ယူႏိုက္တက္ကို ေသာမတ္စ္မူလာ ေရာက္လာေတာ့မွာလား?

Funny Moments – Matchday 34

ေစ်းကြက္အတြင္းမွာ တုိက္စစ္မွဴးတစ္ဦးေခၚယူဖို႔ ျပင္ဆင္ထားတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဇန္န၀ါရီကာလအတြင္းမွာ သူတုိ႔ရဲ႕ ပစ္မွတ္ေဟာင္းတစ္ဦးျဖစ္တ့ဲ ဘိုင္ယန္တိုက္စစ္မွဴးေသာမတ္စ္မူလာကို ေခၚယူဖို႔ ျပန္လည္ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။ မူလာဟာ ဘိုင္ယန္မွာ ပံုမွန္ကစားခြင့္မရရွိလို႔ အသင္းကထြက္ခြာဖို႔ ဆႏၵရွိေနသူျဖစ္ပါတယ္။

Basford United footballer scores header from his own half

ဂ်ာမနီလက္ေရြးစင္ကစားသမားဟာ နည္းျပကိုဗက္လက္ထက္မွာ အရန္ကစားသမားအျဖစ္နဲ႔သာ ရွိေနသူျဖစ္ျပီး ဒီရာသီမွာလည္း ဘြန္ဒက္လီဂါသြင္းဂိုးတစ္ဂိုးမွ မသြင္းယူႏိုင္ေသးပဲ ရွိေနသူျဖစ္ပါတယ္။ မူလာကို လူး၀စၥဗန္ဂါးလ္လက္ထက္မွာ ယူႏိုက္တက္က ေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္လည္း မူလာအတြက္ ဘိုင္ယန္ျမဴးနစ္က ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးကို ေတာင္းဆိုခဲ့လို႔ ပ်က္ျပယ္ခဲ့ရပါတယ္။

လက္ရွိမွာ ယူႏိုက္တက္က မူလာကို လွ်ိဳ႕၀ွက္ဆက္သြယ္မႈေတြျပဳလုပ္ေနတယ္လုိ႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။ ယူႏိုက္တက္အေနနဲ႔ လူကာကူ၊ ဆန္းခ်က္ဇ္တို႔ကို အသင္းကေန ထြက္ခြာေစခဲ့ေပမယ့္ တိုက္စစ္မွဴးသစ္ျပန္လည္ျဖည့္တင္းခဲ့ျခင္းမရွိလို႔ ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔ ဒဏ္ရာရရွိေနခ်ိန္မွာ တိုက္စစ္ပိုင္းအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနခဲ့ရတာျဖစ္ပါတယ္။

ဒီအတြက္ လာမယ့္ဇန္န၀ါရီေစ်းကြက္မွာ မန္ဇူကစ္လို အေတြ႕အၾကံဳရင့္တုိက္စစ္မွဴးတစ္ဦးကို ေခၚယူမယ္လုိ႔ သတင္းေတြထြက္ေနပါတယ္။ ဒါ့အျပင္ တုိက္စစ္မွဴးေဟာင္းဇလာတန္အီဘရာဟီမိုဗစ္ကိုလည္း ျပန္လည္ေခၚယူဖို႔ သတင္းေတြထြက္ေနသလို ေနာက္ဆံုးအေနနဲ႔ ေသာမတ္မူလာနဲ႔ သတင္းေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

Unicode

စျေးကွက်အတွင်းမှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ပြင်ဆင်ထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇန်နဝါရီကာလအတွင်းမှာ သူတို့ရဲ့ ပစ်မှတ်ဟောင်းတစ်ဦးဖြစ်တဲ့ ဘိုင်ယန်တိုက်စစ်မှူးသောမတ်စ်မူလာကို ခေါ်ယူဖို့ ပြန်လည်ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ မူလာဟာ ဘိုင်ယန်မှာ ပုံမှန်ကစားခွင့်မရရှိလို့ အသင်းကထွက်ခွာဖို့ ဆန္ဒရှိနေသူဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်ကစားသမားဟာ နည်းပြကိုဗက်လက်ထက်မှာ အရန်ကစားသမားအဖြစ်နဲ့သာ ရှိနေသူဖြစ်ပြီး ဒီရာသီမှာလည်း ဘွန်ဒက်လီဂါသွင်းဂိုးတစ်ဂိုးမှ မသွင်းယူနိုင်သေးပဲ ရှိနေသူဖြစ်ပါတယ်။ မူလာကို လူးဝစ္စဗန်ဂါးလ်လက်ထက်မှာ ယူနိုက်တက်က ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း မူလာအတွက် ဘိုင်ယန်မြူးနစ်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုခဲ့လို့ ပျက်ပြယ်ခဲ့ရပါတယ်။

လက်ရှိမှာ ယူနိုက်တက်က မူလာကို လျှို့ဝှက်ဆက်သွယ်မှုတွေပြုလုပ်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ လူကာကူ၊ ဆန်းချက်ဇ်တို့ကို အသင်းကနေ ထွက်ခွာစေခဲ့ပေမယ့် တိုက်စစ်မှူးသစ်ပြန်လည်ဖြည့်တင်းခဲ့ခြင်းမရှိလို့ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ ဒဏ်ရာရရှိနေချိန်မှာ တိုက်စစ်ပိုင်းအခက်အခဲတွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။

ဒီအတွက် လာမယ့်ဇန်နဝါရီစျေးကွက်မှာ မန်ဇူကစ်လို အတွေ့အကြုံရင့်တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူမယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးဟောင်းဇလာတန်အီဘရာဟီမိုဗစ်ကိုလည်း ပြန်လည်ခေါ်ယူဖို့ သတင်းတွေထွက်နေသလို နောက်ဆုံးအနေနဲ့ သောမတ်မူလာနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။