အၾကိတ္အနယ္ရွိလာျပီျဖစ္တဲ့ ၂၀၂၀ ျမန္မာေနရွင္နယ္လိဂ္

Alexis Sanchez is ‘recovering well’ – Conte

၂၀၂၀ ျမန္မာေနရွင္နယ္လိဂ္ကေတာ့ ပြဲစဥ္ (၃) အထိ ျပီးဆံုးသြားခဲ့ပါျပီ။ ပြဲစဥ္ ၃ အထိ ကစားအျပီးမွာေတာ့ ဟံသာ၀တီက ရာႏႈနး္ျပည့္ႏိုင္ပြဲရယူျပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနျပီးေတာ့ ဒီရာသီ ေနရွင္နယ္လိဂ္မွာ ပြဲတိုင္းအႏိုင္ရရွိထားခဲ့တဲ့ တစ္ခုတည္းေသာအသင္းအျဖစ္နဲ႔လည္း ရွိေနပါတယ္။ နည္းျပဦးမ်ိဳးမင္းထြန္း
ရဲ႕ ကိုင္တြယ္မႈေအာက္မွာ ဟံသာ၀တီက လက္ရွိခ်န္ပီယံရွမ္းယူႏိုက္တက္အပါအ၀င္ ပြဲအားလံုးကို အႏိုင္ကစားထားခဲ့တာပါ။ ဒုတိယနဲ႔ တတိယေနရာမွာေတာ့ ရန္ကုန္ယူႏိုက္တက္ နဲ႔ ဧရာ၀တီယူႏိုက္တက္တို႔က ၇ မွတ္စီနဲ႔ ရွိေနၾကျပီး ရခိုင္၊ ရွမ္းယူႏိုက္တက္တို႔က ၆ မွတ္စီနဲ႔ အစဥ္လိုက္ရပ္တည္ျပီး ထိပ္ဆံုး ငါးသင္းေနရာကို
ရယူထားႏိုင္ခဲ့ၾကပါတယ္။

Bottom-side Hearts’ late comeback hits Rangers title hopes

ပြဲစဥ္ ၃ မွာေတာ့ ပြဲၾကီးပြဲေကာင္းျဖစ္တဲ့ ရန္ကုန္ယူႏိုက္တက္ နဲ႔ ရတနာပံုတို႔ ရင္ဆိုင္ခဲ့ၾကရျပီး တစ္ဖက္ႏွစ္ဂိုးစီသေရျဖစ္ခဲ့ပါတယ္။ အစဥ္အလာအရေရာ၊ ေအာင္ျမင္မႈအမ်ားဆံုးရအသင္းခ်င္း ေတြ႔ဆံုတာျဖစ္တာေၾကာင့္လည္း ပြဲက အၾကိတ္အနယ္ရွိခဲ့ျပီး အျပန္အလွန္သြင္းဂိုးေတြနဲ႔ ေဖ်ာ္ေျဖမႈေပးႏိုင္ခဲ့ပါတယ္။ ၾကည့္ေကာင္းတဲ့ ပြဲတစ္ပြဲလို႔ ဆိုရမွာျဖစ္ပါတယ္။ ျမန္မာေနရွင္နယ္လိဂ္ရဲ႕ ထိပ္သီးႏွစ္သင္းျဖစ္တာေၾကာင္၊ ျပိဳင္ဘက္ေဟာင္းေတြျဖစ္တာေၾကာင့္ေရာ ကစားသမားေတြကိုယ္တိုင္က အားထည့္ကစားခဲ့ၾကတာကို ေတြ႔ရပါတယ္။ ျပီးခဲ့တဲ့ ပြဲစဥ္ ၂ မွာ ဟံသာ၀တီနဲ႔ ရွမ္းယူႏိုက္တက္တို႔ ကစားခဲ့ၾကသလိုပါပဲ၊ တစ္သင္းနဲ႔တစ္သင္းက အႏိုင္မခံစတမ္းကစားခဲ့ၾကလို႔ ေနရွင္နယ္လိဂ္ရဲ႕ ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့တာပါ။

ဒီရာသီကေတာ့ ေတာ္ေတာ္ေလးအၾကိတ္အနယ္ရွိမယ့္ ရာသီလို႔ ယူဆရပါတယ္။ စုစုေပါင္းအသင္း ၁၂ သင္း ၀င္ေရာက္ယွဥ္ျပိဳင္ေနရာမွာ အသင္းထက္၀က္ခန္႔ေလာက္က အမွတ္ေပးဖလားအတြက္ စိန္ေခၚႏိုင္တဲ့ အေနအထားေတြကို ရာသီအစမွာ ျပသေနလို႔ပါပဲ။ ေကာက္ခ်က္ခ်တာ ေစာလြန္းတယ္လုိ႔ ထင္ေကာငး္ထင္ႏိုင္ေပမယ့္ လက္ရွိကစားသမားအင္အား၊ စုဖြဲ႔မႈ၊ ေျခစြမ္းပိုင္းအရဆိုရင္ ျဖစ္ကိုျဖစ္လာမယ့္ အေျခအေနေတြပါ။ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ဟံသာ၀တီ၊ မျဖစ္မေနခ်န္ပီယံေလာင္းစာရင္းထဲ ထည့္ရမယ့္ ရန္ကုန္ယူႏိုက္တက္၊ ကစားသမားသစ္ေတြနဲ႔ အားျဖည့္ထားနတဲ့ ဧရာ၀တီ၊ လက္ရွိခ်န္ပီယံရွမ္းယူႏိုက္တက္၊ ရတနာပံုတို႔လို အသင္းေတြက ခ်န္ပီယံဆုအတြက္ အျပည့္အ၀စိန္ေခၚႏိုင္တဲ့ အသင္းေတြပါ။

လိဂ္ျပိဳင္ပြဲတစ္ခု တိုးတက္လာဖို႔က အမွတ္ေပးဖလားအတြက္ အၾကိတ္အနယ္ယွဥ္ျပိဳင္ရမယ့္ အသင္းအေရအတြက္ေတြ တုိးပြားလာဖို႔ကလည္း တစ္စိတ္တစ္ပိုင္းအေရးၾကီးပါတယ္။ ျပိဳင္ဆိုင္မႈျပင္းထန္မွသာ ကစားသမားတစ္ဦးခ်င္းစီရဲ႕ ၾကိဳးစားအားထုတ္မႈေတြကို ျမင္ေတြ႔ရမွာျဖစ္ျပီး ေျခစြမ္းပိုင္း၊ အသင္းလိုက္အားထုတ္မႈေတြက ေနာက္ဆက္တြဲအေနနဲ႔ တိုးတက္လာမွာပါ။ ဒီရာသီအေစာပိုင္းအေျခအေနေတြကေတာ့ ပရိသတ္ေတြ သေဘာက်ေလာက္တဲ့ ပံုစံမ်ိဳးမွာ ရွိေနပါတယ္။ ပြဲေကာင္းေတြကိုလည္းျမင္ေတြ႔ခဲ့ရျပီး စစ္ကိုင္းယူႏိုက္တက္ကလည္း ထံုးစံအတိုင္း အသင္းၾကီးေတြကိုဆိုရင္ ဖ်က္ျမင္းလုပ္ႏိုင္ဆဲပါ။ ရန္ကုန္ယူႏိုက္တက္ဆိုရင္လည္း ပြဲဦးထြက္ႏွစ္ပြဲစလံုးကို ခက္ခက္ခဲခဲနဲ႔ အားကုန္ထုတ္ကစားခဲ့ရတာပါ။ ဒီလိုပံုစံကိုသာ ထိန္းထားႏိုင္မယ္၊ ဒီထက္ပုိမိုျပီးေကာင္းမြန္ေအာင္ လုပ္ျပႏိုင္ခဲ့မယ္ဆိုရင္ ဒီရာသီေနရွင္နယ္လိဂ္ျပိဳင္ပြဲက ေတာ္ေတာ္ေလးကို အၾကိတ္အနယ္ရွိလာမွာ အေသအခ်ာပါပဲ။

Unicode

၂၀၂၀ မြန်မာနေရှင်နယ်လိဂ်ကတော့ ပွဲစဉ် (၃) အထိ ပြီးဆုံးသွားခဲ့ပါပြီ။ ပွဲစဉ် ၃ အထိ ကစားအပြီးမှာတော့ ဟံသာဝတီက ရာနှုနး်ပြည့်နိုင်ပွဲရယူပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပြီးတော့ ဒီရာသီ နေရှင်နယ်လိဂ်မှာ ပွဲတိုင်းအနိုင်ရရှိထားခဲ့တဲ့ တစ်ခုတည်းသောအသင်းအဖြစ်နဲ့လည်း ရှိနေပါတယ်။ နည်းပြဦးမျိုးမင်းထွန်း
ရဲ့ ကိုင်တွယ်မှုအောက်မှာ ဟံသာဝတီက လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အပါအဝင် ပွဲအားလုံးကို အနိုင်ကစားထားခဲ့တာပါ။ ဒုတိယနဲ့ တတိယနေရာမှာတော့ ရန်ကုန်ယူနိုက်တက် နဲ့ ဧရာဝတီယူနိုက်တက်တို့က ၇ မှတ်စီနဲ့ ရှိနေကြပြီး ရခိုင်၊ ရှမ်းယူနိုက်တက်တို့က ၆ မှတ်စီနဲ့ အစဉ်လိုက်ရပ်တည်ပြီး ထိပ်ဆုံး ငါးသင်းနေရာကို
ရယူထားနိုင်ခဲ့ကြပါတယ်။

ပွဲစဉ် ၃ မှာတော့ ပွဲကြီးပွဲကောင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက် နဲ့ ရတနာပုံတို့ ရင်ဆိုင်ခဲ့ကြရပြီး တစ်ဖက်နှစ်ဂိုးစီသရေဖြစ်ခဲ့ပါတယ်။ အစဉ်အလာအရရော၊ အောင်မြင်မှုအများဆုံးရအသင်းချင်း တွေ့ဆုံတာဖြစ်တာကြောင့်လည်း ပွဲက အကြိတ်အနယ်ရှိခဲ့ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှုပေးနိုင်ခဲ့ပါတယ်။ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲလို့ ဆိုရမှာဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်ရဲ့ ထိပ်သီးနှစ်သင်းဖြစ်တာကြောင်၊ ပြိုင်ဘက်ဟောင်းတွေဖြစ်တာကြောင့်ရော ကစားသမားတွေကိုယ်တိုင်က အားထည့်ကစားခဲ့ကြတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် ၂ မှာ ဟံသာဝတီနဲ့ ရှမ်းယူနိုက်တက်တို့ ကစားခဲ့ကြသလိုပါပဲ၊ တစ်သင်းနဲ့တစ်သင်းက အနိုင်မခံစတမ်းကစားခဲ့ကြလို့ နေရှင်နယ်လိဂ်ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တာပါ။

ဒီရာသီကတော့ တော်တော်လေးအကြိတ်အနယ်ရှိမယ့် ရာသီလို့ ယူဆရပါတယ်။ စုစုပေါင်းအသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်နေရာမှာ အသင်းထက်ဝက်ခန့်လောက်က အမှတ်ပေးဖလားအတွက် စိန်ခေါ်နိုင်တဲ့ အနေအထားတွေကို ရာသီအစမှာ ပြသနေလို့ပါပဲ။ ကောက်ချက်ချတာ စောလွန်းတယ်လို့ ထင်ကောငး်ထင်နိုင်ပေမယ့် လက်ရှိကစားသမားအင်အား၊ စုဖွဲ့မှု၊ ခြေစွမ်းပိုင်းအရဆိုရင် ဖြစ်ကိုဖြစ်လာမယ့် အခြေအနေတွေပါ။ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဟံသာဝတီ၊ မဖြစ်မနေချန်ပီယံလောင်းစာရင်းထဲ ထည့်ရမယ့် ရန်ကုန်ယူနိုက်တက်၊ ကစားသမားသစ်တွေနဲ့ အားဖြည့်ထားနတဲ့ ဧရာဝတီ၊ လက်ရှိချန်ပီယံရှမ်းယူနိုက်တက်၊ ရတနာပုံတို့လို အသင်းတွေက ချန်ပီယံဆုအတွက် အပြည့်အဝစိန်ခေါ်နိုင်တဲ့ အသင်းတွေပါ။

လိဂ်ပြိုင်ပွဲတစ်ခု တိုးတက်လာဖို့က အမှတ်ပေးဖလားအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် အသင်းအရေအတွက်တွေ တိုးပွားလာဖို့ကလည်း တစ်စိတ်တစ်ပိုင်းအရေးကြီးပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်မှသာ ကစားသမားတစ်ဦးချင်းစီရဲ့ ကြိုးစားအားထုတ်မှုတွေကို မြင်တွေ့ရမှာဖြစ်ပြီး ခြေစွမ်းပိုင်း၊ အသင်းလိုက်အားထုတ်မှုတွေက နောက်ဆက်တွဲအနေနဲ့ တိုးတက်လာမှာပါ။ ဒီရာသီအစောပိုင်းအခြေအနေတွေကတော့ ပရိသတ်တွေ သဘောကျလောက်တဲ့ ပုံစံမျိုးမှာ ရှိနေပါတယ်။ ပွဲကောင်းတွေကိုလည်းမြင်တွေ့ခဲ့ရပြီး စစ်ကိုင်းယူနိုက်တက်ကလည်း ထုံးစံအတိုင်း အသင်းကြီးတွေကိုဆိုရင် ဖျက်မြင်းလုပ်နိုင်ဆဲပါ။ ရန်ကုန်ယူနိုက်တက်ဆိုရင်လည်း ပွဲဦးထွက်နှစ်ပွဲစလုံးကို ခက်ခက်ခဲခဲနဲ့ အားကုန်ထုတ်ကစားခဲ့ရတာပါ။ ဒီလိုပုံစံကိုသာ ထိန်းထားနိုင်မယ်၊ ဒီထက်ပိုမိုပြီးကောင်းမွန်အောင် လုပ်ပြနိုင်ခဲ့မယ်ဆိုရင် ဒီရာသီနေရှင်နယ်လိဂ်ပြိုင်ပွဲက တော်တော်လေးကို အကြိတ်အနယ်ရှိလာမှာ အသေအချာပါပဲ။

မွတ္ခ်က္မ်ား။