စစ္ကိုင္းကို အၾကိတ္အနယ္ကစားျပီးမွ အႏိုင္ရခဲ့တဲ့ ရွမ္းယူႏိုက္တက္

Defensive calamities; Eagle-eyed vision; and Poetry in motion: 10 Things You Missed from Bundesliga MD23

ဒီေန႔ညေန ၃း၃၀ နာရီက မံုရြာျမိဳ႕မွာ ကစားခဲ့တဲ့ စစ္ကိုင္းယူႏိုက္တက္ နဲ႔ ရွမး္ယူႏိုက္တက္တို႔ရဲ႕ ျမန္မာေနရွင္နယ္လိဂ္ပြဲစဥ္ (၃)ကေတာ့ အၾကိတ္အနယ္ရွိခဲ့ျပီး ၾကည့္ေကာင္းတဲ့ ပြဲစဥ္တစ္ပြဲျဖစ္ခဲ့ပါတယ္။ အိမ္ရွင္စစ္ကိုင္းယူႏိုက္တက္က လက္ရွိခ်န္ပီယံရွမ္းယူႏိုက္တက္ကို ေျခစြမ္းပိုင္းအသာစီးနဲ႔ ကစားႏိုင္ခဲ့ျပီးမွ မထင္မွတ္တဲ့ ေပးဂိုးေတြခြင့္ျပဳခဲ့ရျပီး အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

Highlights – Borussia Dortmund vs 1. FC Köln

စစ္ကိုင္းယူႏိုက္တက္က ပထမပိုင္းတစ္ပိုင္းလံုးမွာ ေဘာလံုးပိုင္ဆိုင္မႈအသာ၊ အခြင့္အေရးပိုင္းဖန္တီးႏိုင္မႈေတြနဲ႔ ရွမ္းကို ဖိအားေပးႏိုင္ခဲ့ပါတယ္။ ဟံသာ၀တီကို အေရးနိမ့္ျပီး ရံႈးပြဲေတြ႔ခဲ့တဲ့ ရွမ္းကေတာ့ ပံုမွန္ေျခစြမ္းျပသႏိုင္ဖို႔ ရုန္းကန္ခဲ့ရျပီး စစ္ကိုင္းအသင္းရဲ႕ ဖိအားေပးမႈေတြကို ခံခဲ့ရကာ ဂိုးသမားသီဟစည္သူ အလုပ္ရႈပ္ခဲ့ရတဲ့ ပြဲလည္းျဖစ္ခဲ့ပါတယ္။

ပထမပိုင္းမွာ ဂိုးမရွိသေရသာျဖစ္ေနခဲ့ျပီး ဒုတိယပိုင္း ၆၁ မိနစ္မွာ စစ္ကိုင္းအသင္းက အဖြင့္ဂိုးစတင္သြင္းယူခဲ့ပါတယ္။ ဧရိယာထဲမွာ ေထာင့္က်ဥ္းအေနအထားကေန ကန္သြင္းယူခဲ့တာျဖစ္ျပီး သီဟစည္သူဘယ္လိုမွမတတ္ႏိုင္ဘဲ ဂိုးေပးခဲ့ရပါတယ္။ ဂိုးေပးရျပီးေနာက္ ရွမ္းက တိုက္စစ္ကိုျမွင့္တင္ကစားလာခဲ့ျပီး ေခ်ပဂိုးရဖို႔ အားထုတ္ခဲ့ပါတယ္။

ရွမ္းရဲ႕ ဖိအားေပးလာမႈကို စစ္ကိုင္းတို႔ ၾကာၾကာေတာင့္မခံႏိုင္ဘဲ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြ ခြင့္ျပဳခဲ့ရပါတယ္။ ရွမ္းအတြက္ ေခ်ပဂိုးကို ဧရိယာထဲကေန ဆက္ျဖိဳးေ၀က အနီးကပ္အပိုင္ပိတ္သြင္းယူခဲ့ပါတယ္။ အဲဒီေနာက္ သိပ္မၾကာခင္မွာပဲ အႏိုင္ဂိုးရဖို႔ ဆက္တိုက္ဖိကစားခဲ့တဲ့ ရွမ္းတို႔ ဦးေဆာင္ဂိုးရခဲ့ျပီး ရန္ႏိုင္ဦးက ဧရိယာထိပ္ကေန အျပင္းကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

စစ္ကိုင္းအေနနဲ႔ အခ်ိန္တိုအတြင္း ၂ဂိုးေပးလိုက္ရလို႔ စိတ္ဓာတ္ပိုင္းပါက်ဆင္းသြားခဲ့ပါတယ္။ လက္က်န္မိနစ္ေတြမွာ ေခ်ပဂိုးရဖို႔ အားထုတ္ခဲ့ေပမယ့္ ကစားကြက္စီးသြားခဲ့ျပီျဖစ္တဲ့ ရွမ္းကို မေက်ာ္လႊားႏိုင္ေတာ့ဘဲ ရွိခဲ့ပါတယ္။ စစ္ကိုင္းအေနနဲ႔ အမွတ္ရသင့္တဲ့ ေျခစြမ္းမ်ိဳးကို ျပသႏိုင္ခဲ့ေပမယ့္လည္း အေတြ႔အၾကံဳပိုင္းနဲ႔ ကစားသမားတစ္ဦးခ်င္းအရည္အေသြးကြာဟခ်က္ေၾကာင့္ အေရးနိမ့္ခဲ့ရျပီး ရွမ္းကေတာ့ ႏိုင္ပြဲျပန္လည္ရရွိသြားခဲ့ပါတယ္။

Unicode

ဒီနေ့ညနေ ၃း၃၀ နာရီက မုံရွာမြို့မှာ ကစားခဲ့တဲ့ စစ်ကိုင်းယူနိုက်တက် နဲ့ ရှမး်ယူနိုက်တက်တို့ရဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၃)ကတော့ အကြိတ်အနယ်ရှိခဲ့ပြီး ကြည့်ကောင်းတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ အိမ်ရှင်စစ်ကိုင်းယူနိုက်တက်က လက်ရှိချန်ပီယံရှမ်းယူနိုက်တက်ကို ခြေစွမ်းပိုင်းအသာစီးနဲ့ ကစားနိုင်ခဲ့ပြီးမှ မထင်မှတ်တဲ့ ပေးဂိုးတွေခွင့်ပြုခဲ့ရပြီး အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းယူနိုက်တက်က ပထမပိုင်းတစ်ပိုင်းလုံးမှာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ အခွင့်အရေးပိုင်းဖန်တီးနိုင်မှုတွေနဲ့ ရှမ်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဟံသာဝတီကို အရေးနိမ့်ပြီး ရှုံးပွဲတွေ့ခဲ့တဲ့ ရှမ်းကတော့ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး စစ်ကိုင်းအသင်းရဲ့ ဖိအားပေးမှုတွေကို ခံခဲ့ရကာ ဂိုးသမားသီဟစည်သူ အလုပ်ရှုပ်ခဲ့ရတဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေသာဖြစ်နေခဲ့ပြီး ဒုတိယပိုင်း ၆၁ မိနစ်မှာ စစ်ကိုင်းအသင်းက အဖွင့်ဂိုးစတင်သွင်းယူခဲ့ပါတယ်။ ဧရိယာထဲမှာ ထောင့်ကျဉ်းအနေအထားကနေ ကန်သွင်းယူခဲ့တာဖြစ်ပြီး သီဟစည်သူဘယ်လိုမှမတတ်နိုင်ဘဲ ဂိုးပေးခဲ့ရပါတယ်။ ဂိုးပေးရပြီးနောက် ရှမ်းက တိုက်စစ်ကိုမြှင့်တင်ကစားလာခဲ့ပြီး ချေပဂိုးရဖို့ အားထုတ်ခဲ့ပါတယ်။

ရှမ်းရဲ့ ဖိအားပေးလာမှုကို စစ်ကိုင်းတို့ ကြာကြာတောင့်မခံနိုင်ဘဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ခွင့်ပြုခဲ့ရပါတယ်။ ရှမ်းအတွက် ချေပဂိုးကို ဧရိယာထဲကနေ ဆက်ဖြိုးဝေက အနီးကပ်အပိုင်ပိတ်သွင်းယူခဲ့ပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ အနိုင်ဂိုးရဖို့ ဆက်တိုက်ဖိကစားခဲ့တဲ့ ရှမ်းတို့ ဦးဆောင်ဂိုးရခဲ့ပြီး ရန်နိုင်ဦးက ဧရိယာထိပ်ကနေ အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းအနေနဲ့ အချိန်တိုအတွင်း ၂ဂိုးပေးလိုက်ရလို့ စိတ်ဓာတ်ပိုင်းပါကျဆင်းသွားခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ ချေပဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် ကစားကွက်စီးသွားခဲ့ပြီဖြစ်တဲ့ ရှမ်းကို မကျော်လွှားနိုင်တော့ဘဲ ရှိခဲ့ပါတယ်။ စစ်ကိုင်းအနေနဲ့ အမှတ်ရသင့်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပေမယ့်လည်း အတွေ့အကြုံပိုင်းနဲ့ ကစားသမားတစ်ဦးချင်းအရည်အသွေးကွာဟချက်ကြောင့် အရေးနိမ့်ခဲ့ရပြီး ရှမ်းကတော့ နိုင်ပွဲပြန်လည်ရရှိသွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။