လက္သြက္ေျခသြက္ရွိေနခဲ့တဲ့ ရန္ကုန္ယူႏိုက္တက္ရဲ႕ အေျပာင္းအေရႊ႕မ်ား

Ljungberg has ‘got no indications’ regarding Arsenal future

ျမန္မာေနရွင္နယ္လိဂ္ကလပ္ ရန္ကုန္ယူႏိုက္တက္အသင္းကေတာ့ လာမယ့္ ၂၀၂၀ ေနရွင္နယ္လိဂ္ျပိဳင္ပြဲအတြက္ ၾကိဳတင္ျပင္ဆင္မႈေတြကို ေတာ္ေတာ္ေလးျပဳလုပ္ေနခဲ့ပါတယ္။ မေန႔ကပဲ ႏိုင္ငံျခားသားကစားသမားႏွစ္ဦးကို ရန္ကုန္က စာခ်ဳပ္ခ်ဳပ္ဆိုေခၚယူခဲ့ျပီးေတာ့ လက္ရွိမွာ သူတို႔က ကစားသမားသစ္ ၅ဦးအထိ ေခၚယူထားခဲ့ျပီးျဖစ္ပါတယ္။ ဗို္လ္ခ်ဳပ္ေအာင္ဆန္းဒိုင္းခ်န္ပီယံအသင္းဟာ AFC Cup ျပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ျပိဳင္ခြင့္ရရွိထားသလို အမွတ္ေပးဖလားအတြက္လည္း ၾကိဳတင္ျပင္ဆင္မႈေတြကို အားစိုက္ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

Part 1 – The best Jose Mourinho quotes from his time in England

အသင္းရဲ႕ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ၾကည္လင္းကို ျပန္လည္ေခၚယူခဲ့ျပီး ထိုက္ထုိက္ေအာင္၊ ေအာင္ေက်ာ္ႏိုင္တို႔လို အရည္အေသြးရွိ ျပည္တြင္းကစားသမားႏွစ္ဦးကို ထပ္မံေခၚယူခဲ့ပါတယ္။ မေန႔ကလည္း အာဖရိကစားသမားတစ္ဦးျဖစ္တဲ့ ဘာဖိုနဲ႔ အသင္းကစားသမားေဟာင္း တစ္ဦးျဖစ္တဲ့ အီမန္ႏူရယ္တို႔ကို ထပ္မံေခၚယူျပီး ရာသီသစ္အတြက္ ျပင္ဆင္ေနခဲ့ပါတယ္။ ျပီးခဲ့တဲ့ရာသီက လက္လႊတ္ခဲ့ရတဲ့ အမွတ္ေပးဖလားကို ျပန္လည္သိမး္ပိုက္ႏိုင္ဖို႔နဲ႔ AFC Cup ျပိဳင္ပြဲမွာအေကာင္းဆံုးကစားႏိုင္ဖို႔အတြက္ ရန္ကုန္အသင္းက လ်င္လ်င္ျမန္ျမန္ပဲ စီစဥ္လာခဲ့တာျဖစ္ပါတယ္။

ယာယီနည္းျပဦးတင္ေမာင္ထြန္းကိုလည္း အျမဲတမ္းနည္းျပအျဖစ္ ခန္႔အပ္ထားခ့ဲ့ျပီး ရန္ကုန္ယူႏုိက္တက္ရဲ႕ ရာသီၾကိဳျပင္ဆင္မႈေတြက စိတ္ေက်နပ္စရာေတာ့ရွိေနခဲ့ပါတယ္။ ၾကည္လင္းကလည္း ဇြဲကပင္မွာ ေျခစြမ္းျပႏိုင္ခဲ့ျပီး လက္ေရြးစင္အသင္းမွာ ျပန္လည္ေရြးခ်ယ္ခံရတဲ့အထိ ေျခစြမ္းေကာင္းမြန္ခဲ့သူျဖစ္ပါတယ္။ ထုိက္ထိုက္ေအာင္ကလည္း ျမန္မာျပည္တြင္းရဲ႕ အေကာင္းဆံုးကစားသမားေတြထဲက တစ္ဦးျဖစ္ျပီး ေအာင္ေက်ာ္ႏိုင္ကေတာ့ ေနရွင္နယ္လိဂ္မွာ ေျခစြမ္းျပေနခဲ့ျပီးေနာက္ နာမည္ရလာခဲ့သူျဖစ္ပါတယ္။ ရန္ကုန္အေနနဲ႔ ဒီလိုကစားသမားေတြကို အလ်င္စလို ေခၚယူခဲ့တာဟာ အာရွအဆင့္ျပိဳင္ပြဲအတြက္ ရည္ရြယ္ခဲ့တယ္ဆိုတာလည္း ထင္ရွားပါတယ္။

ရွိရင္းစြဲကစားသမားေတြနဲ႔အတူ ရန္ကုန္က ျမန္မာေနရွင္နယ္လိဂ္ရဲ႕ အေကာင္းဆံုးအသင္းတစ္သင္း၊ ေငြေၾကးအသံုးစြဲႏိုင္ဆံုးအသင္းတစ္သင္း၊ အျခားေသာ ျပိဳင္ဘက္အသင္းေတြထက္ အနည္းငယ္သာလြန္တဲ့ အေနအထားေတြမွာ ရွိေနခဲ့ပါတယ္။ ဒါေပမယ့္လည္း အာရွကလပ္ျပိဳင္ပြဲအဆင့္ေတြမွာေတာ့ ရန္ကုန္ယူႏိုက္တက္က ေတာ္ေတာ္ေလးရုန္းကန္ေနခဲ့ရပါတယ္။ ဒီအတြက္ေၾကာင့္လည္း လာမယ့္ရာသီအတြက္ သူတို႔က အားစုိက္ျပဳျပင္ေနခဲ့တာျဖစ္ပါတယ္။ ျမန္မာေနရွင္နယ္လိဂ္ရဲ႕ အေအာင္ျမင္ဆံုးအသင္းတစ္သင္းျဖစ္သလို အင္အားအၾကီးမားဆံုးအသင္းတစ္သင္းအျဖစ္နဲ႔လည္း ရန္ကုန္က ရပ္တည္ေနတာျဖစ္ပါတယ္။

ရန္ကုန္ယူႏိုက္တက္ပရိသတ္ေတြအတြက္လည္း အသင္းရဲ႕ လႈပ္ရွားမႈေတြက စိတ္ေက်နပ္စရာျဖစ္ေနခဲ့ပါတယ္။ လက္ေရြးစင္ကစားသမားအမ်ားစု ပါ၀င္ေနသလို အသင္းပိုင္ရွင္နဲ႔ အျခားတာ၀န္ရွိသူေတြကိုယ္တိုင္ကလည္း အသင္းတိုးတက္လာဖို႔အတြက္ အစြမ္းကုန္အားထုတ္ေပးေနခဲ့လို႔ ရန္ကုန္ယူႏိုက္တက္ရဲ႕ လာမယ့္ရာသီအေနအထားက စိတ္လႈပ္ရွားစရာေတာ့ျဖစ္ခဲ့ပါတယ္။

Photo: Yangon United FB Page

Unicode

မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းကတော့ လာမယ့် ၂၀၂၀ နေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို တော်တော်လေးပြုလုပ်နေခဲ့ပါတယ်။ မနေ့ကပဲ နိုင်ငံခြားသားကစားသမားနှစ်ဦးကို ရန်ကုန်က စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ပြီးတော့ လက်ရှိမှာ သူတို့က ကစားသမားသစ် ၅ဦးအထိ ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။ ဗို်လ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံအသင်းဟာ AFC Cup ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသလို အမှတ်ပေးဖလားအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေကို အားစိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ကြည်လင်းကို ပြန်လည်ခေါ်ယူခဲ့ပြီး ထိုက်ထိုက်အောင်၊ အောင်ကျော်နိုင်တို့လို အရည်အသွေးရှိ ပြည်တွင်းကစားသမားနှစ်ဦးကို ထပ်မံခေါ်ယူခဲ့ပါတယ်။ မနေ့ကလည်း အာဖရိကစားသမားတစ်ဦးဖြစ်တဲ့ ဘာဖိုနဲ့ အသင်းကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ အီမန်နူရယ်တို့ကို ထပ်မံခေါ်ယူပြီး ရာသီသစ်အတွက် ပြင်ဆင်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက လက်လွှတ်ခဲ့ရတဲ့ အမှတ်ပေးဖလားကို ပြန်လည်သိမး်ပိုက်နိုင်ဖို့နဲ့ AFC Cup ပြိုင်ပွဲမှာအကောင်းဆုံးကစားနိုင်ဖို့အတွက် ရန်ကုန်အသင်းက လျင်လျင်မြန်မြန်ပဲ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

ယာယီနည်းပြဦးတင်မောင်ထွန်းကိုလည်း အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ထားခဲ့့ပြီး ရန်ကုန်ယူနိုက်တက်ရဲ့ ရာသီကြိုပြင်ဆင်မှုတွေက စိတ်ကျေနပ်စရာတော့ရှိနေခဲ့ပါတယ်။ ကြည်လင်းကလည်း ဇွဲကပင်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံရတဲ့အထိ ခြေစွမ်းကောင်းမွန်ခဲ့သူဖြစ်ပါတယ်။ ထိုက်ထိုက်အောင်ကလည်း မြန်မာပြည်တွင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အောင်ကျော်နိုင်ကတော့ နေရှင်နယ်လိဂ်မှာ ခြေစွမ်းပြနေခဲ့ပြီးနောက် နာမည်ရလာခဲ့သူဖြစ်ပါတယ်။ ရန်ကုန်အနေနဲ့ ဒီလိုကစားသမားတွေကို အလျင်စလို ခေါ်ယူခဲ့တာဟာ အာရှအဆင့်ပြိုင်ပွဲအတွက် ရည်ရွယ်ခဲ့တယ်ဆိုတာလည်း ထင်ရှားပါတယ်။

ရှိရင်းစွဲကစားသမားတွေနဲ့အတူ ရန်ကုန်က မြန်မာနေရှင်နယ်လိဂ်ရဲ့ အကောင်းဆုံးအသင်းတစ်သင်း၊ ငွေကြေးအသုံးစွဲနိုင်ဆုံးအသင်းတစ်သင်း၊ အခြားသော ပြိုင်ဘက်အသင်းတွေထက် အနည်းငယ်သာလွန်တဲ့ အနေအထားတွေမှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း အာရှကလပ်ပြိုင်ပွဲအဆင့်တွေမှာတော့ ရန်ကုန်ယူနိုက်တက်က တော်တော်လေးရုန်းကန်နေခဲ့ရပါတယ်။ ဒီအတွက်ကြောင့်လည်း လာမယ့်ရာသီအတွက် သူတို့က အားစိုက်ပြုပြင်နေခဲ့တာဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်ရဲ့ အအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်သလို အင်အားအကြီးမားဆုံးအသင်းတစ်သင်းအဖြစ်နဲ့လည်း ရန်ကုန်က ရပ်တည်နေတာဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်ပရိသတ်တွေအတွက်လည်း အသင်းရဲ့ လှုပ်ရှားမှုတွေက စိတ်ကျေနပ်စရာဖြစ်နေခဲ့ပါတယ်။ လက်ရွေးစင်ကစားသမားအများစု ပါဝင်နေသလို အသင်းပိုင်ရှင်နဲ့ အခြားတာဝန်ရှိသူတွေကိုယ်တိုင်ကလည်း အသင်းတိုးတက်လာဖို့အတွက် အစွမ်းကုန်အားထုတ်ပေးနေခဲ့လို့ ရန်ကုန်ယူနိုက်တက်ရဲ့ လာမယ့်ရာသီအနေအထားက စိတ်လှုပ်ရှားစရာတော့ဖြစ်ခဲ့ပါတယ်။

မွတ္ခ်က္မ်ား။