ေနရွင္နယ္လိဂ္အဖြင့္ပြဲမွာ ဟံသာ၀တီကို ေျခစြမ္းျပအႏိုင္ရခဲ့တဲ့ လက္ရွိခ်န္ပီယံ ရန္ကုန္ယူႏိုက္တက္

Highlights – TSG 1899 Hoffenheim vs Borussia Dortmund

၂၀၁၉ ျမန္မာေနရွင္နယ္လိဂ္ရဲ႕ အဖြင့္ပြဲအျဖစ္ ဒီကေန႔ ညေန (၃း၃၀)နာရီမွာ ရန္ကုန္ယူႏိုက္တက္ နဲ႔ ဟံသာ၀တီယူႏိုက္တက္အသင္းတို႔ဟာ ရန္ကုန္အသင္းရဲ႕ အိမ္ကြင္း YUSC မွာ ကစားခဲ့ၾကပါတယ္။ အဖြင့္ပြဲမွာေတာ့ လက္ရွိခ်န္ပီယံ ရန္ကုန္ယူႏိုက္တက္အသင္းက အိမ္ကြင္းမွာ ပထမပိုင္းသြင္းဂိုးေတြနဲ႔ ဟံသာ၀တီယူႏိုက္တက္ကို ဂိုးျပတ္အႏိုင္ရရွိသြားခဲ့ပါတယ္။

ရန္ကုန္အသင္းမွာ ဆန္းဆက္ႏိုင္၊ ထူးခန္႔လြင္၊ မင္းကိုသူ၊ ျပည့္ျဖိဳးေဇာ္ နဲ႔ ေက်ာ္ဇင္ဦး၊ ရန္လင္းေအာင္၊ ရန္ေအာင္ေက်ာ္၊ ၾကည္လင္း၊ မီလာ ၊ ေမာင္ေမာင္လြင္ နဲ႔ ဆယ္လာတို႔ ပါ၀င္ခဲ့ၾကျပီး ဟံသာ၀တီအသင္းမွာေတာ့ အသင္းေခါင္းေဆာင္ဂိုးသမား ကိုကိုႏိုင္၊ ဆက္ဂ်ီမာ့ခ္၊ ေအာင္မ်ိဳးသူရ၊ မ်ိဳးေဇာ္ဦး၊ ညီညီေအာင္၊ ထူးေနေအာင္၊ ရန္ႏိုင္ေအာင္၊ ပူဒါ၊ ေရႊလိႈင္၀င္း၊ လာဒင္ေမာရာ၊ မိုက္ကယ္တို႔နဲ႔ လူစံုခဲ့ပါတယ္။

ပြဲစကတည္းက ရန္ကုန္က အိမ္ကြင္းမွာ တိုက္စစ္ကို အသားကုန္တင္ေဆာ့ခဲ့ျပီး ဟံသာ၀တီအသင္းကို အသာစီး ရယူႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း (၁၀)မိနစ္မွာ ဆယ္လာက ၾကည္လင္းရဲ႕ ဖန္တီးေပးမႈကေန ဧရိယာထဲက အပိုင္ကန္သြင္းႏိုင္ခဲ့လို႔ ရန္ကုန္တို႔ ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။ ဒီဂိုးရျပီးေနာက္ ရန္ကုန္ကပဲ ပြဲကို ထိန္းခ်ဳပ္ကစားႏိုင္ခဲ့ပါတယ္။

(၂၁)မိနစ္မွာ ၾကည္လင္းက ဧရိယာထိပ္ကေန အျပင္းကန္သြင္းျပီးေတာ့ ဒုတိယဦးေဆာင္ဂိုးကို ရန္ကုန္အတြက္ ရယူေပးခဲ့ပါတယ္။ ဟံသာ၀တီေနာက္ခံလူေတြရဲ႕ လူကပ္ကစားပံုအားနည္းခ်က္ေတြက ဒီေန႔ပြဲမွာထင္ရွားခဲ့ျပီးေတာ့ ရန္ကုန္အသင္းကို ဂိုးကန္သြင္းခြင့္ေတြ အေျမာက္အျမား ခြင့္ျပဳခဲ့ရတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

(၃၁)မိနစ္မွာေတာ့ ဆယ္လာကပဲ ရန္ကုန္အတြက္ ေနာက္ထပ္တစ္ဂိုးကို သြင္းယူေပးခဲ့လို႔ ရန္ကုန္တို႔ အႏိုင္ေသခ်ာသြားခဲ့ပါတယ္။ ဟံသာ၀တီက ရန္ကုန္ကို ကစားကြက္ေရာ၊ ကစားအားမွာပါ မယွဥ္ႏိုင္ခဲ့ပဲ ျပီးခဲ့တဲ့ရာသီက ရန္ကုန္ကို ဒုကၡေပးခဲ့တဲ့ ေျခစြမ္းမ်ိဳး မေတြ႕ခဲ့ရပါတဘူး။ ဒုတိယပိုင္းမွာေတာ့ ပြဲကအနည္းငယ္ ေအးခဲ့ျပီး အျပန္အလွန္ထိုးေဖာက္မႈေတြနဲ႔သာ အခ်ိန္ကုန္ခဲ့ပါတယ္။

 

ရန္ကုန္က အႏိုင္ေသခ်ာဖို႔အတြက္သာ ပြဲကိုဦးစားေပးကစားခဲ့ေပမယ့္ ဟံသာ၀တီရဲ႕ တိုက္စစ္ပိုင္း အလုပ္မျဖစ္ခဲ့လို႔ ၾကီးၾကီးမားမား ျခိမ္းေျခာက္မႈမ်ိဳး ရန္ကုန္ဘက္ကို မျပဳလုပ္ႏိုင္ခဲ့ပါဘူး။ မိနစ္ (၉၀)မွာ အလြတ္တည္ကန္ေဘာကတဆင့္ မာ့ခ္က တိုက္ရိုက္ကန္သြင္းယူႏုိင္ခဲ့လို႔သာ ဟံသာ၀တီအသင္း ႏွစ္သိမ့္ဂိုးတစ္ဂိုး ရရွိခဲ့ျပီး ပြဲအျပီးမွာ ရန္ကုန္က ၃-၁ ဂိုးန႔ဲ ဟံသာ၀တီကို အႏိုင္ရရွိကာ ပြဲဦးထြက္မွာ (၃)မွတ္ပိုင္ဆိုင္သြားခဲ့ပါတယ္။

Photo Credit : Myanmar National League Facebook Page

Unicode Version

၂၀၁၉ မြန်မာနေရှင်နယ်လိဂ်ရဲ့ အဖွင့်ပွဲအဖြစ် ဒီကနေ့ ညနေ (၃း၃၀)နာရီမှာ ရန်ကုန်ယူနိုက်တက် နဲ့ ဟံသာဝတီယူနိုက်တက်အသင်းတို့ဟာ ရန်ကုန်အသင်းရဲ့ အိမ်ကွင်း YUSC မှာ ကစားခဲ့ကြပါတယ်။ အဖွင့်ပွဲမှာတော့ လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းက အိမ်ကွင်းမှာ ပထမပိုင်းသွင်းဂိုးတွေနဲ့ ဟံသာဝတီယူနိုက်တက်ကို ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။

ရန်ကုန်အသင်းမှာ ဆန်းဆက်နိုင်၊ ထူးခန့်လွင်၊ မင်းကိုသူ၊ ပြည့်ဖြိုးဇော် နဲ့ ကျော်ဇင်ဦး၊ ရန်လင်းအောင်၊ ရန်အောင်ကျော်၊ ကြည်လင်း၊ မီလာ ၊ မောင်မောင်လွင် နဲ့ ဆယ်လာတို့ ပါဝင်ခဲ့ကြပြီး ဟံသာဝတီအသင်းမှာတော့ အသင်းခေါင်းဆောင်ဂိုးသမား ကိုကိုနိုင်၊ ဆက်ဂျီမာ့ခ်၊ အောင်မျိုါ်သူရ၊ မျိုးဇော်ဦး၊ ညီညီအောင်၊ ထူးနေအောင်၊ ရန်နိုင်အောင်၊ ပူဒါ၊ ရွှေလှိုင်ဝင်း၊ လာဒင်မောရာ၊ မိုက်ကယ်တို့နဲ့ လူစုံခဲ့ပါတယ်။

ပွဲစကတည်းက ရန်ကုန်က အိမ်ကွင်းမှာ တိုက်စစ်ကို အသားကုန်တင်ဆော့ခဲ့ပြီး ဟံသာဝတီအသင်းကို အသာစီး ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း (၁၀)မိနစ်မှာ ဆယ်လာက ကြည်လင်းရဲ့ ဖန်တီးပေးမှုကနေ ဧရိယာထဲက အပိုင်ကန်သွင်းနိုင်ခဲ့လို့ ရန်ကုန်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဒီဂိုးရပြီးနောက် ရန်ကုန်ကပဲ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။

(၂၁)မိနစ်မှာ ကြည်လင်းက ဧရိယာထိပ်ကနေ အပြင်းကန်သွင်းပြီးတော့ ဒုတိယဦးဆောင်ဂိုးကို ရန်ကုန်အတွက် ရယူပေးခဲ့ပါတယ်။ ဟံသာဝတီနောက်ခံလူတွေရဲ့ လူကပ်ကစားပုံအားနည်းချက်တွေက ဒီနေ့ပွဲမှာထင်ရှားခဲ့ပြီးတော့ ရန်ကုန်အသင်းကို ဂိုးကန်သွင်းခွင့်တွေ အမြောက်အမြား ခွင့်ပြုခဲ့ရတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

(၃၁)မိနစ်မှာတော့ ဆယ်လာကပဲ ရန်ကုန်အတွက် နောက်ထပ်တစ်ဂိုးကို သွင်းယူပေးခဲ့လို့ ရန်ကုန်တို့ အနိုင်သေချာသွားခဲ့ပါတယ်။ ဟံသာဝတီက ရန်ကုန်ကို ကစားကွက်ရော၊ ကစားအားမှာပါ မယှဉ်နိုင်ခဲ့ပဲ ပြီးခဲ့တဲ့ရာသီက ရန်ကုန်ကို ဒုက္ခပေးခဲ့တဲ့ ခြေစွမ်းမျိုး မတွေ့ခဲ့ရပါတဘူး။ ဒုတိယပိုင်းမှာတော့ ပွဲကအနည်းငယ် အေးခဲ့ပြီး အပြန်အလှန်ထိုးဖောက်မှုတွေနဲ့သာ အချိန်ကုန်ခဲ့ပါတယ်။

ရန်ကုန်က အနိုင်သေချာဖို့အတွက်သာ ပွဲကိုဦးစားပေးကစားခဲ့ပေမယ့် ဟံသာဝတီရဲ့ တိုက်စစ်ပိုင်း အလုပ်မဖြစ်ခဲ့လို့ ကြီးကြီးမားမား ခြိမ်းခြောက်မှုမျိုး ရန်ကုန်ဘက်ကို မပြုလုပ်နိုင်ခဲ့ပါဘူး။ မိနစ် (၉၀)မှာ အလွတ်တည်ကန်ဘောကတဆင့် မာ့ခ်က တိုက်ရိုက်ကန်သွင်းယူနိုင်ခဲ့လို့သာ ဟံသာဝတီအသင်း နှစ်သိမ့်ဂိုးတစ်ဂိုး ရရှိခဲ့ပြီး ပွဲအပြီးမှာ ရန်ကုန်က ၃-၁ ဂိုးနဲ့ ဟံသာဝတီကို အနိုင်ရရှိကာ ပွဲဦးထွက်မှာ (၃)မှတ်ပိုင်ဆိုင်သွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။