အန္ဆယ္ေလာ့တီေၾကာင့္ ငိုခဲ့ရတယ္လို႔ ၀န္ခံခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ဥကၠဌ

Team of the Week – Matchday 08

ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ဥကၠဌရူမင္နင္ဂီက သူ႔အေနနဲ႔ အသင္းနည္းျပေဟာင္းအန္ဆယ္ေလာ့တီကို ထုတ္ပယ္ဖို႔ ေျပာၾကားခဲ့ခ်ိန္မွာ ငိုေၾကြးခဲ့ရတယ္လို႔ ဖြင့္ဟေျပာဆိုလိုက္ပါတယ္။ အန္ဆယ္ေလာ့တီဟာ ၂၀၁၇ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ပီအက္စ္ဂ်ီအသင္းကို ၃-၀ နဲ႔ အေရးနိမ့္ခဲ့ျပီးေနာက္ ရာထူးကေန ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

Eintracht Frankfurt’s Japanese Eagles: Makoto Hasebe & Daichi “ The New Kagawa” Kamada

ဘိုင္ယန္ျမဴးနစ္အတြက္ ဘြန္ဒက္လီဂါဖလားကို အန္ဆယ္ေလာ့တီက ရယူေပးႏိုင္ခဲ့ေပမယ့္လည္း ဥေရာပအဆင့္မွာေတာ့ စြမ္းေဆာင္ရည္နိမ့္ပါးခဲ့တာေၾကာင့္ ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ကိုလည္း နည္းျပခဲ့ဖူးတဲ့ အန္ဆယ္ေလာ့တီကို အသင္းကေန ထုတ္ပယ္ဖို႔ ဆံုးျဖတ္ခဲ့ရခ်ိန္မွာ ဘယ္လိုခံစားခဲ့ရလဲဆိုတာကို ရူမင္နင္ဂီက ျပန္လည္ေျပာျပခဲ့ပါတယ္။

“ အန္ဆယ္ေလာ့တီက နည္းျပေကာင္းတစ္ဦးပါ၊ ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ အသင္းက အဲဒီႏွစ္မွာ စြမ္းေဆာင္ရည္က်ဆင္းခဲ့ပါတယ္၊ သူက အသင္းကို ရလဒ္ေကာင္းရေအာင္ ယူမေပးႏိုင္ခ့ဲပါဘူး၊ ဒါေပမယ့္ သူက လူေကာင္းတစ္ဦးပါ၊ ကၽြန္ေတာ့္အတြက္လည္း သူငယ္ခ်င္းေကာင္းျဖစ္ပါတယ္၊ ကၽြန္ေတာ္နည္းျပအမ်ားအျပားနဲ႔ အလုပ္တြဲလုပ္ခဲ့ဖူးျပီး သူတို႔မွာမတူညီတဲ့ အရည္အေသြးေတြရွိၾကပါတယ္”

“ ဒါေပမယ့္ အန္ဆယ္ေလာ့တီတစ္ဦးတည္းပဲ ေခါင္းေအးေအးထားတတ္တဲ့သူအျဖစ္ ေတြ႕ခဲ့ရပါတယ္၊ သူ႔ကို ထုတ္ပယ္ဖို႔ ကၽြန္ေတာ္ေျပာခဲ့တဲ့အခ်ိန္ကို သတိရမိပါတယ္၊ ကၽြန္ေတာ္ အဲဒီအေၾကာင္းေျပာျပီး ငိုခဲ့၇တာပါ၊ သူကလည္း အေျခအေနကို နားလည္ခဲ့ပါတယ္၊ ကၽြန္ေတာ့္ကို သူ ႏွစ္သိမ့္ေပးခဲ့ပါတယ္၊ အားလံုးအဆင္ေျပပါတယ္လို႔ သူေျပာခဲ့ျပီး သူငယ္ခ်င္းေတြအျဖစ္ ကၽြန္ေတာ္တို႔ဆက္ရွိေနခဲ့ပါတယ္” လို႔ ရူမင္နင္ဂီက ေျပာဆိုခဲ့ပါတယ္။

Unicode

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဥက္ကဌရူမင်နင်ဂီက သူ့အနေနဲ့ အသင်းနည်းပြဟောင်းအန်ဆယ်လော့တီကို ထုတ်ပယ်ဖို့ ပြောကြားခဲ့ချိန်မှာ ငိုကြွေးခဲ့ရတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။ အန်ဆယ်လော့တီဟာ ၂၀၁၇ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီအသင်းကို ၃-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အတွက် ဘွန်ဒက်လီဂါဖလားကို အန်ဆယ်လော့တီက ရယူပေးနိုင်ခဲ့ပေမယ့်လည်း ဥရောပအဆင့်မှာတော့ စွမ်းဆောင်ရည်နိမ့်ပါးခဲ့တာကြောင့် ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ကိုလည်း နည်းပြခဲ့ဖူးတဲ့ အန်ဆယ်လော့တီကို အသင်းကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ရချိန်မှာ ဘယ်လိုခံစားခဲ့ရလဲဆိုတာကို ရူမင်နင်ဂီက ပြန်လည်ပြောပြခဲ့ပါတယ်။

“ အန်ဆယ်လော့တီက နည်းပြကောင်းတစ်ဦးပါ၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အသင်းက အဲဒီနှစ်မှာ စွမ်းဆောင်ရည်ကျဆင်းခဲ့ပါတယ်၊ သူက အသင်းကို ရလဒ်ကောင်းရအောင် ယူမပေးနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် သူက လူကောင်းတစ်ဦးပါ၊ ကျွန်တော့်အတွက်လည်း သူငယ်ချင်းကောင်းဖြစ်ပါတယ်၊ ကျွန်တော်နည်းပြအများအပြားနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးပြီး သူတို့မှာမတူညီတဲ့ အရည်အသွေးတွေရှိကြပါတယ်”

“ ဒါပေမယ့် အန်ဆယ်လော့တီတစ်ဦးတည်းပဲ ခေါင်းအေးအေးထားတတ်တဲ့သူအဖြစ် တွေ့ခဲ့ရပါတယ်၊ သူ့ကို ထုတ်ပယ်ဖို့ ကျွန်တော်ပြောခဲ့တဲ့အချိန်ကို သတိရမိပါတယ်၊ ကျွန်တော် အဲဒီအကြောင်းပြောပြီး ငိုခဲ့ရတာပါ၊ သူကလည်း အခြေအနေကို နားလည်ခဲ့ပါတယ်၊ ကျွန်တော့်ကို သူ နှစ်သိမ့်ပေးခဲ့ပါတယ်၊ အားလုံးအဆင်ပြေပါတယ်လို့ သူပြောခဲ့ပြီး သူငယ်ချင်းတွေအဖြစ် ကျွန်တော်တို့ဆက်ရှိနေခဲ့ပါတယ်” လို့ ရူမင်နင်ဂီက ပြောဆိုခဲ့ပါတယ်။

မွတ္ခ်က္မ်ား။