ဘာစီလိုနာကို ေရာက္ရွိခဲ့ျပီျဖစ္တဲ့ ဂရစ္မန္းရဲ႕ အက္သလက္တီကိုကစားသမားဘ၀မွတ္တမ္း

‘A mistake to look for a new Xavi or Iniesta’ – Villa

အသက္ (၂၈)ႏွစ္အရြယ္ ျပင္သစ္တိုက္စစ္မွဴးဂရစ္မန္းဇ္ကေတာ့ ဘာစီလိုနာကို အျပီးသတ္ေရာက္ရွိသြားခဲ့ျပီျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ရီးရဲလ္ဆိုဆီဒက္ကေန အက္သလက္တီကိုမက္ဒရစ္ကို ေျပာင္းေရႊ႕ခဲ့တဲ့ ကစားသမားက မက္ဒရစ္မွာ (၅)ရာသီၾကာကစားခဲ့ျပီး အသင္းရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့ပါတယ္။ အက္သလက္တီကိုသမုိင္းမွာ သူက ဂိုးသြင္းအမ်ားဆံုးကစားသမားအဆင့္ ( ၅)ေနရာမွာ ေရာက္ရွိေနခဲ့ျပီး စုစုေပါင္းသြင္းဂိုး (၁၃၃)ဂိုးအထိ ရယူေပးႏိုင္ခဲ့ပါတယ္။ ဂရစ္မန္းဇ္ရဲ႕အက္သလက္တီကိုကစားသမားဘ၀ အခ်က္အလက္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

England captain Morgan on WC final after Australia win

၂၀၁၄-၁၅ ေဘာလံုးရာသီ

အက္သလက္တီကိုမက္ဒရစ္ကို ေရာက္ရွိလာခ်ိန္မွာ ဒီေယဂိုေကာ္စတာက ဆီျမြန္နီအသင္းရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ပါ။ ျပိဳင္ပြဲစံုသြင္းဂိုး (၃၆)ဂိုးအထိ ေကာ္စတာက သြင္းယူေပးခဲ့ျပီး အသင္းနဲ႔အတူ လာလီဂါဖလားကို ဆြတ္ခူးႏိင္ခဲ့ပါတယ္။ ဂရစ္မန္းကေတာ့ အသင္းကို ေရာက္ရွိခဲ့တဲ့ ႏွစ္မွာပဲ ျပိဳင္ပြဲစံု (၅၃)ပြဲမွာ သြင္းဂိုး (၂၅)ဂိုးအထိ ရရွိခဲ့ပါတယ္။ မန္ဇူကစ္က ဂိုး (၂၀)နဲ႔ ေတာရက္စ္က (၆)ဂိုးရရွိခဲ့ျပီး ဂရစ္မန္းဇ္က အသင္းကို စပိန္စူပါဖလားနဲ႔ လာလီဂါမွာ တတိယေနရာရရွိေအာင္စြမ္းေဆာင္ေပးခဲ့ျပီး အဓိကစားသမားအျဖစ္ ေနရာယူႏိုင္ခဲ့ပါတယ္။

၂၀၁၅-၁၆ ေဘာလံုးရာသီ

သူ႔ရဲ႕ ကစားသမားဘ၀မွာ အေျပာင္ေျမာက္ဆံုးျဖစ္ခဲ့တဲ့ ေဘာလံုးရာသီတစ္ခုပါ။ ျပိဳင္ပြဲစံုသြင္းဂိုး (၃၂)ဂိုးအထိ ရရွိခဲ့ျပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္ကို ပင္နယ္တီအဆံုးအျဖတ္နဲ႔ အေရးနိမ့္ခဲ့ျပီး ဂရစ္မန္းလည္း ပြဲခ်ိန္အတြင္းမွာ ပင္နယ္တီလြဲေခ်ာ္ခဲ့မႈနဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။ ဒါေပမယ့္လည္း သူက အသင္းအတြက္ ဂိုးေပါင္း (၄၇)ဂိုးအထိ တစ္ရာသီအတြင္းမွာ သြငး္ယူေပးႏိုင္ခဲ့ျပီး သူ႔ရဲ႕ဂိုးသြင္းႏႈန္းက ေတာ္ေတာ္ေလးျမင့္တက္ခဲ့ပါတယ္။

၂၀၁၆-၁၇ ေဘာလံုးရာသီ

အဲဒီရာသီမွာ အက္သလက္တီကိုက ဂါမဲရိုးကို ေခၚယူခဲ့ျပီး ဂရစ္မန္းဇ္နဲ႔ တြဲဖက္ေပးခဲ့ပါတယ္။ သူတို႔ႏွစ္ဦးေပါင္း ျပိဳင္ပြဲစံုသြင္းဂိုးက (၄၂)ဂိုးအထိ ရွိခဲ့ပါတယ္။ ဂရစ္မန္းဇ္က သြင္းဂိုး (၂၆)ဂိုးရရွိခဲ့ျပီး ဂိုးဖန္တီးေပးမႈကလည္း (၁၀)ၾကိမ္ေက်ာ္အထိ ရွိခဲ့ပါတယ္။ ဂါမဲရိုးကေတာ့ သြင္းဂိုး(၁၂)ဂိုးအထိ သြင္းယူခဲ့ျပီး အက္သလက္တီကိုတိုက္စစ္ပိုင္းမွာ သူတို႔ကအတြဲအဖက္ညီခဲ့ပါတယ္။

၂၀၁၇-၁၈ ေဘာလံုးရာသီ

ဂရစ္မန္းရဲ႕ ကစားသမားဘ၀မွာအေအာင္ျမင္ဆံုးျဖစ္ခဲ့တဲ့ ရာသီပါ။ ယူရိုပါလိဂ္ဖလားကို ရယူႏိုင္ခဲ့ျပီးေတာ့ လာလီဂါမွာလည္း ဒုတိယေနရာရပ္တည္ႏိုင္ခဲ့ပါတယ္။ သြင္းဂိုးအေနနဲ႔လည္း ျပိဳင္ပြဲစံုသြင္းဂိုး (၂၉)ဂိုးအထိ ရွိခဲ့ျပီး ယူရိုပါလိဂ္ဗိုလ္လုပြဲမွာ (၂)ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။ဂိုးဖန္တီးမႈ (၁၃)ၾကိမ္ျပဳလုပ္ႏိုင္ခဲ့ျပီး ျပင္သစ္နဲ႔အတူ ကမၻာ့ဖလားကို ဆြတ္ခူးႏိုင္ခဲ့တဲ့ႏွစ္လည္းျဖစ္ပါတယ္။

၂၀၁၈-၁၉ ေဘာလံုးရာသီ

ျပီးခဲ့တဲ့ေဘာလံုးရာသီမတိုင္ခင္မွာ သူ႔အနာဂတ္က လႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့ပါေသးတယ္။ ဒါေပမယ့္သူက အသင္းနဲ႔အတူ ဆက္လက္ရွိေနခဲ့ျပီး ဥေရာပစူပါဖလားပြဲမွာ ရီးရဲလ္ကို အႏိုင္ယူခဲ့့ပါတယ္။ ဒါေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ ဂ်ဴဗင္တပ္စ္နဲ႔ ရင္ဆိုင္ခဲ့ရျပီး (၁၆)သင္းအဆင့္ကေနပဲ လွည့္ျပန္ခဲ့ရပါတယ္။ ဂရစ္မန္းက အသင္းအတြက္ လိဂ္ဂိုး (၁၅)ဂိုးရရွိခဲ့ျပီးေတာ့ သူ႔ရဲ႕အက္သလက္ကစားသမားဘ၀မွာ ဂိုးသြင္းအနည္းဆုံုးရာသီျဖစ္ခဲ့ပါတယ္။ အခုဆိုရင္ေတာ့ သူက ဘာစီလိုနာကို ေရာက္ရွိသြားခဲ့ပါျပီ။ သူ ဘယ္ေလာက္ထိေတာက္ပႏိုင္ဦးမလဲဆိုတာကို ေစာင့္ၾကည့္ရေတာ့မွာပါ။

Unicode Version

အသက် (၂၈)နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဂရစ်မန်းဇ်ကတော့ ဘာစီလိုနာကို အပြီးသတ်ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရီးရဲလ်ဆိုဆီဒက်ကနေ အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားက မက်ဒရစ်မှာ (၅)ရာသီကြာကစားခဲ့ပြီး အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပါတယ်။ အက်သလက်တီကိုသမိုင်းမှာ သူက ဂိုးသွင်းအများဆုံးကစားသမားအဆင့် ( ၅)နေရာမှာ ရောက်ရှိနေခဲ့ပြီး စုစုပေါင်းသွင်းဂိုး (၁၃၃)ဂိုးအထိ ရယူပေးနိုင်ခဲ့ပါတယ်။ ဂရစ်မန်းဇ်ရဲ့အက်သလက်တီကိုကစားသမားဘဝ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၂၀၁၄-၁၅ ဘောလုံးရာသီ

အက်သလက်တီကိုမက်ဒရစ်ကို ရောက်ရှိလာချိန်မှာ ဒီယေဂိုကော်စတာက ဆီမြွန်နီအသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ပါ။ ပြိုင်ပွဲစုံသွင်းဂိုး (၃၆)ဂိုးအထိ ကော်စတာက သွင်းယူပေးခဲ့ပြီး အသင်းနဲ့အတူ လာလီဂါဖလားကို ဆွတ်ခူးနိင်ခဲ့ပါတယ်။ ဂရစ်မန်းကတော့ အသင်းကို ရောက်ရှိခဲ့တဲ့ နှစ်မှာပဲ ပြိုင်ပွဲစုံ (၅၃)ပွဲမှာ သွင်းဂိုး (၂၅)ဂိုးအထိ ရရှိခဲ့ပါတယ်။ မန်ဇူကစ်က ဂိုး (၂၀)နဲ့ တောရက်စ်က (၆)ဂိုးရရှိခဲ့ပြီး ဂရစ်မန်းဇ်က အသင်းကို စပိန်စူပါဖလားနဲ့ လာလီဂါမှာ တတိယနေရာရရှိအောင်စွမ်းဆောင်ပေးခဲ့ပြီး အဓိကစားသမားအဖြစ် နေရာယူနိုင်ခဲ့ပါတယ်။

၂၀၁၅-၁၆ ဘောလုံးရာသီ

သူ့ရဲ့ ကစားသမားဘဝမှာ အပြောင်မြောက်ဆုံးဖြစ်ခဲ့တဲ့ ဘောလုံးရာသီတစ်ခုပါ။ ပြိုင်ပွဲစုံသွင်းဂိုး (၃၂)ဂိုးအထိ ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပြီး ဂရစ်မန်းလည်း ပွဲချိန်အတွင်းမှာ ပင်နယ်တီလွဲချော်ခဲ့မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူက အသင်းအတွက် ဂိုးပေါင်း (၄၇)ဂိုးအထိ တစ်ရာသီအတွင်းမှာ သွငး်ယူပေးနိုင်ခဲ့ပြီး သူ့ရဲ့ဂိုးသွင်းနှုန်းက တော်တော်လေးမြင့်တက်ခဲ့ပါတယ်။

၂၀၁၆-၁၇ ဘောလုံးရာသီ

အဲဒီရာသီမှာ အက်သလက်တီကိုက ဂါမဲရိုးကို ခေါ်ယူခဲ့ပြီး ဂရစ်မန်းဇ်နဲ့ တွဲဖက်ပေးခဲ့ပါတယ်။ သူတို့နှစ်ဦးပေါင်း ပြိုင်ပွဲစုံသွင်းဂိုးက (၄၂)ဂိုးအထိ ရှိခဲ့ပါတယ်။ ဂရစ်မန်းဇ်က သွင်းဂိုး (၂၆)ဂိုးရရှိခဲ့ပြီး ဂိုးဖန်တီးပေးမှုကလည်း (၁၀)ကြိမ်ကျော်အထိ ရှိခဲ့ပါတယ်။ ဂါမဲရိုးကတော့ သွင်းဂိုး(၁၂)ဂိုးအထိ သွင်းယူခဲ့ပြီး အက်သလက်တီကိုတိုက်စစ်ပိုင်းမှာ သူတို့ကအတွဲအဖက်ညီခဲ့ပါတယ်။

၂၀၁၇-၁၈ ဘောလုံးရာသီ

ဂရစ်မန်းရဲ့ ကစားသမားဘဝမှာအအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ ရာသီပါ။ ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီးတော့ လာလီဂါမှာလည်း ဒုတိယနေရာရပ်တည်နိုင်ခဲ့ပါတယ်။ သွင်းဂိုးအနေနဲ့လည်း ပြိုင်ပွဲစုံသွင်းဂိုး (၂၉)ဂိုးအထိ ရှိခဲ့ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ (၂)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ဂိုးဖန်တီးမှု (၁၃)ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့နှစ်လည်းဖြစ်ပါတယ်။

၂၀၁၈-၁၉ ဘောလုံးရာသီ

ပြီးခဲ့တဲ့ဘောလုံးရာသီမတိုင်ခင်မှာ သူ့အနာဂတ်က လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့်သူက အသင်းနဲ့အတူ ဆက်လက်ရှိနေခဲ့ပြီး ဥရောပစူပါဖလားပွဲမှာ ရီးရဲလ်ကို အနိုင်ယူခဲ့့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ ဂျူဗင်တပ်စ်နဲ့ ရင်ဆိုင်ခဲ့ရပြီး (၁၆)သင်းအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။ ဂရစ်မန်းက အသင်းအတွက် လိဂ်ဂိုး (၁၅)ဂိုးရရှိခဲ့ပြီးတော့ သူ့ရဲ့အက်သလက်ကစားသမားဘဝမှာ ဂိုးသွင်းအနည်းဆုုံးရာသီဖြစ်ခဲ့ပါတယ်။ အခုဆိုရင်တော့ သူက ဘာစီလိုနာကို ရောက်ရှိသွားခဲ့ပါပြီ။ သူ ဘယ်လောက်ထိတောက်ပနိုင်ဦးမလဲဆိုတာကို စောင့်ကြည့်ရတော့မှာပါ။

မွတ္ခ်က္မ်ား။