ဟံသာဝတီကို  ရတနာပုံ က  ပြည်တွင်းဖြစ် စစ်စစ်တွေအား နဲ့ တားဆီးပြနိုင်မလား

Alexis Sanchez is ‘recovering well’ – Conte

MNL အဝေးပြေးလမ်းပေါ်က ပဲခူးနဲ့ မန္တလေး..

တစ်သင်းက ပြည်တွင်းဖြစ် စစ်စစ်..

တစ်သင်းက နိုင်ငံခြားဖြစ်တွေနဲ့ အားသစ်လောင်းထားတဲ့အသင်း…

ဘယ်အသင်းကို အားပေးမလဲ…

နိုင်ငံခြားဖြစ်နဲ့ ပြည်တွင်းဖြစ်စစ်

ကြိုက်တာရွေးခွင့်ရှိတယ်…

စိတ်ကူးတွေ ထပ်တူညီကြသလား..

မိနစ် ၉၀ ပဲ ကြာမယ့် တိုက်ပွဲ ..

ဒီနေ့မှာ တည်ရှိနေတဲ့ MNL ပွဲစဉ် ၆ မှာ ကစားမယ့် ၃ ပွဲ ထဲက တစ်ပွဲ  ..

ကျွန်တော် စိတ်ကြိုက်ဖြစ်မိတာက MNL ပွဲစဉ် ၆ ရဲ့ အဝေးပြေးလမ်းပေါ်မှာ လာတွေ့နေတဲ့ ပဲခူးနဲ့ မန္တလေး ၊ ဘယ်အသင်းအသာရမလဲ ဆိုတာထက် ဘယ်အသင်းဟာ နည်းဗျူဟာကျကျ အသာရအောင် ကစားပြမလဲဆိုတာ ပဲဖြစ်တယ်။ ရလဒ်အရေးမကြီးဘူးလားဆိုတော့ အဲ့ဒီလို လည်း မဟုတ်သေးဘူး။ ရလဒ်ကလည်း သူ့ဟာနဲ့သူ အရေးကြီးတဲ့အနေအထားမှာရှိနေသေး မဟုတ်ပါလား။

အမှတ်ပေးဇယားမှာ အားလုံးသိကြတဲ့အတိုင်း ဟံသာဝတီက နိုင်ပွဲအပြည့်ရထားပြီးခရီးဆက် နေတဲ့အသင်းဖြစ်တယ်။ သရေနဲ့အရှုံး ဆိုတာ လုံးဝကို မရှိသေးဘူး။ အမြင်ကပ်လောက် အောင် အခုအချိန်အထိ အမှားမရှိသေးတာက ဦးမျိုးမင်းထွန်းအသင်းဖြစ်တယ်။ စိန်ခေါ်မှု တောင်ကုန်းတွေကို တစ်တောင်ပြီး တစ်တောင်ကျော်ဖြတ်လာတာ အခုဆိုရင် ပွဲစဉ် ၆ ရောက် နေပြီ၊ အသင်းကောင်းတွေကိုလည်း ဖြတ်ကျော်လာတာ ၆ သင်းရှိပြီဆိုပါတော့…။

ဒီတစ်ခါတော့ အိမ်ကွင်းဖြစ်တဲ့ ပဲခူးကွင်းမှာကစားရမှာဖြစ်တယ်။ ဟံသာဝတီက ပဲခူးကွင်း မှာ ဆိုရင် ဒီနှစ်မှာ အားလုံးအသာရအောင်လို့ ကစားပြထားတဲ့အသင်းဖြစ်နေတယ်။ ခြေစွမ်း လည်း ပြနေတယ်။ ပြိုင်ဘက်တိုင်းကို အလဲထိုးထားတယ်။ နောက်ဆုံးပွဲမှာဆိုရင် အစဉ်အလာ ပြိုင်ဘက်ကောင်းဖြစ်တဲ့ မကွေးလိုအသင်းကိုတောင် ဂိုးပြတ် ၃-၀နဲ့နိုင်ထားတဲ့အသင်းဖြစ်နေ တယ်။ မကွေးဆိုတာလည်း အားလုံးသိတဲ့အတိုင်း တစ်ကယ့်ကို ကစားရတာခက်တဲ့အသင်းပါ၊ နိုင်ငံခြားသားမပါပဲနဲ့ စုဖွဲ့မှုကောင်းကောင်းနဲ့ ကစားတတ်တဲ့အသင်းဖြစ်တယ်။ တိုက်စစ်ပိုင်း စုဖွဲ့မှု အားနည်းနေခဲ့လို့သာ ဒီရာသီမှာ အဆင်မပြေဖြစ်ခဲ့ကြတာပါ။ ဒီလိုပဲ ဆောက်သမ်းဆို ရင်လည်း နိုင်ငံခြားသားတွေမပါပဲ နဲ့ခရီးဆက်နေတဲ့အသင်းပါ။ မကွေးလောက်တော့ အဆင်မပြေသေးဘူး။ အမှတ်တောင် မရသေးဘူး။ အဆုံးသပ်တွေ လိုရာမရောက်လို့ အခက် တွေ့နေကြတယ်။

ပြီးတော့ နိုင်ငံခြားသားတွေမပါတဲ့အသင်းတစ်သင်းကျန်နေသေးတယ်။ အဲ့ဒါက ရတနာပုံဖြစ်ပါ တယ်။ ဒီအသင်းဟာ ရာသီဝက်မှ နိုင်ငံခြားတွေခေါ်မယ့်အသင်းလို့ တရားဝင်ထုတ်ဖော်ပြော ထားတယ်။ အခုအထိတော့ မြန်မာ့လက်ရွေးစင်ကစားသမားကောင်းတွေနဲ့ မြန်မာဘောလုံး သမား ပြည်တွင်းဖြစ်တွေနဲ့ခရီးဆက်နေတဲ့အသင်းဖြစ်တယ်။ အောင်သူပြန်ရောက်လာတာမှန် ပေမယ့် ရတနာပုံက စုဖွဲ့မှုအပိုင်းမှာ ထင်သလို မဖြစ်လာသေးဘူး။ ပွဲတိုင်း ဂိုးသွင်းခွင့်တွေ ရ တယ်။ ဂိုးတွေလည်းရတယ်။ ဂိုးမရတဲ့ပွဲတွေလည်းရှိတယ်။ ခံစစ်သိပ်မာပြီး ကစားရတာ ခက်တဲ့ အသင်းတွေဆိုရင် ရတနာပုံ ဂိုးသွင်းရတာခက်လာတယ်ဆိုတာ ဒီနှစ်မှာ တွေ့ရတယ်။

ရတနာပုံ သရေပွဲတွေ ၂ ပွဲရှိသလို၊ အရှုံးပွဲ လည်း ၂ ပွဲရှိတယ်။ ရခိုင်ကို ၁-၀ နဲ့ရှုံးတဲ့ပွဲသာ ဂိုးမ သွင်းနိုင်တာပါ၊ အောင်သူပါပါ မပါပါ ရတနာပုံကတော့ ဂိုးတွေသွင်းနိုင်တုန်းဆိုတာ ရန်ကုန်နဲ့ ၂-၂ သရေကျတဲ့ပွဲမှာ တွေ့ရမယ်။ အောင်သူက ရတနာပုံအတွက် ဂိုးသွင်းဖို့ အခွင့်အလမ်းဖန် တီးသူ၊ ဂိုးသွင်းပေးတဲ့ စက်တစ်လုံးဖြစ်တယ်။ ဒီနေ့ပွဲအတွက်လည်း သူပါလာရင် ဟံသာဝတီ နောက်တန်းအတွက် အခက်အခဲဖြစ်စေမယ့် ဘောလုံးသမားဖြစ်တယ်။ မြန်မာဘောလုံး လောက ရဲ့ အကောင်းဆုံးဘောလုံးသမားဖြစ်တယ်။ အတွေ့အကြုံအရှိဆုံး ကစားသမား ဖြစ်တယ်။ ရဲကိုဦးတို့ပါလာဦးမယ်ဆိုရင် စည်သူအောင်တို့လှိုင်းဘိုဘိုတို့အားနဲ့ ကွင်းလယ် က သိပ်စည်ကားသွားမယ်ဆိုတာ သေချာတယ်၊ ဟံသာဝတီကို အတိုက်အခံအကောင်းစား လုပ်ပေးဖို့ အသင့်ဖြစ်နေတယ်။

ဟံသာဝတီ အတွက် အကြီးမားဆုံးစိန်ခေါ်နေတဲ့ စိန်ခေါ်သံတွေကို ဒီနေ့ကြားရမယ်။ အထူး ဖြတ်ကျော်ရမယ့် တောင်ကုန်းဖြစ်နေတာကြောင့် ဟံသာဝတီ အတွက် ဒါကို ဘယ်လိုမျိုး ပြင် ဆင်ထားသလဲ၊ ရတနာပုံကိုကြည့်တော့ နိုင်ငံခြားသားတွေပါတဲ့အသင်းကို အနိုင်ရအောင် လုပ်ပြထားတာ ဇွဲကပင် တစ်သင်းပဲ ရှိသေးတယ်။ ကျန်တဲ့ နိုင်ငံခြားသားတွေပါဝင်ကစားနေတဲ့ စစ်ကိုင်း၊ ရခိုင်၊ ရန်ကုန်နဲ့ရှမ်းလိုအသင်းတွေကို တော့ အသာရအောင်မယူနိုင်ခဲ့ဘူး။ သရေပွဲ တွေနဲ့ အရှုံးပွဲကြုံထားရတယ်ဆိုတာတွေ့ရမယ်။

အထူးသဖြင့် ဒုတိယပိုင်းအနေအထားဖြစ်တယ်။ ပြီးတော့ အဲ့ဒီအထဲမှာညှပ်ပါနေတာက ဂိုးသွင်းသပ်ရပ်တဲ့ ကစားသမား ကိစ္စဖြစ်တယ်။ အောင်သူ့ကိုချည်း အားကိုးနေလို့မရဘူး။ အခုအနေအထားမှာ ရတနာပုံက ၀င်းနိုင်စိုးရဲ့ အားကို သုံးနေတာမှန်ပေမယ့် ကျန်တဲ့ အစိတ် အပိုင်းတွေမှာ ရတနာပုံချန်ပီယံဖြစ်ခဲ့တဲ့ နှစ်တွေကလောက် အားတွေက မသန်မာလာတော့ဘူး။ ရှိတာနဲ့ အဆင်ပြေလှပအောင် သွားနေကြသလိုမျိုးဖြစ်နေတယ်။

ဒီတော့ ဟံသာဝတီနောက်တန်းမှာရှိနေတဲ့သူတွေကို အဝေးကွင်းမှာ ဖြတ်ကျော်ဖို့ဆိုတာ လွယ်ပါ့မလား။ ဟံသာဝတီက အိမ်ကွင်းမာတယ်။ ရခိုင်ကို ၁-၀၊ ရှမ်းကို ၂-၁၊ဆောက်သမ်းကို ၅-၀ နဲ့ နိုင်အောင်လို့ ကစားပြထားတဲ့အသင်းဖြစ်တယ်။ Clean Sheet  ၂ ပွဲအရယူပြထားတဲ့ အသင်းဖြစ်တယ်။ ရတနာပုံက အဝေးကွင်း ၃ ပွဲကစားထားပြီး အဖွင့်ပွဲမှာ ဇွဲကပင်ကို ၀-၂ နဲ့ နိုင်ထားခဲ့တာကလွဲရင် ရန်ကုန်ကို ၂-၂ ၊ ရခိုင်ကို ၁-၀ နဲ့ရှုံးထားတဲ့အသင်းဖြစ်တယ်။ ဒီတော့  အဝေးကွင်းမှာ Clean Sheet  ၁ ပွဲသာရထားပြီး ပွဲတိုင်း ဂိုးပေးထားရတယ်။

နိုင်ငံခြားသားတွေပါနေတဲ့ဟံသာဝတီတိုက်စစ်ဟာ ရတနာပုံအတွက် အထူးကို အစမ်းသပ်ခံရ မယ်။ နိုင်ငံခြားသားတွေပါနေတဲ့အသင်းတွေကို အဝေးကွင်းမှာ တောက်လျှောက် ဂိုးတွေ ပေးထားရလို့ ဒီနေ့မှာ ရတနာပုံ နောက်တန်းဟာလည်း ဟံသာဝတီရဲ့ ဂိုးသွင်းဘုရင်တွေ ဖြစ်ကြတဲ့ ၇ ဂိုးရှင် အီမီကာနဲ့ ၅ ဂိုးရှင် ဒေါ်လ်နယ်ဘစ်ဆာတို့ရဲ့ အားကို ဘယ်လိုမျိုး ထိန်းကြ မလဲ၊ ပွဲချိန်ပြည့်ထိန်းဖို့ခက်နေနိုင်သေးတယ်။ ကောင်တာတွေ အလွတ်တည်ကန်ဘောတွေ ကနေပြီး ဂိုးမတွေမပေးရဖို့ မိနစ် ၉၀ အတွင်းထိန်းချုပ်ဖို့လိုအပ်နေသေးတယ်မဟုတ်ပါလား။

ခံစစ်တန်းရဲ့ပါးနပ်မှုတွေဟာ ရှမ်းနဲ့ပွဲကလိုမျိုးမဖြစ်ဖို့လိုတယ်။ စိတ်ပါဝင်စားမှုတစ်ချက် ကလေး လွတ်လိုက်တာနဲ့ ဒုတိယပိုင်းမှာ ၂ မိနစ် အတွင်း ၂ ဂိုးဆက်တိုက်ပေးလိုက်ရသလိုမျိုး မဖြစ်ဖို့လိုတယ်။

ဟံသာဝတီက အိမ်ကွင်းမှာ ကစားအားသိပ်ကောင်းတယ်။ သိပ်ပါးနပ်တယ်။ တောင်ပံကစား သမားတွေရဲ့ အားပြိုင်မှုတွေ လည်း ဒီနေ့ပွဲမှာမြင်ရမယ်။ အထူးသဖြင့် အထက်မှာပြောခဲ့သလို မျိုး မြန်မာကစားသမား စစ်စစ်တွေအားနဲ့ နိုင်ငံခြားဖြစ်အားတွေ အပြိုင် အမှတ်လုရမယ့်ပွဲဖြစ် တယ်။ အောင်သူ၊စည်သူအောင်၊၀င်းနိုင်စိုးတို့ အတွဲဟာ အီမီကာနဲ့ဒေါ်လ်နယ်တို့အားထက် ပိုကောင်း နေမလား။ ပြီးတော့ ခံစစ်တန်းနဲ့ ဂိုးသမား အပိုင်းပါ၊ တစ်ချက်ကလေး ကိုမှ သတိ လွတ်လို့မရတာကြောင့် အထူးသဖြင့် သက်နိုင်၊ အောင်ဝဏ္ဏစိုး၊နေမျိုးအောင်အပြင်၊ ဂိုးသမား ဖြစ်တဲ့ ပြည့်လျံအောင်တို့ဟာ အိမ်ရှင်ဖြစ်တဲ့ ဟံသာဝတီ တိုက်စစ်သမားတွေရဲ့ တိုးအားကို သေချာထိန်းချုပ်ရဖွယ်ရှိတယ်။ အမြင့်ဘောတွေ၊ အားနဲ့တိုးတဲ့အခါ ရုန်းထွက်လာတဲ့ တိုက်စစ် အားကို ခြေနှုတ်အသိမ်းမကျန်အောင်ဖြတ်တောက်ထားဖို့လိုတယ်။

ဟံသာဝတီအတွက် လည်း အတူတူပါပဲ။ နန်းဝေမင်း၊ မွန်ကာလူး၊သန့်ဇင်ဝင်း၊ အောင်မိုးထွေး၊ ဟိန်းထက် အောင်တို့အပြင် ဂိုးသမား ကိုကိုနိုင်အနေနဲ့ အောင်သူတို့ကို ပါးနပ်စွာထိန်းထား နိုင်ဖို့လိုတယ်။ ရှမ်းနဲ့ပွဲတုန်းက ၂-၁ နဲ့နိုင်တုန်းကလိုမျိုး အဖွင့်ဂိုး စတင်ပေးထားရပြီးမှ နောက် ကပြန်လိုက်ကစားရသလိုမျိုး ရတနာပုံနဲ့ပွဲမှာ မဖြစ်ဖို့တော့လိုတယ်။

ထိပ်တိုက်တွေ့ဆုံမှုကိုကြည့်တော့လည်း ဟံသာဝတီမြေပေါ်မှာ ရတနာပုံက နောက်ဆုံး ၄ ကြိမ် မှာ ၂ ပွဲသရေနဲ့ ၂ ပွဲနိုင်ထားတယ်။ နောက်ဆုံး ၂ ကြိမ်ဆက် ဟံသာဝတီမြေပေါ်မှာ ၀-၀ နဲ့ ၂-၂ သရေကျထားတာရှိတယ်။ ဒီနှစ်တော့ အစဉ်အလာအတိုင်းပဲ သရေကျမလား၊ ဒါမှမဟုတ် ရင် အစဉ်အလာအဟောင်းတွေကို ချိုးဖျက်နေတဲ့ ဟံသာဝတီကပဲ တစ်ခါမှ အသာ မရဖူးသေးတဲ့ စံချိန်သစ်ကို တင်သွားနိုင်မလားဆိုတာ မကွေးနဲ့ပွဲတုန်းကလိုမျိုး စောင့်ကြည့်ရ ဖို့ဖြစ်လာပါတော့တယ်။

မှတ်ချက်များ။