ဒက္ခ်မ့္စ္အတြက္ဆိုရင္ ေသခ်င္ေသပါေစဆိုတဲ့ ျပင္သစ္ၾကယ္ပြင့္

Mahrez magic helps Algeria beat Colombia in Lille

ျပင္သစ္အသင္းရဲ႕လူငယ္ၾကယ္ပြင့္ကစားသမား ကိုင္လီယန္ဘတ္ပီက သူ႔အေနနဲ႔ ျပင္သစ္နည္းျပဒက္ခ်မ့္အတြက္ဆိုရင္ ေသေပးဖို႔ေတာင္၀န္မေလးဘူးလို႔ ေျပာဆိုသြားခဲ့ပါတယ္။ ျပင္သစ္က အိုက္စလန္ကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ ယူရို ၂၀၂၀ ေျခစစ္ပြဲကို တံေကာက္ေၾကာဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ရတဲ့ ဘတ္ပီက နည္းျပအေပၚထားရွိတဲ့ သူ႔ရဲ႕စိတ္ထားကို ဖြင့္ဟခဲ့တာလည္းျဖစ္ပါတယ္။

Guinea win WAFU Cup Plate final in shootout

ဘတ္ပီဟာ တူရကီနဲ႔ ကစားရမယ့္ပြဲကိုလည္း လဲြေခ်ာ္ဦးမယ္လို႔ သိရျပီး ဇြန္လအတြင္းကစားခဲ့တဲ့ အန္ဒိုရာနဲ႔ပြဲက ျပင္သစ္အတြက္ သူေနာက္ဆံုးကစားေပးခဲ့တဲ့ပြဲလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘတ္ပီက သူဒဏ္ရာရရွိေနခ်ိန္မွာေတာင္ ျပင္သစ္အတြက္ သူ႔ကို ေရြးခ်ယ္ေပးခဲ့တဲ့ ဒက္ခ်မ့္ရဲ႕လုပ္ရပ္အေပၚမွာ ေက်နပ္ႏွစ္သက္ေနခဲ့ပါတယ္။

“ ကၽြန္ေတာ္မကစားႏိုင္တဲ့ အခ်ိန္မ်ိဳးမွာေတာင္ သူက ကၽြန္ေတာ့္ကို ေရြးခ်ယ္ခဲ့ပါတယ္၊ ဒါက ဘယ္ေလာက္ထိ အဓိပၸာယ္ရွိလဲဆိုတာကို ခင္ဗ်ားသိမွာမဟုတ္ပါဘူး၊ ဒါကထူးျခားမႈတစ္ခုပါပဲ၊ ေတာ္ေတာ္ေလးကို ခိုင္မာတဲ့ ထူးျခားမႈပါ၊ နည္းျပက ကၽြန္ေတာ့္အေပၚမွာ ယံုၾကည္မႈ
ရွိတယ္ဆိုတာကို ကၽြန္ေတာ္သိပါတယ္၊ ဒီအတြက္လည္း ကြင္းအတြင္းမွာ သူ႔အတြက္ဆို ကၽြန္ေတာ့္အသက္ေပးဆပ္သြားဖို႔ ခံစားမိပါတယ္” လို႔ ဘတ္ပီက ေျပာသြားခဲ့ပါတယ္။

ဘတ္ပီကေတာ့ ဒက္ခ်မ့္ရဲ႕လက္ေအာက္မွာ ကစားေပးခဲ့ျပီး အသင္းနဲ႔အတူ ၂၀၁၈ ကမၻာ့ဖလားကို ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္ အဆိုပါျပိဳင္ပြဲရဲ႕ တန္ဖိုးအရွိဆံုးလူငယ္ကစားသမားဆုကိုလည္း ဆြတ္ခူးရရွိခဲ့ျပီး ျပင္သစ္အသင္းဗိုလ္စြဲခဲ့ရာမွာလည္း အဓိကကစားသမားတစ္ဦးအျဖစ္ ပြဲတိုင္းပါ၀င္ကစားေပးခဲ့ပါတယ္။

Unicode

ပြင်သစ်အသင်းရဲ့လူငယ်ကြယ်ပွင့်ကစားသမား ကိုင်လီယန်ဘတ်ပီက သူ့အနေနဲ့ ပြင်သစ်နည်းပြဒက်ချမ့်အတွက်ဆိုရင် သေပေးဖို့တောင်ဝန်မလေးဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ ပြင်သစ်က အိုက်စလန်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲကို တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့ရတဲ့ ဘတ်ပီက နည်းပြအပေါ်ထားရှိတဲ့ သူ့ရဲ့စိတ်ထားကို ဖွင့်ဟခဲ့တာလည်းဖြစ်ပါတယ်။

ဘတ်ပီဟာ တူရကီနဲ့ ကစားရမယ့်ပွဲကိုလည်း လွဲချော်ဦးမယ်လို့ သိရပြီး ဇွန်လအတွင်းကစားခဲ့တဲ့ အန်ဒိုရာနဲ့ပွဲက ပြင်သစ်အတွက် သူနောက်ဆုံးကစားပေးခဲ့တဲ့ပွဲလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘတ်ပီက သူဒဏ်ရာရရှိနေချိန်မှာတောင် ပြင်သစ်အတွက် သူ့ကို ရွေးချယ်ပေးခဲ့တဲ့ ဒက်ချမ့်ရဲ့လုပ်ရပ်အပေါ်မှာ ကျေနပ်နှစ်သက်နေခဲ့ပါတယ်။

“ ကျွန်တော်မကစားနိုင်တဲ့ အချိန်မျိုးမှာတောင် သူက ကျွန်တော့်ကို ရွေးချယ်ခဲ့ပါတယ်၊ ဒါက ဘယ်လောက်ထိ အဓိပ္ပာယ်ရှိလဲဆိုတာကို ခင်ဗျားသိမှာမဟုတ်ပါဘူး၊ ဒါကထူးခြားမှုတစ်ခုပါပဲ၊ တော်တော်လေးကို ခိုင်မာတဲ့ ထူးခြားမှုပါ၊ နည်းပြက ကျွန်တော့်အပေါ်မှာ ယုံကြည်မှု
ရှိတယ်ဆိုတာကို ကျွန်တော်သိပါတယ်၊ ဒီအတွက်လည်း ကွင်းအတွင်းမှာ သူ့အတွက်ဆို ကျွန်တော့်အသက်ပေးဆပ်သွားဖို့ ခံစားမိပါတယ်” လို့ ဘတ်ပီက ပြောသွားခဲ့ပါတယ်။

ဘတ်ပီကတော့ ဒက်ချမ့်ရဲ့လက်အောက်မှာ ကစားပေးခဲ့ပြီး အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံးလူငယ်ကစားသမားဆုကိုလည်း ဆွတ်ခူးရရှိခဲ့ပြီး ပြင်သစ်အသင်းဗိုလ်စွဲခဲ့ရာမှာလည်း အဓိကကစားသမားတစ်ဦးအဖြစ် ပွဲတိုင်းပါဝင်ကစားပေးခဲ့ပါတယ်။

မွတ္ခ်က္မ်ား။