အနားရောက်လာတဲ့ ပွဲကောင်းတွေပြည့်အမောက်နဲ့  MNL ပွဲစဉ် ၆

Alexis Sanchez is ‘recovering well’ – Conte

ဘာလိုလိုနဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၆ ကိုရောက်လာပြီ။ ပွဲကောင်းတွေကလည်း အပြည့်အမောက်ရှိနေတယ်။ ပြီးတော့ ရာသီအစတည်းက အခုအချိန်အထိ ကို ပြိုင်ပွဲတိုင်းက တစ်ပွဲခြင်းစီမှာ စိန်ခေါ်မှုတွေ က အခုအချိန်အထိ ပြင်းထန်နေကြတုန်းပဲ၊ အားလုံးလည်း မျက်စေ့တွေလည်ကုန်ပြီ၊ အစဉ်အလာရှိတဲ့ အသင်းတွေ  ကြားထဲမှာ ဖေါက်ထွက်မယ့် အသင်းတွေ က ဒီနှစ်မှာ လိုအပ်တာထက်ပိုပြီး ခေါင်းထောင်လာကြတာဖြစ်လို့ ဒီရာသီ အဆုံးအထိ ဘာ တွေဖြစ်လာကြဦးမလဲ။ လုံးဝ စိတ်ဝင်စားဖြစ်တယ်။

အမှတ်ပေးဇယားကြည့်တော့ အမှတ်ဖြတ်ထားနိုင်ကြတယ်ဆိုတာမျိုးမရှိကြသေးဘူး။ တစ်ပွဲစာ သုံးမှတ် ဖြတ်ချထားနိုင်တယ်ဆိုတာမျိုးလုံးဝကိုမရှိသေးတာပါ။ ဒါပေမယ့် မနှစ်တုန်း ကလောက် အကြိတ်အနယ်ဖြစ်တယ်ဆိုတာမျိုး မတွေ့ရသေးဘူး။ မနှစ်တုန်းကထက် ဒီနှစ်က  အားပြိုင်မှု အပိုင်းမှာ သိပ်မဟုတ်သေးသလိုမျိုးခံစားမိနေတယ်။ ( အသင်းကြီးတွေပဲ ကျသွား တာ လား၊ ပြိုင်ဘက်အသင်းတွေကပဲ ချန်ပီယံဆုအတွက် စိန်ခေါ်မှုက ပိုပြီးတော့ပြင်း ထန်လာ တာ လား ဆိုတာ MNL ပွဲတွေကို စောင့်ကြည့်သူတိုင်း သိကြမယ်နဲ့တူပါတယ်။ )

ဘာကြောင့်လည်းဆိုတော့ ဒီ နှစ်ပြိုင်ဆိုင်မှုဟာ အစဉ်အလာဖောက်ထွက်ကြမယ့် ဟံသာဝတီ လိုမျိုး ဧရာဝတီ၊ ရခိုင်နဲ့စစ်ကိုင်းလိုမျိုး  အသင်းတွေ ခြေစွာနေတဲ့ အချိန်မျိုးဖြစ်နေ လို့လား မသိ၊ အစဉ်အလာရှိတဲ့အသင်းကြီးတွေ ဟာ မနှစ်တုန်းကလောက်တောင် ဇယား ထိပ်ဆုံး ကနေပြီး အောက်သင်းတွေကို ဖိအားပေးနိုင်တယ်ဆိုတာ ထင်သလို မတွေ့ရသေးဘူး။

မနှစ်တုန်းက ဒီလိုအချိန်မှာ ဆိုရင် ရန်ကုန်နဲ့ဟံသာဝတီက ၅ ပွဲကစားပြီး ရမှတ် ၁၀ မှတ်နဲ့ ရမှတ်တူ အနေအထား အဆင့် ၁ နဲ့ ၂ မှာ ရပ်တည်နေတယ်။ ရှမ်းနဲ့ဧရာဝတီက အဆင့် ၃ နဲ့ ၄ မှာ ရမှတ်က ၉ မှတ်စီနဲ့ အတူရပ်တည်နေတယ်။ အဆင့် ၅ ၊ ၆ ၊ ၇ မှာတော့ စစ်ကိုင်း၊ ရခိုင် နဲ့ ရတနာပုံတို့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အတူတူ အစီအရီရပ်တည်နေခဲ့ကြတာဖြစ်တယ်။ ဇွဲကပင်က အဆင့် ၈ (၆ မှတ်)၊ မကွေးနဲ့ဆောက်သမ်းက အဆင့် ၉ နဲ့ ၁၀ မှာ ရမှတ် ၄ မှတ်စီ နဲ့ရပ်တည်ခဲ့ကြတာဖြစ်တယ်။ အောက်ဆုံး နှစ်သင်းကတော့ ဒဂုံနဲ့ချင်းလန်းဖြစ်တယ်။

ပြီးတော့ အဲ့ဒီအချိန်အထိ နိုင်ပွဲမရသေးတဲ့ အသင်းဆိုလို့ ပွဲစဉ် ၅ အပြီးမှာ ချင်းလန်းတစ်သင်း သာရှိခဲ့တယ်။ အခုနှစ်မှာတော့ အဲ့သလိုမျိုးမဟုတ်ဘူး အမှတ်ပြည့်နိုင်ပွဲမရသေးတဲ့အသင်းတွေ အဖြစ် ရှိနေတာက ၂ သင်းတောင် တွေ့နေရတယ်။

ဒီနှစ်မှာ ဇွဲကပင်နဲ့ ဆောက်သမ်းတို့နှစ် သင်းတောင်ရှိနေတယ်။ ဆောက်သမ်းဆိုရင် အခုအချိန်အထိ နိုင်ပွဲနဲ့သရေပွဲတောင် လုံးဝမရ သေးပဲဖြစ်နေတဲ့အထိ အခြေအနေမကောင်း သေးဘူး။ ဒီတစ်ပတ်မှာလည်း ဆောက်သမ်းက ရန်ကုန်နဲ့ အိမ်ကွင်းမှာ ကစားမယ်။ မော်လမြိုင်ကွင်းမှာ ကစားရမှာဖြစ်နေတယ်။ အိမ်ရှင်ဖြစ် နေတာကြောင့် လိုအပ်တာကို အထိမိဆုံး ရယူနိုင်မလားဆိုတာ ကြည့်ချင်မိနေတယ်။

ရန်ကုန်ကလည်းပွဲပန်းနေတယ်။ ပွဲဆက်တွေများထားတာကြောင့် ပထမဆုံး အဝေးကွင်း ပွဲစဉ် မှာ အမှားမပါရစေဖို့ကိုလုပ်ဆောင်နိုင်ဖို့လိုနေသေးတယ်မဟုတ်ပါလား။ တစ်ကယ့်ကိုပွဲ ကောင်းပါတယ်။ နှစ်သင်းစလုံး အတွက်ဖြစ်တယ်။ အမှတ်လည်းလုကြရမယ်။ ရန်ကုန်က ရပ်တည်မှုတွေအတွက် အားစိုက် ထုတ်ရမယ့်အလှည့်ဖြစ်တယ်။ ဦး တင်မောင်ထွန်းရဲ့ လက်ထဲက ရန်ကုန်အနေနဲ့အဝေးကွင်းမှာ ခြေတစ်လှမ်းမှားရင် လိုချင်တဲ့ရပ်တည်မှု လှည့်စား ခံရမယ့် အနေအထားလို့လည်းပြောဖြစ်တယ်။

ရန်ကုန်တင်မဟုတ်ပါဘူး။ ဒီတစ်ပတ်မှာ ပြိုင်ဘက်တွေဖြစ်တဲ့ ဟံသာဝတီနဲ့ ဧရာဝတီက အသင်းကောင်းတွေနဲ့ အသီးသီးပြိုင်ဆိုင်ရမှာဖြစ်နေတယ်။ ဟံသာဝတီက အိမ်ကွင်း မှာ ဒီတစ်ပတ်မှာရတနာပုံနဲ့ဆုံထားတယ်။ ရတနာပုံဆိုတာ ပြီးခဲ့တဲ့ပွဲမှာ ရှမ်းနဲ့ဆုံပြီး အိမ်ကွင်းမှာ ရှုံးထားတဲ့အသင်းလေ၊ ဒီတော့ ဟံသာဝတီလို အသင်းမျိုးကို အဝေးကွင်းမှာ ကောင်း ကောင်းကြီး ဖိအားပေးလာမှာသေချာတယ်။

လုံးဝကိုသေချာနေတာက ဟံသာဝတီလို အရှုံးမရှိအသင်း၊ သရေပွဲမရှိသေးတဲ့ ဇယားထိပ်ဆုံး က အကောင်းစားအသင်းကို ဖိအားပေးဖို့လုပ်လာမှာဖြစ်နေတာက ရတနာပုံပဲဖြစ်တယ်။ ရတနာပုံရဲ့ ဖိအားပေးမှုကို ဘယ်လိုမျိုး ဖြတ်သန်းပြဦးမလဲ ဆိုတာ ဦးမျိုးမင်းထွန်းလက်ထဲက ဟံသာဝတီကိုကြည့်ရမယ်။ ဒါကြောင့် စိန်ခေါ်သံအပြည့်နဲ့ ဒီတောင်ကုန်း ဘယ်လိုဖြတ်သန်း မတုန်း ဦးမျိုးမင်းထွန်း ..။

ဦးမျိုးလှိုင်ဝင်းလက်ထဲက ဧရာဝတီကိုကြည့်တော့လည်း ရန်ကုန်နဲ့ဟံသာဝတီလိုမျိုး အရှုံးမရှိသေးဘူး၊ ဒါပေမယ့် ရန်ကုန် လိုမျိုး သရေ တစ်ပွဲကျထားတယ်။ ဒီတစ်ခါမှာ တန်းတက် ကလပ်ဖြစ်တဲ့ ချင်းယူနိုက်တက်နဲ့ သုဝဏ္ဏကွင်းမှာ ကစားရမှာဖြစ်နေတယ်။ ဒီတော့ ချင်းယူနိုက်တက်လိုမျိုး မှတ်လိုအပ်နေတဲ့ တန်းဆင်းဇုန်နားက အသင်းဟာ ဧရာဝတီကို ဖိအားပေးဖို့လုပ်လာမှာသေချာနေပြန်တယ်။  ဘယ်အသင်းခြေလှမ်းမှားမလဲ၊ မှားရင်တော့ နောက်က ကပ်လိုက်နေတဲ့ ရခိုင်နဲ့ ရှမ်း က အမှီ လိုက်ဖို့ အသင့်ဖြစ်နေသေးတယ်လေ။ တိုက်စစ် အားပြိုင်မှုတွေ ဒီပွဲမှာ မြင်ရမယ်။

ရခိုင်က အိမ်ကွင်းမှာ မကွေးနဲ့ဆုံတယ်။ မကွေးဆိုတာကလည်း အားလုံးသိထားကြတဲ့အတိုင်း နိုင်ငံခြားသားမပါပဲနဲ့ ကစားနေတဲ့ အသင်းဖြစ်တယ်။ ဟံသာဝတီကို ၀-၃ နဲ့ဂိုးပြတ်ရှုံးနိမ့်ထား လို့ ဒီတစ်ခါမှာ အမှားတွေထပ်မပိုရစေအောင် ရခိုင်ယူနိုက်တက်ရဲ့ ဝေသာလီကွင်းမှာ ဖိအား တွေအောက် ရုန်းဖို့လွယ်ပါ့ဦးမလား။ တစ်ကယ်ကြည့်ကောင်းလိမ့်မယ်။ ရခိုင်ကလည်း အိမ်ကွင်းဆိုရင် သိပ်ပြီးစွာတဲ့အသင်းဖြစ်တယ်။ ဝေသာလီကွင်းမှာ ရခိုင်က လုံးဝ အမှားမရှိရ အောင်လို့ ကစားပြတတ်တယ်ဆိုတာ အားလုံးအမြင်ပဲဖြစ်တယ်။ ရခိုင်က အိမ်ကွင်းမှာ အရှုံးမရှိသေးဘူး။ အိမ်ကွင်းမှာ ၂ ပွဲနိုင် ၁ ပွဲသရေကျထားတယ်။ မကွေးကတော့ အဝေးကွင်း မှာ နိုင် ၁ ပွဲ၊ သရေ ၂ ပွဲနဲ့ တစ်ပွဲရှုံးထားတယ်။ ရပ်တည်မှုတွေ အတွက် ဒီတိုက်ပွဲကလည်း အထူးတလည်ကြည့်ကောင်းနေလိမ့်မယ်။

ပြီးတော့ ဆက်ပြောဖြစ်တာက ဇွဲကပင်ပါ။ ဇွဲကပင်အတွက်တော့ ဒီတစ်ပတ်မှာ သိပ်အရေး ကြီးတယ်။ အနိုင်မရသေးတာကြောင့် ရှမ်း လို ပွဲပန်းနေတဲ့အသင်းကို တွန်းအားပေးပြီး အမှတ်ရအောင် အိမ်ရှင်အားသာချက်နဲ့လုလိမ့်မှာဖြစ် နေတယ်။ ရှမ်း အတွက်လည်း ဖိအား များတယ်။ ပွဲဆက်တွေများနေတယ်။ လူကောင်းအချို့ ဒဏ်ရာကြောင့် ကစားနိုင်စွမ်း မရှိတဲ့ အတွက် ခြေစွမ်းအမှန်နဲ့ ကစားအားကောင်းကောင်းရဖို့ကို အပတ်စဉ်တိုင်းမှာ ရုန်းကန်နေရ တယ်။

ပြီးတော့ ISPE ဖြစ်တယ်။ တန်းတက်ကလပ်တွေထဲမှာ ပြင်ဆင်မှုအနည်းဆုံးဖြစ်တယ်။ ရှိတဲ့ လူငယ်တွေနဲ့သွားနေတယ်။ ရုန်းအားကောင်းတယ်။ စုဖွဲ့မှုကောင်းတယ်။ အဆုံးသပ်တိုက်စစ် အားနည်းနေတာကြောင့် ထင်သလောက် ခရီးမရောက်ဘူး။ အခုတော့ ဒီတစ်ပတ်မှာ ကစားဟန် ကောင်းပြီး အသင်းအင်အားပြင်ဆင်ပုံ မာထန်တဲ့ စစ်ကိုင်းနဲ့ဆုံတယ်။ တစ်ကယ့်ကို ကြည့်ကောင်းမယ်။ အသင်းကောင်း ၂ သင်းတွေ့လို့ ဘယ်လိုမျိုး ရလဒ်တွေထွက်လာမလဲ ဆိုတာ ကြည့်ရမှာဖြစ်တယ်။ ISPE ရဲ့ အမှားမရှိတဲ့ ဟန်ပန်က ချင်းယူနိုက်တက်နဲ့တွေ့တဲ့ပွဲ တုန်းကလိုမျိုး အမှတ်မထင် အောင်မြင်မှုရမလား ဒါမှမဟုတ်ရင် ဇွဲကပင်ကို အဝေးကွင်း ဂိုးပြတ် နိုင်ထားသလိုမျိုး ဖိအားပေးပြီး မန္တလာသီရိမှာ ISPE ခံစစ်ကို စစ်ကိုင်းဟာ အမိအရကျော်ဖြတ်ပြီး အမှတ်ပြည့်ယူပြသွားမလားဆိုတာ ကြည့်ချင်နေမိတယ်။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။