ခြေစွမ်းထက်ခဲ့ဖူးတဲ့ တစ်ခါက မန်ယူရောက် အငှားလိုက်ဘောလုံးသမားများ

‘I can coach anywhere’ – Luis Enrique on ambitions after Spain

ဘောလုံးပွဲတွေ တော့ မရှိဘူး၊ ဒါပေမယ့် ဘောလုံးသတင်းတွေကတော့ အချိန်နဲ့ အမျှထွက်နေ တုန်းပါပဲ။ ဒီတော့ သတင်းတွေထဲမှာ ပါလာတဲ့ အကြောင်းအရာတွေက လတ်တလောမှာ ကိုရိုနာ အကြောင်းက ထိပ်ဆုံးက နေရာယူထားတာမှန်ပေမယ့် အခြားဘောလုံးသတင်းတွေ ကလည်း အားလုံးကို ဖမ်းစားထားတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်၊ ကလပ်အသင်းတွေ ဘာတွေလုပ်နေကြတယ်။ ဘယ်လိုမျိုး ဖြတ်သန်းနေကြတယ်ဆိုတာမျိုးက အစ အသေးစိတ်  တင်ဆက်ပေးဖြစ်နေတယ်။

ဒီအထဲမှာ အပြောင်းအရွေ့ဘောလုံးသတင်းတွေလည်း ပါတယ်။ စုံလို့စေ့လို့ပါပဲ။ ဘယ် အသင်းက ဘယ်သူ့ကိုခေါ်မယ်၊ ဘယ်အသင်းက ဘယ်သူ့ကိုရောင်းမယ်ဆိုတာတွေကိုတွေ့ရ မယ်။ ဒီအထဲမှာ စိတ်ဝင်စားဖြစ်တာက အငှားလိုက် ဘောလုံးသမားတွေပါပဲ၊ မကြာခင်မှာ သူတို့တွေရဲ့ အငှားစာချုပ်အသီးသီးစေ့တော့မှာဖြစ်တယ်။ ဒီတော့ ခြေစွမ်းနဲ့ ကစားအားကို သဘောကျတဲ့ သူတွေအတွက်တော့ ဆက်ခေါ်ဖြစ်ရေး ဆက်မခေါ်ဖြစ်ရေးနဲ့ ပတ်သက်ပြီး တော့ ချိန်ဆနေကြတယ်။ အထူးသဖြင့် မန်ယူရောက် အီဂါလိုပါပဲ၊ အသက်ကလည်း ထောက်နေ ပြီ၊ အသုံးကလည်း တည့်နေသေးတယ်။

ဘောလုံးပွဲတွေ ပြန်စရင် သုံးဖို့ အတွက်က လိုအပ်တယ်။ ဒီတော့ မာရသွန်လိုမျိုးပြေးဖို့ရှိနေ တဲ့ ပရီးမီးယားလိဂ်ဘောလုံးကမ္ဘာအပြင် အခြား ဥရောပဘောလုံးပြိုင်ပွဲတွေအတွက် ရည်ရွယ် ပြီးတော့ လူကောင်းတွေ စုနေတဲ့ မန်ယူအတွက် အီဂါလိုရဲ့ အပြောင်းအရွေ့တန်ကြေးက မြင့် မားနိုင်သလို လစာလည်း များနိုင်တာကြောင့် အငှားလိုက်တိုက်စစ်သမားရဲ့ စာချုပ်ကို သက် တမ်းတိုးဖို့ အတွက် အာရုံရနေကြတယ်။ အမှန်ဆိုရင်လည်း အငှားနဲ့ဆက်ပြီး ထိန်းထားသင့် တယ်။ ဒါပေမယ့် တစ်ဖက်မှာ တရုတ်စူပါလိဂ်တွေ ပြန်စဖို့ တာစူနေပြီ၊ ဒီတော့ မန်ယူအနေနဲ့ ဘယ်လိုမျိုး လာမလဲ၊ လိုအပ်နေတဲ့ သူကို လိုအပ်သလိုမျိုး ဆက်ထိန်းထားနိုင်ဖို့လိုတယ်။

မန်ယူမှာ အီဂါလို လို ဘောလုံးသမားမျိုးက ရှားတယ်။ ပရီးမီးယားအတွေ့အကြုံရင့်တယ်။ ကစားတာ ပါးနပ်တယ်၊ အသင်းနဲ့တွဲလုံးတွေ၊ တိုက်စစ်မှာထိုးဖောက်တာတွေက အသက် ၃၀ အရွယ် ဘောလုံးသမားလို့ မထင်ရဘူး။ ဒါပေမယ့် သူ့ရဲ့ လောတဲ့ ဇောတွေကတော့ အခုအချိန်အထိ ၀က်ဖို့ဒ်မှာတုန်းကလို မြင်နေရတုန်းပါပဲ။ တစ်ခုရှိတာက မန်ယူမှာ သူ့အတွေ့ အကြုံက လူငယ်လေးတွေ ထက်တော့ သာနေသေးတာ အမှန်ပါပဲ။ ဆိုးရှားကလည်း သဘောတွေ့နေတယ်လေ။

မန်ယူမှာ ပြန်ကြည့်ရင် ဒီလိုမျိုး အငှားလိုက် ဘောလုံးသမားတွေနဲ့ ကီးကိုက်တယ်ဆိုတာ နည်း ပါတယ်။ ဒါပေမယ့် အဲ့သလိုမျိုး နည်းတဲ့အထဲမှာ မန်ယူကို အငှားလိုက်ပြီး ခြေစွာခဲ့ကြဖူးတဲ့ လူနည်းစုအကြောင်းတစ်ပါတည်းပြောချင်တယ်။ အီဂါလိုအကြောင်းပြောရင်းနဲ့ သတိရလာ လို့ဖြစ်တယ်။

အားလုံးသိကြတဲ့အတိုင်း မန်ယူမှာ အငှားလိုက်တိုက်စစ်သမားတွေ ခြေစွာပြီဆိုရင် ဘယ်သူမှ တားမရဆီးမရဖြစ်တတ်တာ သဘာဝပါပဲ။ ပြန်ကြည့်ရင် မန်ယူမှာ ဆွီဒင် တိုက်စစ်သမားဖြစ်တဲ့ လာဆင်ဟာ အသက်အရွယ်အရရော ကစားအားအရပါ အကောင်းစားအခြေအနေမှာမဟုတ် တာတောင် အငှားနဲ့လာကစားပြီး ခြေစွာခဲ့ဖူးတယ်။ အသုံးတည့်ခဲ့ဖူးတယ်ဆိုတာအားလုံး အသိပဲဖြစ်မယ်။ အခု ဘရူနိုတစ်ယောက် မန်ယူရောက်လာပြီး ခြေစွာခဲ့သလိုမျိုးပေါ့နော်။ သူ့ တုန်းကလည်း ဖာဂူဆန်ခေတ်မှာ မန်ယူကွင်းလယ်ကို စိုးမိုးပြီး လိုအပ်တဲ့ ဂိုးတွေ ၊ လိုအပ်တဲ့ အောင်မြင်မှုတွေကို အရယူပေးခဲ့သူပါ။

သူဟာ မန်ယူမှာတော့ အငှားလိုက်ကစားသမားတွေ ထဲမှာ ထိပ်ဆုံးရောက်ခဲ့ပြီး နံပါတ် ၁ အဖြစ် ရပ်တည်နိုင်ခဲ့သူ လို့ သတ်မှတ်ခံခဲ့ရသူဖြစ်တယ်။ ၂၀၀၇ မှာ ဟယ်လ်ဆင်ဘော့ဂ် ကနေပြီး ၁၀ ပတ်အငှားနဲ့လာကစားခဲ့တယ်။ ပရီးမီးယားသီးသန့် ၁၀ ပွဲကစားတယ်။ ၁ ဂိုး သွင်းတယ်။ မန်ယူ ချန်ပီယံဖြစ်တော့ သူမရှိတော့ဘူး။ ၁၀ ပွဲမပြည့်လို့ ဆုမရဘူး။ အလန်စမစ် (၉ပွဲ)နဲ့သူ့အတွက် အထူးဂုဏ်ပြုခံ အပိုဆုတံဆိပ်တွေ ပေးဖို့ ပရီးမီးယားလိဂ် ကျင်းပရေးတာ ၀န်ခံတွေထံ မန်ယူတောင်းခဲ့တယ်လို့သိရတယ်။ ဒါပေမယ့် လာဆင်ပြောတာကတော့ အဲ့ဒီ ဆု  သူမရခဲ့ပါဘူးတဲ့။ မန်ယူအတွက် လာကစားတယ်။ ၂ လပဲကြာတယ်။ ဆက်ခေါ်ဖို့ပြင်တယ်။  မရဘူး။ တစ်ဖက်က မိခင်ကလပ်က လည်း ယူအီးအက်ဖ်အေဖလားပွဲနွဲပေးဖို့ရှိနေတာကြောင့် အိမ်ပြန်ခဲ့ရတယ်။ ဒါပေမယ့် ၃၆ နှစ်သားတစ်ယောက်ရဲ့ စွမ်းဆောင်မှုတွေကတော့ လုံးဝ မန်ယူမှာ အံ့မခမ်း ပြောစရာအဖြစ် မှတ်တမ်းတင်ရစ်ခဲ့တယ် ဆိုတာပါပဲ။

ပြီးတော့ ပိုလန် ဂိုးသမားဖြစ်တဲ့ ကူဇက်ပါ၊ အခုတော့ ၃၈ နှစ်ရှိနေပြီ၊ အဲ့ဒီတုန်းက မန်ယူမှာ ၀က်စ်ဘရွန်းကနေပြီး အငှားနဲ့လာကစားတုန်းက ၂၄ နှစ်သာရှိသေးတဲ့ ချာတိတ်တစ်ယောက် အရွယ်ပါ။ ၂၀၀၆-၀၇ အထိတစ်နှစ်ပဲ အငှားနဲ့ကစားခဲ့တယ်။ လက်စွမ်းက ၆ ပွဲသာ မန်ယူနဲ့ ပွဲထွက်ခွင့်ရပေမယ့် ဆရာကြီးလိုမျိုး ကာကွယ်မှုတွေကောင်းခဲ့တာကို အားလုံးသဘောကျခဲ့ လို့ အပြီးသပ်စာချုပ်ခဲ့တယ်။ ၅ နှစ် အထိ မန်ယူနဲ့စာချုပ်ပြီးဆက်နေတယ်။ ၂၆ ပွဲ ဖမ်းခဲ့ပြီး အရန်ခုံပေါ်က ကြယ်တစ်ပွင့်အဖြစ် ရပ်တည်ခဲ့တယ်။ ဗန်ဒါးဆားပေါက်စလိုမျိုး သတ်မှတ်ခံရ တဲ့သူပါ။ အခုတော့ ဘာမင်ဂမ်မှာ ဆက်လက် ကစားနေတုန်းဖြစ်တယ်။

နောက်တစ်ယောက်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ တဲဗက်ဇ်ပါ၊ သူကတော့ ဖာဂူဆန် အကြိုက် ကစားပြီး မန်ယူရောက် အငှားလိုက်တိုက်စစ်သမားတွေထဲမှာ အကောင်းဆုံးဖြစ်ခဲ့ သူပေါ့။ ၂ နှစ် အငှားစာချုပ်နဲ့ ကစားသမားကိုပိုင်ဆိုင်တဲ့ တတိယလူ ဂျိုအာဘာချန်ကြောင့် ၀က်စ်ဟမ်းနဲ့ ကြားမှာ တရားတဘောင်တွေ ဘာတွေရင်ဆိုင်ပြီး ငွေကြေးအလျှော်အစားတွေ  ဖြစ်ခဲ့သေးတယ်။ ပြီးတော့မှာ မန်ယူက တဲဗက်စ်ကို ၂ နှစ် အငှားနဲ့ဂျိုအာဘာချန် ဆီက ငှားခဲ့ တယ်။ တောင် အမေရိက ဘောလုံးလောကရဲ့ ကစားသမားပိုင်ဆိုင်မှု အရှုပ်တွေကြားထဲဝင်ပါ ခဲ့သူတွေရဲ့ ဇာတ်လမ်းပါ။

ဒါကြောင့်တဲဗက်စ် မန်ယူရောက်လာတယ်။ အငှားနဲ့ ၂ နှစ်ကစားတယ်။ ထပ်ခေါ်ချင်တယ်။ အပြီးသပ်မြဲအောင် ခေါ်ချင်ပေမယ့် ဂျိုအာဘာချန် ကြောင့် ဇာတ်ရှုပ်တွေကရှိလာလို့ လက်လွှတ်ခဲ့ရတယ်။ ဒါကြောင့် မန်စီးတီးက ခေါ်ပြီး တဲဗက်ဇ်ကို မန်ယူရဲ့ ဘုံရန်သူဖြစ်အောင် လုပ်တယ်။ မန်ယူမှာရှိစဉ်တုန်းက ၂ နှစ်အတွင်းမှာ ၆၃ ပွဲကစားပြီး ဂိုးပေါင်း ၁၉ ဂိုးသွင်းပေးခဲ့ တယ်။

ရော်နာဒို၊ ရူနီနဲ့တဲဗက်ဇ်အတွဲကတော့ လူပြောများတယ်။ မန်ယူရဲ့ တစ်ခေတ် အောင်မြင်တဲ့ နှစ်ရယ်လို့ ပြန်ပြောဖြစ်ကြတယ်။ ဆုတွေလည်းရတယ်။ လူငယ်တစ်သိုက်ရဲ့ တိုက်တစ်လည်း အဆင်ပြေခဲ့တယ်။ ပါးနပ်ပြီး အဆုံးသပ်ကောင်းမွန်မှုတွေအောက်မှာ သူဟာ ဖာဂီရဲ့ အသည်း ကျော်တွေထဲက တစ်ယောက်ဖြစ်ခဲ့တယ်။ ပရီးမီးယား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်အပြင် လိဂ် ဖလားနဲ့ ကွန်မြူနစ်တီဒိုင်း ကို ၁ ကြိမ်စီရခဲ့သလို FIFA Club World Cup ကို တစ်ကြိမ်ရခဲ့ သူပါ။ ဘာပဲဖြစ်ဖြစ် မန်ယူမှာတော့ အငှားလာကစားပြီး အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ ဘောလုံး သမားတွေထဲမှာတော့ တဲဗက်ဇ်ပါခဲ့တယ်။ ပရိသတ်အချစ်ဆုံးကတော့ လာဆင်ပါ။

အီဂါလိုကရော ဒါဆိုရင် မန်ယူမှာ ဘယ်လိုလူမျိုးဖြစ်လာမလဲ၊ မန်ယူသာထပ်ခေါ်ဖြစ်ခဲ့မယ် ဆိုရင် လိုအပ်နေတဲ့ ကွက်လပ်ကို အကောင်းဆုံးဖြည့်ဆည်းပေးမယ့်သူအဖြစ် ရှိနေမယ့် အငှားလိုက် ဘောလုံးသမားအဖြစ် ဖယ်လ်ကာအိုလိုမျိုး စာရင်းဝင်မယ့်သူလို့ ပြောဖြစ်ရပါလိမ့် မယ်ခင်ဗျာ။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။