ေနမာအတြက္ ႏွစ္သက္ရာကစားသမား (၃)ဦးကို ေရြးခ်ယ္ခုိုင္းခဲ့တဲ့ ဘာစီလိုနာ

‘A mistake to look for a new Xavi or Iniesta’ – Villa

ဂ်ာမနီသတင္းစာ Bild ရဲ႕ ေရးသားေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းဟာ ပီအက္စ္ဂ်ီတိုက္စစ္မွဴးေနမာအတြက္ ေငြေၾကးနဲ႔ကမ္းလွမ္းမႈလံုး၀မရွိခဲ့ပဲ ကစားသမားအလဲအထပ္ျပဳလုပ္သြားဖို႔သာ စီစဥ္ခဲ့တယ္လိ႔ု သိရပါတယ္။ ေနမာအတြက္ ဘာစီလိုနာက ကစားသမား (၃)ဦးနဲ႔ အလဲအထပ္ျပဳလုပ္ဖို႔အတြက္ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

‘He is by far the best player in MLS’ – Zlatan on teammate Efrain Alvarez

ေနမာ နဲ႔ ဘာစီလိုနာတို႔ရဲ႕ အေျပာင္းအေရႊ႕သတင္းေတြကေတာ့ အဆက္မျပတ္ထြက္ေပၚေနတာျဖစ္ျပီး လက္ရွိအခ်ိန္ထိေတာ့ ဘယ္လိုသေဘာတူညီမႈမ်ိဳးမွ မရရွိေသးတာျဖစ္ပါတယ္။ ေနမာကလည္း ဘာစီဠိုနာကို ျပန္လည္ေျပာင္းေရႊ႕ကစားခ်င္ေနျပီး ပီအက္စ္ဂ်ီကလည္း
ေနမာအတြက္ သင့္ေတာ္တဲ့ကမ္းလွမ္းမႈမ်ိဳးရမယ္ဆုိရင္ ျပန္လည္ေရာင္းခ်သြားမယ္လုိ႔ သိရပါတယ္။

ေနမာအတြက္ ဘာစီလိုနာက ေကာ္တင္ဟို၊ ဒမ္ဘီလီ၊ အမ္တီတီနဲ႔ ဆယ္မီဒိုတို႔ ေလးဦးကို နာမည္စာရင္းေပးပို႔ထားျပီး အဆိုပါကစားသမား (၄)ဦးထဲက ႏွစ္သက္ရာကစားသမား (၃)ဦးကို ေခၚယူျပီး ေနမာနဲ႔ အလဲအထပ္ျပဳလုပ္ဖို႔ ေတာင္းဆိုထားတယ္လို႔ သတင္းမ်ားထြက္ေပၚလာခဲ့ျပီး ပီအက္စ္ဂ်ီဘက္က တစ္စံုတစ္ရာတံု႔ျပန္ျခင္းေတာ့ မရွိေသးပါဘူး။

ပီအက္စ္ဂ်ီကေတာ့ ေနမာအတြက္ ေငြသားသီးသန္႔သာ အလိုရွိေနပံုရေပမယ့္ ဘာစီလိုနာဘက္က ကမ္းလွမ္းမႈက သူတို႔အတြက္ေတာ့ စဥ္းစားစရာအျဖစ္ ရွိေနတာလည္း ျဖစ္ပါတယ္။ ေနမာကေတာ့ အသင္းနဲ႔ အခ်ိန္မီမပူးေပါင္းႏီုင္တဲ့အတြက္ ဒဏ္ေငြယူရို (၃၇၅၀၀၀)အထိ
ျပင္သစ္ကလပ္ဘက္က ခ်မွတ္ခံရမႈကုိ ရင္ဆိုင္ခဲ့ရပါတယ္။

Unicode Version

ဂျာမနီသတင်းစာ Bild ရဲ့ ရေးသားဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာအတွက် ငွေကြေးနဲ့ကမ်းလှမ်းမှုလုံးဝမရှိခဲ့ပဲ ကစားသမားအလဲအထပ်ပြုလုပ်သွားဖို့သာ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။ နေမာအတွက် ဘာစီလိုနာက ကစားသမား (၃)ဦးနဲ့ အလဲအထပ်ပြုလုပ်ဖို့အတွက် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

နေမာ နဲ့ ဘာစီလိုနာတို့ရဲ့ အပြောင်းအရွှေ့သတင်းတွေကတော့ အဆက်မပြတ်ထွက်ပေါ်နေတာဖြစ်ပြီး လက်ရှိအချိန်ထိတော့ ဘယ်လိုသဘောတူညီမှုမျိုးမှ မရရှိသေးတာဖြစ်ပါတယ်။ နေမာကလည်း ဘာစီဠိုနာကို ပြန်လည်ပြောင်းရွှေ့ကစားချင်နေပြီး ပီအက်စ်ဂျီကလည်း
နေမာအတွက် သင့်တော်တဲ့ကမ်းလှမ်းမှုမျိုးရမယ်ဆိုရင် ပြန်လည်ရောင်းချသွားမယ်လို့ သိရပါတယ်။

နေမာအတွက် ဘာစီလိုနာက ကော်တင်ဟို၊ ဒမ်ဘီလီ၊ အမ်တီတီနဲ့ ဆယ်မီဒိုတို့ လေးဦးကို နာမည်စာရင်းပေးပို့ထားပြီး အဆိုပါကစားသမား (၄)ဦးထဲက နှစ်သက်ရာကစားသမား (၃)ဦးကို ခေါ်ယူပြီး နေမာနဲ့ အလဲအထပ်ပြုလုပ်ဖို့ တောင်းဆိုထားတယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပြီး ပီအက်စ်ဂျီဘက်က တစ်စုံတစ်ရာတုံ့ပြန်ခြင်းတော့ မရှိသေးပါဘူး။

ပီအက်စ်ဂျီကတော့ နေမာအတွက် ငွေသားသီးသန့်သာ အလိုရှိနေပုံရပေမယ့် ဘာစီလိုနာဘက်က ကမ်းလှမ်းမှုက သူတို့အတွက်တော့ စဉ်းစားစရာအဖြစ် ရှိနေတာလည်း ဖြစ်ပါတယ်။ နေမာကတော့ အသင်းနဲ့ အချိန်မီမပူးပေါင်းနီုင်တဲ့အတွက် ဒဏ်ငွေယူရို (၃၇၅၀၀၀)အထိ
ပြင်သစ်ကလပ်ဘက်က ချမှတ်ခံရမှုကို ရင်ဆိုင်ခဲ့ရပါတယ်။

မွတ္ခ်က္မ်ား။