သူ့ဆီကနေ ရော်နယ်ဒိုအများကြီးသင်နိုင်ခဲ့တယ်လို့ နာနီနောက်ပြောင်

‘I can coach anywhere’ – Luis Enrique on ambitions after Spain

ယူနိုက်တက်တောင်ပံကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ နာနီက ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုဟာ သူ့ဆီကနေ အများကြီးသင်ယူနိုင်ခဲ့တယ်လို့ နောက်ပြောင်ပြောဆိုလိုက်ပါတယ်။ စပို့တင်းလစ္စဘွန်းအကယ်ဒမီကပဲ ထွက်ပေါ်လာခဲ့သူတွေဖြစ်ပြီးတော့ ယူနိုက်တက်နဲ့
လက်ရွေးစင်အသင်းမှာ အသင်းဖော်တွေအဖြစ် နာနီနဲ့ ရော်နယ်ဒိုတို့က ရှိခဲ့ကြပါတယ်။

ယူနိုက်တက်မှာလည်း အောင်မြင်မှုတွေကို အတူတူရယူနိုင်ခဲ့သလို ပေါ်တူဂီအသင်းနဲ့လည်း ယူရိုဖလားကို သူတို့နှစ်ဦးက ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့ပြီးနောက်မှာ ပိုမိုအောင်မြင်ခဲ့ပြီး နာနီက ယူနိုက်တက်မှာ နှစ်အနည်းငယ်ဆက်
လက်ကစားပြီးမှ အသင်းကနေထွက်ခွာခဲ့တာဖြစ်ပါတယ်။

Major League Soccer နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ နာနီကို သူနဲ့တွဲကစားဖူးတဲ့ ကစားသမားတွေထဲက အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးကို ရွေးချယ်ခိုင်းခဲ့ပါတယ်။ နာနီကတော့ “ စီရော်နယ်ဒိုပေါ့။ သူ့မှာ ကျွမ်းကျင်မှုအားလုံးရှိပြီး မြန်ဆန်တဲ့ ခြေထောက်တစ်စုံလည်း
ပိုင်ဆိုင်ထားပါတယ်၊ လူငယ်ဘ၀မှာ သူ့ကို ကျွန်တော်က သင်ကြားပေးရတာပေါ့”

“ သူ ကျွန်တော့်ဆီက အများကြီး သင်ယူနိုင်ခဲ့ပါတယ်၊ သူသိပါတယ်၊ သူသိပါတယ်” လို့ နာနီက နောက်ပြောင်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီတောင်ပံကစားသမားနှစ်ဦးဟာ စပို့တင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာချင်းလည်း တူညီခဲ့ကြပါတယ်။ ရော်နယ်ဒိုက ၂၀၀၃ မှာ
ရောက်ရှိခဲ့တာဖြစ်ပြီး နာနီကတော့ ၂၀၀၇ ခုနှစ်မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရော်နယ်ဒိုက ဂျူဗီ၊ နာနီက အော်လန်ဒိုစီးတီးမှာ ကစားနေကြပါတယ်။

မှတ်ချက်များ။