နည္းျပဘ၀မွာ ေအာင္ျမင္မႈတစ္ခုရယူႏိုင္ခဲ့တဲ့ ယူႏိုက္တက္ကစားသမားေဟာင္း ရြိဳင္ယန္ဂစ္

Keepy-uppies HARD MODE: Thiago x Rodri of Spain

ဟန္ေဂရီကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ျပီးေနာက္ ေ၀းလ္နည္းျပရြိဳင္ယန္ဂစ္က သူ႔ဘ၀ရဲ႕အေကာင္းဆံုးေန႔ရက္ေတြထဲက တစ္ခုျဖစ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဂႏၳ၀င္ကစားသမားၾကီးဟာ နည္းျပဘ၀မွာ မိခင္ႏိုင္ငံအသင္းကို ေျခစစ္ပြဲေအာင္ျမင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ျပီး ဂုဏ္ယူဖြယ္ရာအေျခအေနတစ္ခုကို ပိုင္ဆိုင္ခဲ့ပါတယ္။

Eintracht Frankfurt vs Wolfsburg – Bas Dost vs Wout Weghorst | Duel of the Dutch strikers

ကာဒစ္မွာကစားခဲ့တဲ့ပြဲမွာ ေ၀းလ္အတြက္ အာရြန္ရမ္ေဆးက အႏိုင္ဂိုးႏွစ္ဂိုးစလံုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ေ၀းလ္လက္ေရြးစင္ကစားသမားဘ၀မွာ အဓိကျပိဳင္ပြဲၾကီးေတြကို ပါ၀င္ကစားခြင့္မရရွိခဲ့တဲ့ ရြိဳင္ယန္ဂစ္အေနနဲ႔လည္း ယူရို ၂၀၂၀ ျပိဳင္ပြဲၾကီးကို နည္းျပအျဖစ္နဲ႔ ပါ၀င္ဆင္ႏႊဲခြင့္ရရွိေတာ့မွာလည္း ျဖစ္ပါတယ္။

“ ဒီလိုအရာထက္ ပိုျပီးေကာင္းမြန္တာမ်ိဳးမရွိေတာ့ပါဘူး၊ တကယ့္ကို အံ့အားသင့္ဖြယ္ရာပါပဲ၊ ကၽြန္ေတာ္တို႔ ခရိုေအးရွားနဲ႔ ဟန္ေဂရီကို အေရးနိမ့္ခဲ့ေပမယ့္ အခုလိုမ်ိဳး ျပန္လာႏိုင္ခဲ့ပါတယ္၊ ဒီအတြက္ ကၽြန္ေတာ့္ကစားသမားေတြက အသိအမွတ္ျပဳခံရဖို႔အတြက္ ထိုက္တန္ပါတယ္၊ ကၽြန္ေတာ့္အတြက္လည္း ဘ၀ရဲ႕အေကာင္းဆံုးေန႔ေတြထဲက တစ္ရက္ပါပဲ” လုီ႔ ပြဲအျပီးမွာ ရြိဳင္ယန္ဂစ္က ေျပာဆိုခဲ့ပါတယ္။

ရြိဳင္ယန္ဂစ္ကေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္၊ အက္ဖ္ေအဖလား၊ လိဂ္ဖလား၊ ကမၻာ့ကလပ္ဖလားေတြကို ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ ယာယီနည္းျပအျဖစ္နဲ႔လည္း တာ၀န္ယူခဲ့ဖူးသူျဖစ္ျပီး ေ၀းလ္လက္ေရြးစင္အသင္းကို ကိုင္တြယ္ခဲ့တဲ့ေနာက္မွာ အခုလိုမ်ိဳးၾကီးမားတဲ့ ေအာင္ျမင္မႈကို ရရွိခဲ့တာျဖစ္ပါတယ္။

Unicode

ဟန်ဂေရီကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဝေးလ်နည်းပြရွိုင်ယန်ဂစ်က သူ့ဘဝရဲ့အကောင်းဆုံးနေ့ရက်တွေထဲက တစ်ခုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီးဟာ နည်းပြဘဝမှာ မိခင်နိုင်ငံအသင်းကို ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဂုဏ်ယူဖွယ်ရာအခြေအနေတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။

ကာဒစ်မှာကစားခဲ့တဲ့ပွဲမှာ ဝေးလ်အတွက် အာရွန်ရမ်ဆေးက အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဝေးလ်လက်ရွေးစင်ကစားသမားဘဝမှာ အဓိကပြိုင်ပွဲကြီးတွေကို ပါဝင်ကစားခွင့်မရရှိခဲ့တဲ့ ရွိုင်ယန်ဂစ်အနေနဲ့လည်း ယူရို ၂၀၂၀ ပြိုင်ပွဲကြီးကို နည်းပြအဖြစ်နဲ့ ပါဝင်ဆင်နွှဲခွင့်ရရှိတော့မှာလည်း ဖြစ်ပါတယ်။

“ ဒီလိုအရာထက် ပိုပြီးကောင်းမွန်တာမျိုးမရှိတော့ပါဘူး၊ တကယ့်ကို အံ့အားသင့်ဖွယ်ရာပါပဲ၊ ကျွန်တော်တို့ ခရိုအေးရှားနဲ့ ဟန်ဂေရီကို အရေးနိမ့်ခဲ့ပေမယ့် အခုလိုမျိုး ပြန်လာနိုင်ခဲ့ပါတယ်၊ ဒီအတွက် ကျွန်တော့်ကစားသမားတွေက အသိအမှတ်ပြုခံရဖို့အတွက် ထိုက်တန်ပါတယ်၊ ကျွန်တော့်အတွက်လည်း ဘဝရဲ့အကောင်းဆုံးနေ့တွေထဲက တစ်ရက်ပါပဲ” လီု့ ပွဲအပြီးမှာ ရွိုင်ယန်ဂစ်က ပြောဆိုခဲ့ပါတယ်။

ရွိုင်ယန်ဂစ်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလား၊ ကမ္ဘာ့ကလပ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြအဖြစ်နဲ့လည်း တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ဝေးလ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့တဲ့နောက်မှာ အခုလိုမျိုးကြီးမားတဲ့ အောင်မြင်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။