နိုဝင်ဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်မှုမှာ မြန်မာအသင်း ၁၁ဆင့်အထိ ခုန်တက်
We have the “ basis to reach the final” says Argentina’s Scaloni after Copa America draw
Premier League referee Mike Dean shows off his golf skills
Unicode
ဖီဖာက ထုတ်ပြန်ကြေညာလိုက်တဲ့ ကမ္ဘာ့အဆင့်ရပ်တည်မှုမှာတော့ ဘယ်လ်ဂျီယံအသင်းက ကမ္ဘာ့အဆင့်တစ်နေရာမှာ ဆက်လက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆီယံဒေသတွင်းမှာတော့ အပြောင်းအလဲတွေအများကြီးရှိခဲ့ပြီး အတက်အကျတွေကို မြင်တွေ့ခဲ့ရပါတယ်။ မလေးရှားနဲ့ ဗီယက်နမ်တို့က ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ခြေစွမ်းပြခဲ့ပြီးနောက် အဆင့်မြင့်တက်မှုတွေရှိလာခဲ့ပါတယ်။
ထိုင်းအသင်းကတော့ ခြေစစ်ပွဲတွေမှာ ရလဒ်အနည်းငယ်ဆိုးရွားခဲ့ပြီးနောက် ကမ္ဘာ့အဆင့်ရပ်တည်မှုမှာ ကျဆင်းသွားတာကို တွေ့မြင်ခဲ့ရပါတယ်။ ဗီယက်နမ်ကတော့ ကမ္ဘာ့အဆင့် ၉၄ ကို ရောက်ရှိသွားခဲ့တာကိုတွေ့မြင်ခဲ့ရပါတယ်။ မြန်မာအသင်းကတော့ အဆင့်တက်လာမှု
အများဆုံးအသင်းအဖြစ်ရှိနေခဲ့ပြီး အဆင့် ၁၁ဆင့် ခုန်တက်သွားခဲ့ကာ ကမ္ဘာ့အဆင့် ၁၃၆ မှာ ရပ်တည်နေခဲ့ပါတယ်။
ဒါဟာ ဒီလအတွက် အဆင့်သတ်မှတ်မှုမှာ မြန်မာအသင်းက အဆင့်မြင့်တက်မှုအများဆုံးအသင်းလည်းဖြစ်နေခဲ့ပါတယ်။ မွန်ဂိုလီးယားနဲ့ ကာဂျစ္စတန်တို့ကို ခြေစစ်ပွဲမှာ နှစ်ပွဲဆက်တိုက်အနိုင်ရရှိခဲ့လို့လည်း မြန်မာအသင်းက အခုလိုအဆင့်တက်လာခဲ့တာဖြစ်ပါတယ်။ မလေးရှားကတော့ အဆင့်လေးဆင့်တက်လာခဲ့ပြီးနောက် အဆင့် ၁၅၄ မှာ ရပ်တည်နေခဲ့ပါတယ်။
အင်ဒိုနီးရှားကတော့ အဆင့် ၂ဆင့်လျော့ကျခဲ့ပြီး ၁၇၃ မှာ ရှိေနေခဲ့ပါတယ်။ အာရှအဆင့်ရပ်တည်မှုမှာလည်း အပြောင်းအလဲတွေဖြစ်လာခဲ့ပြီး ဂျပန်က ထိပ်ဆုံးကို ရောက်ရှိနေခဲ့ပါတယ်။ အီရန်အသင်းအနေနဲ့ သူတို့ရဲ့နံပါတ်တစ်နေရာကို ဖယ်ပေးခဲ့ရတာဖြစ်ပြီး ၂၀၁၄ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဂျပန်က ထိပ်ဆုံးကို ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။
မွတ္ခ်က္မ်ား။