ယူရို ၂၀၂၀ အတြက္ ပထမဆံုးေျခစစ္ပြဲေအာင္တဲ့ အသင္းျဖစ္လာတဲ့ ဘယ္လ္ဂ်ီယံ

Mahrez magic helps Algeria beat Colombia in Lille

ယူရို ၂၀၂၀ ေျခစစ္ပြဲအျဖစ္ ဘယ္လ္ဂ်ီယံနဲ႔ ဆန္မာရီႏိုအသင္းတို႔ ကစားခဲ့ရာမွာ ဘယ္လ္ဂ်ီယံက ျပိဳင္ဘက္အသင္းကို ၉ ဂိုးအထိ သြင္းယူကာ အႏိုင္ယူခဲ့ျပီး ယူရို ၂၀၂၀ ေျခစစ္ပြဲကို ေအာင္ျမင္သြားခဲ့ျပီျဖစ္ပါတယ္။ အဆိုပါပြဲမွာ ဘယ္လ္ဂ်ီယံတိုက္စစ္မွဴး လူကာကူက အသ္းအတြက္ အႏိုင္ဂိုးႏွစ္ဂိုးသြင္းယူေပးခဲ့ျပီး ဘယ္လ္ဂ်ီယံအတြက္ ဂိုးေပါင္း ၅၀ ျပည့္ေျမာက္သြားခဲ့ပါတယ္။

Southgate has message for Bulgaria president regarding racism

ဒါဟာ ဘယ္လ္ဂ်ီယံအသင္းသမိုင္းတစ္ေလွ်ာက္မွာ ဂိုး ၅၀ ျပည့္ေျမာက္တဲ့ ပထမဆံုးကစားသမားအျဖစ္ လူကာကူက မွတ္တမ္တမ္း၀င္ခဲ့တာလည္းျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံကေတာ့ ေနာက္ဆံုးကစားခဲ့တဲ့ ၇ ပြဲစလံုးကို အႏိုင္ယူခဲ့ျပီး ရမွတ္ ၂၁ မွတ္အျပည့္ရရွိခဲ့ပါတယ္။ အဆိုပါပြဲေတြမွာ ေပးဂိုးကလည္း တစ္ဂုိးသာ ရွိခဲ့ျပီး အေကာင္းဆံုးေျခစြမ္းကို ပိုင္ဆိုင္ေနခဲ့တာလည္းျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံအတြက္ ဂိုးေတြကိုေတာ့ လူကာကူက ႏွစ္ဂိုး၊ ခ်က္ဒ္လီ၊ တိုင္လီမန္းစ္၊ ဘန္တီကီ၊ ဗာေခ်ရန္၊ ကက္စတာဂ္နီတို႔က သြင္းယူေပးခဲ့ျပီး ဆန္မာရီႏိုကစားသမားႏွစ္ဦးက ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့ၾကပါတယ္။ ဒီပြဲကို အႏိုင္ရရွိခဲ့ကာ ေျခစစ္ပြဲေအာင္ျမင္ခဲ့လို႔လည္း ဘယ္လ္ဂ်ီယံက ယူရိုေျခစစ္ပြဲကို ပထမဆံုးေအာင္ျမင္တဲ့ အသင္းအျဖစ္လည္း မွတ္တမ္း၀င္ခဲ့ပါတယ္။

နည္းျပေရာဘတ္တိုမာတီနက္ဇ္ရဲ႕အသင္းဟာ အုပ္စုတြင္းမွာလည္း ျပိဳင္ဘက္ေတြရဲ႕အထက္မွာ ျပတ္ျပတ္သားသားရပ္တည္ႏိုင္ခဲ့ပါတယ္။ ႏိုင္ပြဲဆက္တိုက္ရရွိခဲ့သလို ေျခစြမ္းပိုင္းအရလည္း အျမင့္ဆံုးအဆင့္မွာ ရွိေနခဲ့တာျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ၂၀၁၈ ကမၻာ့ဖလားကို ၀င္ေရာက္ယွဥ္ျပိဳင္ႏိုင္ခဲ့ျပီး ဆီမီးဖိုင္နယ္အဆင့္ထိ ေရာက္ရွိခဲ့သလို ယူရို ၂၀၂၀ ျပိဳင္ပြဲကိုလည္း ထပ္မံကစားခြင့္ရရွိခဲ့ျပီျဖစ္ပါတယ္။

Unicode

ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ဘယ်လ်ဂျီယံနဲ့ ဆန်မာရီနိုအသ်ငးတို့ ကစားခဲ့ရာမှာ ဘယ်လ်ဂျီယံက ပြိုင်ဘက်အသင်းကို ၉ ဂိုးအထိ သွင်းယူကာ အနိုင်ယူခဲ့ပြီး ယူရို ၂၀၂၀ ခြေစစ်ပွဲကို အောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။ အဆိုပါပွဲမှာ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူက အသ်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီး ဘယ်လ်ဂျီယံအတွက် ဂိုးပေါင်း ၅၀ ပြည့်မြောက်သွားခဲ့ပါတယ်။

ဒါဟာ ဘယ်လ်ဂျီယံအသင်းသမိုင်းတစ်လျှောက်မှာ ဂိုး ၅၀ ပြည့်မြောက်တဲ့ ပထမဆုံးကစားသမားအဖြစ် လူကာကူက မှတ်တမ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။ ဘယ်လ်ဂျီယံကတော့ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲစလုံးကို အနိုင်ယူခဲ့ပြီး ရမှတ် ၂၁ မှတ်အပြည့်ရရှိခဲ့ပါတယ်။ အဆိုပါပွဲတွေမှာ ပေးဂိုးကလည်း တစ်ဂိုးသာ ရှိခဲ့ပြီး အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်နေခဲ့တာလည်းဖြစ်ပါတယ်။

ဘယ်လ်ဂျီယံအတွက် ဂိုးတွေကိုတော့ လူကာကူက နှစ်ဂိုး၊ ချက်ဒ်လီ၊ တိုင်လီမန်းစ်၊ ဘန်တီကီ၊ ဗာချေရန်၊ ကက်စတာဂ်နီတို့က သွင်းယူပေးခဲ့ပြီး ဆန်မာရီနိုကစားသမားနှစ်ဦးက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့ကြပါတယ်။ ဒီပွဲကို အနိုင်ရရှိခဲ့ကာ ခြေစစ်ပွဲအောင်မြင်ခဲ့လို့လည်း ဘယ်လ်ဂျီယံက ယူရိုခြေစစ်ပွဲကို ပထမဆုံးအောင်မြင်တဲ့ အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

နည်းပြရောဘတ်တိုမာတီနက်ဇ်ရဲ့အသင်းဟာ အုပ်စုတွင်းမှာလည်း ပြိုင်ဘက်တွေရဲ့အထက်မှာ ပြတ်ပြတ်သားသားရပ်တည်နိုင်ခဲ့ပါတယ်။ နိုင်ပွဲဆက်တိုက်ရရှိခဲ့သလို ခြေစွမ်းပိုင်းအရလည်း အမြင့်ဆုံးအဆင့်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့သလို ယူရို ၂၀၂၀ ပြိုင်ပွဲကိုလည်း ထပ်မံကစားခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။