MNL ရဲ့ အကြီးကျယ်ဆုံး ဒါဘီပွဲ (သို့) မာနနဲ့သိက္ခာအတွက်လွန်ဆွဲကြမယ့်  ရန်ကုန်- ရတနာပုံ

Alexis Sanchez is ‘recovering well’ – Conte

ဒီနေ့ကြည့်ရမှာက MNL ပွဲစဉ်တွေထဲမှ အကြီးကျယ်ဆုံး ဒါဘီပွဲ တစ်ပွဲ…

ရန်ကုန် နဲ့ ရတနာပုံ ထိပ်တိုက်အဆုံပေါ့..

မောင်မောင်လွင်လား…

အောင်သူလား..

ကြိုက်တာရွေး  အားပေးပြီး ကြိုက်တဲ့အသင်းရှိရင်လည်းပြောခဲ့ပါဦးလား…

တွေ့တိုင်းအကြိတ်အနယ်ရှိခဲ့ကြတာဆိုတော့ ဒီတစ်ခါမှာရော အရင်လိုမျိုး စွဲဆောင်မှုအပြည့် နဲ့ ပရိသတ်ကိုဖမ်းစားထားဦးမလားပဲ…

မနေ့တုန်းက MNL ပွဲစဉ် ၃ ရဲ့ စနေနေ့ ၃ ပွဲကစားအပြီးမှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရန်ကုန်နဲ့အတူတူပြေးနေတဲ့ ဟံသာဝတီက တန်းတက်ကလပ်ဖြစ်တဲ့ ချင်းယူနိုက်တက်ကို  ၃-၁ နဲ့နိုင်လိုက်တာကြောင့် ကိုယ့် အလုပ်ကိုယ် သေချာအောင်လုပ်ပြလိုက်ကြတဲ့သူတွေအတွက် လတ်တလောမှာ အမှတ်ပေးဇယားထိပ်ဆုံးကို ဦးဆောင်ခွင့်ရသွားပြီဖြစ်တယ်။

ပြီးတော့ တစ်ဆက်တည်း ရန်ကုန်နဲ့ ရတနာပုံပွဲအတွက်ပါ တစ်ပါတည်း ခေတ် စကားနဲ့ပြောရမယ်ဆိုရင်  ဆေး အကြီးကြီးထိုး သွားတယ်။ ဟုတ်ပါတယ်။ ဟံသာဝတီနိုင်လိုက် တာကြောင့် ရန်ကုန်နဲ့ ရတနာပုံပွဲက ပိုကြွပြီးလှသွားတယ်။ နိုင်တဲ့ အသင်း အမှတ်ပေးဇယားမှာ ရပ်တည်မှု အလှည့် အပြောင်းဖြစ်မယ်။ တစ်ကယ်လို့ လိုအပ်တဲ့ သွင်းဂိုးတွေနဲ့ ရတနာပုံကို ရန်ကုန်နိုင်ရင် ဇယား ထိပ်ဆုံးမှာ ရပ်တည်ခွင့်ဆက်လက်ရှင်သန်ဖို့ အတွက် မျှော်လင့်ချက်တွေ ရှိမယ်။

တစ်ကယ်လို့ ရန်ကုန်ကို ရတနာပုံနိုင်မယ်ဆိုရင်လည်း အမှတ်ပေးဇယားမှာ လတ်တလော ရှမ်းအသင်းရပ်တည်နေတဲ့ ဒုတိယနေရာအထိ တက်လှမ်းဖို့အခွင့်အရေး ရတနာပုံမှာ ရနိုင်သေးတာ ပဲ။ သရေကျမယ်ဆိုရင်တော့ ၃ ပွဲကစားပြီး အမှတ်ပြည့်ရထားတဲ့ ဟံသာဝတီအတွက် ချက်ကောင်းကိုတည့်တည့်ထိတဲ့ ပစ်မှတ်ကို မှန်လိုက် သလိုပဲဖြစ်နေ လိမ့်မယ်။

ထားပါ။ ဒါကတော့  ပွဲ မကစားခင်မှာတော့အမျိုးမျိုး တွက်ဆနေကြတာပါပဲ။ ဖြစ်နိုင် ချေတွေအတွက် စိတ်ကူးတွေ အမျိုးမျိုး ယဉ်ကြတယ်။

ပွဲကောင်းတစ်ပွဲ ထက် ပိုခဲ့တဲ့ စစ်ကိုင်းနဲ့ ရှမ်းပွဲစဉ်မှာလည်း  လက်ရှိချန်ပီယံဖြစ်တဲ့ ရှမ်းယူနိုက်တက်က စစ်ကိုင်း ကို ၁-၂ နဲ့ကပ်အသာရခဲ့တာကြောင့် အမှတ်ပြည့်ရသွား တာတွေ့ရမယ်။ ပြီးတော့ အမှတ်မရသေးတဲ့ ဆောက်သမ်းမြန်မာဟာ အရှုံးပြ ကံဆိုးမှုတွေ ရပ်မသွားသေးဘဲ အိမ်ကွင်းမှာ မကွေးကို ဆက်တိုက်ရှုံးဖြစ်တာကြောင့် အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေရတုန်းပါပဲ။

ဟံသာဝတီကတော့ ကိုယ့်အလုပ်ကိုယ်သေချာအောင်လုပ်ပြခဲ့ပြီးပြီ၊ ဆိုတော့ကာ အမှတ်ပေး ဇယားထိပ်ဆုံးမှာ အတူဆက်လက်ပြေးဖို့ အရှုံးမရှိ အသင်းနှစ်သင်းထဲမှာ ရန်ကုန် ရော အတူ လိုက်ပြေးနိုင်မလား၊ ဒီနေ့ဆိုရင် ရန်ကုန်က မြန်မာ ဒါဘီ နွဲဖို့ အတွက် ရတနာပုံက အသင့်ရှိနေတယ်။ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ရန်ကုန်ဟာ ရန်ကုန် ပီသဖို့ပဲလိုတယ်။ ရတနာ ပုံကတော့ ဒီပွဲကို အကြိတ်အနယ်ဆင်နွဲဖို့ အသင့်ဖြစ်နေပြီ။

ဒီနေ့ကြည့်ရမယ့် အကြိတ်နယ်ဆင်နွဲမြန်မာဒါဘီပွဲ ဖြစ်တဲ့ ရန်ကုန်နဲ့ ရတနာပုံပွဲစဉ်က တော့ အတော်လေးကို ကြည့်ကောင်းမယ့်ပုံဆိုတာထက်ပိုနေလိမ့်မယ်။

ဟုတ်ပါတယ်….

အညာဒါဘီပြီးသွားတော့ ရတနာပုံအတွက် မြန်မာ ဒါဘီ ထပ်ဝင်လာတယ်ပေါ့။

ဟုတ်ပါတယ်၊ ရတနာပုံအတွက် ပွဲကျပ်နေတယ်။ တစ်ဖက်မှာလည်း ရန်ကုန်က ပွဲဆက်တွေ ဆင်နွဲထားတာကြောင့် အနားမရပဲနဲ့ ဒီပွဲကို ရတနာပုံနဲ့ အိမ်ကွင်းမှာ ဆက်တိုက်နွဲရမှာဖြစ်နေ တယ်ဆိုတာပါပဲ။ လုံးဝပွဲကောင်းတဲ့နေ့၊ အားလုံးကလည်း ဒီပွဲကို စောင့်ကြည့်နေတယ်။ အမှား မခံဘူး။

တွေ့တိုင်းမှာ လုံးဝကို အမှားမရှိအောင် အကြိတ်အနယ်နဲ့ ယှဉ်ပြိုင်လေ့ရှိကြတဲ့ပွဲဖြစ်နေတာ ကြောင့် တစ်သင်းနဲ့တစ်သင်းကြားက ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အမှားမပါကြေး ကစားမယ့်ပွဲ ကို လူတိုင်းအကြိုက်တွေ့ဖြစ်ကြမယ်ထင်တယ်။

နှစ်သင်းစလုံးဟာ MNL မှာ ဘယ်အသင်းကို ရှုံးရှုံး ရန်ကုန်က ရတနာပုံကို ရှုံးတာလောက်၊ ရတနာပုံကလည်း ရန်ကုန်ကို ရှုံးတာလောက် အသဲပေါက်ပြီး နာကျင် ခံစားရခက်တာလောက် မရှိပါဘူး။ ဒီနှစ်သင်းရဲ့ ပရိသတ်တွေရဲ့ အားပြိုင်မှုကလည်း တစ်ကယ့်ကို ပြောစမတ်တွင် အောင်လို့ ရှိခဲ့ကြဖူးပြီးသားဖြစ်ခဲ့ကြတာဆိုတော့ ဒီရာသီ အတွက် ပထမဆုံး အားပြိုင်မှုက လုံး ၀ကို ပြိုင်ပွဲတစ်ခု ပြိုင်ဆိုင်ကြတယ်ဆိုတာထက် မာနနဲ့ သိက္ခာ အတွက်ပါ အကြိတ်အနယ် ရှိနေလိမ့်မယ်ဆိုတာပါပဲ။

ပြောမယ်ဆိုရင် မောင်မောင်လွင်နဲ့ အောင်သူ၊ ဦးတင်မောင်ထွန်းနဲ့ ဦးအောင်ကျော်မိုး၊ လှိုင်းဘိုဘိုနဲ့ ကျော်ဇင်ထက်၊ စည်သူအောင်နဲ့ သိန်းသန်းဝင်း တို့ အပြိုင်အဆိုင် သူငယ်ချင်း မိတ်ဆွေအချင်းချင်း၊ ညီအစ်ကို ဆွေရင်းတွေ ပြန်တွေ့ကြတဲ့ပွဲလို့တောင်ဆိုနိုင်တယ်။  MNL ပရိုလောက ဆိုတာကလည်း အ၀န်းအ၀ိုင်းက သေးသေးလေးဆိုတော့ ဘယ်လိုမျိုးမဆို အမှား မရှိအောင်လို့ လုပ်လာကြလိမ့်မယ်ထင်တယ်။

မနှစ်တုန်းက ဒီနှစ်သင်း MNL မှာ ဆုံတော့ ပွဲစဉ် ၃ မှာ ရတနာပုံက အိမ်ရှင်အဖြစ် ဧည့်ခံတဲ့အခါ ရန်ကုန်ကို ၃-၂ နဲ့နိုင်တယ်။ လုံးဝအကြိတ်အနယ်ကစားပြီး ပွဲကောင်းတစ်ပွဲဆိုတာထက် ပိုခဲ့ တယ်။ ပြီးတော့ ပွဲစဉ် ၁၆ မှာ ဆိုရင်လည်း ရန်ကုန်က အိမ်ရှင်အဖြစ် အခုလိုမျိုး ပွဲစဉ်မှာ ဆုံတော့ ၁-၀ နဲ့ သန်းပိုင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ယူပြခဲ့တယ်။ ဒါတင်ပဲလား ဆိုတော့မဟုတ်ပါဘူး။ တွေ့တိုင်းမှာ အမြဲတမ်း အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြပြီး ပရိသတ် အကြိုက် ပွဲကောင်းတစ်ပွဲထက်ပိုတဲ့ ပွဲမျိုးဖြစ်ခဲ့တာကတော့ ငြင်းမရခဲ့ပါဘူး။

အခုလည်း အကြိတ်အနယ်ယှဉ်ပြိုင်ကြရမယ်။  နှစ်ဖက်ကစားသမားတွေလည်း အင်အား အပြည့် နဲ့ ရင်ဆိုင်လိမ့်မယ်။ ရန်ကုန်ပွဲပန်းနေတာမှန်ပေမယ့် အခုပွဲက အိမ်ရှင်ဖြစ်နေ တာရယ်၊  စိတ်ဓါတ်ပိုင်းမှာ ပြင်ဆင်မှု အားသာနေတာရယ်ကြောင့် မြန်မာ ဒါဘီဟာ အသာတကြည် တော့နွဲလို့ရမယ်မထင်မိဘူး။ ရှေ့မှာ ဟံသာဝတီကလည်း အနိုင်ရပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်ပြီး ဦးဆောင်နေခွင့်ယူထားတာဖြစ်လို့ ရန်ကုန်ဟာ ရန်ကုန်ပီသဖို့ပဲ ဒီနေ့ ပွဲမှာ အနိုင်ရအောင် ယူပြနိုင်မလား၊ ရတနာပုံကို လျော့တွက်လို့ မရဘူး။ ကစားအားရော၊ ကစားသမား အားပါ ကောင်းတယ်။ ပွဲကြီးပွဲကောင်းတွေဆိုရင် အကြိတ်အနယ်နဲ့ ယှဉ်ပြိုင် ကစားရလေ့ရှိတာကြောင့် ဘယ်လိုမျိုး မဆို MNL ရဲ့ရိုးရာ ဒါဘီပွဲမှာ ရန်ကုန်ကို လုံးဝ သေးသေး တင်အမှားခံလိမ့်မယ်မထင်မိဘူး။

ရန်ကုန်ဟာ MNL နောက်ဆုံး အိမ်ကွင်း ၇ ပွဲမှာ လုံးဝ ရှုံးပွဲမရှိသေးဘူး။ အဲ့ဒီအထဲမှာ မနှစ်တုန်းတုန်းက အိမ်ကွင်းကစားပြီး ပွဲစဉ် ၁၅ မှာ  ရတနာပုံကို ၁-၀နဲ့နိုင်ထားတဲ့ ပွဲလည်းပါဝင်ထားတယ်။ ပြီးတော့ ရန်ကုန်ဟာ ၃ ပွဲဆက်တိုက် MNL မှာ ဂိုးပေး ထားရလို့ Clean Sheet လည်းမရသေးဘူး။ ရတနာပုံကတော့ နောက်ဆုံး ၃ ပွဲ MNL မှာ ဆက် တိုက် အရှုံးမရှိသေးဘူး။ အဝေးကွင်းမှာ MNL ပြိုင်ပွဲတွေ ကစားပြီး ၂ ပွဲဆက် အရှုံးမရှိထားဘူး။ နောက်ဆုံးပွဲမှာ စစ်ကိုင်းကို ၁-၁ သရေကျထားတယ်။ ရန်ကုန် ကတော့ ဇွဲ ကပင်ကို ၃-၁ နဲ့နိုင်ထားတယ်။

မြန်မာ့လက်ရွေးစင် ကစားသမားတွေ အချင်းချင်း ပြန်ဆုံဖြစ်ကြတာကြောင့် ဘာပဲဖြစ်ဖြစ် အကြောင်းသိ ကစားသမားတွေမို့လို တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ယှဉ်ပြိုင်မှုတွေက သိပ်ပြီးတော့ ကြည့်ကောင်းတာထက် ပိုနေဦးမှာပါ။

ရတနာပုံက ရှင်းတယ်။ မြန်မာကစားသမားတွေနဲ့ချည်းပဲ ရှေ့ဆက်နေတယ်။ ဒုတိယအကျော့ မှာ နိုင်ငံခြားသားတွေ ခေါ်ပြီး အသင်းကို ပြန်လည်း မွမ်းမံ အင်အားဖြည့်မှာဖြစ်တယ်။ ဒါကို တရားဝင်ပြောထားတယ်၊ အခုအနေအထားမှာ ပြည်တွင်းဖြစ်တွေနဲ့ ခရီးဆက်မယ်။ ရတဲ့အမှတ် တွေကို အရယူမယ်။ အရှုံးမရှိသေးတဲ့အသင်းဖြစ်လို့ ရန်ကုန်လိုပဲ သမိုင်းတွင်မယ့် ပွဲမှာ အဝေးကွင်းကစားရတာတောင် ရှိတဲ့အားနဲ့ အကောင်းဆုံး တိုက်ခိုက်မှာဖြစ်တယ်။

ရန်ကုန်အတွက်တော့ သရေကျရင်တောင် မလွယ်ဘူး။ သူတို့တွေအတွက် အိမ်ကွင်းမှာ သရေကျတယ်ဆိုတာ ဟံသာဝတီနောက်ကိုလိုက်ဖို့ အမှတ်လျော့ကျသွားတာနဲ့တူနေမယ်။ ဒီ တော့ အနိုင်ကလွဲရင် ရန်ကုန်အတွက် ကျန်တာမလိုလောက်အောင် ဖြစ်နေတာကြောင့် ရတနာပုံလို ဖိအားမရှိတဲ့ အသင်းကောင်းတစ်သင်းကို ရင်ဆိုင်ရမှာ ဖြစ်တယ်။

မနှစ်တုန်းကလိုမျိုး ဆုံတွေ့မှုဟာ အခက်အခဲတွေအပြည့်နဲ့ဖြစ်လာနိုင်တယ်။ ရန်ကုန်က တိုက် စစ်သွားတာ မနှစ်တုန်းကလောက် အဆင်မပြေဘူး။ နိုင်ပွဲတွေသာ ဆက်နေတာပါ၊ ရန်ကုန်ပ ရသတ်တွေက အစ ရန်ကုန်ကို ရန်ကုန် အစစ်လိုမမြင်ကြသေးဘူး။ လိုအပ်ချက်တွေရှိနေတုန်း ပဲလို့မြင်ကြတယ်။ ထောက်ပြကြတယ်။

ရတနာပုံကတော့ အောင်သူပြန်ရောက်လာတယ်။ အသားတကျဖြစ်အောင်လို့ သူတို့တွေ လည်း ရုန်းနေရတုန်းပဲ၊ အကောင်းစား ဟန်တစ်ခု ပြန်တည်ဆောက်နေကြတယ်။ တစ်ခုရှိတာ က မြန်မာကစားသမားတွေချည်းပဲဖြစ်တာကြောင့်  မြန်မာဟန်တစ်ခုကို သူများတွေထက် တော့ အစုအစည်းမိမိနဲ့ ခရီးဆက်နေတယ်။ အထူးသဖြင့် ရှိတာနဲ့အကောင်းဆုံးဖြစ်အောင် သွားနိုင်ကြတဲ့ ကွင်းလယ်နဲ့တိုက်စစ်စုဖွဲ့မှုဖြစ်တယ်။

ဘာပဲဖြစ်ဖြစ်ပါ၊ ဒီနေ့ကတော့ လုံးဝကို ကြည့်ရမယ့်ပွဲဖြစ်တယ်။ ပရိသတ်တွေအကြိုက် လည်းဖြစ်မယ်။ အကောင်းစား ကစားနဲ့ ကစားပြကြမယ့် ဒီနှစ်သင်းရဲ့ ယှဉ်ပြိုင်ပုံဟာ ဘယ်လိုမျိုး ရလဒ်ထွက်လာမလဲ၊ အိမ်ရှင် ပရိသတ်အားနဲ့ ရတနာပုံကို တွန်းအားပေးနိုင် မလား၊ ဖိအားပေးဖို့ အတွက် ရတနာပုံ ကပဲ လိုအပ်တာကို အထိမိဆုံး အရယူပြမလားဆိုတာ ဒီနေ့ ညနေမှာ ဇွဲကပင် – ဧရာဝတီ၊ ရခိုင် – ISPE ပွဲစဉ်များလို စောင့်ကြည့်ဖို့ဖြစ်လာပါ တော့တယ်။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။