ဂရစ်မန်းကို ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုကြေညာခဲ့တဲ့ ဘာစီလိုနာ

‘A mistake to look for a new Xavi or Iniesta’ – Villa


It’s taken us 15 years’ – after Tunisia thrash Madagascar, 3-0 to reach AFCON semis




Unicode Version

ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းတိုက်စစ်မှူးဂရစ်မန်းင်္ဇကို ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်အတည်ပြုသွားခဲ့ပြီဖြစ်ပါတယ်။ ကာလရှည်ကြာရှိနေခဲ့တဲ့ အပြောင်းအရွှေ့ကို ဘာစီလိုနာက အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီးတော့ အသင်းအတွက်အရေးပါတဲ့
ကစားသမားတစ်ဦးကို နူးကမ့်ဆီအရောက်ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက သူတို့ရဲ့တွစ်တာကတဆင့် အတည်ပြုကြေညာခဲ့တာဖြစ်ပြိး ဂရစ်မန်းဇ်ဟာ ဘာစီလိုနာကစားသမားဖြစ်လာခဲ့ပြီလို့ အတည်ပြုခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်က ထွက်ခွာမယ်လို့ ပြောဆိုထားခဲ့ပြီးနောက် ဂရစ်မန်းင်္ဇရဲ့ အပြောင်းအရွှေ့က လိုအပ်တာထက် ပိုမိုကြာမြင့်နေခဲ့ပြီး အခုမှသာ အပြီးသတ်ပြောင်းရွှေ့နိုင်ခဲ့ဖြစ်ပါတယ်။

စာချုပ်ပါလျော်ကြေး ယူရိုသန်း (၁၂၀)အထိ ဘာစီလိုနာက ပေးချေခဲ့ရတာဖြစ်ပြီး အသက် (၂၈)နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ နူးကမ့်မှာ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ တွဲဖက်ကစားနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ကစားသမားဘဝမှာ ပိုမိုအောင်မြင်မှုတွေရယူလိုနေတဲ့ ဂရ်မန်းက အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဘာစီလိုနာက ဦးစားပေးအသင်းဖြစ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာကတည်းက ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ရေပန်းစားခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်ပေါ်ခါနီးမှာ ဂရစ်မန်းက စိတ်ပြောင်းလဲခဲ့ပြီး အက်သလက်တီကိုမှာပဲ ဆက်လက်ရှီနေခဲ့ကာ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရာသီအပြီးမှာတော့ ဂရစ်မန်းင်္ဇက အသင်းပြောင်းရွှေ့ဖို့ ပြန်လည်ဆုံးဖြတ်ခဲ့ကာ အသင်းကထွက်ခွာမယ်လို့ တရားဝင်ပြောကြားခဲ့တာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။