ဘြန္ဒက္လီဂါသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆံုးသြင္းထားသူမ်ား

Highlights – Bayer 04 Leverkusen vs FC Schalke 04

ဘြန္ဒက္လီဂါျပိဳင္ပြဲက အခုလာမယ့္ရာသီဆိုရင္ (၅၇)ၾကိမ္ေျမာက္ ျဖစ္လာေတာ့မွာပါ။ အသင္း (၁၈)သင္းပါ၀င္ယွဥ္ျပိဳင္ေနတဲ့ ဂ်ာမနီရဲ႕ အဆင့္အျမင့္ဆံုးလိဂ္ျဖစ္ျပီး ဥေရာပရဲ႕အေကာင္းဆံုးလိဂ္ (၅)ခုထဲက တစ္ခုအပါအ၀င္လည္းျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္က အမွတ္ေပးဖလား (၂၈)ၾကိမ္ဆြတ္ခူးထားျပီး အေအာင္ျမင္ဆံုးျဖစ္ေနကာ သူ႔ေနာက္မွာေတာ့ ဂလာဘတ္ နဲ႔ ေဒါ့မြန္က ၅ ၾကိမ္စီနဲ႔ ရွိေနပါတယ္။ ဘိုင္ယန္က ပြဲေပါင္း တစ္ေထာင္ေက်ာ္ အႏိုင္ရရွိထားျပီး ဂိုးေပါင္းေလးေထာင္ေက်ာ္အထိ သြင္းယူထားႏိုင္တဲ့ အသင္းပါ။ မ်ားျပားလွတဲ့ စံခ်ိန္မွတ္တမ္းေတြ ထြက္ေပၚခဲ့ျပီး ဒီထဲမွာမွ ဂိုးေပါင္း (၂၀၀)ေက်ာ္သြင္းထားတဲ့ ကစားသမားက (၅)ဦးသာ ရွိပါတယ္။

Virgil van Dijk talks after Liverpool Super Cup win

၅။ လီ၀န္ေဒါစကီး

 

 

လီ၀န္ေဒါစကီးက လက္ရွိအခ်ိန္ထိ ဘိုင္ယန္မွာကစားေနဆဲပါ။ သူက ေဒါ့မြန္အတြက္ ၁၂၈ပြဲကစားေပးျပီး ၇၄ ဂိုးသြင္းေပးထားခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္နဲ႔အတူ ဂိုးေပါင္း ၁၀၀ေက်ာ္ရရွိထားျပီး စုစုေပါင္း သူ႔ရဲ႕ ဘြန္ဒက္လီဂါသြင္းဂိုးက ၂၀၂ ဂိုးပါ။ ျပီးခဲ့တဲ့ရာသီက သူကလည္း ေရႊဖိနပ္ဆုကို ေလးၾကိမ္ေျမာက္ဆြတ္ခူးခဲ့ပါေသးတယ္။ ဘိုင္ယန္နဲ႔အတူ အမွတ္ေပးဖလားကို ၇ ၾကိမ္ဆက္တိုက္ ရယူထားခဲ့ျပီးေတာ့ ဘြန္ဒက္လီဂါရဲ႕ အျမန္ဆံုးဟက္ထရစ္ရွင္၊ အျမန္ဆံုးေလးဂိုးသြင္းႏိုင္သူ နဲ႔ အျမန္ဆံုးငါးဂိုးသြင္းႏိုင္သူဆိုတဲ့ မွတ္တမ္းေတြကို ပိုင္ဆိုင္ထားသူပါ။

၄။ ဘာ့စ္မူလာ

ဘြန္ဒက္လီဂါသမုိင္းမွာ ဘာ့စ္မူလာက သြင္းဂိုးေပါင္း ၂၁၃ ဂိုးနဲ႔ အဆင့္ (၄)ေနရာမွာ ရပ္တည္ေနပါတယ္။ ၀ါဒါဘရီမင္နဲ႔အတူ ၁၉၈၇-၈၈ ေဘာလံုးရာသီမွာ အမွတ္ေပးဖလားကို ဆြတ္ခူးခဲ့ျပီး သူ႔ရဲ႕ ကစားသမားဘ၀ကေတာ့ ဂ်ာမနီကလပ္အမ်ားအျပားမွာ က်င္လည္ခဲ့ရတာ ျဖစ္ပါတယ္။ ဒီရာသီမွာေတာ့ သူ႔ရဲ႕ေနရာကို လီ၀န္ေဒါစကီးက ရယူသြားဖြယ္ရွိေနပါတယ္။

၃။ ဂ်ပ္ေဟးနက္ခ္

ကစားသမားအျဖစ္နဲ႔ေရာ၊ နည္းျပအျဖစ္နဲ႔ပါ ဘြန္ဒက္လီဂါဖလားကို ဆြတ္ခူးဖူးတဲ့ လူပုဂၢိဳလ္ (၇)ဦးထဲက တစ္ဦးျဖစ္ပါတယ္။ ေဟးနက္ခ္က ဘြန္ဒက္လီဂါသြင္းဂိုး ၂၂၀ အထိ သြင္းယူထားခဲ့ျပီးေတာ့ ဂလာဘတ္နဲ႔အတူ ပိုျပီးေတာ့ ေအာင္ျမင္ေက်ာ္ၾကားခဲ့ပါတယ္။ သူက ဂလာဘတ္အတြက္ ၁၈၅ဂိုးအထိ သြင္းယူေပးခဲ့ျပီး အမွတ္ေပးဖလားကို ေလးၾကိမ္ဆြတ္ခူးခဲ့ပါတယ္။

၂။ ဖစ္ရွာ

ေနာက္ျပန္ကန္ခ်က္နဲ႔ နာမည္ေက်ာ္ၾကားခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ ဘြန္ဒက္လီဂါမွာ ၁၉၆၈ ခုႏွစ္ကေန ၁၉၈၈ ခုႏွစ္အထိ ႏွစ္ေပါင္း ၁၉ ကစားခဲ့ျပီးေတာ့ ၂၆၈ ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။ ၁၈၆၀ ျမဴးနစ္ အတြက္ ၂၈ဂိုး၊ ေရွာ္ေကးလ္အတြက္ ၁၈၂ ဂိုး၊ ကိုလံုးအတြက္ ၃၁ ဂိုး၊ ဘိုခ်မ္အတြက္ ၂၇ ဂိုး သြင္းယူေပးခဲ့တာပါ။ ဖစ္ရွာက ဘြန္ဒက္လီဂါသမုိင္းရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ ၅ဦးထဲကမွ အမွတ္ေပးဖလားကို မရဖူးတဲ့ တစ္ဦးတည္းေသာ ကစားသမားလည္းျဖစ္ပါတယ္။

၁။ ဂတ္မူလာ

ဂတ္မူလာက ဘြန္ဒက္လီဂါသြင္းဂိုး ၃၆၅ ဂိုးကို ပြဲေပါင္း ၄၂၇ပြဲကစားအျပီးမွာ ရရွိခဲ့တာပါ။ နာမည္ေက်ာ္ၾကားလူသိမ်ားတဲ့ ဂႏၳ၀င္ကစားသမားေဟာင္းၾကီးျဖစ္ျပီး ဘိုင္ယန္ျမဴးနစ္အတြက္ တစ္ပြဲကို ၀.၈၅ဂိုးႏႈန္း သြင္းယူေပးႏို္ငခဲ့ပါတယ္။ ဘြန္ဒက္လီဂါေရႊဖိနပ္ဆုကို သူက ၁၉၆၆ ကေန ၁၉၇၈အထိ ၇ၾကိမ္ဆက္တိက္ဆြတ္ခူးခဲ့တာျဖစ္ပါတယ္။ ဘိုင္ယန္နဲ႔အတူ အမွတ္ေပးဖလားေလးလံုးဆြတ္ခူးခဲ့ျပီး တစ္ရာသီအတြင္း ဂိုးေပါင္း ၄၀အထိ သြင္းယူႏိုင္ခဲ့မႈက လက္ရွိအခ်ိန္ထိ စံခ်ိန္မွတ္တမ္းေကာင္းအျဖစ္ တည္တံ့ေနပါတယ္။ ဂ်ာမနီလက္ေရြးစင္အသင္းအတြက္လည္း သူက ဥေရာပဖလား၊ ကမၻာ့ဖလားတို႔ကို ဆြတ္ခူးေပးႏိုင္ခဲ့ျပီး ၆၂ပြဲကစားခဲ့ကာ ၆၈ ဂိုးသြင္းယူေပးခဲ့ပါတယ္။

Unicode Version

ဘွန်ဒက်လီဂါပြိုင်ပွဲက အခုလာမယ့်ရာသီဆိုရင် (၅၇)ကြိမ်မြောက် ဖြစ်လာတော့မှာပါ။ အသင်း (၁၈)သင်းပါဝင်ယှဉ်ပြိုင်နေတဲ့ ဂျာမနီရဲ့ အဆင့်အမြင့်ဆုံးလိဂ်ဖြစ်ပြီး ဥရောပရဲ့အကောင်းဆုံးလိဂ် (၅)ခုထဲက တစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က အမှတ်ပေးဖလား (၂၈)ကြိမ်ဆွတ်ခူးထားပြီး အအောင်မြင်ဆုံးဖြစ်နေကာ သူ့နောက်မှာတော့ ဂလာဘတ် နဲ့ ဒေါ့မွန်က ၅ ကြိမ်စီနဲ့ ရှိနေပါတယ်။ ဘိုင်ယန်က ပွဲပေါင်း တစ်ထောင်ကျော် အနိုင်ရရှိထားပြီး ဂိုးပေါင်းလေးထောင်ကျော်အထိ သွင်းယူထားနိုင်တဲ့ အသင်းပါ။ များပြားလှတဲ့ စံချိန်မှတ်တမ်းတွေ ထွက်ပေါ်ခဲ့ပြီး ဒီထဲမှာမှ ဂိုးပေါင်း (၂၀၀)ကျော်သွင်းထားတဲ့ ကစားသမားက (၅)ဦးသာ ရှိပါတယ်။

၅။ လီဝန်ဒေါစကီး

လီဝန်ဒေါစကီးက လက်ရှိအချိန်ထိ ဘိုင်ယန်မှာကစားနေဆဲပါ။ သူက ဒေါ့မွန်အတွက် ၁၂၈ပွဲကစားပေးပြီး ၇၄ ဂိုးသွင်းပေးထားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့အတူ ဂိုးပေါင်း ၁ဝဝကျော်ရရှိထားပြီး စုစုပေါင်း သူ့ရဲ့ ဘွန်ဒက်လီဂါသွင်းဂိုးက ၂၀၂ ဂိုးပါ။ ပြီးခဲ့တဲ့ရာသီက သူကလည်း ရွှေဖိနပ်ဆုကို လေးကြိမ်မြောက်ဆွတ်ခူးခဲ့ပါသေးတယ်။ ဘိုင်ယန်နဲ့အတူ အမှတ်ပေးဖလားကို ၇ ကြိမ်ဆက်တိုက် ရယူထားခဲ့ပြီးတော့ ဘွန်ဒက်လီဂါရဲ့ အမြန်ဆုံးဟက်ထရစ်ရှင်၊ အမြန်ဆုံးလေးဂိုးသွင်းနိုင်သူ နဲ့ အမြန်ဆုံးငါးဂိုးသွင်းနိုင်သူဆိုတဲ့ မှတ်တမ်းတွေကို ပိုင်ဆိုင်ထားသူပါ။

၄။ ဘာ့စ်မူလာ

ဘွန်ဒက်လီဂါသမိုင်းမှာ ဘာ့စ်မူလာက သွင်းဂိုးပေါင်း ၂၁၃ ဂိုးနဲ့ အဆင့် (၄)နေရာမှာ ရပ်တည်နေပါတယ်။ ၀ါဒါဘရီမင်နဲ့အတူ ၁၉၈၇-၈၈ ဘောလုံးရာသီမှာ အမှတ်ပေးဖလားကို ဆွတ်ခူးခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝကတော့ ဂျာမနီကလပ်အများအပြားမှာ ကျင်လည်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီရာသီမှာတော့ သူ့ရဲ့နေရာကို လီဝန်ဒေါစကီးက ရယူသွားဖွယ်ရှိနေပါတယ်။

၃။ ဂျပ်ဟေးနက်ခ်

ကစားသမားအဖြစ်နဲ့ရော၊ နည်းပြအဖြစ်နဲ့ပါ ဘွန်ဒက်လီဂါဖလားကို ဆွတ်ခူးဖူးတဲ့ လူပုဂ္ဂိုလ် (၇)ဦးထဲက တစ်ဦးဖြစ်ပါတယ်။ ဟေးနက်ခ်က ဘွန်ဒက်လီဂါသွင်းဂိုး ၂၂၀ အထိ သွင်းယူထားခဲ့ပြီးတော့ ဂလာဘတ်နဲ့အတူ ပိုပြီးတော့ အောင်မြင်ကျော်ကြားခဲ့ပါတယ်။ သူက ဂလာဘတ်အတွက် ၁၈၅ဂိုးအထိ သွင်းယူပေးခဲ့ပြီး အမှတ်ပေးဖလားကို လေးကြိမ်ဆွတ်ခူးခဲ့ပါတယ်။

၂။ ဖစ်ရှာ

နောက်ပြန်ကန်ချက်နဲ့ နာမည်ကျော်ကြားခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ဘွန်ဒက်လီဂါမှာ ၁၉၆၈ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ နှစ်ပေါင်း ၁၉ ကစားခဲ့ပြီးတော့ ၂၆၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ၁၈၆၀ မြူးနစ် အတွက် ၂၈ဂိုး၊ ရှော်ကေးလ်အတွက် ၁၈၂ ဂိုး၊ ကိုလုံးအတွက် ၃၁ ဂိုး၊ ဘိုချမ်အတွက် ၂၇ ဂိုး သွင်းယူပေးခဲ့တာပါ။ ဖစ်ရှာက ဘွန်ဒက်လီဂါသမိုင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် ၅ဦးထဲကမှ အမှတ်ပေးဖလားကို မရဖူးတဲ့ တစ်ဦးတည်းသော ကစားသမားလည်းဖြစ်ပါတယ်။

၁။ ဂတ်မူလာ

ဂတ်မူလာက ဘွန်ဒက်လီဂါသွင်းဂိုး ၃၆၅ ဂိုးကို ပွဲပေါင်း ၄၂ရပွဲကစားအပြီးမှာ ရရှိခဲ့တာပါ။ နာမည်ကျော်ကြားလူသိများတဲ့ ဂန္ထဝင်ကစားသမားဟောင်းကြီးဖြစ်ပြီး ဘိုင်ယန်မြူးနစ်အတွက် တစ်ပွဲကို ၀.၈၅ဂိုးနှုန်း သွင်းယူပေးနို်ငခဲ့ပါတယ်။ ဘွန်ဒက်လီဂါရွှေဖိနပ်ဆုကို သူက ၁၉၆၆ ကနေ ၁၉၇၈အထိ ရကြိမ်ဆက်တိက်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်နဲ့အတူ အမှတ်ပေးဖလားလေးလုံးဆွတ်ခူးခဲ့ပြီး တစ်ရာသီအတွင်း ဂိုးပေါင်း ၄ဝအထိ သွင်းယူနိုင်ခဲ့မှုက လက်ရှိအချိန်ထိ စံချိန်မှတ်တမ်းကောင်းအဖြစ် တည်တံ့နေပါတယ်။ ဂျာမနီလက်ရွေးစင်အသင်းအတွက်လည်း သူက ဥရောပဖလား၊ ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပြီး ၆၂ပွဲကစားခဲ့ကာ ၆၈ ဂိုးသွင်းယူပေးခဲ့ပါတယ်။

မွတ္ခ်က္မ်ား။