ေနာ္ေ၀နဲ႔ပြဲမွာ စပိန္အသင္းနဲ႔အတူ စံခ်ိန္သစ္တစ္ခုတင္ႏိုင္ခဲ့တဲ့ ဆာဂ်ီယိုရာမို႔စ္

Mahrez magic helps Algeria beat Colombia in Lille

စပိန္အသင္းေခါင္းေဆာင္ဆာဂ်ီယိုရာမို႔စ္ဟာ အသင္းသမုိင္းတစ္ေလွ်ာက္ ပြဲအမ်ားဆံုးကစားေပးထားတဲ့ စံခ်ိန္သစ္တစ္ခုကို ရရွိသြားခဲ့ျပီျဖစ္ပါတယ္။ အသင္းေဖာ္ေဟာင္းကာဆီးလက္စ္ရဲ႕ ၁၆၇ ပြဲကစားထားတဲ့ စံခ်ိန္ကို ရာမို႔စ္က တစ္ပြဲအသာနဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ျပီး
ေနာ္ေ၀နဲ႔ ကစားခဲ့တဲ့ ယူရို ၂၀၂၀ ေျခစစ္ပြဲမွာ ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

Guinea win WAFU Cup Plate final in shootout

တစ္ဖက္တစ္ဂိုးစီနဲ႔ သေရက်ခဲ့တဲ့ ပြဲမွာ ရာမို႔စ္က စပိန္လက္ေရြးစင္အသင္းအတြက္ ပြဲအမ်ားဆံုးကစားေပးခဲ့တဲ့ ကစားသမားဆိုတဲ့ စံခ်ိန္ကို ပိုင္ဆိုင္ခဲ့တာျဖ္စပါတယ္။ ျပီးခဲ့တဲ့ လအတြင္းမွာ ကာဆီးလက္စ္ရဲ႕ စံခ်ိန္ကို လိုက္မီခဲ့ျပီးေနာက္ အသက္ ၃၃ ႏွစ္အရြယ္ ၀ါရင့္ေနာက္ခံလူက ေနာ္ေ၀နဲ႔ပြဲမွာ ပါ၀င္ခြင့္ရရွိခဲ့ျပီး စံခ်ိန္သစ္ကို ရရွိခဲ့ပါတယ္။

“ မွတ္တမ္းေတြဆိုတာက ခ်ိဳးဖ်က္ခံရဖို႔ပါပဲ၊ ကၽြန္ေတာ္ ပြဲေပါင္း ၂၀၀ အထိ ကစားေပးခ်င္ပါတယ္၊ ဒါက ရည္မွန္းခ်က္တစ္ခုပါပဲ၊ ဒီလိုလုပ္ႏိုင္ဖို႔က ေတာ္ေတာ္ေလးခက္ခဲပါတယ္” လို႔ ေနာ္ေ၀နဲ႔ ပြဲအျပီးမွာ ရာမို႔စ္က ေျပာဆိုခဲ့ပါတယ္။ ရာမို႔စ္ဟာ ဂ်ပန္ႏိုင္ငံမွာက်င္းပမယ့္ အိုလံပစ္ျပိဳင္ပြဲမွာလည္း စပိန္အတြက္ကစားေပးဖို႔ ေမွ်ာ္လင့္ေနတယ္လုိ႔ သိရပါတယ္။

ရာမို႔စ္အေနနဲ႔ စပိန္အသင္းနဲ႔အတူ ကမၻာ့ဖလား၊ ယူရိုဖလားတို႔ကို ရရွိထားခဲ့ျပီျဖစ္ျပီး အိုလံပစ္ျပိဳင္ပြဲမွာသာ ေရႊတံဆိပ္ရရွိခဲ့မယ္ဆိုရင္ ထူးျခားတဲ့ေအာင္ျမင္မႈမွတ္တမ္းေကာင္းကို ပိုင္ဆိုင္မွာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း စပိန္နည္းျပေမာ္ရီႏိုက အိုလံပစ္ျပိဳင္ပြဲမွာ စပိန္အတြက္ ရာမို႔စ္ကစားေပးႏိုင္ဖို႔က ခက္ခဲလိမ့္မယ္လို႔ မွတ္ခ်က္ျပဳခဲ့ေၾကာင္း သိရပါတယ္။

Unicode

စပိန်အသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်ဟာ အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားပေးထားတဲ့ စံချိန်သစ်တစ်ခုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အသင်းဖော်ဟောင်းကာဆီးလက်စ်ရဲ့ ၁၆၇ ပွဲကစားထားတဲ့ စံချိန်ကို ရာမို့စ်က တစ်ပွဲအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး
နော်ဝေနဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့တဲ့ ပွဲမှာ ရာမို့စ်က စပိန်လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံးကစားပေးခဲ့တဲ့ ကစားသမားဆိုတဲ့ စံချိန်ကို ပိုင်ဆိုင်ခဲ့တာဖြ်စပါတယ်။ ပြီးခဲ့တဲ့ လအတွင်းမှာ ကာဆီးလက်စ်ရ့ စံချိန်ကို လိုက်မီခဲ့ပြီးနောက် အသက် ၃၃ နှစ်အရွယ် ၀ါရင့်နောက်ခံလူက နော်ဝေနဲ့ပွဲမှာ ပါဝင်ခွင့်ရရှိခဲ့ပြီး စံချိန်သစ်ကို ရရှိခဲ့ပါတယ်။

“ မှတ်တမ်းတွေဆိုတာက ချိုးဖျက်ခံရဖို့ပါပဲ၊ ကျွန်တော် ပွဲပေါင်း ၂၀၀ အထိ ကစားပေးချင်ပါတယ်၊ ဒါက ရည်မှန်းချက်တစ်ခုပါပဲ၊ ဒီလိုလုပ်နိုင်ဖို့က တော်တော်လေးခက်ခဲပါတယ်” လို့ နော်ဝေနဲ့ ပွဲအပြီးမှာ ရာမို့စ်က ပြောဆိုခဲ့ပါတယ်။ ရာမို့စ်ဟာ ဂျပန်နိုင်ငံမှာကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမှာလည်း စပိန်အတွက်ကစားပေးဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

ရာမို့စ်အနေနဲ့ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလား၊ ယူရိုဖလားတို့ကို ရရှိထားခဲ့ပြီဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲမှာသာ ရွှေတံဆိပ်ရရှိခဲ့မယ်ဆိုရင် ထူးခြားတဲ့အောင်မြင်မှုမှတ်တမ်းကောင်းကို ပိုင်ဆိုင်မှာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပိန်နည်းပြမော်ရီနိုက အိုလံပစ်ပြိုင်ပွဲမှာ စပိန်အတွက် ရာမို့စ်ကစားပေးနိုင်ဖို့က ခက်ခဲလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ကြောင်း သိရပါတယ်။

မွတ္ခ်က္မ်ား။