ဂရစ္မန္းအေျပာင္းအေရႊ႕မွာ ဆိုးက်ိဳးေတြနဲ႔ ရင္ဆိုင္ရဖြယ္ရွိေနသူမ်ား

‘I did my best to make things right with Atletico’ – Griezmann

ပရိသတ္ေတြစိတ္၀င္တစားရွိခဲ့ၾကတဲ့ ဂရစ္မန္းရဲ႕ အေျပာင္းအေရႊ႕ကေတာ့ ျပီးဆံုးသြားခဲ့ပါျပီ။ ငါးႏွစ္ၾကာကစားခဲ့တဲ့ အက္သလက္တီကိုမက္ဒရစ္အသင္းကို စြန္႔ခြာျပီး ဂရစ္မန္းက ဘာစီလိုနာကို ေျပာင္းေရႊ႕ခဲ့ပါတယ္။ ဒီအေျပာင္းအေရႊ႕နဲ႔ ပတ္သက္ျပီးေတာ့ အဓိကအေနနဲ႔
နစ္နာမႈေတြရွိခဲ့မယ့္ အရံႈးသမားေတြလည္း ေပၚထြက္လာႏိုင္ပါတယ္။ ဘယ္သူေတြက ဒီအေျပာင္းအေရႊ႕ေၾကာင့္ ထိခိုက္လာႏိုင္မလဲဆိုတာကို သံုးသပ္ၾကည့္ခ်င္ပါတယ္။

‘Senegal are mentally strong’ – striker Sada Thioub ahead of AFCON semi-final against Tunisia

၁။ အက္သလက္တီကိုမက္ဒရစ္

ဒါကေတာ့ ရွင္းပါတယ္။ အဓိကကစားသမားတစ္ဦးကို လက္လႊတ္လိုက္ရလို႔ အသင္းအေနနဲ႔ ေတာ္ေတာ္ေလးေတာ့ နစ္နာတာအမွန္ပါပဲ။ စာခ်ဳပ္ဖ်က္သိမ္းေၾကးကို ရရွိခဲ့တယ္လို႔ ေျပာလို႔ရေပမယ့္လည္း ဂရစ္မန္းလိုကစားသမားမ်ိဳးကို အခ်ိန္တိုအတြင္းမွာ ျပန္ျပီးေတာ့ အစားထိုးဖို႔ဆိုတာက မလြယ္ကူပါဘူး။ ဂ်ာအိုဖီးလစ္ကို ေခၚယူထားေပမယ့္ ဒီကစားသမားက တစ္ႏွစ္ကိုအနည္းဆံုးသြင္းဂိုး (၁၅)ဂိုး သြင္းေပးႏိုင္ဖို႔က မေသခ်ာပါဘူး။ ဂရစ္မန္းက အက္သလက္အတြက္ တစ္ရာသီကို သြင္းဂိုး (၁၅)ဂိုးခန္႔ သြင္းယူေပးခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ ဆီျမြန္နီအတြက္လည္း အားအကိုးရဆံုးကစားသမားကို လက္လႊတ္ခဲ့ရတာျဖစ္ျပီး သူ႔အသင္းကို ဘယ္လိုမ်ိဳးျပန္တည္ေဆာက္မလဲဆိုတာက စိတ္၀င္စားဖို႔ေကာင္းပါတယ္။ ဒါေပမယ့္ ဂရစ္မန္းအသင္းက ထြက္ခြာခဲ့တာက အက္သလက္တီကိုအတြက္ေတာ့ ၾကီးမားတဲ့ဆံုးရံႈးမႈၾကီးျဖစ္ခဲ့ပါတယ္။

၂။ ေကာ္တင္ဟို နဲ႔ ဒမ္ဘီလီ

ဘာစီလုိမွာ ေျခစြမ္းျပႏိုင္ဖို႔ ရုန္းကန္ေနရတဲ့ တိုက္စစ္ကစားသမားႏွစ္ေယာက္က ေကာ္တင္ဟိုေရာက္လာခ်ိန္မွာ ပံုမွန္ပြဲထြက္ခြင့္ေတာင္ ရပါ့မလားလို႔ စိုးရိမ္ခ်င္စရာပါပဲ။ ႏွစ္ေယာက္စလံုးက ကိုယ္စီျပသနာေတြရွိေနၾကျပီး ဒမ္ဘီလီက ဒဏ္ရာျပသနာေတြ၊ ေကာ္တင္ဟိုက ပံုမွန္ေျခစြမ္းမျပသႏိုင္တာေတြက ႏူးကမ့္အသင္းအတြက္ေတာ့ စိတ္မေက်နပ္နပ္စရာျဖစ္ခဲ့ပါတယ္။ ေကာ္တင္ဟိုကို အင္နီေယစတာေနရာမွာ အစားထိုးႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ျဖစ္မလာခဲ့ပါဘူး။ ဒီအတြက္ေၾကာင့္လည္း ဘာစီလိုနာက ဂရစ္မန္းကို ထပ္မံေခၚယူခဲ့တာျဖစ္ျပီး သူတို႔အသင္းကြငး္လယ္နဲ႔ တိုက္စစ္ၾကားက ျပသနာကို ေျဖရွင္းဖို႔ ဦးစားေပးလာခဲ့ပါတယ္။ ေနမာပါ ထက္ေရာက္လာခဲ့မယ္ဆိုရင္ ဒီကစားသမားႏွစ္ဦးထဲက တစ္ဦးကေတာ့ ေသခ်ာေပါက္အသင္းကေနထြက္ခြာရေတာ့မွာျဖစ္ျပီး ႏွစ္ေယာက္စလံုးလည္း ထြက္သြားရႏိုင္ပါတယ္။

၃။ ရီးရဲလ္မက္ဒရစ္

လာလီဂါဆုဖလားအတြက္ အဓိကျပိဳင္ဆိုင္ရမယ့္ ျပိဳင္ဘက္ဆီကို လိဂ္ရဲ႕အေကာင္းဆံုးကစားသမားတစ္ဦးေရာက္သြားတာက ဇီဒန္းအတြက္ စိုးရိမ္စရာပါ။ ရီးရဲလ္အေနနဲ႔လည္း ကစားသမားသစ္ေတြကို ေခၚယူအားျဖည့္ထားတယ္ဆိုေပမယ့္ အဓိကက်တဲ့ေနရာေတြမွာ ကစားသမားသစ္ေတြကို အားလံုးနီးပါးအသံုးျပဳရမွာမို႔ အသင္းဟန္ခ်က္ညီဖို႔ကလည္း လိုပါေသးတယ္။ မက္ဆီ၊ ဆြာရက္ဇ္တို႔ရွိေနတဲ့ တိုက္စစ္ပိုင္းမွာ ဂရစ္မန္းဇ္က ပူးေပါင္းသြားခဲ့ျပီျဖစ္တာမို႔ လာလီဂါဆုဖလားကို ရရွိဖို႔က ရီးရဲလ္အတြက္ ေသခ်ာေပါက္ခက္ခဲလာဦးမွာပါ။ ဟာဇက္ကို သူတို႔လည္း ေခၚထားတယ္လို႔ ဆိုလို႔ရေပမယ့္ လာလီဂါမွာ အသားက်ျပီးသား ဂရစ္မန္းက ဘာစီလိုနာမွာ လြယ္လြယ္ကူကူပဲ အထိုင္က်သြားမွာက ႏူးကမ့္အသင္းကို ပိုမိုေကာင္းမြန္လာေစဖို႔ အလ်င္ျမန္ဆံုးအက်ိဳးျပဳႏိုင္မွာျဖစ္ပါတယ္။ ဇီဒန္းအတြက္ ခက္ခဲတဲ့ျပိဳင္ဘက္ေကာင္းကို ထပ္မံရင္ဆိုင္ရဦးမွာပါ။

Unicode Version

ပရိသတ်တွေစိတ်ဝင်တစားရှိခဲ့ကြတဲ့ ဂရစ်မန်းရဲ့ အပြောင်းအရွှေ့ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ငါးနှစ်ကြာကစားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းကို စွန့်ခွာပြီး ဂရစ်မန်းက ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့ အဓိကအနေနဲ့
နစ်နာမှုတွေရှိခဲ့မယ့် အရှုံးသမားတွေလည်း ပေါ်ထွက်လာနိုင်ပါတယ်။ ဘယ်သူတွေက ဒီအပြောင်းအရွှေ့ကြောင့် ထိခိုက်လာနိုင်မလဲဆိုတာကို သုံးသပ်ကြည့်ချင်ပါတယ်။

၁။ အက်သလက်တီကိုမက်ဒရစ်

ဒါကတော့ ရှင်းပါတယ်။ အဓိကကစားသမားတစ်ဦးကို လက်လွှတ်လိုက်ရလို့ အသင်းအနေနဲ့ တော်တော်လေးတော့ နစ်နာတာအမှန်ပါပဲ။ စာချုပ်ဖျက်သိမ်းကြေးကို ရရှိခဲ့တယ်လို့ ပြောလို့ရပေမယ့်လည်း ဂရစ်မန်းလိုကစားသမားမျိုးကို အချိန်တိုအတွင်းမှာ ပြန်ပြီးတော့ အစားထိုးဖို့ဆိုတာက မလွယ်ကူပါဘူး။ ဂျာအိုဖီးလစ်ကို ခေါ်ယူထားပေမယ့် ဒီကစားသမားက တစ်နှစ်ကိုအနည်းဆုံးသွင်းဂိုး (၁၅)ဂိုး သွင်းပေးနိုင်ဖို့က မသေချာပါဘူး။ ဂရစ်မန်းက အက်သလက်အတွက် တစ်ရာသီကို သွင်းဂိုး (၁၅)ဂိုးခန့် သွင်းယူပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ဆီမြွန်နီအတွက်လည်း အားအကိုးရဆုံးကစားသမားကို လက်လွှတ်ခဲ့ရတာဖြစ်ပြီး သူ့အသင်းကို ဘယ်လိုမျိုးပြန်တည်ဆောက်မလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမယ့် ဂရစ်မန်းအသင်းက ထွက်ခွာခဲ့တာက အက်သလက်တီကိုအတွက်တော့ ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်ခဲ့ပါတယ်။

၂။ ကော်တင်ဟို နဲ့ ဒမ်ဘီလီ

ဘာစီလိုမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်ကစားသမားနှစ်ယောက်က ကော်တင်ဟိုရောက်လာချိန်မှာ ပုံမှန်ပွဲထွက်ခွင့်တောင် ရပါ့မလားလို့ စိုးရိမ်ချင်စရာပါပဲ။ နှစ်ယောက်စလုံးက ကိုယ်စီပြသနာတွေရှိနေကြပြီး ဒမ်ဘီလီက ဒဏ်ရာပြသနာတွေ၊ ကော်တင်ဟိုက ပုံမှန်ခြေစွမ်းမပြသနိုင်တာတွေက နူးကမ့်အသင်းအတွက်တော့ စိတ်မကျေနပ်နပ်စရာဖြစ်ခဲ့ပါတယ်။ ကော်တင်ဟိုကို အင်နီယေစတာနေရာမှာ အစားထိုးနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ဒီအတွက်ကြောင့်လည်း ဘာစီလိုနာက ဂရစ်မန်းကို ထပ်မံခေါ်ယူခဲ့တာဖြစ်ပြီး သူတို့အသင်းကွငး်လယ်နဲ့ တိုက်စစ်ကြားက ပြသနာကို ဖြေရှင်းဖို့ ဦးစားပေးလာခဲ့ပါတယ်။ နေမာပါ ထက်ရောက်လာခဲ့မယ်ဆိုရင် ဒီကစားသမားနှစ်ဦးထဲက တစ်ဦးကတော့ သေချာပေါက်အသင်းကနေထွက်ခွာရတော့မှာဖြစ်ပြီး နှစ်ယောက်စလုံးလည်း ထွက်သွားရနိုင်ပါတယ်။

၃။ ရီးရဲလ်မက်ဒရစ်

လာလီဂါဆုဖလားအတွက် အဓိကပြိုင်ဆိုင်ရမယ့် ပြိုင်ဘက်ဆီကို လိဂ်ရဲ့အကောင်းဆုံးကစားသမားတစ်ဦးရောက်သွားတာက ဇီဒန်းအတွက် စိုးရိမ်စရာပါ။ ရီးရဲလ်အနေနဲ့လည်း ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်ထားတယ်ဆိုပေမယ့် အဓိကကျတဲ့နေရာတွေမှာ ကစားသမားသစ်တွေကို အားလုံးနီးပါးအသုံးပြုရမှာမို့ အသင်းဟန်ချက်ညီဖို့ကလည်း လိုပါသေးတယ်။ မက်ဆီ၊ ဆွာရက်ဇ်တို့ရှိနေတဲ့ တိုက်စစ်ပိုင်းမှာ ဂရစ်မန်းဇ်က ပူးပေါင်းသွားခဲ့ပြီဖြစ်တာမို့ လာလီဂါဆုဖလားကို ရရှိဖို့က ရီးရဲလ်အတွက် သေချာပေါက်ခက်ခဲလာဦးမှာပါ။ ဟာဇက်ကို သူတို့လည်း ခေါ်ထားတယ်လို့ ဆိုလို့ရပေမယ့် လာလီဂါမှာ အသားကျပြီးသား ဂရစ်မန်းက ဘာစီလိုနာမှာ လွယ်လွယ်ကူကူပဲ အထိုင်ကျသွားမှာက နူးကမ့်အသင်းကို ပိုမိုကောင်းမွန်လာစေဖို့ အလျင်မြန်ဆုံးအကျိုးပြုနိုင်မှာဖြစ်ပါတယ်။ ဇီဒန်းအတွက် ခက်ခဲတဲ့ပြိုင်ဘက်ကောင်းကို ထပ်မံရင်ဆိုင်ရဦးမှာပါ။

မွတ္ခ်က္မ်ား။