ယန်မြူးနစ်အသင်းဟာ ချယ်လ်ဆီးအသင်းက လူငယ်ကစားသမား အိုဒွိုင်ကို ခေါ်ယူဖို့အတွက် အခုချိန်ထိ ကြိုးစားနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလကတည်းက အိုဒွိုင်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်က ကြိုးစားခဲ့တာဖြစ်ပြီး ချယ်လ်ဆီးက သူတို့ရဲ့ ကြယ်ပွင့်ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။

ရီဘာရီနဲ့ ရော်ဘင်တို့ ထွက်ခွာသွားခဲ့တဲ့ တောင်ပံတိုက်စစ်အတွက် ဘိုင်ယန်က ဆာနေး၊ အိုဒွိုင်တို့လို ကစားသမားတွေကို စိတ်ဝင်စားနေခဲ့ပြီး ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ကမ်းလှမ်းမှုတွေကို မန်စီးတီးကရော၊ ချယ်လ်ဆီးကပါ ငြင်းဆန်ခဲ့ကြပြီး ဘိုင်ယန်ကတော့ နောက်ဆုံးအကြိမ်အထိ ကြိုးစားသွားမယ်လို့ ပြောဆိုထားခဲ့ပါတယ်။

အိုဒွိုင်ကို ပေါင် (၄၅)သန်းအထိ ပေးချေကာ နောက်ထပ်တစ်ကြိမ်ကမ်းလှမ်းသွားဖို့ ဘိုင်ယန်က ပြင်ဆင်နေပြီး ချယ်လ်ဆီးအတွက်တော့ များပြားလှတဲ့ ငွေကြေးနဲ့ကမ်းလှမ်းမှုကို လက်ခံရရှိမှာဖြစ်ပါတယ်။ ချယ်လ်ဆီးနည်းပြသစ် လမ်းပတ်ကတော့ အိုဒွိုင်က သူ့အသင်းရဲ့
အဓိကကစားသမားတစ်ဦးဖြစ်လာလိမ့်မယ်လို့ ပြောဆိုထားလို့ ဒီတစ်ကြိမ်ကမ်းလှမ်းမှုကိုလည်း ငြင်းဆန်ဖွယ်ရှိနေပါတယ်။

အသက် (၁၈)နှစ်အရွယ်ကစားသမားက လက်ရှိမှာ ဖနောင့်ကြောဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေပြုလုပ်နေပြီလို့ သိရပါတယ်။ လမ်းပတ်လက်ထက်မှာ လူငယ်ကစားသမားတွေကို ပိုမိုအသုံးပြုဖွယ်ရှိနေပြီး အိုဒွိုင်က ဟာဇက်နေရာအတွက် အစားထိုးဝင်ရောက်ကစားပေးရမှာလည်း ဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။