၆ ပြဲဆက္တိုက္ ႏိုင္ပြဲကို ရတနာပံုနဲ႔အေတြ႔မွာ ဟံသာ၀တီရယူႏိုင္မလား?

Alexis Sanchez is ‘recovering well’ – Conte

ဒီတစ္ပတ္ျမန္မာေနရွင္နယ္လိဂ္ရဲ႕ အေကာင္းဆံုးပြဲတစ္ပြဲအျဖစ္ ရိွေနတာက ပဲခူးမွာကစားမယ့္ ဟံသာ၀တီ နဲ႔ ရတနာပံုတို႔ရဲ႕ပြဲစဥ္ျဖစ္ပါတယ္။ အသင္းၾကီး ၂သင္းထိပ္တိုက္ေတြ႔ဆံုေနတာျဖစ္ျပီး ခ်န္ပီယံဆုဖလားအတြက္ ေမွ်ာ္လင့္ခ်က္အားေကာင္းေနတဲ့ ဟံသာ၀တီအေနနဲ႔ အိမ္ကြင္းမွာ ရတနာပံုကို အႏိုင္ရဖို႔ အားထုတ္ရမွာျဖစ္ျပီး ႏိုင္ပြဲတစ္ပြဲသာရရိွထားျပီး ရလဒ္ေတြညံ့ေနတဲ့ ရတနာပံုအတြက္လည္း ႏိုင္ပြဲျပန္ရွာရမွာျဖစ္လို႔ အၾကိတ္အနယ္ကစားၾကမယ့္ပြဲစဥ္လည္းျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိအေနအထားေတြအရဆိုရင္ ဟံသာ၀တီက အေပးအသင္းျဖစ္ေနျပီး ရတနာပံုကေတာ့ ေအာက္အသင္းအျဖစ္လို႔သာ ယူဆရမွာပါ။

Highlights – Sport-Club Freiburg vs 1. FSV Mainz 05

ဟံသာ၀တီက ဒီရာသီမွာ ၅ ပြဲစလံုးအႏိုင္ရထားျပီး ရမွတ္အျပည့္နဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနတာပါ။ ရဂိုးကလည္း ၁၄ဂိုးရွိေနသလို ေပးဂိုးက ၂ဂိုးသာေပးထားရပါတယ္။ ဒါက ဒီရာသီေနရွင္နယ္လိဂ္မွာ ရဂိုး၊ေပးဂိုးကြာဟခ်က္ အၾကီးမားဆံုးအသင္းအျဖစ္ရွိေနသလို ေပးဂိုးအနည္းဆံုးဒုတိယအသင္းအျဖစ္နဲ႔လည္း ရွိေနတာပါ။ တစ္ဖက္မွာေတာ့ ရတနာပံုက တစ္ပြဲသာအႏိုင္ရထားျပီး ၂ပြဲသေရ၊ ၂ပြဲရံႈးထားပါတယ္။ ရဂိုး ၆ ဂိုး၊ ေပးဂိုး ၇ဂိုးရွိေနလို႔ -၁ ေတာင္ျပေနတာပါ။ ရတနာပံုက အရင္ေအာင္ျမင္မႈေတြေၾကာင့္သာ အသင္းၾကီးလို႔ သတ္မွတ္
ေနရေပမယ့္ သူတို႔ရဲ႕ေျခစြမ္းနဲ႔ စုဖြဲ႔မႈက အသင္းၾကီးတစ္သင္းအေနအထားကေန ယုတ္ေလ်ာ့ေနတာပါ။

ဦးမ်ိဳးမင္းထြန္းလက္ထက္မွာ ဟံသာ၀တီက အသင္းလိုက္ကစားအားေကာင္းေကာင္းကို အေျခတည္ထားတာပါ။ ျပည္တြင္းကစားသမားေတြထဲမွာ နာမည္ၾကီးကစားသမားရွားပါးေနေပမယ့္ နားလည္မႈေကာင္းေကာင္းနဲ႔ကစားႏိုင္ျပီး ႏိုင္ငံျခားသားကစားသမားေတြျဖစ္တဲ့ အီမီကာနဲ႔ ေဒၚနယ္ဘစ္ဆာတို႔ကလည္း ေျခစြမ္းျပေနပါတယ္။ ဒါေၾကာင့္လည္း ရလဒ္ေတြေကာင္းေနျပီး ႏိုင္ငံျခားသားတိုက္စစ္ႏွစ္ဦးက ၁၂ဂိုးအထိ သြင္းယူေပးထားလို႔ ရလဒ္ေတြက ေကာင္းေနခဲ့ပါတယ္။ ရတနာပံုက ျပည္တြင္းကစားသမားေတြနဲ႔ပဲ ဆက္လက္ကစားေနတာျဖစ္ျပီး ေအာင္သူနဲ႔ ၀င္းႏိုင္စိုးတိုက္စစ္အတြဲက အလုပ္မျဖစ္ေသးပါဘူး။ ကြင္းလယ္ပိုင္းကလည္း ဖန္တီးေပးႏိုင္မႈအားနည္းေနျပီး အသင္းၾကီးေတြ၊ မာမာထန္ထန္ကစားႏိုင္တဲ့အသင္းေတြနဲ႔ဆိုရင္ အခက္ၾကံဳေလ့ရွိပါတယ္။

ကစားရမွာကလည္း ဟံသာ၀တီရဲ႕ကြင္းျဖစ္လို႔ ရတနာပုံအတြက္မလြယ္ပါဘူး။ စိတ္ဓာတ္ပိုင္းအရဆိုရင္လည္း ဟံသာ၀တီက ခ်န္ပီယံျဖစ္ဖို႔အထိကို အားထည့္ကစားေနတာျဖစ္ျပီး ဦးမ်ိဳးမင္းထြန္းကလည္း အသင္းကိုအေကာင္းဆံုးလံႈ႕ေဆာ္ေပးႏိုင္တာကို ေတြ႔ရပါတယ္။ ရတနာပံုက အသင္းလိုက္ကစားပုံအားေလ်ာ့သြားရင္ ရလဒ္ေတြဆိုးရြားတတ္တာကိုေတြ႔ရပါတယ္။ ျပီးခဲ့တဲ့ရာသီက ထိပ္တုိက္ေတြ႔ဆံုခဲ့မႈႏွစ္ၾကိမ္မွာလည္း ဟံသာ၀တီက တစ္ပြဲႏိုင္ခဲ့ျပီး သေရတစ္ပြဲျဖစ္ခဲ့ပါတယ္။ ေနာက္ဆံုးေတြ႔ဆံုမႈအရ ဟံသာ၀တီက အသာရရွိခဲ့သလို လက္ရွိေျခစြမ္းပိုင္းအရဆိုရင္လည္း ရတနာပံုတို႔ အေ၀းကြင္းမွာ ယွဥ္မရေလာက္ပါဘူး။ ဒီတစ္ပတ္ရဲ႕ အေကာင္းဆံုးပြဲစဥ္မွာေတာ့ အိမ္ကြင္းမွာကစားရမယ့္ ဟံသာ၀တီတို႔ပဲ ႏိုင္ပြဲယူျပီး ၆ ပြဲဆက္တိုက္အႏိုင္ရလဒ္နဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနဦးမယ္လုိ႔ ယူဆမိေၾကာင္းပါ။

Unicode

ဒီတစ်ပတ်မြန်မာနေရှင်နယ်လိဂ်ရဲ့ အကောင်းဆုံးပွဲတစ်ပွဲအဖြစ် ရှိနေတာက ပဲခူးမှာကစားမယ့် ဟံသာဝတီ နဲ့ ရတနာပုံတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ အသင်းကြီး ၂သင်းထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပြီး ချန်ပီယံဆုဖလားအတွက် မျှော်လင့်ချက်အားကောင်းနေတဲ့ ဟံသာဝတီအနေနဲ့ အိမ်ကွင်းမှာ ရတနာပုံကို အနိုင်ရဖို့ အားထုတ်ရမှာဖြစ်ပြီး နိုင်ပွဲတစ်ပွဲသာရရှိထားပြီး ရလဒ်တွေညံ့နေတဲ့ ရတနာပုံအတွက်လည်း နိုင်ပွဲပြန်ရှာရမှာဖြစ်လို့ အကြိတ်အနယ်ကစားကြမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားတွေအရဆိုရင် ဟံသာဝတီက အပေးအသင်းဖြစ်နေပြီး ရတနာပုံကတော့ အောက်အသင်းအဖြစ်လို့သာ ယူဆရမှာပါ။

ဟံသာဝတီက ဒီရာသီမှာ ၅ ပွဲစလုံးအနိုင်ရထားပြီး ရမှတ်အပြည့်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။ ရဂိုးကလည်း ၁၄ဂိုးရှိနေသလို ပေးဂိုးက ၂ဂိုးသာပေးထားရပါတယ်။ ဒါက ဒီရာသီနေရှင်နယ်လိဂ်မှာ ရဂိုး၊ပေးဂိုးကွာဟချက် အကြီးမားဆုံးအသင်းအဖြစ်ရှိနေသလို ပေးဂိုးအနည်းဆုံးဒုတိယအသင်းအဖြစ်နဲ့လည်း ရှိနေတာပါ။ တစ်ဖက်မှာတော့ ရတနာပုံက တစ်ပွဲသာအနိုင်ရထားပြီး ၂ပွဲသရေ၊ ၂ပွဲရှုံးထားပါတယ်။ ရဂိုး ၆ ဂိုး၊ ပေးဂိုး ရဂိုးရှိနေလို့ -၁ တောင်ပြနေတာပါ။ ရတနာပုံက အရင်အောင်မြင်မှုတွေကြောင့်သာ အသင်းကြီးလို့ သတ်မှတ်
နေရပေမယ့် သူတို့ရဲ့ခြေစွမ်းနဲ့ စုဖွဲ့မှုက အသင်းကြီးတစ်သင်းအနေအထားကနေ ယုတ်လျော့နေတာပါ။

ဦးမျိုးမင်းထွန်းလက်ထက်မှာ ဟံသာဝတီက အသင်းလိုက်ကစားအားကောင်းကောင်းကို အခြေတည်ထားတာပါ။ ပြည်တွင်းကစားသမားတွေထဲမှာ နာမည်ကြီးကစားသမားရှားပါးနေပေမယ့် နားလည်မှုကောင်းကောင်းနဲ့ကစားနိုင်ပြီး နိုင်ငံခြားသားကစားသမားတွေဖြစ်တဲ့ အီမီကာနဲ့ ဒေါ်နယ်ဘစ်ဆာတို့ကလည်း ခြေစွမ်းပြနေပါတယ်။ ဒါကြောင့်လည်း ရလဒ်တွေကောင်းနေပြီး နိုင်ငံခြားသားတိုက်စစ်နှစ်ဦးက ၁၂ဂိုးအထိ သွင်းယူပေးထားလို့ ရလဒ်တွေက ကောင်းနေခဲ့ပါတယ်။ ရတနာပုံက ပြည်တွင်းကစားသမားတွေနဲ့ပဲ ဆက်လက်ကစားနေတာဖြစ်ပြီး အောင်သူနဲ့ ဝင်းနိုင်စိုးတိုက်စစ်အတွဲက အလုပ်မဖြစ်သေးပါဘူး။ ကွင်းလယ်ပိုင်းကလည်း ဖန်တီးပေးနိုင်မှုအားနည်းနေပြီး အသင်းကြီးတွေ၊ မာမာထန်ထန်ကစားနိုင်တဲ့အသင်းတွေနဲ့ဆိုရင် အခက်ကြုံလေ့ရှိပါတယ်။

ကစားရမှာကလည်း ဟံသာဝတီရဲ့ကွင်းဖြစ်လို့ ရတနာပုံအတွက်မလွယ်ပါဘူး။ စိတ်ဓာတ်ပိုင်းအရဆိုရင်လည်း ဟံသာဝတီက ချန်ပီယံဖြစ်ဖို့အထိကို အားထည့်ကစားနေတာဖြစ်ပြီး ဦးမျိုးမင်းထွန်းကလည်း အသင်းကိုအကောင်းဆုံးလှုံ့ဆော်ပေးနိုင်တာကို တွေ့ရပါတယ်။ ရတနာပုံက အသင်းလိုက်ကစားပုံအားလျော့သွားရင် ရလဒ်တွေဆိုးရွားတတ်တာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီက ထိပ်တိုက်တွေ့ဆုံခဲ့မှုနှစ်ကြိမ်မှာလည်း ဟံသာဝတီက တစ်ပွဲနိုင်ခဲ့ပြီး သရေတစ်ပွဲဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတွေ့ဆုံမှုအရ ဟံသာဝတီက အသာရရှိခဲ့သလို လက်ရှိခြေစွမ်းပိုင်းအရဆိုရင်လည်း ရတနာပုံတို့ အဝေးကွင်းမှာ ယှဉ်မရလောက်ပါဘူး။ ဒီတစ်ပတ်ရဲ့ အကောင်းဆုံးပွဲစဉ်မှာတော့ အိမ်ကွင်းမှာကစားရမယ့် ဟံသာဝတီတို့ပဲ နိုင်ပွဲယူပြီး ၆ ပွဲဆက်တိုက်အနိုင်ရလဒ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေဦးမယ်လို့ ယူဆမိကြောင်းပါ။

မွတ္ခ်က္မ်ား။