မက္ဆီနဲ႔ တြဲဖက္ကစားရမယ့္အေပၚမွာ စိတ္လႈပ္ရွားေပ်ာ္ရႊင္ေနတဲ့ ဂရစ္မန္း

‘I did my best to make things right with Atletico’ – Griezmann

ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ေရာက္ရွိခဲ့ျပီျဖစ္တဲ့ ဂရစ္မန္းက ႏူးကမ့္ကိုေျပာင္းေရႊ႕ႏိုင္ခဲ့တဲ့အေပၚမွာ ၀မ္းေျမာက္ေက်နပ္မိတယ္လို႔ ပထမဆံုးအၾကိမ္ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ကမၻာ့ဖလားကို ျပင္သစ္အသင္းနဲ႔ဆြတ္ခူးႏိုင္ခဲ့တဲ့ ဂရစ္မန္းက တနဂၤေႏြေန႔မွာ ေဆးစစ္မႈေတြ ျပဳလုပ္သြားမွာျဖစ္ျပီး မျပဳလုပ္ခင္မွာပဲ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

‘We have 16million Senegalese behind us’ Senegal vs Tunisia, AFCON semi-final

လီယြန္နယ္မက္ဆီနဲ႔ ႏူးကမ့္မွာအသင္းေဖာ္ေတြအျဖစ္ လက္တြဲခြင့္ရမယ့္အေပၚကိုလည္း ဂရစ္္မန္းက ေျပာဆိုမႈေတြျပဳလုပ္ခဲ့ပါတယ္။ အက္သလက္တီကိုကေန ဘာစီလိုနာကို စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူရိုသန္း (၁၂၀)နဲ႔ ဂရစ္မန္းက ေျပာင္းေရႊ႕ခဲ့တာျဖစ္ျပီး (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားဖြယ္ရွိတယ္လို႔ သိရပါတယ္။

“ မက္ဆီနဲ႔ တြဲဖက္ကစားရမွာက တကယ္ကို မယံုၾကည္ႏိုင္ေလာက္စရာေပ်ာ္ရႊင္မႈတစ္ခုပါပဲ၊ ဒီကိုေျပာင္းေရႊ႕လာဖို႔ ကၽြန္ေတာ္ၾကိဳးစားခဲ့ရျပီး ကၽြန္ေတာ့္ေနာက္မွာ ကၽြန္ေတာ့္မိသားစုက ရပ္တည္ေပးခဲ့ပါတယ္၊ ကၽြန္ေတာ့္အတြက္ေတာ့ ဘာစီလိုနာက ကၽြန္ေတာ့္ကို ပိုျပီးေတာ့ ေကာင္းမြန္တဲ့ ကစားသမားျဖစ္္လာေအာင္ ကူညီေပးမယ္လို႔ ေမွ်ာ္လင့္မိပါတယ္”

“ အသင္းေဖာ္ေတြနဲ႔ တြဲဖက္ကစားသြားဖို႔လည္း ကၽြန္ေတာ္ ၾကိဳတင္ေတြးတာမိတာေတြရွိပါတယ္၊ ႏူးကမ့္မွာကစားရင္းနဲ႔ ေအာင္ျမင္မႈေတြလည္း အမ်ားၾကီးရရွိလိမ့္မယ္လုိ႔ ကၽြန္ေတာ္ေမွ်ာ္လင့္ထားပါတယ္” လို႔ ဂရစ္မန္းက ေျပာဆိုခဲ့ပါတယ္။ ဂရစ္မန္းဟာ တနဂၤေႏြေန႔မွာပဲ
သတင္းစာရွင္းလင္းပြဲျပဳလုပ္သြားမွာျဖစ္ျပီး တနလၤာေန႔မွာ အသင္းနဲ႔အတူ ေလ့က်င့္မႈေတြစတင္ေတာ့မွာျဖစ္ပါတယ္။

Unicode Version

ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ရောက်ရှိခဲ့ပြီဖြစ်တဲ့ ဂရစ်မန်းက နူးကမ့်ကိုပြောင်းရွှေ့နိုင်ခဲ့တဲ့အပေါ်မှာ ဝမ်းမြောက်ကျေနပ်မိတယ်လို့ ပထမဆုံးအကြိမ်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့ဖလားကို ပြင်သစ်အသင်းနဲ့ဆွတ်ခူးနိုင်ခဲ့တဲ့ ဂရစ်မန်းက တနင်္ဂနွေနေ့မှာ ဆေးစစ်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး မပြုလုပ်ခင်မှာပဲ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီယွန်နယ်မက်ဆီနဲ့ နူးကမ့်မှာအသင်းဖော်တွေအဖြစ် လက်တွဲခွင့်ရမယ့်အပေါ်ကိုလည်း ဂရစ််မန်းက ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ အက်သလက်တီကိုကနေ ဘာစီလိုနာကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း (၁၂၀)နဲ့ ဂရစ်မန်းက ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

“ မက်ဆီနဲ့ တွဲဖက်ကစားရမှာက တကယ်ကို မယုံကြည်နိုင်လောက်စရာပျော်ရွှင်မှုတစ်ခုပါပဲ၊ ဒီကိုပြောင်းရွှေ့လာဖို့ ကျွန်တော်ကြိုးစားခဲ့ရပြီး ကျွန်တော့်နောက်မှာ ကျွန်တော့်မိသားစုက ရပ်တည်ပေးခဲ့ပါတယ်၊ ကျွန်တော့်အတွက်တော့ ဘာစီလိုနာက ကျွန်တော့်ကို ပိုပြီးတော့ ကောင်းမွန်တဲ့ ကစားသမားဖြစ််လာအောင် ကူညီပေးမယ်လို့ မျှော်လင့်မိပါတယ်”

“ အသင်းဖော်တွေနဲ့ တွဲဖက်ကစားသွားဖို့လည်း ကျွန်တော် ကြိုတင်တွေးတာမိတာတွေရှိပါတယ်၊ နူးကမ့်မှာကစားရင်းနဲ့ အောင်မြင်မှုတွေလည်း အများကြီးရရှိလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်” လို့ ဂရစ်မန်းက ပြောဆိုခဲ့ပါတယ်။ ဂရစ်မန်းဟာ တနင်္ဂနွေနေ့မှာပဲ
သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမှာဖြစ်ပြီး တနင်္လာနေ့မှာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေစတင်တော့မှာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။